iMyanmarHouse.com - Best Property Website for Myanmar
×


ကုရာနတၳိ ေဆးမရွိ ေရာဂါေတြထဲမွာ ေခြးရူးျပန္ေရာဂါဟာလည္း နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ေရာဂါပိုးရွိတဲ့ တိရစာၦန္ေတြရဲ႕ တံေတြး မွတစ္ဆင့္ ဗိုင္းရပ္စ္ပိုးေတြဟာ အကိုက္ခံရသူရဲ႕ ေသြးေၾကာထဲကို ဝင္ေရာက္ျပီး ကူးစက္ပါတယ္။

အကိုက္ခံရသူမွာ ေခြးရူးျပန္ကာကြယ္ေဆး မထိုးထားဘူးဆိုရင္ အခ်ိန္ၾကာလာတာ နဲ႔အမွ် ေရာဂါလကၡဏာ စတင္ျပလာျပီး ေနာက္ဆံုး ကုသကယ္တင္ဖို႔ မတတ္ႏိုင္ေတာ့ဘဲ အသက္ဆံုးရံႈးရေလာက္တဲ့အထိ ျပင္းထန္တဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ပါတယ္။

ေခြးရူးျပန္ ဗိုင္းရပ္စ္ပိုးကို ကာကြယ္ေဆး မထိုးထားတဲ့ အေလအလြင့္ ေခြးေတြမွာ အမ်ားဆံုးေတြ႔ရတတ္ျပီး ေၾကာင္၊ ၾကြက္၊ လင္းႏို႔၊ ေျမေခြး အစရွိတဲ့ တိရစာၦန္ေတြ ကေနလည္း ကူးစက္ႏုိင္ပါတယ္။ ကိုယ္က ဒဏ္ရာေသးတယ္ဆိုျပီး အမႈမဲ့ အမွတ္ မဲ့ ေနလိုက္မယ္ဆိုရင္ေတာ့ အသက္အႏၱရာယ္ ဆံုးရံႈးဖို႔ အခြင့္အလမ္း ေတာ္ေတာ္ မ်ားတယ္ဆိုတာ သိထားဖို႔ လိုပါတယ္။

ဒီေန႔ေဆာင္းပါးမွာေတာ့ ေခြးရူးျပန္ေရာဂါ မျဖစ္ပြားေစဖို႔ ဘယ္လိုကာကြယ္မလဲ၊ ဘာေတြ ျပင္ဆင္ထားသင့္လဲ၊ ေရွာင္ၾကဥ္သင့္တ့ဲ အရာေတြ အစရွိတဲ့ အေၾကာင္း အရာေတြကို ေျပာျပေပးသြားမွာပါ။

ေခြးရူးျပန္ေရာဂါ ကူးစက္ပံု အဆင့္ဆင့္

ေရာဂါပိုးရွိတဲ့ တိရစာၦန္က တျခားလူကိုျဖစ္ေစ၊ တိရစာၦန္ကို ျဖစ္ေစ ကိုက္လိုက္ တဲ့အခါမွာ ကူးစက္ပါတယ္။ အဓိက ေခြးရူးျပန္ဗိုင္းရပ္စ္ပိုး ပါေနတဲ့ တံေတြးဟာ အကိုက္ခံရတဲ့ ဒဏ္ရာရဲ႕ အတြင္းတစ္သွ်ဴး၊ ေသြးေၾကာထဲထိ ဝင္သြားတဲ့အခါ ကူးစက္ပါတယ္။ အကုိက္မခံရတဲ့ အေျခအေနမွာေတာင္ ေရာဂါပိုးရွိတဲ့ တိရစာၦန္ ဟာ ကိုယ့္အေရျပားအေပၚက အနာ၊ ပြန္းပဲ့ထိခိုက္ ဒဏ္ရာကို လွ်ာနဲ႔ လ်က္လိုက္ ရင္လည္း ဗိုင္းရပ္စ္ပိုး ကူးစက္ခံရႏိုင္ပါတယ္။

