iMyanmarHouse.com - Best Property Website for Myanmar
×


ဆံပင္ဆုိတာ လူေတြရဲ႕ ဒုတိယမ်က္ႏွာပါ။ ဘယ္ေလာက္ပဲ အလွျပင္ထားပါေစ ဆံပင္ပံုက်ပါမွ ဆြဲေဆာင္မႈ ရွိတဲ့သူတစ္ေယာက္ျဖစ္မွာပါ ။ ဒီလုိ ဆံပင္လွလွေလးတစ္ခုရဖို႕အတြက္ ေကာက္ၾက၊ေျဖာင့္ၾက၊ ေဆးဆိုးၾကနဲ႔ ဆံပင္ကို ဖ်က္စီးေနတဲ့ နည္းလမ္းမ်ားစြာရွိပါတယ္။ ဆံပင္ကို ပ်က္စီးေစတဲ့ အေၾကာင္းအရာေတြက ဘာေတြလဲ ။ ဒီလိုပ်က္စီးေနတာေတြကို ဘယ္လိုျပန္ျပဳျပင္မွာလဲ ။

၁။ ဆံပင္ပါးျခင္း

ဆံပင္ပါးတယ္ဆိုတာကလည္း လူတုိင္း စိတ္ညစ္ၾကတဲ့ အရာေတြထဲက တစ္ခုပါ။ ဆံပင္ပါးေစတဲ့ အေၾကာင္းအရင္းေတြ မ်ားစြာရွိပါတယ္။ စိတ္ဖိစီးမႈနဲ႕ ဆံပင္အတြက္ လိုအပ္တဲ့  အာဟာရေတြမွ်တေအာင္ မစားတာေတြေၾကာင့္ ဆံပင္ပါးႏုိင္ပါတယ္။ဆံပင္ပါးတာကို ကာကြယ္ႏုိင္တဲ့ နည္းလမ္းေတြကေတာ့ ဆံပင္ထူလာေစတဲ့ အစားအေသာက္ေတြျဖစ္တဲ့ သံဓာတ္ၾကြယ္ဝတဲ့ အစားအေသာက္ေတြ၊ နဲ႔ ဥ အမ်ိဳးမ်ိဳးကို စားေပးဖို႕ လုိပါတယ္။ ဒါ့အျပင္ ၾကက္ဥအကာ၊ သံလြင္ဆီနဲ႔ ပ်ားရည္သံုးျပီး ဆံပင္ထူလာေအာင္ ေပါင္းတင္ေပးလို႕လည္း ရပါတယ္။

၂ ။ ဆံပင္ အဖ်ား ေျခာက္ျခင္း

ဆိုးေဆးေတြနဲ႕ စိတ္ဖိစီးမႈေတြ ႏွိပ္စက္လြန္းလို႕ ဆံပင္ အဖ်ားေတြ ႏွစ္ခြျဖစ္ျပီး ေျခာက္ေသြ႔ ပ်က္စီးတာမ်ိဳးေတြ ၾကံဳဖူးပါသလား။ဒီလိုပ်က္စီးေနတာေတြကို ျပန္လည္ ေကာင္းမြန္ေစဖုိ႕အတြက္ကေတာ့ ေခါင္းကို တေရာ္ကင္ပြန္းလိုမ်ိဳး သဘာဝေခါင္းေလွ်ာ္ရည္ေတြနဲ႔ ေလွ်ာ္ပါ။ ဆံပင္ကို သဘာဝအတုိင္း ၾကက္ဥ၊ သံလြင္ဆီတို႕နဲ႔ ေပါင္းတင္ပါ။ ေခါင္းေလွ်ာ္ျပီးတုိင္း ဆံပင္ အစိုဓာတ္ရေစဖို႕အတြက္ ဆံပင္အဖ်ားကို အစို္ဓာတ္ထိန္းေပးတဲ့ ေခါင္းလိမ္းဆီ လိမ္းေပးပါ။

