iMyanmarHouse.com - Best Property Website for Myanmar
×


ေဝဠဳေက်ာ္နဲ႔ မသင္းသင္းရဲ့ကိစၥဟာဆိုရင္အခုတေလာ ေတာ္ေတာ္ေလးကို လူစိတ္ဝင္စားျခင္းခံေနရတာပဲျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ အလွမယ္ မသင္းသင္းနဲ႔ ရည္းစားျဖစ္ခဲ့ဖူးၿပီး ေနာက့္ပိုင္းျပတ္သြားတဲ့အခါမွာ အလွမယ္ သင္းသင္းက ေဝဠဳေက်ာ္ကို ကာမလိမ္လည္ရယူမႈနဲ႔တရားစြဲမယ္လို႔ေျပာဆိုေနတာျဖစ္ပါတယ္။

ပရဟိတမင္းသားႀကီးအျဖစ္ တစ္နိုင္ငံလုံးက ဝိုင္းၿပီးေလးစားခ်စ္ခင္ၾကတဲ့ ေဝဠဳေက်ာ္အတြက္ေတာ့ ဒီကိစၥႀကီးဟာ ဂုဏ္သိကၡာေျမာင္းထဲေရာက္သြားတဲ့ ကိစၥႀကီးပဲလို႔ေျပာရင္လည္းမမွားပါဘူး။ ေဝဠဳေက်ာ္ကေတာ့ တရားစြဲဆိုတာခံရမယ့္ ကိစၥနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာဒီလိုပဲေျပာသြားပါတယ္။

ေဝဠဳေက်ာ္က “ရိုးရိုးေလးေျပာရင္ ကၽြန္ေတာ္ လူလြတ္တစ္ေယာက္ အိမ္ေထာင္မရွိေသးပါဘူး။ အဲ့အပိုင္းအျခားေလးတစ္ခုမွာ ေတြ႕မိတယ္ဆုံမယ္တယ္။ သံေယာဇဥ္ျဖစ္မိလို႔ ရည္းစားျဖစ္တယ္ပဲ ေျပာအုန္းဗ်ာ။ အခုရည္းစားျပတ္တယ္လို႔ပဲ သေဘာထားလိုက္ အဲ့အတြက္သူက ကၽြန္ေတာ့္ကို တရား႐ုံးတိုင္အုန္းမယ္ဆိုေတာ့လည္း ကၽြန္ေတာ့္ကုသိုလ္ကံေပါ့ဗ်ာ။


အဲ့ေတာ့ ျမန္မာျပည္မွာ သူေျပာတဲ့အတိုင္းပဲေပါ့ ျမန္မာမိန္းကေလး တစ္ေယာက္အေနနဲ႔ပဲသူကိုၾကည့္ေပးၿပီး ထားမယ္ဆိုရင္ ျမန္မာမိန္းကေလးတိုင္းမွာ ေတာ္ေတာ္မ်ားမ်ားမွာ ရည္းစားျပတ္ဖူးၾကတယ္။ ကၽြန္ေတာ္လည္း အေရွ႕မွာရည္းစားေတြ အမ်ားႀကီးျပတ္ဖူးပါတယ္။ ဒီတစ္ေယာက္ျပတ္မွပဲ ကၽြန္ေတာ္က တရား႐ုံးေရာက္ေတာ့မယ္ဆိုေတာ့ ဒါကၽြန္ေတာ့္ ဝဋ္ေႂကြးပါလာတယ္လို႔ သေဘာထားရမွာပါ။

ႀကိဳက္တာလုပ္ပါ ကၽြန္ေတာ္ခံပါ့မယ္ေပါ့ေနာ္။ အဲ့ေတာ့ သူ႔ကိုလည္း အျပစ္မေျပာၾကပါနဲ႔ သူ႔ရဲ့စိတ္ခံစားခ်က္ပါ သူ႔မွာ ေျပာပိုင္ခြင့္ရွိပါတယ္။ အဲ့အတြက္ ကၽြန္ေတာ္ကလည္း ဝဋ္ေႂကြးတစ္ခုပါလာခဲ့တယ္လို႔ ဆိုရင္လည္း ဒီဘဝမွာပဲ ဒီဝဋ္ေႂကြးေတြအကုန္လုံးကို ကၽြန္ေတာ္ဆပ္မယ္ပါ့မယ္”လို႔ ေျပာထားပါတယ္။


