iMyanmarHouse.com - Best Property Website for Myanmar
×



ေမာ္ဒယ္ Hailey Baldwin ဟာ အဆိုေတာ္ Justin Bieber နဲ႔ ရင္ေသြးယူဖို႔ မေစာင့္ႏိုင္ေတာ့ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေမာ္ဒယ္ Hailey ဟာ မၾကာေသးခင္တုန္းက ကေနဒါေပါ့ပ္အဆိုေတာ္ Justin Bieber နဲ႔ လက္ထပ္ခဲ့ၿပီး အခုေတာ့ မိသားစု တခုကို တေန႔မွာ ထူေထာင္ၿပီး စတင္ စဥ္းစားေနၿပီလို႔ ဝန္ခံေျပာၾကားလိုက္ပါတယ္။

သူက “က်မ ကေလး ခ်စ္တတ္တယ္။ က်မ ကိုယ္ပိုင္ ရင္ေသြးေလးကို ေမြးဖို႔ မေစာင့္ႏိုင္ေတာ့ဘူး။ အခုေတာ့ တကယ့္ကို နီးကပ္ေနၿပီလို႔ က်မ ေျပာႏိုင္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ အဆိုေတာ္ Justin နဲ႔ ဆက္ဆံေရးဟာ အရင္က သူႀကဳံေတြ႕ခဲ့ရတာထက္ ပိုၿပီးေတာ့ ျပင္းထန္လာၿပီလို႔ ဆိုလိုက္ပါတယ္။ ၿပီးေတာ့ စိတ္ဖိစီးမႈေတြကေန ကင္းလြတ္ဖို႔ လူမႈကြန္ရက္ မီဒီယာေတြကိုလည္း မသုံးေတာ့ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

Vogue Arabia မဂၢဇင္းနဲ႔ ေျပာဆိုရာမွာ သူက “က်မက လူမႈကြန္ရက္မီဒီယာေပၚမွာ အခ်ိန္ျဖဳန္းတာနည္းပါတယ္။ အဲဒီဟာ ဒီလိုဘဝမွာ ရွင္သန္ေနထိုင္ဖို႔ အရာရာတိုင္းနဲ႔ သာတူညီမွ်ျဖစ္ဖို႔ က်မကို ကူညီေပးပါတယ္” လို႔ ဆိုပါတယ္။

နာမည္ႀကီးမိသားစုမွာ ေမြးဖြားခဲ့ရသူျဖစ္ၿပီး ေဟာလိဝုဒ္စတား Alec Baldwin ရဲ႕တူမ Hailey က သာမန္ကေလး ဘဝမ်ိဳးကိုသာ ႏွစ္ၿခိဳက္တယ္လို႔ ဆိုပါတယ္။

သူက “က်မ သာမန္ကေလးဘဝနဲ႔ ဆယ္ေက်ာ္သက္ ဘဝေတြကို ရရွိခဲ့ပါတယ္။ က်မ ၁၉ ႏွစ္မတိုင္ခင္အထိ က်မကိုယ္က်မ အသိအမွတ္ျပဳတာမ်ိဳး မလုပ္ႏိုင္ခဲ့ပါဘူး။ တကၠသိုလ္တက္တာမ်ိဳးလို ဘယ္တုန္းကမွ မလုပ္ခဲ့တဲ့ သာမန္အလုပ္ေတြကို လုပ္လာႏိုင္ခဲ့ၿပီး အခ်ိန္ဘယ္လို ဆြဲရမယ္၊ အခ်ိန္မီ ဘယ္လိုၿပီးစီးရမယ္၊ ဘယ္လိုတာဝန္ယူ တာဝန္ခံရမယ္ဆိုတာကို ၁၇ ႏွစ္ေလာက္ကတည္းက စၿပီးသင္ယူေနခဲ့ပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္သူ႔ရဲ႕ ခ်စ္သူေဟာင္း Shawn Mendes ကလည္း Justin နဲ႔အခ်စ္ေရး သာယာေျဖာင့္ျဖဴးေစဖို႔ ဆုေတာင္းေပးခဲ့ပါတယ္။