၃ ။ ဆံသားၾကမ္းျခင္း

ေခါင္းေလွ်ာ္ျပီးတာနဲ႔ ေခါင္းေျခာက္ေအာင္ အပူေပးစက္သံုးျပီး မႈတ္တာ၊ ေန႔တုိင္းနီးပါးေလာက္ ေခါင္းေလွ်ာ္တာ၊ ဆံပင္ အေရာင္ဆုိးတာ၊ ဆံပင္ အေရာင္ခၽြတ္တာ စတာေတြက ဆံသားၾကမ္းရျခင္းရဲ႕ အဓိက အေၾကာင္းအရင္းေတြပါ။ၾကမ္းေနတဲ့ဆံသားေတြ အတြက္ အေကာင္းဆံုးကေတာ့ ဆံပင္ အရင္းကေန အဖ်ားအထိ သံလြင္ဆီသုတ္လိမ္းျပီး ၁၅ မိနစ္ေလာက္ ဦးေရျပားကို ႏွိပ္နယ္ေပးတာျဖစ္ပါတယ္။ အျပင္သြားတဲ့ အခါတုိင္းလည္း ဆံသားကို ခရမ္းလြန္ေရာင္ျခည္ ေတြ မထိေစဖို႕ ထီးတို႕ ဦးထုပ္တို႕ေဆာင္းသြားပါ။ ဆံသားၾကမ္းတာကို ျပဳျပင္ဖို႕အတြက္ ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ ဆန္ေဆးရည္ကို အသံုးျပဳျပီးေခါင္းေလွ်ာ္တာျဖစ္ပါတယ္။

၄ ။ ဆံသားရႈပ္ေထြးျခင္း

ေခါင္းျဖီးခါနီးတုိင္း ဆံပင္ေတြ ရႈပ္ေနလို႕ စိတ္ရႈပ္ၾကတာမ်ိဳးေတြ ျဖစ္ဖူးၾကပါသလား။ ဒါေတြရဲ႕ အဓိက တရားခံကေတာ့ ဆံပင္ကို အပူေခ်ာင္းေတြနဲ႔ ေကာက္တာ၊ ေျဖာင့္တာ၊ Dryer နဲ႔ ဆံပင္ အေျခာက္ခံတာ၊ ဆံပင္ကို ၾကမ္္းၾကမ္းတမ္းတမ္းျဖီးတာတုိ႕ေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ဆံသားရႈပ္တဲ့ ဆံပင္ကို ပိုင္ဆိုင္ထားရင္ေတာ့ ေခါင္းကို တစ္ပတ္မွ ၂ ၾကိမ္ပဲေလွ်ာ္ပါ။ ေလွ်ာ္ျပီးရင္လည္း သဘာဝအတုိင္း အေျခာက္ခံပါ။ ဆံပင္ကို ေရသုတ္ရင္လည္း ဖြဖြေလးဖိသုတ္ပါ။ အတင္းပြတ္မဆြဲပါနဲ႕။ ဆံပင္စိုေနတဲ့ အခ်ိန္မွာ ေခါင္းအတင္းျဖီးတာမ်ိဳးလည္း မလုပ္ပါနဲ႔။

၅ ။ ဆံပင္ျဖဴျုခင္း

ဆံပင္ျဖဴရမယ့္ အရြယ္လည္းမေရာက္ေသးဘဲ ေခါင္းေပၚမွာ ဆံပင္ျဖဴေတြ ထိုးထိုးေထာင္ေထာင္ထြက္ေနတာ ျဖစ္ဖူးၾကတဲ့သူေတြ ရွိပါလိမ့္မယ္။ ဆံပင္ျဖဴရျခင္းကို ျဖစ္ေစတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ သံဓာတ္၊ ဗီတာမင္ D3 နဲ႔ ကယ္လ္ဆီယမ္ဓာတ္ကို ၾကြယ္ဝစြာမစားေပးလုိ႔ျဖစ္ရတာပါ။ ေနာက္တစ္ခုက မ်ိဳးရိုးေၾကာင့္လည္း ဆံပင္ေစာေစာျဖဴတာ ျဖစ္ႏုိင္ပါေသးတယ္။အခ်ိန္မတန္ခင္ ဆံပင္ျဖဴေနတဲ့ သူေတြ ကိုယ္စားေနတဲ့ အစားအေသာက္ေတြထဲမွာ  ၾကက္ဥ၊ ငါးၾကီးဆီ၊ ကိုက္လန္ နဲ႔  ပန္းေဂၚဖီ ေတြ ပါေအာင္စားေပးပါ။ မ်ိဳးရိုးေၾကာင့္ျဖစ္တဲ့ ဆံပင္ေစာေစာျဖဴတာအတြက္ကေတာ့ ဆံပင္ အေရာင္ အနက္ ဆုိးေပးတာကသာ အေကာင္းဆံုးပါ။