ေခြးရူးျပန္ဗိုင္းရပ္စ္ပိုးကို သယ္ေဆာင္ႏိုင္တဲ့ တိရစာၦန္ေတြ

ေသြးေႏြးသတၱဝါ အမ်ားစုမွာ ကာကြယ္ေဆးမထိုးထားဘူးဆိုရင္ ေခြးရူးျပန္ဗိုင္း ရပ္စ္ပိုး ရွိႏိုင္ပါတယ္။ ေခြး၊ ေၾကာင္၊ ႏြား၊ ရွဥ့္၊ ဆိတ္၊ ျမင္း အစရွိတဲ့ အိမ္ေမြး သို႔မ ဟုတ္ ျခံေမြးတိရစာၦန္ေတြ၊ ၾကြက္၊ လင္းႏို႔၊ ေမ်ာက္၊ ေျမေခြးအစရွိတဲ့ ေတာရိုင္းတိရ စာၦန္ေတြ၊ စနစ္တက် ေမြးျမဴထားျခင္းမရွိတဲ့ အေလအလြင့္ တိရစာၦန္ေတြ အကိုက္၊ အကုတ္ခံရတဲ့အခါမွာလည္း ေခြးရူးျပန္ေရာဂါပိုး ကူးစက္ခံရႏိုင္ေျခ မ်ားပါတယ္။

ေခြးရူးျပန္ေရာဂါ လကၡဏာက ဘာေတြလဲ။

ဗိုင္းရပ္စ္ပိုးဟာ ကိုယ္ခႏၶာထဲ စတင္ဝင္ေရာက္လာတဲ့အခါ တုပ္ေကြး၊ အေအး မိသလို ေရာဂါလကၡဏာေတြ ေတြ႔ရတတ္ျပီး ရက္အနည္းငယ္ ၾကာႏိုင္ပါတယ္။ ကိုယ္က ကာကြယ္ေဆးလည္း လံုးဝမထိုးထားဘူးဆိုရင္ေတာ့ အေႏွးနဲ႔ အျမန္ ျပင္းထန္တဲ့ လကၡဏာေတြ ျပလာျပီး ေခြးရူးျပန္ေရာဂါေၾကာင့္ အသက္ဆံုးရံႈးရႏိုင္ ပါတယ္။

ေခြးရူးျပန္ေရာဂါ ရွိေနျပီဆိုတာ သိႏိုင္တဲ့ လကၡဏာေတြကေတာ့

    အျပင္းဖ်ားနာျခင္း
    ေခါင္းမူးေခါင္းကိုက္ျခင္း
    ကိုယ္လက္မအီမသာျဖစ္ျခင္း
    မူးေဝေအာ့အန္ျခင္း
    စိုးရိမ္ပူပန္ျခင္း
    စိတ္ရႈပ္ေထြးျခင္း
    အာရံုစူးစုိက္မရျခင္း
    အသိစိတ္ လြတ္ျခင္း
    တက္ၾကြလြန္းျခင္း
    အစာျမိဳခ်ရ ခက္ခဲျခင္း
    ပါးစပ္မွ သြားရည္မ်ား အျမဲစီးက်ေနျခင္း
    ေရေသာက္ဖို႔ ခက္ခဲျခင္း၊ ေရျမင္ရင္ ေၾကာက္လန္႔စိတ္ ျဖစ္ျခင္း
    စိတ္ကေယာင္ေျခာက္ျခား ျဖစ္ျခင္း
    အိပ္မေပ်ာ္ျဖစ္ျခင္း
    ကိုယ္လက္အဂၤါ အေၾကာေသျခင္း၊ ေလျဖတ္ျခင္း ပဲ ျဖစ္ပါတယ္။

ဘယ္လိုအခ်ိန္မွာ ဆရာဝန္နဲ႔ ျပသသင့္လဲ။

ကိုယ္နဲ႔ မသိတဲ့ တိရစာၦန္တစ္ေကာင္ေကာင္ရဲ႕ အကိုက္ခံရတာနဲ႔ ၂၄ နာရီအတြင္း ေစာႏိုင္သေလာက္ ေစာေစာသြားျပႏိုင္ရင္ အေကာင္းဆံုးပါပဲ။ အထူးသျဖင့္ ကာ ကြယ္ေဆးထိုးထားတဲ့ အိမ္ေမြးတိရစာၦန္မဟုတ္ဘဲ တျခား အေလအလြင့္ တိရစာၦန္ ေတြ ကိုက္တာ၊ ကုတ္တာခံရရင္လည္း အျမန္ဆံုး ျပသျပီး ကုသမႈ ခံယူသင့္ပါ တယ္။

ကိုယ့္ဒဏ္ရာရဲ႕ အေျခအေနကို ေလ့လာျပီး ဆရာဝန္က ညႊန္ၾကားထားတဲ့ ေဆး အညႊန္းအတိုင္း ေသခ်ာလိုက္နာဖို႔၊ ကာကြယ္ေဆးကို ရက္ခ်ိန္းအတိုင္း မပ်က္မ ကြက္ မွန္မွန္ထိုးေပးဖို႔ အလြန္အေရးၾကီးပါတယ္။

