iMyanmarHouse.com - Best Property Website for Myanmar
×


အစိမ္းေရာင္ပန္းသီးဟာဆိုရင္ အသည္းနဲ႔ ပတ္သက္တဲ့ ျပႆနာေတြ မျဖစ္ ေအာင္ ကာကြယ္ေပးပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္း အသည္းက်န္းမာေရးကို အေထာက္အကူျပဳပါတယ္။

ပန္းသီးဝယ္တဲ့အခါ အနီေရာင္၊ အနီေရာင္အေဖ်ာ့နဲ႔ အစိမ္းေရာင္ဆုိၿပီး အေရာင္ သံုးမ်ိဳးရွိတာကို သတိထားမိမွာပါ။ ဗုိက္ဗိုက္ေလးေတြ အမ်ားဆံုးဝယ္တဲ့ ပန္းသီး ကေတာ့ အနီေရာင္နဲ႔ အနီေရာင္အေဖ်ာ့တုိ႔ပါပဲ။ အစိမ္းေရာင္ပန္းသီးကိုေတာ့ တခါ တရံမွသာ ဝယ္ၾကတာ သတိထားမိပါတယ္။ အစိမ္းေရာင္ပန္းသီးကလည္း ဗိုက္ဗိုက္ေလးေတြအတြက္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္။

အစိမ္းေရာင္ပန္းသီးကလည္း ဗိုက္ဗိုက္ေလးေတြအတြက္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္ (Photo by momjunction)

အစာေျခစနစ္

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အစာေျခစနစ္ အားနည္းသြားတတ္ပါတယ္။ အစိမ္းေရာင္ ပန္းသီးမွာ အမွ်င္ဓါတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ အစာေျခစနစ္ကို ေခ်ာေမြ႕ေစၿပီး ဝမ္းခ်ဳပ္တာကို သက္သာေစပါတယ္။

ခံတြင္း

ကိုယ္ဝန္ပထမသံုးလမွာ ေမေမေလာင္းတုိ႔ အစားစားခ်င္စိတ္နည္းပါတယ္။ ပန္းသီးအစိမ္းဟာဆိုရင္ ေမေမေလာင္းတို႔ရဲ႕ စားခ်င္စိတ္ကို လံႈ႕ေဆာ္ေပးပါတယ္။

DNA

အစိမ္းေရာင္ပန္းသီးမွာ antioxidants ၾကြယ္ဝစြာပါဝင္တာေၾကာင့္ DNA ပ်က္စီး ဆံုး႐ံႈးတာကို ကာကြယ္ေပးပါတယ္။ ကင္ဆာေရာဂါမျဖစ္ပြားေအာင္လည္း တား ဆီးေပးပါတယ္။

ေသြးဖိအား

ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္းမွာ ေသြးဖိအားျမင့္တက္တာက ေၾကာက္စရာေကာင္း ပါတယ္။ အစိမ္းေရာင္ပန္းသီးမွာ ဗီတာမင္ C ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ေသြးဖိ အားျမင့္တက္တာကို ကာကြယ္ေပးၿပီး ဆီးခ်ိဳေရာဂါမျဖစ္ေအာင္ တားဆီး ေပးပါ တယ္။

Related image

အစိမ္းေရာင္ပန္းသီးမွာ ဗီတာမင္ C ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ေသြးဖိအားျမင့္ တက္တာကို ကာကြယ္ေပးၿပီး ဆီးခ်ိဳေရာဂါမျဖစ္ေအာင္ တားဆီးေပးပါတယ္

အသားအေရ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အသားအေရနဲ႔ ပတ္သက္တဲ့ ျပႆနာေတြၾကံဳရပါတယ္။ အစိမ္းေရာင္ပန္းသီးမွာဆိုရင္ ဗီတာမင္ A,B,C တို႔ပါဝင္တာေၾကာင့္ အသားအေရ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

အသည္း

အစိမ္းေရာင္ပန္းသီးဟာဆိုရင္ အသည္းနဲ႔ ပတ္သက္တဲ့ ျပႆနာေတြ မျဖစ္ ေအာင္ ကာကြယ္ေပးပါတယ္။ အသည္းက်န္းမာေရးကို အေထာက္အကူျပဳ ပါတယ္။

ဆီးခ်ိဳ

ေသြးတြင္းသၾကားဓါတ္ကို ထိန္းေပးတာေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ဆီးခ်ိဳျဖစ္တာကို ကာကြယ္ေပးပါတယ္။

အာဟာရဓါတ္မ်ား

အစိမ္းေရာင္ပန္းသီးမွာ ဗီတာမင္ A,C,B6၊ ကယ္ဆီယမ္၊ သံဓါတ္၊ မဂၢနီဆီယမ္နဲ႔ ပိုတတ္ဆီယမ္တုိ႔ ပါဝင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စားေပးသင့္တဲ့ အသီးအႏွံတစ္မ်ိဳးပါ။

