iMyanmarHouse.com - Best Property Website for Myanmar
×
၎။ လက်သည်းအလှဆင်ခြင်း
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
လက်သည်းကိုက်တတ်တဲ့ သူတွေအတွက် လက်သည်းကိုက်ချင်တဲ့စိတ်ပျောက်သွားအောင် အကောင်းဆုံး အကြံဉာဏ်တွေကို ပေးချင်ပါတယ်။ ဒါကြောင့် အခုပြောပြမယ့်ဟာလေးတွေကို ဆက်ကြည့်လိုက်ကြရအောင်နော်။
၁။ အမြဲတမ်းလက်သည်းအတိုထားခြင်း
လက်သည်းကို အမြဲကိုက်တတ်တဲ့သူတွေအတွက် အာရုံလွဲှရမယ့် နည်းတွေထဲက အရေးပါတဲ့ တစ်ခုဖြစ်ပါတယ်။ လက်သည်းကို အရှည်ထားလိုက်တဲ့ အချိန်ကျတော့ လက်သည်းကိုက်ရတာ လွယ်ကူပါတယ်။ ဒါကြောင့် လက်သည်းကိုက်ရန် ခက်ခဲတဲ့ လက်သည်းကို အတိုထားလိုက်မယ်ဆိုရင် လက်သည်းကိုက်တတ်တဲ့ အကျင့်ပျောက်သွားနိုင်ပါတယ်။
၂။ လက်သည်းအတိုညှပ်ရန် ရက်တွေကို မှတ်သားထားခြင်း
လက်သည်းတွေ နည်းနည်းရှည်လာပြီဆိုတာနဲ့ လက်သည်းကိုက်တဲ့သူကတော့ ကိုက်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်အတတ်နိုင်ဆုံး တစ်ပတ်တစ်ခါတော့လက်သည်းကို ညှပ်ပေးသင့်ပါတယ်။ ဒါကြောင့် လက်သည်းညှပ်ရမယ့် ရက်တွေကိုလည်း အမှတ်အသားတစ်ခုလုပ်ထားသင့်ပါတယ်။
၃။ လက်မအားအောင် ထားခြင်း
ဒါကလည်း အရေးကြီးတဲ့ တစ်ခုဖြစ်ပါတယ်။ ပါးစပ်နဲ့ ဖုန်းပြောပေမယ့် လက်က အခြားတစ်ခုခုကို လုပ်ပေးနေပါ။ ဒါဆိုရင် လက်သည်းကိုက်ဖို့အတွက် သတိမရတာထက် မအားတော့ဘူးဆိုရင် မကိုက်ဖြစ်တော့ပါဘူး။ လက်ကို အခြားသော အရာထက် ဘောလုံးကစားပေးနေတာမျိုးဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ လက်အတွက် အားကစားလှုပ်ရှားမှုလည်းဖြစ်စေနိုင်ပါတယ်။
၄။ လက်သည်းအလှဆင်ခြင်း
လက်သည်းကိုက်တဲ့သူမှန်ပေမယ့်လို့ လှချင်တာကြောင့် လက်သည်းအလှဆင်ထားမယ်ဆိုရင်တော့ လက်သည်းကို မကိုက်ချင်တော့ပါဘူး။ အလှပျက်မှာစိုးရိမ်တာကတစ်ကြောင်း လက်သည်းနီမှာ ပါဝင်တဲ့ဓာတ်တွေ ပါးစပ်ထဲရောက်မှာစိုးရိမ်တာကြောင့်လက်သည်းကိုက်ခြင်းကို ရှောင်ရှားလိုက်တာဖြစ်ပါတယ်။ ဒါကလည်း လက်သည်းကိုက်ခြင်းကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၅။ လက်သည်းကိုက်တဲ့ အကျင့်ပျောက်အောင် တဖြည်းဖြည်းကျင့်ခြင်း
လက်သည်းကိုက်တဲ့သူတွေက သူတို့ရဲ့ အကျင့်ကို တစ်ခါတည်းပျောက်အောင်မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် လက်သည်းကိုက်တဲ့ အကျင့်ပျောက်အောင် တဖြည်းဖြည်းကျင့်ယူရမှာဖြစ်ပါတယ်။ တဖြည်းဖြည်းလေ့ကျင့်ရင်းကနေလက်သည်းကိုက်တဲ့ အကျင့် လုံးဝရပ်တန့်သွားတဲ့ အထိကို ကြိုးစားလိုက်ပါ။
Credit:myanmaplatform
 ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top