ေခြးရူးျပန္ေရာဂါ မကူးစက္ခံရေစဖုိ႔ ဘယ္လိုကာကြယ္မလဲ။

ေခြးရူးျပန္ေရာဂါဆိုတာ ကုရာနတၳိ ေဆးမရွိေပမဲ့ အခ်ိန္မီ ကာကြယ္လို႔ ရတဲ့ နည္းလမ္းေတြ အမ်ားၾကီး ရွိပါတယ္။

၁။ ကိုယ့္အိမ္မွာ ေမြးျမဴထားတဲ့ တိရစာၦန္ေလးေတြကို ေခြးရူးျပန္ကာကြယ္ေဆး ပံုမွန္ထိုးေပးရပါမယ္။ ကာကြယ္ေဆးထိုးထားတဲ့အခါမွာ တိရစာၦန္ေလးေတြ မွာလည္း ဗိုင္းရပ္စ္ပိုး မကူးစက္ခံရႏိုင္သလို လူေတြအတြက္လည္း အႏၱရာယ္ကင္း ရွင္းပါတယ္။

၂။ အိမ္ေမြးတိရစာၦန္ေတြကို အျပင္မထုတ္ထားပါနဲ႔။ အထူးသျဖင့္ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ အေလအလြင့္ တိရစာၦန္ေတြ အလြန္မ်ားတဲ့အျပင္ စနစ္တက် ကာကြယ္ေဆးထိုးထားတာမ်ိဳးလည္း မရွိတဲ့အတြက္ ကိုယ့္ရဲ႕ အိမ္ေမြးတိရ စာၦန္ေတြ အကိုက္ခံရကေန ကူးစက္ႏိုင္ပါတယ္။

၃။ ကိုယ့္အိမ္ပတ္ဝန္းက်င္မွာ အေလအလြင့္ေခြးေတြ အရမ္းမ်ားေနရင္ သက္ ဆိုင္ရာကို အေၾကာင္းၾကားျပီး ကာကြယ္ေဆး ထိုးေပးဖို႔နဲ႔ ေစာင့္ေရွာက္ေရး ေဂဟာတစ္ခုခုရွာဖို႔ ဝိုင္းဝန္းကူညီေပးပါ။

၄။ မျဖစ္ခင္ ၾကိဳတင္ကာကြယ္ ဆိုသလို ကိုယ္တိုင္လည္း ေခြးရူးျပန္ကာကြယ္ေဆး ပံုမွန္ထိုးေပးဖို႔ လိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ၾကိဳတင္ကာကြယ္ထားတဲ့အခါ ကိုယ့္ အတြက္လည္း အသက္အႏၱရာယ္ကေန ကင္းရွင္းႏိုင္တာေပါ့။

၅။ အေလအလြင့္ တိရစာၦန္ေတြကို စေနာက္တာမ်ိဳး မလုပ္ပါနဲ႔။ ပံုမွန္အားျဖင့္ တိရစာၦန္ေတြဟာ လူေတြကို လန္႔ေကာင္းလန္႔ေနႏိုင္ေပမယ့္ ေရာဂါပိုးရွိေနတဲ့ တိရ စာၦန္ေတြဆိုရင္ ျပန္ျပီး ရန္လိုကာ ကိုက္တတ္ပါတယ္။

၆။ ကေလးငယ္ေတြကို အျပင္ေခၚသြားတဲ့အခါ လူၾကီးတစ္ေယာက္က အျမဲေဘးနားမွာ ရွိေပးပါ။

၇။ ခရီးသြားေတာ့မယ္ဆိုရင္ ေခြးရူးျပန္ကာကြယ္ေဆး ၾကိဳတင္ထိုးသြားပါ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကုရာနတ္ထိ ဆေးမရှိ ရောဂါတွေထဲမှာ ခွေးရူးပြန်ရောဂါဟာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေး မှတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေဟာ အကိုက်ခံရသူရဲ့ သွေးကြောထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။

