iMyanmarHouse.com - Best Property Website for Myanmar
×
ကော်ဖီကြိုက်တတ်တဲ့သူတွေအတွက် ကျန်းမာပြီးအရသာရှိတဲ့ကော်ဖီတစ်ခွက် ဘယ်လို ပြုလုပ်နိုင်လဲဖော်ပြပေးချင်ပါတယ်။ ကော်ဖီသောက်ခြင်းမှာအကျိုးကျေးဇူးတွေလဲများစွာရှိနေသလို အစာ စားချင် စိတ်ကိုလဲဟန့်တားစေတာကြောင့် မနက်စာ အစားထိုး အဖြစ်လဲ သုံးကြပါတယ်။
၁- သကြားလျော့
၎- နေ့ခင်းကော်ဖီသောက်ခြင်း
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
ကေ်ာဖီကြိုက်တတ်တဲ့သူတွေအတွက် ကျန်းမာပြီးအရသာရှိတဲ့ကော်ဖီတစ်ခွက် ဘယ်လို ပြုလုပ်နိုင်လဲဖော်ပြပေးချင်ပါတယ်။ ကော်ဖီသောက်ခြင်းမှာအကျိူးကျေးဇူးတွေလဲများစွာရှိနေသလို အစာ စားချင် စိတ်ကိုလဲဟန့်တားစေတာကြောင့် မနက်စာ အစားထိုး အဖြစ်လဲ သုံးကြပါတယ်။
၁- သကြားလျော့
ကော်ဖီဆိုတာကတော့ စစ်မှန်ခဲ့ရင် သူကိုယ်တိုင်ကိုက ကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိနေမြဲဖြစ်ပါတယ်။ အချိုပိုကဲသောက်သုံးချင်ကြတဲ့သူတွေကသာ သကြားပိုထည့်မိတာကြောင့် နောက်ဆက်တွဲပြဿနာတွေဖြစ်ပေါ်လာရတာပါ။ ယခုခေတ်ရဲ့နည်မည်ကျော် ကော်ဖီ တော်တော်များများဟာ ပြင်ဆင်ပြုလုပ်ထားတဲ့သကြားတွေပါဝင်နေကြပါတယ်။ ဥပမာ White Chocolate Mocha မှာဆို သကြား ၄၉ ဂရမ်ပါဝင်နေပါတယ်။ ကော်ဖီမှာ သကြားထည့်သုံးမှုများလာတာကြောင့် ဝဖြိုးမှုနဲ့ သွေးချို၊ ဆီးချိုရောဂါ တွေဖြစ်ပွားနိုင်ပါတယ်။
၂- အရည်အသွေးကို ဂရုပြုပါ
ကော်ဖီရဲ့အရည်အသွေးဟာ ကော်ဖီစေ့ကိုဘယ်လိုပြုလုပ်ပြင်ဆင်လဲအပေါ်မှာ မှုတည်နေတာဖြစ်ပါတယ်။ များစွာသော ပြဿနာအကြောင်းအရင်းတွေထဲကတစ်ချက်က ကော်ဖီထုပ်လုပ်များ များပြားလာခြင်းနဲ့ ကော်ဖီသည် ၁၀ ပေါင်ရရှိရန် ၅ နှစ်သက်တမ်း ရှိအပင်တစ်ပင်ဖြစ်နေရမှာဖြစ်ပြီး ကုန်းကြမ်းလိုအပ်မူကြောင့် တောင်သူဦးကြီးတွေဟာ ကော်ဖီပင်တွေကို ဓာတုပစ္စည်းတွေ အသုံးပြုလာခြင်းတွေဖြစ်ပါတယ်။ ဓာတုဆေးဝါး ပစ္စည်းတွေဟာ အပင်ရဲ့ကြီးထွားနူန်းကိုတိုးတက်စေပြီး လူသားတွေအနေနဲ့ စားသုံးကြတဲ့အခါ ရေရှည်မှာ အငြင်းပွားစရာကျန်းမာရေးပြဿနာတွေကြုံတွေ့ရလာတာဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီရဲ့အရည်အသွေးကို စိတ်မချ ရတဲ့အခါ Brand ကောင်းတဲ့ အော်ဂဲနစ်ကော်ဖီစေ့တွေကိုသာ အသုံးပြုပါလို့တိုက်တွန်းချင်ပါတယ်။
၃- သစ်ကြံပိုးခေါက်မှုန့်
သစ်ကြံပိုးခေါက်ကို မြန်မာနိုင်ငံမှာလဲဆေးဘက်ဝင် ပစ္စည်းတစ်မျိုးအဖြစ် တွင်တွင်ကျယ်ကျယ်သုံးကြသလို၊ ဈေးဝယ်စင်တာတွေမှာလဲရနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ သွေးတွင်းဂလူ့ကိုစ့်ပါဝင်မူနဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါကြောင့် သစ်ကြံပိုးခေါက်အမှုန့်ကို ကော်ဖီထဲမှာထည့်သောက်သုံးနိုင်ပါတယ်။
၄- နေ့ခင်းကော်ဖီသောက်ခြင်း
ကဖိန်ဓာတ်ဟာကော်ဖီ ရဲ့အောင်မြင်ကျော်ကြားရခြင်း အခြေခံအကြောင်းတရားဖြစ်ပါတယ်။ အဲ့ဒါ က လူံ့ဆော်မှု ၊ ထုတ်လုပ်နိုင်စွမ်းအားနဲ့ နိုးကြားနေစေဖို့ ကူညီတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီကို နေ့ခင် ၂ နာရီလောက်မှာသောက်ခြင်းဟာ အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
၅- ကော်ဖီ များများသောက်ခြင်းရှောင်ပါ
အထက်မှာဖော်ပြခဲ့သလိုပဲ ကော်ဖီသောက်ခြင်းမှာကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိနိုင်ပါတယ်။ ဒါပေမယ့် များပြားစွာသောက်သုံးခြင်းကတော့ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကဖိန်ဓာတ်များစွာပါဝင်ခြင်း ဟာ စိုးရိမ်ပူပန်မှု ကို မြင့်တက်စေပြီး ကျွန်တော်တို့တွေရဲ့ အိပ်စက်ခြင်း ပုံစံကိုလဲ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ခြင်းဟာ ကျန်းမာရေး ပြဿနာအကျိုးအကြောင်းအကောင်းအဆိုးတွေကို ညှိ့နိူင်းပေးနေရခြင်း ဖြစ်တာကြောင့် ကျွန်တော်ကိုယ်ခန္ဓာကပြောတဲ့စကားတွေကို အာရုံစိုက်ပေးပါ လို့တိုက်တွန်းချင်ပါတယ်။
မေးခွန်းလေးတွေဖြေဆိုပြီး ပရိုမိုးရှင်းကူပွန်တွေရယူပါ။
၁- မည်သည့်အမှုန့်ကော်ဖီထဲတွင်ထည့်သောက်နိုင်သနည်း။
၂- ကော်ဖီထဲတွင် သကြားများခြင်းကြောင့် မည်သည့်ရောဂါများဖြစ်ပွားနိုင်သနည်း။
၃- ကော်ဖီများများသောက်သင့်ပါသလား။
Credit:mingalarbarmorning
 ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top