Shawn က “က်ေနာ္ Hailey ကို ဂုဏ္ျပဳပါတယ္ဆိုၿပီး စာပို႔ခဲ့တယ္။ က်ေနာ္ သူတို႔အတြက္ တကယ္ေပ်ာ္ပါတယ္။ သူဟာ အခုထိ ေအးခ်မ္းဆုံး လူတေယာက္ပါ။ သူဟာ ႐ုပ္ရည္ေခ်ာေမာတဲ့ သူတေယာက္ေတာ့ မဟုတ္ေပမယ့္ က်ေနာ္ ႀကဳံဖူးတဲ့ အထဲမွာ အလွပဆုံး ႏွလုံးသားပိုင္ရွင္ ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #
မော်ဒယ် Hailey Baldwin ဟာ အဆိုတော် Justin Bieber နဲ့ ရင်သွေးယူဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် မော်ဒယ် Hailey ဟာ မကြာသေးခင်တုန်းက ကနေဒါပေါ့ပ်အဆိုတော် Justin Bieber နဲ့ လက်ထပ်ခဲ့ပြီး အခုတော့ မိသားစု တခုကို တနေ့မှာ ထူထောင်ပြီး စတင် စဉ်းစားနေပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

သူက “ကျမ ကလေး ချစ်တတ်တယ်။ ကျမ ကိုယ်ပိုင် ရင်သွေးလေးကို မွေးဖို့ မစောင့်နိုင်တော့ဘူး။ အခုတော့ တကယ့်ကို နီးကပ်နေပြီလို့ ကျမ ပြောနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အဆိုတော် Justin နဲ့ ဆက်ဆံရေးဟာ အရင်က သူကြုံတွေ့ခဲ့ရတာထက် ပိုပြီးတော့ ပြင်းထန်လာပြီလို့ ဆိုလိုက်ပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုတွေကနေ ကင်းလွတ်ဖို့ လူမှုကွန်ရက် မီဒီယာတွေကိုလည်း မသုံးတော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။

Vogue Arabia မဂ္ဂဇင်းနဲ့ ပြောဆိုရာမှာ သူက “ကျမက လူမှုကွန်ရက်မီဒီယာပေါ်မှာ အချိန်ဖြုန်းတာနည်းပါတယ်။ အဲဒီဟာ ဒီလိုဘဝမှာ ရှင်သန်နေထိုင်ဖို့ အရာရာတိုင်းနဲ့ သာတူညီမျှဖြစ်ဖို့ ကျမကို ကူညီပေးပါတယ်” လို့ ဆိုပါတယ်။

နာမည်ကြီးမိသားစုမှာ မွေးဖွားခဲ့ရသူဖြစ်ပြီး ဟောလိဝုဒ်စတား Alec Baldwin ရဲ့တူမ Hailey က သာမန်ကလေး ဘဝမျိုးကိုသာ နှစ်ခြိုက်တယ်လို့ ဆိုပါတယ်။

သူက “ကျမ သာမန်ကလေးဘဝနဲ့ ဆယ်ကျော်သက် ဘဝတွေကို ရရှိခဲ့ပါတယ်။ ကျမ ၁၉ နှစ်မတိုင်ခင်အထိ ကျမကိုယ်ကျမ အသိအမှတ်ပြုတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ တက္ကသိုလ်တက်တာမျိုးလို ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ သာမန်အလုပ်တွေကို လုပ်လာနိုင်ခဲ့ပြီး အချိန်ဘယ်လို ဆွဲရမယ်၊ အချိန်မီ ဘယ်လိုပြီးစီးရမယ်၊ ဘယ်လိုတာဝန်ယူ တာဝန်ခံရမယ်ဆိုတာကို ၁၇ နှစ်လောက်ကတည်းက စပြီးသင်ယူနေခဲ့ပါပြီ”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်သူ့ရဲ့ ချစ်သူဟောင်း Shawn Mendes ကလည်း Justin နဲ့အချစ်ရေး သာယာဖြောင့်ဖြူးစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။

Shawn က “ကျနော် Hailey ကို ဂုဏ်ပြုပါတယ်ဆိုပြီး စာပို့ခဲ့တယ်။ ကျနော် သူတို့အတွက် တကယ်ပျော်ပါတယ်။ သူဟာ အခုထိ အေးချမ်းဆုံး လူတယောက်ပါ။ သူဟာ ရုပ်ရည်ချောမောတဲ့ သူတယောက်တော့ မဟုတ်ပေမယ့် ကျနော် ကြုံဖူးတဲ့ အထဲမှာ အလှပဆုံး နှလုံးသားပိုင်ရှင် ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top