အကိုက်ခံရသူမှာ ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် အချိန်ကြာလာတာ နဲ့အမျှ ရောဂါလက္ခဏာ စတင်ပြလာပြီး နောက်ဆုံး ကုသကယ်တင်ဖို့ မတတ်နိုင်တော့ဘဲ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ခွေးရူးပြန် ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့် ခွေးတွေမှာ အများဆုံးတွေ့ရတတ်ပြီး ကြောင်၊ ကြွက်၊ လင်းနို့၊ မြေခွေး အစရှိတဲ့ တိရစ္ဆာန်တွေ ကနေလည်း ကူးစက်နိုင်ပါတယ်။ ကိုယ်က ဒဏ်ရာသေးတယ်ဆိုပြီး အမှုမဲ့ အမှတ် မဲ့ နေလိုက်မယ်ဆိုရင်တော့ အသက်အန္တရာယ် ဆုံးရှုံးဖို့ အခွင့်အလမ်း တော်တော် များတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

ဒီနေ့ဆောင်းပါးမှာတော့ ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေဖို့ ဘယ်လိုကာကွယ်မလဲ၊ ဘာတွေ ပြင်ဆင်ထားသင့်လဲ၊ ရှောင်ကြဉ်သင့်တဲ့ အရာတွေ အစရှိတဲ့ အကြောင်း အရာတွေကို ပြောပြပေးသွားမှာပါ။

ခွေးရူးပြန်ရောဂါ ကူးစက်ပုံ အဆင့်ဆင့်

ရောဂါပိုးရှိတဲ့ တိရစ္ဆာန်က တခြားလူကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ ကိုက်လိုက် တဲ့အခါမှာ ကူးစက်ပါတယ်။ အဓိက ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး ပါနေတဲ့ တံတွေးဟာ အကိုက်ခံရတဲ့ ဒဏ်ရာရဲ့ အတွင်းတစ်သျှူး၊ သွေးကြောထဲထိ ဝင်သွားတဲ့အခါ ကူးစက်ပါတယ်။ အကိုက်မခံရတဲ့ အခြေအနေမှာတောင် ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ဟာ ကိုယ့်အရေပြားအပေါ်က အနာ၊ ပွန်းပဲ့ထိခိုက် ဒဏ်ရာကို လျှာနဲ့ လျက်လိုက် ရင်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။

ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်နိုင်တဲ့ တိရစ္ဆာန်တွေ

သွေးနွေးသတ္တဝါ အများစုမှာ ကာကွယ်ဆေးမထိုးထားဘူးဆိုရင် ခွေးရူးပြန်ဗိုင်း ရပ်စ်ပိုး ရှိနိုင်ပါတယ်။ ခွေး၊ ကြောင်၊ နွား၊ ရှဉ့်၊ ဆိတ်၊ မြင်း အစရှိတဲ့ အိမ်မွေး သို့မ ဟုတ် ခြံမွေးတိရစ္ဆာန်တွေ၊ ကြွက်၊ လင်းနို့၊ မျောက်၊ မြေခွေးအစရှိတဲ့ တောရိုင်းတိရ စ္ဆာန်တွေ၊ စနစ်တကျ မွေးမြူထားခြင်းမရှိတဲ့ အလေအလွင့် တိရစ္ဆာန်တွေ အကိုက်၊ အကုတ်ခံရတဲ့အခါမှာလည်း ခွေးရူးပြန်ရောဂါပိုး ကူးစက်ခံရနိုင်ခြေ များပါတယ်။

ခွေးရူးပြန်ရောဂါ လက္ခဏာက ဘာတွေလဲ။

ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓာထဲ စတင်ဝင်ရောက်လာတဲ့အခါ တုပ်ကွေး၊ အအေး မိသလို ရောဂါလက္ခဏာတွေ တွေ့ရတတ်ပြီး ရက်အနည်းငယ် ကြာနိုင်ပါတယ်။ ကိုယ်က ကာကွယ်ဆေးလည်း လုံးဝမထိုးထားဘူးဆိုရင်တော့ အနှေးနဲ့ အမြန် ပြင်းထန်တဲ့ လက္ခဏာတွေ ပြလာပြီး ခွေးရူးပြန်ရောဂါကြောင့် အသက်ဆုံးရှုံးရနိုင် ပါတယ်။

ခွေးရူးပြန်ရောဂါ ရှိနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာတွေကတော့

    အပြင်းဖျားနာခြင်း
    ခေါင်းမူးခေါင်းကိုက်ခြင်း
    ကိုယ်လက်မအီမသာဖြစ်ခြင်း
    မူးဝေအော့အန်ခြင်း
    စိုးရိမ်ပူပန်ခြင်း
    စိတ်ရှုပ်ထွေးခြင်း
    အာရုံစူးစိုက်မရခြင်း
    အသိစိတ် လွတ်ခြင်း
    တက်ကြွလွန်းခြင်း
    အစာမြိုချရ ခက်ခဲခြင်း
    ပါးစပ်မှ သွားရည်များ အမြဲစီးကျနေခြင်း
    ရေသောက်ဖို့ ခက်ခဲခြင်း၊ ရေမြင်ရင် ကြောက်လန့်စိတ် ဖြစ်ခြင်း
    စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်း
    အိပ်မပျော်ဖြစ်ခြင်း
    ကိုယ်လက်အင်္ဂါ အကြောသေခြင်း၊ လေဖြတ်ခြင်း ပဲ ဖြစ်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။