၆ ။ အဖ်ားႏွစ္ခြ ျဖစ္တဲ့ ဆံပင္

ဆံပင္ဆိုးေဆးေတြ အသံုးမ်ားတာ၊ ဆံပင္ကို ေကာက္လုိက္ေျဖာင့္လိုက္လုပ္လြန္းတာ၊ ကိုယ္နဲ႔ ကိုက္ညီတဲ့ ေခါင္းေလွ်ာ္ရည္ေတြ မသံုးတာ၊ ေရေအးမသံုးဘဲ ေရေႏြးနဲ႔ ေခါင္းေလွ်ာ္တာ၊ Dryer သံုးျပီး ဆံပင္ အေျခာက္ခံတာေတြက ဆံသားႏွစ္ခြျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြပါ။အဖ်ားႏွစ္ခြျဖစ္ေနတဲ့ ဆံပင္ေတြ အတြက္ အေကာင္းဆံုး နည္းလမ္းကေတာ့ အဖ်ားေတြကို ညွပ္ပစ္လိုက္တာပါ။ တေရာ္ကင္ပြန္းသံုးျပီး ေခါင္းေလွ်ာ္တာ၊ ေရေအးသံုးျပီး ေခါင္းေလွ်ာ္တာေတြကလည္း အဖ်ားႏွစ္ခြ ျဖစ္ေနတဲ့ ဆံပင္ကုိ ကုသႏုိင္တဲ့ နည္းလမ္းေတြပါ။

၇။ ဆံပင္ကၽြတ္ျခင္း

ဆံပင္တုိတုိ ရွည္ရွည္ တစ္ေန႔ကို အေခ်ာင္း ၅၀ ကေန ၁၀၀ ေလာက္ထိ ပံုမွန္ ဆံပင္ကၽြတ္ႏိုင္ပါတယ္။ ဆံပင္ ကၽြတ္ႏုိင္တဲ့ အေၾကာင္းအရင္းေတြကေတာ့ စိတ္ဖိစီးမႈမ်ားတာ၊ ေသာက္ေနတဲ့ေဆးေတြရဲ႕ ေဘးထြက္ဆုိးက်ိဳးေတြေၾကာင့္ ဆံပင္ကၽြတ္တာ၊ ဆံပင္ကို စည္းထားလြန္းအားၾကီးလို႕ ဆံပင္ အျမစ္အိတ္ကေန ဆံပင္ေတြ ကၽြတ္ကုန္တာေတြ ျဖစ္ႏုိင္ပါတယ္။ဆံပင္ အတြက္ လိုအပ္တဲ့ ပရိုတင္းဓာတ္ေတြ ရရွိဖို႕ ၾကက္ဥစားေပးတာမ်ိဳး၊ သံလြင္ဆီ၊ ၾကက္ဆူဆီတုိ႕ သံုးျပီး ဆံပင္အသစ္ေတြ ေပါက္လာေအာင္ လုပ္တာမ်ိဳး၊ ဆံပင္စိုက္တာမ်ိဳးေတြ လုပ္ေပးလို႔ရပါတယ္။

Credit: Hellosayarwon

# Unicode Version ျဖင့္ ဖတ္ပါ #

ဆံပင်ဆိုတာ လူတွေရဲ့ ဒုတိယမျက်နှာပါ။ ဘယ်လောက်ပဲ အလှပြင်ထားပါစေ ဆံပင်ပုံကျပါမှ ဆွဲဆောင်မှု ရှိတဲ့သူတစ်ယောက်ဖြစ်မှာပါ ။ ဒီလို ဆံပင်လှလှလေးတစ်ခုရဖို့အတွက် ကောက်ကြ၊ဖြောင့်ကြ၊ ဆေးဆိုးကြနဲ့ ဆံပင်ကို ဖျက်စီးနေတဲ့ နည်းလမ်းများစွာရှိပါတယ်။ ဆံပင်ကို ပျက်စီးစေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ဒီလိုပျက်စီးနေတာတွေကို ဘယ်လိုပြန်ပြုပြင်မှာလဲ ။

