iMyanmarHouse.com - Best Property Website for Myanmar
×


ဆက္စီဆန္ဆန္ဝတ္စားဆင္ယင္မွုေတြနဲ႔အတူ အႏုပညာေလာကထဲမွာ နာမည္ၾကီးေနတဲ့ မင္းသမီးတစ္လက္ကေတာ့ သင္ဇာဝင့္ေက်ာ္ျဖစ္ပါတယ္။ သူမရဲ႕ ခႏၶာကိုယ္လွပမွုနဲ႔အတူ သူမရဲ႕ ဝတ္စားဆင္ယင္မွုေတြကပရိသတ္ေတြၾကား ေဝဖန္မွု အားေပးမွုေတြနဲ႔ျပင္းထန္လာခဲ့ပါတယ္။ သူမဟာ ပဲြေတြေတာ္ေတာ္မ်ားကို တက္ေရာက္ဖို႔ ဖိတ္ၾကားခံခဲ့ရျပီး သူမရဲ႕ ပြဲတက္ဖက္ရွင္ေတြကပဲ ပရိသတ္ေတြကို စိတ္ဝင္စားမွုအျပည့္ျဖစ္ေစခဲ့တာပါ

မၾကာေသးခင္က 119 ဆိုင္ဖြင့္ပြဲမွာ သူမဝတ္ဆင္ခဲ့တဲ့ ဖက္ရွင္ကလည္း ပရိသတ္ေတြၾကားဂယက္ၾကီးတစ္ခုျဖစ္ေစခဲ့ျပီးေတာ့ ဒီလိုဝတ္ဆင္ရတာကလည္း သူမကို ပြဲတက္ဖိတ္ၾကားသူေတြက ဆက္စီဆန္ဆန္ဝတ္ဆင္ေပးၾကဖို႔ေတာင္းဆိုလို႔ သူမအေနနဲ႔ ဝတ္ရတာျဖစ္တယ္လို႔ဆိုပါတယ္။ သင္ဇာဝင့္ေက်ာ္ဆိုရင္ ဆက္စီမင္းသမီးလို႔ ေခါင္းစဥ္တပ္ရေလာက္ေအာင္ သူမဝတ္စားဆင္ယင္ပံုေတြဟာ ဆက္စီဆန္ဆန္ျဖစ္လာခဲ့တာပါ။


အခ်ိဳ႕ပရိသတ္ေတြကလည္း သူမရဲ႕ ဝတ္စားဆင္ယင္မွုေတြဟာျမန္မာမိန္းကေလးေတြအတြက္ အတုယူမွားစရာေတြျဖစ္လာႏိုင္တယ္ဆိုျပီး ေဝဖန္ၾကတဲ့အေပၚမွာေတာ့ သင္ဇာက ” အကုန္လံုးဦးေႏွာက္ရွိၾကပါတယ္ ဘယ္သူမွလည္းခ်ီးေကြ်းတိုင္းစားမွာမဟုတ္ဘူးေလ ဒါလုပ္သင့္လားမလုပ္သင့္လား အကုန္လံုးအသိပညာတိုးတက္ေနတဲ့ေခတ္ၾကီးဆိုေတာ့ ကိုယ္ကလည္းဆက္စီဝတ္တယ္ဆိုတာ ကိုယ့္အလုပ္သေဘာအရကိုယ္ဝတ္တာ

ကိုယ့္စားဝတ္ေနေရးအတြက္ ကိုယ္ဝတ္တာ အဲတြက္ေၾကာင့္ နားလည္တဲ့လူလည္းနားလည္မယ္ နားမလည္တဲ့သူလည္း နားမလည္လည္းဘာမွမျဖစ္ဘူး ကုိယ့္ဘဝနဲ႔ကိုယ္ပဲ သင္ဇာကလည္း အဲလိုတိုက္ခိုက္တာေတြကိုစိတ္ထဲမွာသိပ္မထားဘူး အဓိက ကိုယ့္ဖန္ေတြခ်စ္ေနရင္ျပီးေရာ” လို႔ သူမရဲ႕ အျမင္ကို 8Days မီဒီယာမွတဆင့္ေျပာျပလာတာျဖစ္ပါတယ္။