ကိုယ်နဲ့ မသိတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အကိုက်ခံရတာနဲ့ ၂၄ နာရီအတွင်း စောနိုင်သလောက် စောစောသွားပြနိုင်ရင် အကောင်းဆုံးပါပဲ။ အထူးသဖြင့် ကာ ကွယ်ဆေးထိုးထားတဲ့ အိမ်မွေးတိရစ္ဆာန်မဟုတ်ဘဲ တခြား အလေအလွင့် တိရစ္ဆာန် တွေ ကိုက်တာ၊ ကုတ်တာခံရရင်လည်း အမြန်ဆုံး ပြသပြီး ကုသမှု ခံယူသင့်ပါ တယ်။

ကိုယ့်ဒဏ်ရာရဲ့ အခြေအနေကို လေ့လာပြီး ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေး အညွှန်းအတိုင်း သေချာလိုက်နာဖို့၊ ကာကွယ်ဆေးကို ရက်ချိန်းအတိုင်း မပျက်မ ကွက် မှန်မှန်ထိုးပေးဖို့ အလွန်အရေးကြီးပါတယ်။

ခွေးရူးပြန်ရောဂါ မကူးစက်ခံရစေဖို့ ဘယ်လိုကာကွယ်မလဲ။

ခွေးရူးပြန်ရောဂါဆိုတာ ကုရာနတ္ထိ ဆေးမရှိပေမဲ့ အချိန်မီ ကာကွယ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

၁။ ကိုယ့်အိမ်မှာ မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးပေးရပါမယ်။ ကာကွယ်ဆေးထိုးထားတဲ့အခါမှာ တိရစ္ဆာန်လေးတွေ မှာလည်း ဗိုင်းရပ်စ်ပိုး မကူးစက်ခံရနိုင်သလို လူတွေအတွက်လည်း အန္တရာယ်ကင်း ရှင်းပါတယ်။

၂။ အိမ်မွေးတိရစ္ဆာန်တွေကို အပြင်မထုတ်ထားပါနဲ့။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလေအလွင့် တိရစ္ဆာန်တွေ အလွန်များတဲ့အပြင် စနစ်တကျ ကာကွယ်ဆေးထိုးထားတာမျိုးလည်း မရှိတဲ့အတွက် ကိုယ့်ရဲ့ အိမ်မွေးတိရ စ္ဆာန်တွေ အကိုက်ခံရကနေ ကူးစက်နိုင်ပါတယ်။

၃။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အလေအလွင့်ခွေးတွေ အရမ်းများနေရင် သက် ဆိုင်ရာကို အကြောင်းကြားပြီး ကာကွယ်ဆေး ထိုးပေးဖို့နဲ့ စောင့်ရှောက်ရေး ဂေဟာတစ်ခုခုရှာဖို့ ဝိုင်းဝန်းကူညီပေးပါ။

၄။ မဖြစ်ခင် ကြိုတင်ကာကွယ် ဆိုသလို ကိုယ်တိုင်လည်း ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးပေးဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားတဲ့အခါ ကိုယ့် အတွက်လည်း အသက်အန္တရာယ်ကနေ ကင်းရှင်းနိုင်တာပေါ့။

၅။ အလေအလွင့် တိရစ္ဆာန်တွေကို စနောက်တာမျိုး မလုပ်ပါနဲ့။ ပုံမှန်အားဖြင့် တိရစ္ဆာန်တွေဟာ လူတွေကို လန့်ကောင်းလန့်နေနိုင်ပေမယ့် ရောဂါပိုးရှိနေတဲ့ တိရ စ္ဆာန်တွေဆိုရင် ပြန်ပြီး ရန်လိုကာ ကိုက်တတ်ပါတယ်။

၆။ ကလေးငယ်တွေကို အပြင်ခေါ်သွားတဲ့အခါ လူကြီးတစ်ယောက်က အမြဲဘေးနားမှာ ရှိပေးပါ။

၇။ ခရီးသွားတော့မယ်ဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး ကြိုတင်ထိုးသွားပါ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top