iMyanmarHouse.com - Best Property Website for Myanmar
×


” အသက္ေလးရယ္ ရွည္ေစလုိ မန္းေတာင္ရိပ္ကုိခုိ ” ဆိုေပမယ့္ အသက္ရွည္ေစႏုိင္မယ့္ အျခားနည္းလမ္းေတြလည္းရွိေနပါေသးတယ္ ။ဒီနည္းလမ္းေတြကိုက်င့္သံုးမယ္ဆုိရင္ အသက္ ၉၅ ႏွစ္အထိ အသက္ရွည္ေနထုိင္ႏုိင္မယ္လုိ႕ စတန္းဖုိ႕ဒ္မွ သိပၸံပညာရွင္ေတြက အတိအလင္းေၾကျငာထားပါတယ္။ဒီေတာ့ သူတုိ႕အခုိင္အမာေျပာထားတဲ့နည္းလမ္းေတြက ဘာေတြျဖစ္မလဲ …။

၁- ဆရာဝန္တစ္ေယာက္ထဲနဲ႕သာျပပါ။

ကိုယ္ျပေနၾကဆရာဝန္တစ္ေယာက္ပဲ ကုိယ့္ရဲ႕အေျခအေနကို ေသခ်ာသိႏုိင္ပါတယ္။အဲ့လုိမဟုတ္ပဲနဲ႕ ဟိုဆရာဝန္သြားျပလိုက္ ဒီဆရာဝန္သြားျပလိုက္နဲ႕ဆုိရင္ “ဆရာမ်ား သားေသ” ျဖစ္သြားႏိုင္ပါတယ္။

၂- အနာဂတ္အတြက္ ပိုက္ဆံစုထားပါ။

အသက္ ၅၀ ေက်ာ္လာတဲ့အခါ ေငြက အသက္ရွင္ရပ္တည္ဖုိ႕အတြက္ ျပႆနာတစ္ခုျဖစ္လာပါတယ္။ဒီေတာ့ ငယ္ရြယ္စဥ္အခါမွာ မျဖဳန္းတီးပဲနဲ႕ ေငြစုပါ ။ပင္စင္ယူျပီး ၁၀ ႏွစ္တာကလာအတြက္ၾကိဳတင္ျပင္ဆင္ပါ ။ျဖစ္လာႏုိင္တဲ့ ေငြေၾကးျပႆနာေတြအတြက္လည္းျပင္ဆင္ထားပါ။

၃- အဆီအနည္းငယ္ပိုစားေပးပါ ။

“တန္ေဆးလြန္ေဘး” ဆိုတဲ့အတုိင္း အဆီဆုိတာ မ်ားလြန္းရင္မေကာင္းေပမယ့္ အသက္ရွည္ဖုိ႕အတြက္ အဆီအနည္းငယ္စားေပးဖုိ႕ေတာ့လုိပါတယ္။အမဲသား ၊ ၾကက္သား ၊ ၾကက္ဥ ၊ ႏို႕ နဲ႕ ငါးေတြကုိ မွ်မွ်တတ စားသံုးေပးမယ္ဆုိရင္ သင့္က်န္းမာေရးအေျခအေန ၇၅ ရာခိုင္ႏႈန္းေလာက္တိုးတက္လာပါလိမ့္မယ္ ။

၄- ကိုယ္နဲ႕သင့္တင့္ေလ်ာက္ပတ္တဲ့အစားအေသာက္ကုိပဲ စားသံုးပါ ။

မတည့္တဲ့အစာေတြကို စားမယ္ဆုိရင္ အူလမ္းေၾကာင္းထိခိုက္ျပီး ေရာဂါရလာႏုိင္ပါတယ္ ။

၅- သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္နဲ႕အဝတ္အစားေတြကိုပဲဝတ္ဆင္ပါ ။

