iMyanmarHouse.com - Best Property Website for Myanmar
×


႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသားေနတိုးရဲ႕ ညီျဖစ္တဲ့ အဆိုေတာ္၊သ႐ုပ္ေဆာင္ မင္းေသြးကြယ္လြန္သြားတာဟာဆိုရင္ ႏွစ္လတိတ္ျပည့္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အႏုပညာအသိုင္းအဝိုင္းနဲ႔ ပရိသတ္ေတြအားလုံးက မင္းေသြးကို သတိတရရွိဆဲျဖစ္သလို မင္းေသြးရဲ႕ဇာတ္ကားေတြဟာလည္း ႐ုံတင္ျပသေနတာ ျဖစ္ပါတယ္။

မင္းေသြးအေနနဲ႔ သူပါဝင္အားစိုက္ထားတဲ့ “မုန္းစြဲနဲ႔ သတ္ကြင္း” ဇာတ္ကားႏွစ္ကားလုံး ေအာင္ျမင္ခ်ိန္မွာ မရွိေတာ့တာေၾကာင့္ အားလုံးက စိတ္မေကာင္းျဖစ္ေနရပါတယ္။


မုန္းစြဲဇာတ္ကားမွာ ေနတိုးနဲ႔ မင္းေသြးတို႔ ညီအစ္ကိုႏွစ္ေယာက္လုံးက တက္ညီလက္ညီနဲ႔ သ႐ုပ္ေဆာင္ခဲ့ၾကတာေၾကာင့္ ပရိသတ္ေတြ အထူးႏွစ္ၿခိဳက္ခဲ့ရပါတယ္။ အခုလည္း မၾကာခင္မွာ မင္းေသြးကိုယ္တိုင္ ဖန္တီး႐ိုက္ကူးထားတဲ့ ” သတ္ကြင္း ” ႐ုပ္ရွင္ဇာတ္ကားႀကီးက ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ စတင္႐ုံတင္ေတာ့မွာ ျဖစ္ပါတယ္။

 ဒီဇာတ္ကားေလးက မင္းေသြးအတြက္ ဂုဏ္ယူရမယ့္ဇာတ္ကားေလးတစ္ကားျဖစ္ၿပီး သူ႔အတြက္ ႀကိဳးစားအားထုတ္ေပးေနၾကတာ ေတြ႕ရပါတယ္။အခုလည္း ေနတိုးက ညီေလးမင္းေသြးကို သတိရျခင္းမ်ားစြာျဖင့္ဆိုတဲ့ စာသားေလးနဲ႔အတူ သတ္ကြင္းဇာတ္ကားရဲ႕ Official Trailer 2 ကို ေၾကညာထားပါတယ္။


ဒါ့အျပင္ ညီေလးရဲ႕ဇာတ္ကားထဲမွာ ေနတိုးကိုယ္တိုင္ ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့အေၾကာင္းကိုလည္း ထုတ္ေျပာျပလိုက္ပါတယ္။ ေတာတြင္းလူ႐ိုင္းအျဖစ္ လွ်က္တျပက္ပါဝင္ထားတဲ့ ေနတိုးကိုေတာ့ ဘယ္သူမွမေတြ႕ခဲ့ၾကပဲ ေနတိုးေျပာျပတဲ့အတိုင္း ပရိသတ္ေတြ ေသခ်ာသတိထားၾကည့္မွသာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။


ကဲ ခ်စ္ပရိသတ္ေတြအတြက္ ” ကြၽန္ေတာ့္ကိုေရာရွာေတြ႕ၾကရဲ႕လား” ဆိုတဲ့ ေနတိုးရဲ႕ဗီဒီယိုဖိုင္ေလးကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။


Credit:Brumese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ရုပ်ရှင်သရုပ်ဆောင် မင်းသားနေတိုးရဲ့ ညီဖြစ်တဲ့ အဆိုတော်၊သရုပ်ဆောင် မင်းသွေးကွယ်လွန်သွားတာဟာဆိုရင် နှစ်လတိတ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနုပညာအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေအားလုံးက မင်းသွေးကို သတိတရရှိဆဲဖြစ်သလို မင်းသွေးရဲ့ဇာတ်ကားတွေဟာလည်း ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

မင်းသွေးအနေနဲ့ သူပါဝင်အားစိုက်ထားတဲ့ “မုန်းစွဲနဲ့ သတ်ကွင်း” ဇာတ်ကားနှစ်ကားလုံး အောင်မြင်ချိန်မှာ မရှိတော့တာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေရပါတယ်။

မုန်းစွဲဇာတ်ကားမှာ နေတိုးနဲ့ မင်းသွေးတို့ ညီအစ်ကိုနှစ်ယောက်လုံးက တက်ညီလက်ညီနဲ့ သရုပ်ဆောင်ခဲ့ကြတာကြောင့် ပရိသတ်တွေ အထူးနှစ်ခြိုက်ခဲ့ရပါတယ်။ အခုလည်း မကြာခင်မှာ မင်းသွေးကိုယ်တိုင် ဖန်တီးရိုက်ကူးထားတဲ့ ” သတ်ကွင်း ” ရုပ်ရှင်ဇာတ်ကားကြီးက ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ရုံတင်တော့မှာ ဖြစ်ပါတယ်။

 ဒီဇာတ်ကားလေးက မင်းသွေးအတွက် ဂုဏ်ယူရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး သူ့အတွက် ကြိုးစားအားထုတ်ပေးနေကြတာ တွေ့ရပါတယ်။အခုလည်း နေတိုးက ညီလေးမင်းသွေးကို သတိရခြင်းများစွာဖြင့်ဆိုတဲ့ စာသားလေးနဲ့အတူ သတ်ကွင်းဇာတ်ကားရဲ့ Official Trailer 2 ကို ကြေညာထားပါတယ်။

ဒါ့အပြင် ညီလေးရဲ့ဇာတ်ကားထဲမှာ နေတိုးကိုယ်တိုင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့အကြောင်းကိုလည်း ထုတ်ပြောပြလိုက်ပါတယ်။ တောတွင်းလူရိုင်းအဖြစ် လျှက်တပြက်ပါဝင်ထားတဲ့ နေတိုးကိုတော့ ဘယ်သူမှမတွေ့ခဲ့ကြပဲ နေတိုးပြောပြတဲ့အတိုင်း ပရိသတ်တွေ သေချာသတိထားကြည့်မှသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် ” ကျွန်တော့်ကိုရောရှာတွေ့ကြရဲ့လား” ဆိုတဲ့ နေတိုးရဲ့ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top