iMyanmarHouse.com - Best Property Website for Myanmar
×


စိုင္းစိုင္းခမ္းလႈိင္ က လြန္ခဲ့တဲ့ ၁၀ ႏွစ္က အမွတ္တရ ဓာတ္ပုံေတြကို တင္ရင္း သူ႔ရဲ႕ ပရိသတ္အားလုံးကို challenge ေခၚလိုက္ပါတယ္။ လက္ရွိမွာလည္း ေအာင္ျမင္တဲ့ အဆိုေတာ္ တစ္ေယာက္အျဖစ္ ဂီတေလာကမွာ ရပ္တည္လွ်က္ရွိပါတယ္။စိုင္းစိုင္းခမ္းလႈိင္ က လြန္ခဲ့တဲ့ ၁၀ ႏွစ္က သူ႔ရဲ႕ ပရိသတ္ေတြနဲ႔ဆုံစည္းခဲ့တဲ့ အမွတ္တရ ပုံရိပ္တခ်ိဳ႕ကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ ပရိသတ္ အားလုံးကိုလည္း challenge လုပ္ဖို႔ ဖိတ္ေခၚလိုက္ပါတယ္။

‘’10 years challenging ေတြ သေဘာက်လို႔ ကြၽန္ေတာ္တို႔ ကိုယ္ပိုင္ challenge လုပ္ခ်င္ပါတယ္။ Team SAI ေတြ SAISAI ARMY ေတြမွာ ပရိသတ္ေတြနဲ႔ ကြၽန္ေတာ္နဲ႔ ဒီလိုမ်ိဳး ၁၀ ႏွစ္စာ အမွတ္တရရွိပါသလား။ ပရိသတ္အားလုံးကို Challenge ေခၚပါတယ္’’ ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၆ ရက္ေန႔ မနက္ ၁၀ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။ျမန္မာႏိုင္ငံ ဂီတေလာကရဲ႕ ထိပ္ဆုံးမွာ ေအာင္ျမင္မႈေတြနဲ႔ ရပ္တည္ေနတဲ့ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္က ေဖ့စ္ဘြတ္ေပ့ခ်္မွာ ပရိသတ္ ၈ သန္း ေက်ာ္ကို ပိုင္ဆိုင္ထားတဲ့သူျဖစ္ပါတယ္။

သူ႔ကို အားေပးခ်စ္ခင္ေနၾကတဲ့ ပရိသတ္ေတြအတြက္လည္း ဒီ့ထက္ပိုႀကိဳးစားသြားဦးမယ္လို႔ ဆိုပါတယ္။စိုင္းစိုင္းရဲ႕ Instagram မွာေတာ့ အားေပး သူ ပရိသတ္ေပါင္း ၄ သိန္း ၇ ေသာင္းေက်ာ္ ရွိတာကို ေတြ႕ ရပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ ဟာ သူ႔ရဲ႕ ကိုယ္ပိုင္ Instagram အေကာင့္မွာလည္း အႏုပညာ လႈပ္ရွားမႈေတြအေၾကာင္းကို တင္ေလ့ရွိပါတယ္။

စိုင္းစိုင္းဟာ သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္လို႔ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frezon Production မွာလည္း ဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလို SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

စိုင်းစိုင်းခမ်းလှိုင် က လွန်ခဲ့တဲ့ ၁၀ နှစ်က အမှတ်တရ ဓာတ်ပုံတွေကို တင်ရင်း သူ့ရဲ့ ပရိသတ်အားလုံးကို challenge ခေါ်လိုက်ပါတယ်။ လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ် ဂီတလောကမှာ ရပ်တည်လျှက်ရှိပါတယ်။စိုင်းစိုင်းခမ်းလှိုင် က လွန်ခဲ့တဲ့ ၁၀ နှစ်က သူ့ရဲ့ ပရိသတ်တွေနဲ့ဆုံစည်းခဲ့တဲ့ အမှတ်တရ ပုံရိပ်တချို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပရိသတ် အားလုံးကိုလည်း challenge လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

‘’10 years challenging တွေ သဘောကျလို့ ကျွန်တော်တို့ ကိုယ်ပိုင် challenge လုပ်ချင်ပါတယ်။ Team SAI တွေ SAISAI ARMY တွေမှာ ပရိသတ်တွေနဲ့ ကျွန်တော်နဲ့ ဒီလိုမျိုး ၁၀ နှစ်စာ အမှတ်တရရှိပါသလား။ ပရိသတ်အားလုံးကို Challenge ခေါ်ပါတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ် ၈ သန်း ကျော်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက်လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။စိုင်းစိုင်းရဲ့ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာ လှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။

စိုင်းစိုင်းဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top