သင္ဇာကေတာ့ လက္ရွိမွာ Single အေနနဲ႔ျဖတ္သန္းေနျပီးေတာ့ သူမရဲ႕ အလုပ္ကို အျပည့္အဝနားလည္ေပးႏိုင္မယ့္သူမ်ိဳးသာ ေရြးခ်ယ္ျဖစ္သြားမယ္လို႔ သိရပါတယ္။

Credit:Realthadin

# Unicode Version ျဖင့္ ဖတ္ပါ #

ဆက်စီဆန်ဆန်ဝတ်စားဆင်ယင်မှုတွေနဲ့အတူ အနုပညာလောကထဲမှာ နာမည်ကြီးနေတဲ့ မင်းသမီးတစ်လက်ကတော့ သင်ဇာဝင့်ကျော်ဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်လှပမှုနဲ့အတူ သူမရဲ့ ဝတ်စားဆင်ယင်မှုတွေကပရိသတ်တွေကြား ဝေဖန်မှု အားပေးမှုတွေနဲ့ပြင်းထန်လာခဲ့ပါတယ်။ သူမဟာ ပွဲတွေတော်တော်များကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပြီး သူမရဲ့ ပွဲတက်ဖက်ရှင်တွေကပဲ ပရိသတ်တွေကို စိတ်ဝင်စားမှုအပြည့်ဖြစ်စေခဲ့တာပါ

မကြာသေးခင်က 119 ဆိုင်ဖွင့်ပွဲမှာ သူမဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကလည်း ပရိသတ်တွေကြားဂယက်ကြီးတစ်ခုဖြစ်စေခဲ့ပြီးတော့ ဒီလိုဝတ်ဆင်ရတာကလည်း သူမကို ပွဲတက်ဖိတ်ကြားသူတွေက ဆက်စီဆန်ဆန်ဝတ်ဆင်ပေးကြဖို့တောင်းဆိုလို့ သူမအနေနဲ့ ဝတ်ရတာဖြစ်တယ်လို့ဆိုပါတယ်။ သင်ဇာဝင့်ကျော်ဆိုရင် ဆက်စီမင်းသမီးလို့ ခေါင်းစဉ်တပ်ရလောက်အောင် သူမဝတ်စားဆင်ယင်ပုံတွေဟာ ဆက်စီဆန်ဆန်ဖြစ်လာခဲ့တာပါ။

အချို့ပရိသတ်တွေကလည်း သူမရဲ့ ဝတ်စားဆင်ယင်မှုတွေဟာမြန်မာမိန်းကလေးတွေအတွက် အတုယူမှားစရာတွေဖြစ်လာနိုင်တယ်ဆိုပြီး ဝေဖန်ကြတဲ့အပေါ်မှာတော့ သင်ဇာက ” အကုန်လုံးဦးနှောက်ရှိကြပါတယ် ဘယ်သူမှလည်းချီးကျွေးတိုင်းစားမှာမဟုတ်ဘူးလေ ဒါလုပ်သင့်လားမလုပ်သင့်လား အကုန်လုံးအသိပညာတိုးတက်နေတဲ့ခေတ်ကြီးဆိုတော့ ကိုယ်ကလည်းဆက်စီဝတ်တယ်ဆိုတာ ကိုယ့်အလုပ်သဘောအရကိုယ်ဝတ်တာ

ကိုယ့်စားဝတ်နေရေးအတွက် ကိုယ်ဝတ်တာ အဲတွက်ကြောင့် နားလည်တဲ့လူလည်းနားလည်မယ် နားမလည်တဲ့သူလည်း နားမလည်လည်းဘာမှမဖြစ်ဘူး ကိုယ့်ဘဝနဲ့ကိုယ်ပဲ သင်ဇာကလည်း အဲလိုတိုက်ခိုက်တာတွေကိုစိတ်ထဲမှာသိပ်မထားဘူး အဓိက ကိုယ့်ဖန်တွေချစ်နေရင်ပြီးရော” လို့ သူမရဲ့ အမြင်ကို 8Days မီဒီယာမှတဆင့်ပြောပြလာတာဖြစ်ပါတယ်။

သင်ဇာကတော့ လက်ရှိမှာ Single အနေနဲ့ဖြတ်သန်းနေပြီးတော့ သူမရဲ့ အလုပ်ကို အပြည့်အဝနားလည်ပေးနိုင်မယ့်သူမျိုးသာ ရွေးချယ်ဖြစ်သွားမယ်လို့ သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top