iMyanmarHouse.com - Best Property Website for Myanmar
×

 

သားေလး Liam ကို ျမန္မာနာမည္ေလး ေပးဖို႕ ယြန္းဝတီလြင္မိုးတစ္ေယာက္ စီစဥ္ေနတာ ေတာ္ေတာ္ၾကာပါၿပီ။ အခုေတာ့ သားေလးအတြက္ ျမန္မာနာမည္ရသြားပါၿပီ။ သားေလးကို "လြင္ထက္" ဆိုၿပီး နာမည္ေပးထားပါတယ္။

ေခးေလးလို႕ ပရိသတ္ေတြ ခ်စ္စနိုး ေခၚျခင္းခံရတဲ့ ယြန္းဝတီလြင္မိုးက သားေလးကို ျမန္မာနာမည္ လွလွေလး ေပးလိုက္ပါၿပီ။ ယြန္းဝတီ လြင္မိုး အေနနဲ႕ Liam ေလးကို ျမန္မာနာမည္ေပးဖို႕ စီစဥ္ေနတာ ေတာ္ေတာ္ၾကာပါၿပီ။ အခုေတာ့ သားေလးအတြက္ နာမည္လွလွေလး ရသြား ပါၿပီ။ သားေလးကို "လြင္ထက္" လို႕ ေပးလိုက္တာပါ။


သားေလးကို ေပးလိုက္တဲ့ နာမည္ေလးမွာ  ယြန္းဝတီလြင္မိုးရဲ႕ နာမည္ေရာ ခင္ပြန္းရဲ႕ နာမည္ေလးပါ  ပါတာေတြ႕ရပါတယ္။


သားေလးကို ေပးတဲ့ နာမည္ေလးကို ပရိသတ္ေတြကလည္း အရမ္းႀကိဳက္ၾကတာေတြ႕ရပါတယ္။ယြန္းဝတီလြင္မိုးဟာ လက္ရွိမွာ သားေလး Liam နဲ႕အတူ ျမန္မာႏိုင္ငံကို ျပန္ေရာက္ေနတာ ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ သားေလးနဲ႕ ပံုေလးေတြကို သူမရဲ႕ အင္စတာဂရမ္မွာ ပရိသတ္ေတြ တင္ေပးျဖစ္တာေတြ႕ရပါတယ္။

သားေလးဟာ လက္ရိွမွာ က်န္းက်န္းမာမာရွိသလုိ အရမ္းကိုလည္း ထြားတယ္လို႕ ယြန္းဝတီလြင္မိုးေလးက ေျပာခဲ့ပါေသးတယ္။


ယြန္းဝတီလြင္မိုးအေနနဲ႕ သားေလး ကို ၾသစေၾတးလ်ႏိုင္ငံ ၊  မဲလ္ဘုန္းၿမိဳ႕မွာရွိတဲ့ Saint Vincent ေဆးရံုမွာ ၾသဂုတ္လ(၇) ရက္ေန႕ ညေန(၅)နာရီေလာက္က ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။

သားေလးကို ရိုးရိုးပဲ ေမြးခဲ့တာ ျဖစ္ၿပီး သားေလးမ်က္ႏွာကို  ပထမဆံုး အႀကိမ္ ျမင္လိုက္ရတဲ့အခ်ိန္မွာ "သားေလးေလာက္ ဘယ္အရာမွ အေရး မႀကီးေတာ့ဘူး"ဆိုတဲ့ စိတ္ခံစားခ်က္ကို ျဖစ္မိတယ္လို႕ စက္တင္ဘာ(၂) ရက္ေန႕က ပရိသတ္တစ္ေယာက္ ေမးထားတဲ့ ေမးခြန္းမွာ ေျဖဆိုေပး ထားတာေတြ႕ရပါတယ္။

