iMyanmarHouse.com - Best Property Website for Myanmar
×



အိုင္းရင္းစ္ေလေျပဦးက ဦးမင္းစိန္ရဲ႕ သမီးႀကီးအတြက္ ပညာေရး ေထာက္ပ့ံ့မႈ ေပးသြားမယ္လို႔ ဆိုပါတယ္. အဲ့ဒီေနာက္ ဦးမင္းစိန္အတြက္ ကုသိုလ္ေရးေတြလည္း လုပ္သြားဖို႔ရွိတယ္လို႔ဆက္လက္ေျပာျပလာပါတယ္.

လူၾကမ္းသ႐ုပ္ေဆာင္ ဦးမင္းစိန္ရဲ႕ ဈာပန ကိုတက္ေရာက္လာတဲ့ သ႐ုပ္ေဆာင္ အိုင္းရင္းစ္ေလျပည္ဦး က စိတ္မေကာင္းျဖစ္တဲ့အေၾကာင္းေတြေျပာျပလာပါတယ္. အခုလည္း ဦးမင္းစိန္ရဲ႕ သမီးႀကီးအတြက္ ပညာေရးေထာက္ပံ့သြားမယ္ဆိုတာကို Duwun Media ရဲ႕ သီးသန႔္အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္.

'' ေကာ်င္းၿပီးတဲ့အထိ တာဝန္ယူေပးမယ္ေပါ့ေနာ္. ဘာပဲေျပာေျပာ အမွန္အတိုင္းေျပာရရင္ ဒီအခ်ိန္မွာ သူတို႔အေပၚ ကိုယ္က တာဝန္မေက်သလို ခံစားရတယ္. အဲ့ဒီေတာ့ သမီးေလး ေက်ာင္းၿပီးတဲ့အထိ တာဝန္ယူမယ္လို႔ ေျပာထားပါတယ္'' ဆိုၿပီးေတာ့ ဇန္နဝါရီ္လ ၇ ရက္ေန႔က ဦးမင္းစိန္ရဲ႕ ဈာပန မွာ ေျဖဆိုေပးခဲ့တာျဖစ္ပါတယ္.

အိုင္းရင္းစ္ေလေျပဦး ရဲ႕ ေက်းဇူးရွင္ေတြထဲမွာ ဦးမင္းစိန္က တစ္ေယာက္ အပါအဝင္ျဖစ္ပါတယ္. ဇာတ္ကားအတူတူ႐ိုက္ကူးေနစဥ္ အမွတ္တရ ရွိခဲ့တဲ့ အေၾကာင္းကိုလည္း ရင္ဖြင့္ေျပာျပလာပါတယ္.


'' ဦးမင္းစိန္က အိုင္းရင္းစ္အတြက္ေတာ့ ဦးေလး အရင္းလိုမ်ိဳးခ်စ္ရတဲ့ ဦးေလးတစ္ေယာက္ပါ. ဇာတ္ကား႐ိုက္တဲ့ အခ်ိန္တုန္းက အိုင္းရင္းစ္ ျမင္းေပၚက ျပဳတ္က်ဖူးတယ္. လမ္းမေလွ်ာက္ႏိုင္တဲ့အခ်ိန္မွာ ရႈတင္ရွိတဲ့ေနရာအထိကို ခ်ီၿပီးေတာ့ လိုက္ပို႔ေပးတဲ့ ေက်းဇူးရွိခဲ့ဖူးတယ္. ဒီၾကားထဲမွာလည္း ဆုံရင္ ဆုံသလို အိုင္းရင္းစ္ တက္ႏိုင္တဲ့ ဘက္က ကူညီေထာက္ပံ့ေပးပါတယ္'' လို႔ သူကဆိုပါတယ္.

ဇန္နဝါရီလ ၅ ရက္ေန႔ မနက္ပိုင္းမွာ ကြယ္လြန္ခဲ့တဲ့ ဦးမင္းစိန္ အတြက္ သ႐ုပ္ေဆာင္ အိုင္းရင္းစ္ ေလျပည္ဦးက သူ႔ရင္ထဲက ေျပာခ်င္ခဲ့တဲ့ စကားေတြကို ဆက္လက္ေျပာျပလာပါတယ္.


'' ဦးမင္းစိန္ ဒီေနရာကေန ေတြ႕မယ္ဆိုရင္ သမီး စိတ္မေကာင္းပါဘူး . ဦး သမီးကို လာေတြ႕ပါလို႔ေျပာတဲ့အခ်ိန္မွာ ဦးဆီ သမီးက လာမေတြ႕ႏိုင္ခဲ့ဘူး. အခုေတာ့ ဦးရဲ႕ ေနာက္ဆုံးခရီးေလးကို သမီးတက္ႏိုင္တဲ့ဘက္ကေန ပံ့ပိုးေပးတယ္. ဦးအတြက္လည္း သမီးကိုးကြယ္တဲ့ သစ္တံခါးေက်ာင္းမွာ အလႉေလး လုပ္ေပးဖို႔ရွိတယ္. ဦး သာဓုေခၚၿပီးေတာ့ ေကာင္းရာ ဘုံဘဝမွာ ေအးေဆးေနပါေနာ္'' လို႔ ဆိုပါတယ္.

