iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲမဂၤလာပါေနာ္။ ေခၽြးေပါက္က်ယ္ရင္ေတာ့ အသားအေရ အဆီျပန္ၿပီး ဝက္ၿခံထြက္လြယ္ပါတယ္။

ေခြၽးေပါက္က်ဥ္းတဲ့သူေတြကေတာ့ ဘာမွမလိမ္းခင္မွာေတာင္မ်က္ႏွာေလးကေခ်ာမြတ္ေနမွာေသခ်ာပါတယ္။

ေခြၽးေပါက္က်ယ္တဲ့သူေတြကေတာ့ မိတ္ကပ္လိမ္းၿပီး ခဏတာဖုန္းဖိႏိုင္ေပမယ့္ မ်က္ႏွာသစ္ခ်လိုက္ရင္ေတာ့ ေခြၽးေပါက္က်ဥ္းတဲ့လူေတြထက္ မ်က္ႏွာေတြကၾကမ္းတမ္းေနမယ္လို႔ထင္ရပါလိမ့္မယ္။

မ်ားေသာအားျဖင့္ ႏွာေခါင္းနဲ႔ ႏွာေခါင္းေဘးနားတဝိုက္ ပါးျပင္ေပၚမွာ ေခြၽးေပါက္က်ယ္တာေတြ သိသိသာသာျဖစ္ပြား တတ္တဲ့ေနရာေတြျဖစ္ပါတယ္။

ေစ်းကြက္ထဲမွာ အလြယ္တကူ ဝယ္ယူလို႔ရတဲ့ Cosmetic ပစၥည္း ေတြကအေရျပားကိုအားျဖည့္ဖို႔ထိေရာက္မႈအားနည္းေနမွာျဖစ္ပါတယ္။

သဘာဝနည္းလမ္းေလးနဲ႔လြယ္ကူစြာထိန္းသိမ္းမယ္ဆိုရင္ေတာ့ ေခြၽးေပါက္က်ဥ္းေစတဲ့အျပင္ အေရျပားကိုအားျဖည့္ေပးမွာျဖစ္ပါတယ္။

၁။ သံပ႐ုိသီး နဲ႔ ၾကက္ဥအကာ

ခြက္တစ္လုံးထဲသို႔ ၾကက္ဥအကာထည့္လိုက္ၿပီး သံပ႐ုိသီးအနည္းငယ္ညစ္ထည့္၍ေရာေမြလိုက္ပါ။ ေရာေမြၿပီးသားအႏွစ္ကို မ်က္ႏွာေပၚ႐ွိေခြၽးေပါက္က်ယ္ေသာေနရာမ်ားသို႔ လိမ္းေပးပါ။ ၁၅မိနစ္၊ မိနစ္ ၂၀ခန္႔ထားၿပီးေနာက္မ်က္ႏွာကိုေရေအးေလးနဲ႔သစ္ခ်လိုက္ပါ။ အားလပ္တဲ့အခ်ိန္ေတြမွာ ျပဳလုပ္ေပးျခင္းအားျဖင့္ မ်က္ႏွာေပၚမွအဆီပိုမ်ား၊ဆဲလ္ေသမ်ားႏွင့္ ေခြၽးေပါက္ေတြကိုက်ဥ္းေစမွာျဖစ္ပါတယ္။

၂။ မုန္႔ဖုတ္ဆိုဒါ

မုန္႔ဖုတ္ဆိုဒါဟာေနရာေတာ္ေတာ္မ်ားမ်ားမွာအသုံးဝင္တဲ့ပစၥည္းလဲဖစ္ပါတယ္။ ခြက္ထဲသို႔ မုန္႔ဖုတ္ဆိုဒါႏွစ္ဇြန္းနဲ႔ေရႏွစ္ဇြန္းေရာစပ္ၿပီးေမြလိုက္ပါ ။ ေမြၿပီးသားမုန္႔ဖုတ္ဆိုဒါကိုေခြၽးေပါက္က်ယ္တဲ့ေနရာေတြမွာ maskအျဖစ္အသုံးျပဳ၍ မိနစ္ ၁၅/၂၀ခန္႔ထားလိုက္ပါ။ ထို႔ေနာက္ေရေအးႏွင့္မ်က္ႏွာသစ္ခ်လိုက္ပါ။ေခြၽးေပါက္က်ဥ္းေစမယ့္သဘာဝနည္းလမ္းတစ္ခုျဖစ္ပါတယ္။

၃။ သံပ႐ုိသီးနဲ႔ခရမ္းခ်ဥ္သီး

က်ယ္ေနတဲ့ေခၽြးေပါက္ေလးေတြကို က်ဥ္းၿပီး ႏူးညံ့ေခ်ာေမြ႕တဲ့အသားအေရကို ပိုင္ဆိုင္ေစဖို႔သဘာဝနည္းလမ္းေလးေတြ

ခရမ္းခ်ဥ္သီး၏အတြင္းသားကိုခြက္အတြင္း၌ေခ်၍ သံပ႐ုိသီးအနည္းငယ္ညစ္ထည့္၍ေရာေမြလိုက္ပါ။ မ်က္ႏွာေပၚမွေခြၽးေပါက္က်ယ္ေသာေနရာမ်ားတြင္ လိမ္း၍ ၁၅/၂၀မိနစ္ခန္႔ ထားေပးပါ။ ထို႔ေနာက္ေရေအးေလးႏွင့္မ်က္ႏွာသစ္ခ်လိုက္ပါ။ ေခြၽးေပါက္က်ဥ္း၍ ၾကည္လင္ေသာအသားရည္ကိုပိုင္ဆိုင္ေစမွာျဖစ္ပါတယ္။