တရားစြဲမယ္ဆိုတဲ့ အလွမယ္သင္းသင္းကေတာ့ တရားစြဲဆိုရျခင္းအေၾကာင္းကို “အခုအခ်ိန္မွာ အမက ဘာေၾကာင့္ဒါမ်ိဳး ထလုပ္တာလဲဆိုရင္ သူကိုယ္တိုင္ ရက္ရက္စက္စက္ အမကို ေျပာခဲ့တာ။ အဆင့္ဆိုတဲ့ အရာနဲ႔ ႏွိုင္းလာခဲ့လို႔ပါ။ သူတြဲခဲ့တာပဲေလ အမကို။ အမက သူ႔ဆီကို သြားခဲ့တာလည္း မဟုတ္ဘူး။ ေဖ့စ္ဘြတ္မွာ ေၾကာင္တာလည္း မဟုတ္ဘူး။

ကိုယ္ crush ေနတဲ့ မင္းသားတစ္ေယာက္မို႔ အသဲေတြ ဦးေတြ သြားၿပီးလုပ္ေနတဲ့ မိန္းကေလးလည္း မဟုတ္ပါဘူး။ မေမၽွာ္လင့္ဘဲ မျဖစ္သင့္ဘဲနဲ႔ ျဖစ္သြားတဲ့ အရာတစ္ခုမွာ ေရွ႕ဆက္ေလၽွာက္ေနရင္းနဲ႔ ႏွစ္ဦးသေဘာတူညီခဲ့တယ္။ အမက သူ႔ဘက္ကို အမ်ားႀကီး ေမးခဲ့တယ္။ အဲ့အခ်ိန္မွာ သူ႔ဘက္က လုံးဝ clear ျဖစ္ပါတယ္ဆိုၿပီး အမတို႔ ႏွစ္ဦးသေဘာတူ ေရွ႕ဆက္ခဲ့ၾကပါတယ္။

သူ႔ကိုယူမွဆိုတဲ့ အတင္းအက်ပ္ ဖိအားမ်ိဳး အမ ဘာမွ မေပးခဲ့ပါဘူး။ ေပၚေပၚထင္ထင္လည္း အရမ္းႀကီး မေနခဲ့ပါဘူး။ ခုေနာက္ပိုင္းမွာ တစ္ခ်ိဳ႕ဟာေလးေတြ ဘာလို႔ေပၚထင္ခဲ့လည္းဆိုေတာ့ သူ႔ေၾကာင့္ပဲ ျဖစ္လာခဲ့တယ္ေပါ့ေနာ္”လို႔ ျဖစ္စဥ္ကိုေျပာျပခဲ့ပါတယ္။

အခုတစ္ခါမွာေတာ့ ေနာက္ဆက္တြဲျပႆနာေတြအေနနဲ႔ အလွမယ္သင္းသင္းဘက္ကေနၿပီး ေဝဠဳေက်ာ္နဲ႔ ေျပာထားတဲ့ Chat List ေတြ၊ Message ေတြေပၚလာခဲ့ပါၿပီ။ အဲဒီ chat list ေတြထဲမွာ မိန္းကေလးဘက္က လႈပ္လႈပ္ရွားရွားနဲ႔ အရမ္းကိုတြယ္တာပုံရၿပီး ေယာက္်ားေလးဘက္ကို ေတြးေပးပုံရသေလာက္ ေဝဠဳေက်ာ္ဘက္ကေတာ့ စိတ္မပါလို႔ေပပဲလားမသိ.. ေအးတိေအးစက္နိုင္ေနပုံေတြကိုေတြ႕ရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးကိုယ္တိုင္ရႈ႔ျမင္သုံးသပ္လို႔ရေအာင္ Chat List ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

Chat List ေတြထဲမွာ ေျပာထားတဲ့စကားေတြကိုၾကည့္ရျခင္းအားျဖင့္ေတာ့ သူတို႔ႏွစ္ဦးဟာ တစ္ႀကိမ္မက အတူေနခဲ့ဖူးၿပီး မိန္းကေလးဘက္က မေက်နပ္ခ်က္ေတြတျဖည္းျဖည္းစုျပဳံလာခဲ့ပုံရသလို ေဝဠဳေက်ာ္ဘက္ကလည္း ျပန္ေျဖရွင္းဖို႔ႀကိဳးစားတာေတြကိုေတြ႕ရပါတယ္။ သူတို႔ေတြဟာ Video Call ေတြလည္းအခါအားေလ်ာ္စြာေျပာၾကၿပီး ရိုးရိုးဖုန္းေကာေတြလည္းခဏခဏေျပာၾကတာျမင္ရမွာပါ။


