iMyanmarHouse.com - Best Property Website for Myanmar
×



Vaseline ဆိုတာေတာ့ လူတိုင္းသိၿပီးသားျဖစ္မွာပါ။ အလွအပေရးရာအတြက္တင္မကပဲ ဘက္စံုအသံုးဝင္တဲ့အရာတစ္ခုပါ။ ဒါ့အျပင္ ေျခဖေနာင့္ကဲြလို႔စိတ္ညစ္ေနတဲ့သူေတြအတြက္လည္း Vaseline က ကူညီေပးႏိုင္ပါတယ္။ ေျခဖေနာင့္ကြဲတာေတြက အရမ္းၾကည့္ရဆိုးေစပါတယ္။ ေပ်ာက္ေအာင္လုပ္လုိ႔ရတဲ့ သဘာဝနည္းလမ္းေတြလည္း အမ်ားႀကီးရွိေနတာဆိုေတာ့ မလုပ္ပဲမေနပါနဲ႔။ စမ္းလုပ္ၾကည့္ပါ။ ဒီလိုေျခဖေနာင့္ကဲြတာကို သက္သာေစမယ့္ အိမ္တြင္းျဖစ္သဘာဝနည္းလမ္းေတြ အမ်ားႀကီးထဲကမွ Vaseline နဲ႔ကုသနည္းေလးကို ေျပာျပေပးလိုက္ပါတယ္။

လုပ္ရမယ့္ပံုစံကေတာ့ ညအိပ္ခါနီးမွာ ေျခဖေနာင့္နဲ႔ ေျခဖဝါးကို ေရေႏြးနဲ႔ မိနစ္ ၂၀ ေလာက္ အရင္စိမ္ထားေပးရပါမယ္။ အခ်ိန္ျပည့္ရင္ေတာ့ ေျခေထာက္ကို ေရေျပာင္သြားေအာင္ အဝတ္တစ္ခုနဲ႔ အသာေလးသုတ္ေပးရပါမယ္။

ခြက္တစ္ခုထဲကို သံပုရာရည္ (သို႔) သံပယိုရည္ – ၃ စက္ေလာက္ထည့္ၿပီး Vaseline – လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ကာ ေမႊေပးပါ။ ၿပီးရင္ေတာ့ ေျခဖေနာင့္ကဲြေနတဲ့ေနရာေတြမွာ ပြတ္လိမ္းေပးရပါမယ္။ ေသခ်ာပြတ္လိမ္းၿပီးၿပီဆိုရင္ေတာ့ ေျခအိတ္ဝတ္ၿပီး ညအိပ္လို႔ရပါၿပီ။

မနက္မိုးလင္းတာနဲ႔ ေျခအိတ္ခၽြတ္ၿပီး ေရေႏြးနဲ႔ေျခေထာက္ကိုေဆးေပးပါ။ ဒီနည္းလမ္းအတိုင္း တစ္ရက္ျခားတစ္ခါေလာက္လုပ္ေပးမယ္ဆိုရင္ေတာ့ ၃ ႀကိမ္ေလာက္လုပ္ၿပီးတာနဲ႔ သိသိသာသာကို ေျခဖေနာင့္ကဲြတာေတြ သက္သာၿပီး လွပတဲ့ေျခေထာက္ေလးကို ရရွိလာမွာပါ။

Credit:Myhealthmyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  Vaseline ဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ အလှအပရေးရာအတွက်တင်မကပဲ ဘက်စုံအသုံးဝင်တဲ့အရာတစ်ခုပါ။ ဒါ့အပြင် ခြေဖနောင့်ကွဲလို့စိတ်ညစ်နေတဲ့သူတွေအတွက်လည်း Vaseline က ကူညီပေးနိုင်ပါတယ်။ ခြေဖနောင့်ကွဲတာတွေက အရမ်းကြည့်ရဆိုးစေပါတယ်။ ပျောက်အောင်လုပ်လို့ရတဲ့ သဘာဝနည်းလမ်းတွေလည်း အများကြီးရှိနေတာဆိုတော့ မလုပ်ပဲမနေပါနဲ့။ စမ်းလုပ်ကြည့်ပါ။ ဒီလိုခြေဖနောင့်ကွဲတာကို သက်သာစေမယ့် အိမ်တွင်းဖြစ်သဘာဝနည်းလမ်းတွေ အများကြီးထဲကမှ Vaseline နဲ့ကုသနည်းလေးကို ပြောပြပေးလိုက်ပါတယ်။

လုပ်ရမယ့်ပုံစံကတော့ ညအိပ်ခါနီးမှာ ခြေဖနောင့်နဲ့ ခြေဖဝါးကို ရေနွေးနဲ့ မိနစ် ၂၀ လောက် အရင်စိမ်ထားပေးရပါမယ်။ အချိန်ပြည့်ရင်တော့ ခြေထောက်ကို ရေပြောင်သွားအောင် အဝတ်တစ်ခုနဲ့ အသာလေးသုတ်ပေးရပါမယ်။

ခွက်တစ်ခုထဲကို သံပုရာရည် (သို့) သံပယိုရည် – ၃ စက်လောက်ထည့်ပြီး Vaseline – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ မွှေပေးပါ။ ပြီးရင်တော့ ခြေဖနောင့်ကွဲနေတဲ့နေရာတွေမှာ ပွတ်လိမ်းပေးရပါမယ်။ သေချာပွတ်လိမ်းပြီးပြီဆိုရင်တော့ ခြေအိတ်ဝတ်ပြီး ညအိပ်လို့ရပါပြီ။

မနက်မိုးလင်းတာနဲ့ ခြေအိတ်ချွတ်ပြီး ရေနွေးနဲ့ခြေထောက်ကိုဆေးပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်ရက်ခြားတစ်ခါလောက်လုပ်ပေးမယ်ဆိုရင်တော့ ၃ ကြိမ်လောက်လုပ်ပြီးတာနဲ့ သိသိသာသာကို ခြေဖနောင့်ကွဲတာတွေ သက်သာပြီး လှပတဲ့ခြေထောက်လေးကို ရရှိလာမှာပါ။

Credit:Myhealthmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top