၁။ ဆံပင်ပါးခြင်း

ဆံပင်ပါးတယ်ဆိုတာကလည်း လူတိုင်း စိတ်ညစ်ကြတဲ့ အရာတွေထဲက တစ်ခုပါ။ ဆံပင်ပါးစေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆံပင်အတွက် လိုအပ်တဲ့  အာဟာရတွေမျှတအောင် မစားတာတွေကြောင့် ဆံပင်ပါးနိုင်ပါတယ်။ဆံပင်ပါးတာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ဆံပင်ထူလာစေတဲ့ အစားအသောက်တွေဖြစ်တဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ၊ နဲ့ ဥ အမျိုးမျိုးကို စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် ကြက်ဥအကာ၊ သံလွင်ဆီနဲ့ ပျားရည်သုံးပြီး ဆံပင်ထူလာအောင် ပေါင်းတင်ပေးလို့လည်း ရပါတယ်။

၂ ။ ဆံပင် အဖျား ခြောက်ခြင်း

ဆိုးဆေးတွေနဲ့ စိတ်ဖိစီးမှုတွေ နှိပ်စက်လွန်းလို့ ဆံပင် အဖျားတွေ နှစ်ခွဖြစ်ပြီး ခြောက်သွေ့ ပျက်စီးတာမျိုးတွေ ကြုံဖူးပါသလား။ဒီလိုပျက်စီးနေတာတွေကို ပြန်လည် ကောင်းမွန်စေဖို့အတွက်ကတော့ ခေါင်းကို တရော်ကင်ပွန်းလိုမျိုး သဘာဝခေါင်းလျှော်ရည်တွေနဲ့ လျှော်ပါ။ ဆံပင်ကို သဘာဝအတိုင်း ကြက်ဥ၊ သံလွင်ဆီတို့နဲ့ ပေါင်းတင်ပါ။ ခေါင်းလျှော်ပြီးတိုင်း ဆံပင် အစိုဓာတ်ရစေဖို့အတွက် ဆံပင်အဖျားကို အစိုဓာတ်ထိန်းပေးတဲ့ ခေါင်းလိမ်းဆီ လိမ်းပေးပါ။

၃ ။ ဆံသားကြမ်းခြင်း

ခေါင်းလျှော်ပြီးတာနဲ့ ခေါင်းခြောက်အောင် အပူပေးစက်သုံးပြီး မှုတ်တာ၊ နေ့တိုင်းနီးပါးလောက် ခေါင်းလျှော်တာ၊ ဆံပင် အရောင်ဆိုးတာ၊ ဆံပင် အရောင်ချွတ်တာ စတာတွေက ဆံသားကြမ်းရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေပါ။ကြမ်းနေတဲ့ဆံသားတွေ အတွက် အကောင်းဆုံးကတော့ ဆံပင် အရင်းကနေ အဖျားအထိ သံလွင်ဆီသုတ်လိမ်းပြီး ၁၅ မိနစ်လောက် ဦးရေပြားကို နှိပ်နယ်ပေးတာဖြစ်ပါတယ်။ အပြင်သွားတဲ့ အခါတိုင်းလည်း ဆံသားကို ခရမ်းလွန်ရောင်ခြည် တွေ မထိစေဖို့ ထီးတို့ ဦးထုပ်တို့ဆောင်းသွားပါ။ ဆံသားကြမ်းတာကို ပြုပြင်ဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်ကို အသုံးပြုပြီးခေါင်းလျှော်တာဖြစ်ပါတယ်။