အသက္ ၆၅ ႏွစ္အရြယ္ ပေရာ္ဖက္ဆာ David Rosenbaum ကေတာ့ သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္ေတြပဲဝတ္ဆင္ခဲ့တဲ့အတြက္ သူအခုလို အသက္ရွည္တာလုိ႕ေျပာျပခဲ့ပါတယ္။က်န္းမာေရး ေကာင္းမြန္ဖုိ႕အတြက္ေတာ့ သက္ေတာင့္သက္သာရွိတဲ့ ဖိနပ္ဝတ္ရံုတင္မဟုတ္ပဲ တစ္ေန႕ကို ေျခလွမ္းတစ္ေသာင္းေလာက္ လမ္းေလ်ာက္ေပးသင့္ပါတယ္ ။

၆- ဆိုဖာေပၚမွာမအိပ္ပါနဲ႕ ။

တစ္ေန႕တာ ပင္ပန္းလြန္းတဲ့အတြက္ ရုပ္ရွင္ကားၾကည့္ရင္း ဆုိဖာေပၚအိပ္ေပ်ာ္သြားတာမ်ိဳးရွိပါလိမ့္မယ္ ။ဒါေပမယ့္ ဆုိဖာေပၚအိပ္တဲ့အခါ သက္တမ္း ၃ ႏွစ္ေလာက္ပုိတုိေစေၾကာင္း သုေတသနအခ်က္အလက္ေတြအရ သိထားရပါတယ္။

၇- ပိတ္ရက္မွာ အိပ္ေရးဝဝအိပ္ပါ။

ပိတ္ရက္မွာ စိတ္ကုိေလ်ာ့ထားျပီး လြတ္လြတ္လပ္လပ္သာအိပ္ပါ ။အိပ္ေရးဝဝအိပ္ျခင္းဟာလည္း က်န္းမာေရးျပႆနာေတြကို ေလ်ာ့ခ်ေပးႏုိင္ပါတယ္။

၈- အိမ္သန္႕ရွင္းေရးလုပ္ပါ။

တစ္ေန႕ကုိ နာရီဝက္ေလာက္ တစ္ပတ္မွာ ၅ ၾကိမ္ အိမ္သန္႕ရွင္းေရးလုပ္မယ္ဆုိရင္ ႏွလံုးေရာဂါျဖစ္ပြားႏုိင္ေခ်အလြန္ေလ်ာ့နည္းသြားတာကိုေတြ႕ရပါတယ္။ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ဖုိ႕အတြက္ တကူးတက Gyn ကုိသြားဖုိ႕မလုိပါဘူး ။အိမ္သန္ရွင္းေရးလုပ္တဲ့အခါ အလိုအေလ်ာက္ကုိယ္လက္လႈပ္ရွားမႈျပဳလုပ္ျပီးသားျဖစ္သြားပါတယ္။

၉- အလုပ္ၾကိဳးစားပါ ။

ဘဝမွာေအာင္ျမင္တဲ့သူေတြက မေအာင္ျမင္တဲ့သူေတြထက္ အသက္ပိုရွည္ၾကေလ့ရွိပါတယ္။ဒီေတာ့ ေအာင္ျမင္ဖုိ႕အတြက္ အလုပ္ကုိ ၾကိဳးစားလုပ္ဖုိ႕လိုအပ္ပါတယ္ ။အေရးၾကီးဆံုးအခ်က္ကေတာ့ မပ်င္းမရိဖုိ႕ပဲ။ရည္မွန္းခ်က္ပန္းတိုင္ကုိေရာက္ေအာင္ၾကိဳးစားပါ။

