iMyanmarHouse.com - Best Property Website for Myanmar
×










” အို နှမငယ်…”










Credit:Thadinyatkwat
# Unicode Version ဖြင့် ဖတ်ပါ #

ဆောင်းဦးလှိုင် ဆိုတာ တေးရေး တေးဆို ၁ ယောက်ဖြစ်ပြီး တချိန်က မြန်မာပြည်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ ဆရာဝန် အဆိုတော် ဖြစ်ပါတယ်

ဆောင်းဦးလှိုင်း အဲလက်စ် စည်သူလွင်တို့ ၃ ယောက် ပေါင်းပြီး သီဆိုခဲ့ကြတဲ့ ၁၉ နာရီ ၁၈ မိနစ် သီးချင်းဟာ လူငယ် လူကြီးတွေ ပါးစပ်ဖျားမှာ အလွန်ရေပန်းစားခဲ့ပါတယ်

သူဟာ သီချင်းအေးအေးလေးတွေ အရေးများတတ်ပြီး သီချင်းတွေဟာလဲ ပရိတ်သတ်ရင်ကို တိုးဝင်စေပါတယ်

လက်ရှိမှာတော့ အနုပညာအလုပ်တွေ ရပ်နားထားသလို ဖြစ်နေပြီး ရံဖန်ရံခါမှသာ သီးချင်းလေးတွေ ကဗျာလေးတွေ အွန်လိုင်းမှာတင်ပြီး ဝေမျှတတ်ပါတော့တယ်

ဒီနေ့ hot နေတဲ့သရုပ်ဆောင် မော်ဒယ်တွေရဲ့ မလုံ့တလုံ ကိစ္စနဲ့ ပတ်သတ်ပြီး နံနက်ပိုင်းက ကဗျာ ၁ ပုဒ်ရေးသားတင်ခဲ့ရာ အရမ်းလူကြိုက်များကြပြီး ဝေမျှသူတွေလည်း နာရီပိုင်းအတွင် မြောက်များစွာ ရှိခဲ့ပါတယ်

ကဗျာလေး ခံစားကြည့်ပါဦး



” အို နှမငယ်…”

နောင်တချိန် သင့်ကိုယ်လုံးတီးပုံတွေ သင့်သားသမီးမြေးမြစ်တွေက တွေ့ကြမြင်ကြတဲ့အခါ…..

မလုံ့တလုံဝတ်ပြလို့နာမယ်ကြီးမယ်ဆိုရင်တချို့က အကုန်ချွတ်ပြဖို့စဉ်းစားလာကြမယ်

အပေါ်ပိုင်းဗလာကျင်းပြလို့လူကြိုက်များတယ်ဆိုရင် တချို့ကအောက်ပိုင်းဗလာကျင်းပြဖို့လုပ်လာမယ်

အဲဒီက တဆင့်တက် တကိုယ်လုံးချွတ် ကိုယ်လုံးတီးပြဖို့ နောက်တော့

အရာရာအထင်အရှားပြဖို့ နောက်တော့ ???

နောက်တော့???? ပြစရာသင့်မှာကုန်ပြီ အရွယ်တွေလည်းရင့်လာပြီ…

ဘယ်သူကမှစိတ်မဝင်စားတော့တဲ့အခါ ဘာဆက်လုပ်မှာတုန်း ???

နောင်တချိန် သင့်ကိုယ်လုံးတီးပုံတွေ သင့်သားသမီးမြေးမြစ်တွေက တွေ့ကြမြင်ကြတဲ့အခါ ဖွားဖွားကြီးအရွယ်ပေါ့ သိက္ခာဆိုတာမရှိတော့ရင် ရင်နာရမှာ သင်ကိုယ်တိုင်ပါ…

နောင်လာနောက်သား တက်လူအားလုံးအတွက်
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top