iMyanmarHouse.com - Best Property Website for Myanmar
×


နွုတ္ခမ္းနီမေလးေတြရဲ့ အသည္းစြဲ အဆိုေတာ္ စိုင္းစိုင္းခမ္းလိႈင္က ဆယ္စုနွစ္နွစ္စုတစ္စုျကာေအာင္ ေအာင္ျမင္နိုင္ခဲဲ့သူတစ္ဦးျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလိႈင္ဟာ ဆယ္ေက်ာ္သက္အရြယ္မွာ ကတည္းက အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တာ အခုအသက္ေလးဆယ္အရြယ္ထိေရာက္ေအာင္ ဟုန္းဟုန္းေတာက္ နာမည္ေက်ာ္ျကားခဲ့သူျဖစ္ပါတယ္။ စိုင္းစိုင္းရဲ့ သီခ်င္းေတြကလဲ ေခတ္နွစ္ေခတ္ဆက္တိုက္ ေအာင္ျမင္ေက်ာ္ျကားခဲ့ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္ကို ေခတ္ေရစီးအတိုင္း သီခ်င္းေတြကို လုပ္နိုင္သူျဖစ္ျပီး လိုက္ေရာညီေထြ ေနထိုင္တတ္သူတစ္ဦးျဖစ္ပါတယ္။ အဲ့ဒါေျကာင့္လဲ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို တစ္ခဲနက္ရရိွထားျပီး ေအာင္ျမင္မႈကို ထိန္းသိမ္းထားနိုင္သူ ျဖစ္ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္က သီခ်င္းဆိုရံုသာမကပဲ ရုပ္ရွင္ဇာတ္ကားျကီးေတြကိုလဲ ရိုက္ကူးေနရသူျဖစ္ပါတယ္။ ဒါ့အျပင္ သူ့ရဲ့ကိုယ္ပိုင္နာမည္နဲ့ အလွကုန္ပစၥည္းေတြကိုလဲ ထုတ္လုပ္ေနလ်က္ရိွပါတယ္။

စိုင္းစိုင္းက သူ့ရဲ့ဘဝမွာ ေအာင္ျမင္မႈ၊ စည္းစိမ္၊ အေပါင္းအသင္း စတာေတြအားလံုးကို ပိုင္ဆိုင္ထားျပီျဖစ္ေပမယ့္ သူ့မွာလိုအပ္ေနတာဆိုလို့ ဘဝလက္တြဲေဖာ္ျကင္ဖက္ပဲျဖစ္ပါတယ္။ စိုင္းစိုင္းက အစစအရာရာျပည့္စံုေနပါလ်က္ ျကင္ေဖာ္မရွာေသးတာ အံ့ျသစရာပဲေနာ္။ ပရိသတ္ေတြကလဲ စိုင္းစိုင္းကို လူပ်ိုျကီးဘဝကို လြတ္ေစခ်င္ေနျကပါတယ္။

လူပ်ိုျကီးစိုင္းစိုင္းက မေန့က ကိုေမာင္ေမာင္ေအးရဲ့ မဂၤလာေဆာင္ကို တက္ေရာက္ရင္း ခ်စ္သူျဖစ္သူကို သတိရေနခဲ့တဲ့ ပံုပါပဲ။ ေမာင္ေမာင္ေအးရဲ့ မဂၤလာေဆာင္မွာ ေမာင္ေမာင္ေအးတို့ ဇနီးေမာင္နွံကိုျကည့္ျပီး “သူမ်ားေတြခ်စ္ၾကည္ႏူးေနတာျမင္တိုင္း ကိုယ့္ေကာင္မေလးကိုသတိရမိတဲ့အခိုက္အတန္႔ ကၽြန္ေတာ္တို႔လို ခ်စ္တတ္တဲ့ေယာက်ာ္းတိုင္းမွာရွိတယ္” ဆိုျပီး သူ့ရဲ့ေဖ့စ္ဘုတ္စာမ်က္နွာမွာ တင္ထားပါတယ္။