၁၀- ကိုယ့္အေပၚနားလည္တဲ့သူနဲ႕စကားမ်ားမ်ားေျပာပါ။

သူငယ္ခ်င္းအမ်ားၾကီးရွိဖို႕မလုိပါဘူး ။ ကုိယ္အေပၚနားလည္တဲ့သူတစ္ေယာက္ရွိရင္ရပါျပီ။သူနဲ႕တုိင္ပင္ေဆြးေႏြး ၊ ကုိယ့္ရဲ႕ခံစားခ်က္ေတြထုတ္ေျပာျပီးေတာ့ ရင္ဖြင့္ပါ။ဘဝမွာ ဘယ္သူမွ ရာႏႈန္းျပည့္မေပ်ာ္ႏုိင္ေပမယ့္ စိတ္ေပါ့ပါးေနတဲ့သူေတြက စိတ္တင္းၾကပ္ေနတဲ့သူေတြထက္ေတာ့ ပိုအသက္ရွည္ေလ့ရွိတာ အမွန္ပါပဲ။

Credit: Daily Hot News

# Unicode Version ျဖင့္ ဖတ္ပါ #

” အသက်လေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခို ” ဆိုပေမယ့် အသက်ရှည်စေနိုင်မယ့် အခြားနည်းလမ်းတွေလည်းရှိနေပါသေးတယ် ။ဒီနည်းလမ်းတွေကိုကျင့်သုံးမယ်ဆိုရင် အသက် ၉၅ နှစ်အထိ အသက်ရှည်နေထိုင်နိုင်မယ်လို့ စတန်းဖို့ဒ်မှ သိပ္ပံပညာရှင်တွေက အတိအလင်းကြေငြာထားပါတယ်။ဒီတော့ သူတို့အခိုင်အမာပြောထားတဲ့နည်းလမ်းတွေက ဘာတွေဖြစ်မလဲ …။

၁- ဆရာဝန်တစ်ယောက်ထဲနဲ့သာပြပါ။

ကိုယ်ပြနေကြဆရာဝန်တစ်ယောက်ပဲ ကိုယ့်ရဲ့အခြေအနေကို သေချာသိနိုင်ပါတယ်။အဲ့လိုမဟုတ်ပဲနဲ့ ဟိုဆရာဝန်သွားပြလိုက် ဒီဆရာဝန်သွားပြလိုက်နဲ့ဆိုရင် “ဆရာများ သားသေ” ဖြစ်သွားနိုင်ပါတယ်။

၂- အနာဂတ်အတွက် ပိုက်ဆံစုထားပါ။

အသက် ၅၀ ကျော်လာတဲ့အခါ ငွေက အသက်ရှင်ရပ်တည်ဖို့အတွက် ပြဿနာတစ်ခုဖြစ်လာပါတယ်။ဒီတော့ ငယ်ရွယ်စဉ်အခါမှာ မဖြုန်းတီးပဲနဲ့ ငွေစုပါ ။ပင်စင်ယူပြီး ၁၀ နှစ်တာကလာအတွက်ကြိုတင်ပြင်ဆင်ပါ ။ဖြစ်လာနိုင်တဲ့ ငွေကြေးပြဿနာတွေအတွက်လည်းပြင်ဆင်ထားပါ။

၃- အဆီအနည်းငယ်ပိုစားပေးပါ ။

“တန်ဆေးလွန်ဘေး” ဆိုတဲ့အတိုင်း အဆီဆိုတာ များလွန်းရင်မကောင်းပေမယ့် အသက်ရှည်ဖို့အတွက် အဆီအနည်းငယ်စားပေးဖို့တော့လိုပါတယ်။အမဲသား ၊ ကြက်သား ၊ ကြက်ဥ ၊ နို့ နဲ့ ငါးတွေကို မျှမျှတတ စားသုံးပေးမယ်ဆိုရင် သင့်ကျန်းမာရေးအခြေအနေ ၇၅ ရာခိုင်နှုန်းလောက်တိုးတက်လာပါလိမ့်မယ် ။