၄ ။ ဆံသားရှုပ်ထွေးခြင်း

ခေါင်းဖြီးခါနီးတိုင်း ဆံပင်တွေ ရှုပ်နေလို့ စိတ်ရှုပ်ကြတာမျိုးတွေ ဖြစ်ဖူးကြပါသလား။ ဒါတွေရဲ့ အဓိက တရားခံကတော့ ဆံပင်ကို အပူချောင်းတွေနဲ့ ကောက်တာ၊ ဖြောင့်တာ၊ Dryer နဲ့ ဆံပင် အခြောက်ခံတာ၊ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းဖြီးတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ဆံသားရှုပ်တဲ့ ဆံပင်ကို ပိုင်ဆိုင်ထားရင်တော့ ခေါင်းကို တစ်ပတ်မှ ၂ ကြိမ်ပဲလျှော်ပါ။ လျှော်ပြီးရင်လည်း သဘာဝအတိုင်း အခြောက်ခံပါ။ ဆံပင်ကို ရေသုတ်ရင်လည်း ဖွဖွလေးဖိသုတ်ပါ။ အတင်းပွတ်မဆွဲပါနဲ့။ ဆံပင်စိုနေတဲ့ အချိန်မှာ ခေါင်းအတင်းဖြီးတာမျိုးလည်း မလုပ်ပါနဲ့။

၅ ။ ဆံပင်ဖြူြုခင်း

ဆံပင်ဖြူရမယ့် အရွယ်လည်းမရောက်သေးဘဲ ခေါင်းပေါ်မှာ ဆံပင်ဖြူတွေ ထိုးထိုးထောင်ထောင်ထွက်နေတာ ဖြစ်ဖူးကြတဲ့သူတွေ ရှိပါလိမ့်မယ်။ ဆံပင်ဖြူရခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ သံဓာတ်၊ ဗီတာမင် D3 နဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ကြွယ်ဝစွာမစားပေးလို့ဖြစ်ရတာပါ။ နောက်တစ်ခုက မျိုးရိုးကြောင့်လည်း ဆံပင်စောစောဖြူတာ ဖြစ်နိုင်ပါသေးတယ်။အချိန်မတန်ခင် ဆံပင်ဖြူနေတဲ့ သူတွေ ကိုယ်စားနေတဲ့ အစားအသောက်တွေထဲမှာ  ကြက်ဥ၊ ငါးကြီးဆီ၊ ကိုက်လန် နဲ့  ပန်းဂေါ်ဖီ တွေ ပါအောင်စားပေးပါ။ မျိုးရိုးကြောင့်ဖြစ်တဲ့ ဆံပင်စောစောဖြူတာအတွက်ကတော့ ဆံပင် အရောင် အနက် ဆိုးပေးတာကသာ အကောင်းဆုံးပါ။

၆ ။ အဖျားနှစ်ခွ ဖြစ်တဲ့ ဆံပင်

ဆံပင်ဆိုးဆေးတွေ အသုံးများတာ၊ ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက်လုပ်လွန်းတာ၊ ကိုယ်နဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်တွေ မသုံးတာ၊ ရေအေးမသုံးဘဲ ရေနွေးနဲ့ ခေါင်းလျှော်တာ၊ Dryer သုံးပြီး ဆံပင် အခြောက်ခံတာတွေက ဆံသားနှစ်ခွဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေ အတွက် အကောင်းဆုံး နည်းလမ်းကတော့ အဖျားတွေကို ညှပ်ပစ်လိုက်တာပါ။ တရော်ကင်ပွန်းသုံးပြီး ခေါင်းလျှော်တာ၊ ရေအေးသုံးပြီး ခေါင်းလျှော်တာတွေကလည်း အဖျားနှစ်ခွ ဖြစ်နေတဲ့ ဆံပင်ကို ကုသနိုင်တဲ့ နည်းလမ်းတွေပါ။

၇။ ဆံပင်ကျွတ်ခြင်း

ဆံပင်တိုတို ရှည်ရှည် တစ်နေ့ကို အချောင်း ၅၀ ကနေ ၁၀၀ လောက်ထိ ပုံမှန် ဆံပင်ကျွတ်နိုင်ပါတယ်။ ဆံပင် ကျွတ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ စိတ်ဖိစီးမှုများတာ၊ သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ကို စည်းထားလွန်းအားကြီးလို့ ဆံပင် အမြစ်အိတ်ကနေ ဆံပင်တွေ ကျွတ်ကုန်တာတွေ ဖြစ်နိုင်ပါတယ်။ဆံပင် အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ ရရှိဖို့ ကြက်ဥစားပေးတာမျိုး၊ သံလွင်ဆီ၊ ကြက်ဆူဆီတို့ သုံးပြီး ဆံပင်အသစ်တွေ ပေါက်လာအောင် လုပ်တာမျိုး၊ ဆံပင်စိုက်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top