နာက်င္တဲ့ေဝဒနာ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ခႏၶာကိုယ္နာက်င္တဲ့ ေဝဒနာကို ခံစားရပါတယ္။ ကိုယ္ဝန္ တျဖည္းျဖည္းႀကီးလာတာနဲ႔အမွ် ခႏၶာကိုယ္မွာ ေသြးဖိအားေတြက်လာပါတယ္။ အစိမ္းေရာင္ပန္းသီးဟာဆိုရင္ ဒီနာက်င္တဲ့ေဝဒနာေတြကို သက္သာေစပါတယ္။

ဗိုက္ဗိုက္ေလးေတြအေနနဲ႔ ပန္းသီးသြားဝယ္တဲ့အခါ အစိမ္းေရာင္ပန္းသီးေလး ေတြကို ေက်ာ္မသြားဖို႔ Kalay ကေန ေျပာျပေပးလိုက္ပါတယ္။

Credit:kalay

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အစိမ်းရောင်ပန်းသီးဟာဆိုရင် အသည်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင်း အသည်းကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ပန်းသီးဝယ်တဲ့အခါ အနီရောင်၊ အနီရောင်အဖျော့နဲ့ အစိမ်းရောင်ဆိုပြီး အရောင် သုံးမျိုးရှိတာကို သတိထားမိမှာပါ။ ဗိုက်ဗိုက်လေးတွေ အများဆုံးဝယ်တဲ့ ပန်းသီး ကတော့ အနီရောင်နဲ့ အနီရောင်အဖျော့တို့ပါပဲ။ အစိမ်းရောင်ပန်းသီးကိုတော့ တခါ တရံမှသာ ဝယ်ကြတာ သတိထားမိပါတယ်။ အစိမ်းရောင်ပန်းသီးကလည်း ဗိုက်ဗိုက်လေးတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

အစိမ်းရောင်ပန်းသီးကလည်း ဗိုက်ဗိုက်လေးတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ် (Photo by momjunction)

အစာခြေစနစ်

ကိုယ်ဝန်ဆောင်ချိန်မှာ အစာခြေစနစ် အားနည်းသွားတတ်ပါတယ်။ အစိမ်းရောင် ပန်းသီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ချောမွေ့စေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

ခံတွင်း

ကိုယ်ဝန်ပထမသုံးလမှာ မေမေလောင်းတို့ အစားစားချင်စိတ်နည်းပါတယ်။ ပန်းသီးအစိမ်းဟာဆိုရင် မေမေလောင်းတို့ရဲ့ စားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။

DNA

အစိမ်းရောင်ပန်းသီးမှာ antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် DNA ပျက်စီး ဆုံးရှုံးတာကို ကာကွယ်ပေးပါတယ်။ ကင်ဆာရောဂါမဖြစ်ပွားအောင်လည်း တား ဆီးပေးပါတယ်။

သွေးဖိအား

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သွေးဖိအားမြင့်တက်တာက ကြောက်စရာကောင်း ပါတယ်။ အစိမ်းရောင်ပန်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိ အားမြင့်တက်တာကို ကာကွယ်ပေးပြီး ဆီးချိုရောဂါမဖြစ်အောင် တားဆီး ပေးပါ တယ်။

Related image

အစိမ်းရောင်ပန်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားမြင့် တက်တာကို ကာကွယ်ပေးပြီး ဆီးချိုရောဂါမဖြစ်အောင် တားဆီးပေးပါတယ်

အသားအရေ

ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကြုံရပါတယ်။ အစိမ်းရောင်ပန်းသီးမှာဆိုရင် ဗီတာမင် A,B,C တို့ပါဝင်တာကြောင့် အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အသည်း

အစိမ်းရောင်ပန်းသီးဟာဆိုရင် အသည်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။ အသည်းကျန်းမာရေးကို အထောက်အကူပြု ပါတယ်။

ဆီးချို

သွေးတွင်းသကြားဓါတ်ကို ထိန်းပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆီးချိုဖြစ်တာကို ကာကွယ်ပေးပါတယ်။

အာဟာရဓါတ်များ

အစိမ်းရောင်ပန်းသီးမှာ ဗီတာမင် A,C,B6၊ ကယ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတတ်ဆီယမ်တို့ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အသီးအနှံတစ်မျိုးပါ။

နာကျင်တဲ့ဝေဒနာ

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်နာကျင်တဲ့ ဝေဒနာကို ခံစားရပါတယ်။ ကိုယ်ဝန် တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ သွေးဖိအားတွေကျလာပါတယ်။ အစိမ်းရောင်ပန်းသီးဟာဆိုရင် ဒီနာကျင်တဲ့ဝေဒနာတွေကို သက်သာစေပါတယ်။

ဗိုက်ဗိုက်လေးတွေအနေနဲ့ ပန်းသီးသွားဝယ်တဲ့အခါ အစိမ်းရောင်ပန်းသီးလေး တွေကို ကျော်မသွားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Credit:kalay

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top