လူပ်ိုျကီးတစ္ေယာက္ အခုလို ေျကကြဲေနတာ ပရိသတ္ေတြလဲ ျကည့္ရက္နိုင္မယ္မထင္ပါဘူး။စိုင္းစိုင္းကို ပရိသတ္ေတြက မိန္းမယူေစခ်င္သေလာက္ စိုင္းစိုင္းကေတာ့ ေသြးေအးေနတုန္းပဲေနာ္။ စိုင္းစိုင္းကိုခ်စ္တဲ့ ပရိသတ္ေတြ ဒီပိုစ့္ေလးကို သေဘာက်ျကိုက္နွစ္သက္ရင္ Like & Share လုပ္ဖို့မေမ့ပါနဲ့ေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ျကီးကို  ေက်းဇူးအထူးပဲတင္ရိွပါတယ္။

Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဆယ်စုနှစ်နှစ်စုတစ်စုကြာအောင် အောင်မြင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ ဆယ်ကျော်သက်အရွယ်မှာ ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ အခုအသက်လေးဆယ်အရွယ်ထိရောက်အောင် ဟုန်းဟုန်းတောက် နာမည်ကျော်ကြားခဲ့သူဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ သီချင်းတွေကလဲ ခေတ်နှစ်ခေတ်ဆက်တိုက် အောင်မြင်ကျော်ကြားခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကို ခေတ်ရေစီးအတိုင်း သီချင်းတွေကို လုပ်နိုင်သူဖြစ်ပြီး လိုက်ရောညီထွေ နေထိုင်တတ်သူတစ်ဦးဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားပြီး အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သီချင်းဆိုရုံသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးနေရသူဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ကိုယ်ပိုင်နာမည်နဲ့ အလှကုန်ပစ္စည်းတွေကိုလဲ ထုတ်လုပ်နေလျက်ရှိပါတယ်။

စိုင်းစိုင်းက သူ့ရဲ့ဘဝမှာ အောင်မြင်မှု၊ စည်းစိမ်၊ အပေါင်းအသင်း စတာတွေအားလုံးကို ပိုင်ဆိုင်ထားပြီဖြစ်ပေမယ့် သူ့မှာလိုအပ်နေတာဆိုလို့ ဘဝလက်တွဲဖော်ကြင်ဖက်ပဲဖြစ်ပါတယ်။ စိုင်းစိုင်းက အစစအရာရာပြည့်စုံနေပါလျက် ကြင်ဖော်မရှာသေးတာ အံ့သြစရာပဲနော်။ ပရိသတ်တွေကလဲ စိုင်းစိုင်းကို လူပျိုကြီးဘဝကို လွတ်စေချင်နေကြပါတယ်။

လူပျိုကြီးစိုင်းစိုင်းက မနေ့က ကိုမောင်မောင်အေးရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ရင်း ချစ်သူဖြစ်သူကို သတိရနေခဲ့တဲ့ ပုံပါပဲ။ မောင်မောင်အေးရဲ့ မင်္ဂလာဆောင်မှာ မောင်မောင်အေးတို့ ဇနီးမောင်နှံကိုကြည့်ပြီး “သူများတွေချစ်ကြည်နူးနေတာမြင်တိုင်း ကိုယ့်ကောင်မလေးကိုသတိရမိတဲ့အခိုက်အတန့် ကျွန်တော်တို့လို ချစ်တတ်တဲ့ယောကျာ်းတိုင်းမှာရှိတယ်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားပါတယ်။

လူပျိုကြီးတစ်ယောက် အခုလို ကြေကွဲနေတာ ပရိသတ်တွေလဲ ကြည့်ရက်နိုင်မယ်မထင်ပါဘူး။စိုင်းစိုင်းကို ပရိသတ်တွေက မိန်းမယူစေချင်သလောက် စိုင်းစိုင်းကတော့ သွေးအေးနေတုန်းပဲနော်။ စိုင်းစိုင်းကိုချစ်တဲ့ ပရိသတ်တွေ ဒီပိုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးပဲတင်ရှိပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top