အိုင္းရင္းစ္ေလေျပဦးကို ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာၾကတာျဖစ္ပါတယ္. သူမဟာ အခုလက္ရွိမွာလည္း အႏုပညာအလုပ္ေတြ ေဆာင္႐ြက္ေနဆဲ ျဖစ္ပါတယ္. ဒါေပမယ့္ အရင္ကေလာက္ေတာ့ ဇာတ္ကား႐ိုက္ကူးမႈေတြ နည္းသြားတာကို ေတြ႕ရပါတယ္.

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

အိုင်းရင်းစ်လေပြေဦးက ဦးမင်းစိန်ရဲ့ သမီးကြီးအတွက် ပညာရေး ထောက်ပံ့မှု ပေးသွားမယ်လို့ ဆိုပါတယ်. အဲ့ဒီနောက် ဦးမင်းစိန်အတွက် ကုသိုလ်ရေးတွေလည်း လုပ်သွားဖို့ရှိတယ်လို့ဆက်လက်ပြောပြလာပါတယ်.

လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်ရဲ့ ဈာပန ကိုတက်ရောက်လာတဲ့ သရုပ်ဆောင် အိုင်းရင်းစ်လေပြည်ဦး က စိတ်မကောင်းဖြစ်တဲ့အကြောင်းတွေပြောပြလာပါတယ်. အခုလည်း ဦးမင်းစိန်ရဲ့ သမီးကြီးအတွက် ပညာရေးထောက်ပံ့သွားမယ်ဆိုတာကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်.

'' ကောျင်းပြီးတဲ့အထိ တာဝန်ယူပေးမယ်ပေါ့နော်. ဘာပဲပြောပြော အမှန်အတိုင်းပြောရရင် ဒီအချိန်မှာ သူတို့အပေါ် ကိုယ်က တာဝန်မကျေသလို ခံစားရတယ်. အဲ့ဒီတော့ သမီးလေး ကျောင်းပြီးတဲ့အထိ တာဝန်ယူမယ်လို့ ပြောထားပါတယ်'' ဆိုပြီးတော့ ဇန်နဝါရီ်လ ၇ ရက်နေ့က ဦးမင်းစိန်ရဲ့ ဈာပန မှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်.


အိုင်းရင်းစ်လေပြေဦး ရဲ့ ကျေးဇူးရှင်တွေထဲမှာ ဦးမင်းစိန်က တစ်ယောက် အပါအဝင်ဖြစ်ပါတယ်. ဇာတ်ကားအတူတူရိုက်ကူးနေစဉ် အမှတ်တရ ရှိခဲ့တဲ့ အကြောင်းကိုလည်း ရင်ဖွင့်ပြောပြလာပါတယ်.

'' ဦးမင်းစိန်က အိုင်းရင်းစ်အတွက်တော့ ဦးလေး အရင်းလိုမျိုးချစ်ရတဲ့ ဦးလေးတစ်ယောက်ပါ. ဇာတ်ကားရိုက်တဲ့ အချိန်တုန်းက အိုင်းရင်းစ် မြင်းပေါ်က ပြုတ်ကျဖူးတယ်. လမ်းမလျှောက်နိုင်တဲ့အချိန်မှာ ရှုတင်ရှိတဲ့နေရာအထိကို ချီပြီးတော့ လိုက်ပို့ပေးတဲ့ ကျေးဇူးရှိခဲ့ဖူးတယ်. ဒီကြားထဲမှာလည်း ဆုံရင် ဆုံသလို အိုင်းရင်းစ် တက်နိုင်တဲ့ ဘက်က ကူညီထောက်ပံ့ပေးပါတယ်'' လို့ သူကဆိုပါတယ်.

ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ဦးမင်းစိန် အတွက် သရုပ်ဆောင် အိုင်းရင်းစ် လေပြည်ဦးက သူ့ရင်ထဲက ပြောချင်ခဲ့တဲ့ စကားတွေကို ဆက်လက်ပြောပြလာပါတယ်.

'' ဦးမင်းစိန် ဒီနေရာကနေ တွေ့မယ်ဆိုရင် သမီး စိတ်မကောင်းပါဘူး . ဦး သမီးကို လာတွေ့ပါလို့ပြောတဲ့အချိန်မှာ ဦးဆီ သမီးက လာမတွေ့နိုင်ခဲ့ဘူး. အခုတော့ ဦးရဲ့ နောက်ဆုံးခရီးလေးကို သမီးတက်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးတယ်. ဦးအတွက်လည်း သမီးကိုးကွယ်တဲ့ သစ်တံခါးကျောင်းမှာ အလှူလေး လုပ်ပေးဖို့ရှိတယ်. ဦး သာဓုခေါ်ပြီးတော့ ကောင်းရာ ဘုံဘဝမှာ အေးဆေးနေပါနော်'' လို့ ဆိုပါတယ်.

အိုင်းရင်းစ်လေပြေဦးကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပါတယ်. သူမဟာ အခုလက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်. ဒါပေမယ့် အရင်ကလောက်တော့ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ရပါတယ်.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top