ပရိသတ္ႀကီးေရာ ဒီ chat list ေတြျမင္ရသေလာက္ ဘယ္သူ႔ဘက္ကမွားတယ္ထင္လဲ။ ပရဟိတအက်ိဳးေတာ္ေဆာင္ႀကီးဘက္ကလား.. အလွမယ္သင္းသင္းဘက္ကလား။ သူတို႔ႏွစ္ေယာက္ရဲ့ အမႈက ဘာေတြဆက္ျဖစ္ၾကဦးမယ္ထင္လဲ။ျပန္ၿပီးေတာ့ေရာ အဆင္ေျပပါ့မလား။ ေဝဠဳေက်ာ္ရဲ့အခုလက္ရွိခ်စ္သူကေရာ ဒါေတြအားလုံးကိုနားလည္လက္ခံေပးနိုင္မယ္ထင္လား။ ေျပာခဲ့ၾကဦးေနာ္။

Credit:Realthadin

# Unicode Version ျဖင့္ ဖတ္ပါ #

ဝေဠုကျော်နဲ့ မသင်းသင်းရဲ့ကိစ္စဟာဆိုရင်အခုတလော တော်တော်လေးကို လူစိတ်ဝင်စားခြင်းခံနေရတာပဲဖြစ်ပါတယ်။ ဝေဠုကျော်ဟာ အလှမယ် မသင်းသင်းနဲ့ ရည်းစားဖြစ်ခဲ့ဖူးပြီး နောက့်ပိုင်းပြတ်သွားတဲ့အခါမှာ အလှမယ် သင်းသင်းက ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှုနဲ့တရားစွဲမယ်လို့ပြောဆိုနေတာဖြစ်ပါတယ်။

ပရဟိတမင်းသားကြီးအဖြစ် တစ်နိုင်ငံလုံးက ဝိုင်းပြီးလေးစားချစ်ခင်ကြတဲ့ ဝေဠုကျော်အတွက်တော့ ဒီကိစ္စကြီးဟာ ဂုဏ်သိက္ခာမြောင်းထဲရောက်သွားတဲ့ ကိစ္စကြီးပဲလို့ပြောရင်လည်းမမှားပါဘူး။ ဝေဠုကျော်ကတော့ တရားစွဲဆိုတာခံရမယ့် ကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာဒီလိုပဲပြောသွားပါတယ်။
ဝေဠုကျော်က “ရိုးရိုးလေးပြောရင် ကျွန်တော် လူလွတ်တစ်ယောက် အိမ်ထောင်မရှိသေးပါဘူး။ အဲ့အပိုင်းအခြားလေးတစ်ခုမှာ တွေ့မိတယ်ဆုံမယ်တယ်။ သံယောဇဉ်ဖြစ်မိလို့ ရည်းစားဖြစ်တယ်ပဲ ပြောအုန်းဗျာ။ အခုရည်းစားပြတ်တယ်လို့ပဲ သဘောထားလိုက် အဲ့အတွက်သူက ကျွန်တော့်ကို တရားရုံးတိုင်အုန်းမယ်ဆိုတော့လည်း ကျွန်တော့်ကုသိုလ်ကံပေါ့ဗျာ။

အဲ့တော့ မြန်မာပြည်မှာ သူပြောတဲ့အတိုင်းပဲပေါ့ မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ပဲသူကိုကြည့်ပေးပြီး ထားမယ်ဆိုရင် မြန်မာမိန်းကလေးတိုင်းမှာ တော်တော်များများမှာ ရည်းစားပြတ်ဖူးကြတယ်။ ကျွန်တော်လည်း အရှေ့မှာရည်းစားတွေ အများကြီးပြတ်ဖူးပါတယ်။ ဒီတစ်ယောက်ပြတ်မှပဲ ကျွန်တော်က တရားရုံးရောက်တော့မယ်ဆိုတော့ ဒါကျွန်တော့် ဝဋ်ကြွေးပါလာတယ်လို့ သဘောထားရမှာပါ။



ကြိုက်တာလုပ်ပါ ကျွန်တော်ခံပါ့မယ်ပေါ့နော်။ အဲ့တော့ သူ့ကိုလည်း အပြစ်မပြောကြပါနဲ့ သူ့ရဲ့စိတ်ခံစားချက်ပါ သူ့မှာ ပြောပိုင်ခွင့်ရှိပါတယ်။ အဲ့အတွက် ကျွန်တော်ကလည်း ဝဋ်ကြွေးတစ်ခုပါလာခဲ့တယ်လို့ ဆိုရင်လည်း ဒီဘဝမှာပဲ ဒီဝဋ်ကြွေးတွေအကုန်လုံးကို ကျွန်တော်ဆပ်မယ်ပါ့မယ်”လို့ ပြောထားပါတယ်။