ေခြၽးေပါက္ကင္းေသာအသားေရမ်ားကိုပိုင္ဆိုင္ၾကပါေစေနာ္။
Credit: MyStyle Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အားလုံးပဲမင်္ဂလာပါနော်။ ချွေးပေါက်ကျယ်ရင်တော့ အသားအရေ အဆီပြန်ပြီး ဝက်ခြံထွက်လွယ်ပါတယ်။

ချွေးပေါက်ကျဉ်းတဲ့သူတွေကတော့ ဘာမှမလိမ်းခင်မှာတောင်မျက်နှာလေးကချောမွတ်နေမှာသေချာပါတယ်။

ချွေးပေါက်ကျယ်တဲ့သူတွေကတော့ မိတ်ကပ်လိမ်းပြီး ခဏတာဖုန်းဖိနိုင်ပေမယ့် မျက်နှာသစ်ချလိုက်ရင်တော့ ချွေးပေါက်ကျဉ်းတဲ့လူတွေထက် မျက်နှာတွေကကြမ်းတမ်းနေမယ်လို့ထင်ရပါလိမ့်မယ်။

များသောအားဖြင့် နှာခေါင်းနဲ့ နှာခေါင်းဘေးနားတဝိုက် ပါးပြင်ပေါ်မှာ ချွေးပေါက်ကျယ်တာတွေ သိသိသာသာဖြစ်ပွား တတ်တဲ့နေရာတွေဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ Cosmetic ပစ္စည်း တွေကအရေပြားကိုအားဖြည့်ဖို့ထိရောက်မှုအားနည်းနေမှာဖြစ်ပါတယ်။

သဘာဝနည်းလမ်းလေးနဲ့လွယ်ကူစွာထိန်းသိမ်းမယ်ဆိုရင်တော့ ချွေးပေါက်ကျဉ်းစေတဲ့အပြင် အရေပြားကိုအားဖြည့်ပေးမှာဖြစ်ပါတယ်။

၁။ သံပရိုသီး နဲ့ ကြက်ဥအကာ

ခွက်တစ်လုံးထဲသို့ ကြက်ဥအကာထည့်လိုက်ပြီး သံပရိုသီးအနည်းငယ်ညစ်ထည့်၍ရောမွေလိုက်ပါ။ ရောမွေပြီးသားအနှစ်ကို မျက်နှာပေါ်ရှိချွေးပေါက်ကျယ်သောနေရာများသို့ လိမ်းပေးပါ။ ၁၅မိနစ်၊ မိနစ် ၂၀ခန့်ထားပြီးနောက်မျက်နှာကိုရေအေးလေးနဲ့သစ်ချလိုက်ပါ။ အားလပ်တဲ့အချိန်တွေမှာ ပြုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်မှအဆီပိုများ၊ဆဲလ်သေများနှင့် ချွေးပေါက်တွေကိုကျဉ်းစေမှာဖြစ်ပါတယ်။

၂။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါဟာနေရာတော်တော်များများမှာအသုံးဝင်တဲ့ပစ္စည်းလဲဖစ်ပါတယ်။ ခွက်ထဲသို့ မုန့်ဖုတ်ဆိုဒါနှစ်ဇွန်းနဲ့ရေနှစ်ဇွန်းရောစပ်ပြီးမွေလိုက်ပါ ။ မွေပြီးသားမုန့်ဖုတ်ဆိုဒါကိုချွေးပေါက်ကျယ်တဲ့နေရာတွေမှာ maskအဖြစ်အသုံးပြု၍ မိနစ် ၁၅/၂၀ခန့်ထားလိုက်ပါ။ ထို့နောက်ရေအေးနှင့်မျက်နှာသစ်ချလိုက်ပါ။ချွေးပေါက်ကျဉ်းစေမယ့်သဘာဝနည်းလမ်းတစ်ခုဖြစ်ပါတယ်။

၃။ သံပရိုသီးနဲ့ခရမ်းချဉ်သီး

ကျယ်နေတဲ့ချွေးပေါက်လေးတွေကို ကျဉ်းပြီး နူးညံ့ချောမွေ့တဲ့အသားအရေကို ပိုင်ဆိုင်စေဖို့သဘာဝနည်းလမ်းလေးတွေ

ခရမ်းချဉ်သီး၏အတွင်းသားကိုခွက်အတွင်း၌ချေ၍ သံပရိုသီးအနည်းငယ်ညစ်ထည့်၍ရောမွေလိုက်ပါ။ မျက်နှာပေါ်မှချွေးပေါက်ကျယ်သောနေရာများတွင် လိမ်း၍ ၁၅/၂၀မိနစ်ခန့် ထားပေးပါ။ ထို့နောက်ရေအေးလေးနှင့်မျက်နှာသစ်ချလိုက်ပါ။ ချွေးပေါက်ကျဉ်း၍ ကြည်လင်သောအသားရည်ကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ချွေးပေါက်ကင်းသောအသားရေများကိုပိုင်ဆိုင်ကြပါစေနော်။
Credit: MyStyle Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top