၄- ကိုယ်နဲ့သင့်တင့်လျောက်ပတ်တဲ့အစားအသောက်ကိုပဲ စားသုံးပါ ။

မတည့်တဲ့အစာတွေကို စားမယ်ဆိုရင် အူလမ်းကြောင်းထိခိုက်ပြီး ရောဂါရလာနိုင်ပါတယ် ။

၅- သက်တောင့်သက်သာရှိတဲ့ ဖိနပ်နဲ့အဝတ်အစားတွေကိုပဲဝတ်ဆင်ပါ ။

အသက် ၆၅ နှစ်အရွယ် ပရော်ဖက်ဆာ David Rosenbaum ကတော့ သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေပဲဝတ်ဆင်ခဲ့တဲ့အတွက် သူအခုလို အသက်ရှည်တာလို့ပြောပြခဲ့ပါတယ်။ကျန်းမာရေး ကောင်းမွန်ဖို့အတွက်တော့ သက်တောင့်သက်သာရှိတဲ့ ဖိနပ်ဝတ်ရုံတင်မဟုတ်ပဲ တစ်နေ့ကို ခြေလှမ်းတစ်သောင်းလောက် လမ်းလျောက်ပေးသင့်ပါတယ် ။

၆- ဆိုဖာပေါ်မှာမအိပ်ပါနဲ့ ။

တစ်နေ့တာ ပင်ပန်းလွန်းတဲ့အတွက် ရုပ်ရှင်ကားကြည့်ရင်း ဆိုဖာပေါ်အိပ်ပျော်သွားတာမျိုးရှိပါလိမ့်မယ် ။ဒါပေမယ့် ဆိုဖာပေါ်အိပ်တဲ့အခါ သက်တမ်း ၃ နှစ်လောက်ပိုတိုစေကြောင်း သုတေသနအချက်အလက်တွေအရ သိထားရပါတယ်။

၇- ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပါ။

ပိတ်ရက်မှာ စိတ်ကိုလျော့ထားပြီး လွတ်လွတ်လပ်လပ်သာအိပ်ပါ ။အိပ်ရေးဝဝအိပ်ခြင်းဟာလည်း ကျန်းမာရေးပြဿနာတွေကို လျော့ချပေးနိုင်ပါတယ်။

၈- အိမ်သန့်ရှင်းရေးလုပ်ပါ။

တစ်နေ့ကို နာရီဝက်လောက် တစ်ပတ်မှာ ၅ ကြိမ် အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနိုင်ချေအလွန်လျော့နည်းသွားတာကိုတွေ့ရပါတယ်။ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့အတွက် တကူးတက Gyn ကိုသွားဖို့မလိုပါဘူး ။အိမ်သန်ရှင်းရေးလုပ်တဲ့အခါ အလိုအလျောက်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးသားဖြစ်သွားပါတယ်။

၉- အလုပ်ကြိုးစားပါ ။

ဘဝမှာအောင်မြင်တဲ့သူတွေက မအောင်မြင်တဲ့သူတွေထက် အသက်ပိုရှည်ကြလေ့ရှိပါတယ်။ဒီတော့ အောင်မြင်ဖို့အတွက် အလုပ်ကို ကြိုးစားလုပ်ဖို့လိုအပ်ပါတယ် ။အရေးကြီးဆုံးအချက်ကတော့ မပျင်းမရိဖို့ပဲ။ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်ကြိုးစားပါ။

၁၀- ကိုယ့်အပေါ်နားလည်တဲ့သူနဲ့စကားများများပြောပါ။

သူငယ်ချင်းအများကြီးရှိဖို့မလိုပါဘူး ။ ကိုယ်အပေါ်နားလည်တဲ့သူတစ်ယောက်ရှိရင်ရပါပြီ။သူနဲ့တိုင်ပင်ဆွေးနွေး ၊ ကိုယ့်ရဲ့ခံစားချက်တွေထုတ်ပြောပြီးတော့ ရင်ဖွင့်ပါ။ဘဝမှာ ဘယ်သူမှ ရာနှုန်းပြည့်မပျော်နိုင်ပေမယ့် စိတ်ပေါ့ပါးနေတဲ့သူတွေက စိတ်တင်းကြပ်နေတဲ့သူတွေထက်တော့ ပိုအသက်ရှည်လေ့ရှိတာ အမှန်ပါပဲ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top