တရားစွဲမယ်ဆိုတဲ့ အလှမယ်သင်းသင်းကတော့ တရားစွဲဆိုရခြင်းအကြောင်းကို “အခုအချိန်မှာ အမက ဘာကြောင့်ဒါမျိုး ထလုပ်တာလဲဆိုရင် သူကိုယ်တိုင် ရက်ရက်စက်စက် အမကို ပြောခဲ့တာ။ အဆင့်ဆိုတဲ့ အရာနဲ့ နှိုင်းလာခဲ့လို့ပါ။ သူတွဲခဲ့တာပဲလေ အမကို။ အမက သူ့ဆီကို သွားခဲ့တာလည်း မဟုတ်ဘူး။ ဖေ့စ်ဘွတ်မှာ ကြောင်တာလည်း မဟုတ်ဘူး။



ကိုယ် crush နေတဲ့ မင်းသားတစ်ယောက်မို့ အသဲတွေ ဦးတွေ သွားပြီးလုပ်နေတဲ့ မိန်းကလေးလည်း မဟုတ်ပါဘူး။ မမျှော်လင့်ဘဲ မဖြစ်သင့်ဘဲနဲ့ ဖြစ်သွားတဲ့ အရာတစ်ခုမှာ ရှေ့ဆက်လျှောက်နေရင်းနဲ့ နှစ်ဦးသဘောတူညီခဲ့တယ်။ အမက သူ့ဘက်ကို အများကြီး မေးခဲ့တယ်။ အဲ့အချိန်မှာ သူ့ဘက်က လုံးဝ clear ဖြစ်ပါတယ်ဆိုပြီး အမတို့ နှစ်ဦးသဘောတူ ရှေ့ဆက်ခဲ့ကြပါတယ်။

သူ့ကိုယူမှဆိုတဲ့ အတင်းအကျပ် ဖိအားမျိုး အမ ဘာမှ မပေးခဲ့ပါဘူး။ ပေါ်ပေါ်ထင်ထင်လည်း အရမ်းကြီး မနေခဲ့ပါဘူး။ ခုနောက်ပိုင်းမှာ တစ်ချို့ဟာလေးတွေ ဘာလို့ပေါ်ထင်ခဲ့လည်းဆိုတော့ သူ့ကြောင့်ပဲ ဖြစ်လာခဲ့တယ်ပေါ့နော်”လို့ ဖြစ်စဉ်ကိုပြောပြခဲ့ပါတယ်။

အခုတစ်ခါမှာတော့ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ အလှမယ်သင်းသင်းဘက်ကနေပြီး ဝေဠုကျော်နဲ့ ပြောထားတဲ့ Chat List တွေ၊ Message တွေပေါ်လာခဲ့ပါပြီ။ အဲဒီ chat list တွေထဲမှာ မိန်းကလေးဘက်က လှုပ်လှုပ်ရှားရှားနဲ့ အရမ်းကိုတွယ်တာပုံရပြီး ယောက်ျားလေးဘက်ကို တွေးပေးပုံရသလောက် ဝေဠုကျော်ဘက်ကတော့ စိတ်မပါလို့ပေပဲလားမသိ.. အေးတိအေးစက်နိုင်နေပုံတွေကိုတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးကိုယ်တိုင်ရှု့မြင်သုံးသပ်လို့ရအောင် Chat List တွေကိုဖော်ပြပေးလိုက်ပါတယ်။

Chat List တွေထဲမှာ ပြောထားတဲ့စကားတွေကိုကြည့်ရခြင်းအားဖြင့်တော့ သူတို့နှစ်ဦးဟာ တစ်ကြိမ်မက အတူနေခဲ့ဖူးပြီး မိန်းကလေးဘက်က မကျေနပ်ချက်တွေတဖြည်းဖြည်းစုပြုံလာခဲ့ပုံရသလို ဝေဠုကျော်ဘက်ကလည်း ပြန်ဖြေရှင်းဖို့ကြိုးစားတာတွေကိုတွေ့ရပါတယ်။ သူတို့တွေဟာ Video Call တွေလည်းအခါအားလျော်စွာပြောကြပြီး ရိုးရိုးဖုန်းကောတွေလည်းခဏခဏပြောကြတာမြင်ရမှာပါ။

ပရိသတ်ကြီးရော ဒီ chat list တွေမြင်ရသလောက် ဘယ်သူ့ဘက်ကမှားတယ်ထင်လဲ။ ပရဟိတအကျိုးတော်ဆောင်ကြီးဘက်ကလား.. အလှမယ်သင်းသင်းဘက်ကလား။ သူတို့နှစ်ယောက်ရဲ့ အမှုက ဘာတွေဆက်ဖြစ်ကြဦးမယ်ထင်လဲ။ပြန်ပြီးတော့ရော အဆင်ပြေပါ့မလား။ ဝေဠုကျော်ရဲ့အခုလက်ရှိချစ်သူကရော ဒါတွေအားလုံးကိုနားလည်လက်ခံပေးနိုင်မယ်ထင်လား။ ပြောခဲ့ကြဦးနော်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top