ယြန္း၀တီ လြင္မိုးကေတာ့ မင္းသားႀကီးလြင္မိုးနဲ႔ ေဒၚေမသူတို႔ရဲ႕  သမီးႀကီးေလးျဖစ္သလို ဖခင္နဲ႕ မိခင္တို႕ရဲ႕ ေခ်ာေမာတဲ့ ရုပ္ရည္ေလးကို အေမြဆက္ဆံထားသူ တစ္ဦးဆုိရင္လည္း မမွားပါဘူး။ယြန္းဝတီလြင္မိုးဟာ သ႐ုပ္ေဆာင္ လြင္မိုးရဲ႕သမီးျဖစ္ၿပီး ေၾကာ္ျငာအခ်ဳိ႕မွာလည္း ပါဝင္ထားတဲ့သူမဟာ ခ်စ္ဖို႕ေကာင္းၿပီး လွပတဲ့အတြက္ ငယ္ငယ္ကတည္းက ပရိသတ္ေတြရဲ႕ ေမတၱာကို ရရွိထားသူေလးပဲ ျဖစ္ပါတယ္။


၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလထဲမွာ အသက္ ၂၀ ျပည့္မယ့္ ယြန္းဝတီလြင္မိုးဟာ ခ်စ္သူျဖစ္သူ ေမာင္ထက္ဦးလႈိင္နဲ႕ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔ (လြတ္လပ္ေရး) မနက္ပိုင္းက MELIA Hotel Yangon မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲ ျပဳလုပ္ခဲ့ၿပီး ညေနပိုင္းမွာလိုင္း MELIA Hotel Yangon မွာပဲ မဂၤလာညစာစားပြဲ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #

သားလေး Liam ကို မြန်မာနာမည်လေး ပေးဖို့ ယွန်းဝတီလွင်မိုးတစ်ယောက် စီစဉ်နေတာ တော်တော်ကြာပါပြီ။ အခုတော့ သားလေးအတွက် မြန်မာနာမည်ရသွားပါပြီ။ သားလေးကို "လွင်ထက်" ဆိုပြီး နာမည်ပေးထားပါတယ်။

ခေးလေးလို့ ပရိသတ်တွေ ချစ်စနိုး ခေါ်ခြင်းခံရတဲ့ ယွန်းဝတီလွင်မိုးက သားလေးကို မြန်မာနာမည် လှလှလေး ပေးလိုက်ပါပြီ။ ယွန်းဝတီ လွင်မိုး အနေနဲ့ Liam လေးကို မြန်မာနာမည်ပေးဖို့ စီစဉ်နေတာ တော်တော်ကြာပါပြီ။ အခုတော့ သားလေးအတွက် နာမည်လှလှလေး ရသွား ပါပြီ။ သားလေးကို "လွင်ထက်" လို့ ပေးလိုက်တာပါ။

သားလေးကို ပေးလိုက်တဲ့ နာမည်လေးမှာ  ယွန်းဝတီလွင်မိုးရဲ့ နာမည်ရော ခင်ပွန်းရဲ့ နာမည်လေးပါ  ပါတာတွေ့ရပါတယ်။


သားလေးကို ပေးတဲ့ နာမည်လေးကို ပရိသတ်တွေကလည်း အရမ်းကြိုက်ကြတာတွေ့ရပါတယ်။ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာ သားလေး Liam နဲ့အတူ မြန်မာနိုင်ငံကို ပြန်ရောက်နေတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ သားလေးနဲ့ ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ ပရိသတ်တွေ တင်ပေးဖြစ်တာတွေ့ရပါတယ်။

သားလေးဟာ လက်ရှိမှာ ကျန်းကျန်းမာမာရှိသလို အရမ်းကိုလည်း ထွားတယ်လို့ ယွန်းဝတီလွင်မိုးလေးက ပြောခဲ့ပါသေးတယ်။


ယွန်းဝတီလွင်မိုးအနေနဲ့ သားလေး ကို သြစတြေးလျနိုင်ငံ ၊  မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သြဂုတ်လ(၇) ရက်နေ့ ညနေ(၅)နာရီလောက်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သားလေးကို ရိုးရိုးပဲ မွေးခဲ့တာ ဖြစ်ပြီး သားလေးမျက်နှာကို  ပထမဆုံး အကြိမ် မြင်လိုက်ရတဲ့အချိန်မှာ "သားလေးလောက် ဘယ်အရာမှ အရေး မကြီးတော့ဘူး"ဆိုတဲ့ စိတ်ခံစားချက်ကို ဖြစ်မိတယ်လို့ စက်တင်ဘာ(၂) ရက်နေ့က ပရိသတ်တစ်ယောက် မေးထားတဲ့ မေးခွန်းမှာ ဖြေဆိုပေး ထားတာတွေ့ရပါတယ်။

ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့  သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top