iMyanmarHouse.com - Best Property Website for Myanmar
×






Credit:Moekalay
#Unicode Version#


Myanmar Idol season 3 winner ဆုရှင်ဖြိုးမြတ်အောင်ဟာဆိုရင်ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အဆိုတော်တစ်ဦးပါ။ ဖြိုးမြတ်အောင်က ပြိုင်ပွဲပြီးဆုံးပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေတောက်လျှောက်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ သူ့ရိုက်ကူးထားတဲ့ ကြော်ငြာများကလည်း ခုဆိုရင် ပရိသတ်တွေမြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က ဘာသာတရားကိုင်းရှိုင်းသူ ဆိုတာ ပရိသတ်တွေ သိပြီးလောက်ပြီ ထင်ပါတယ်။ ဒီတစ်ခါမှာ မိုမိုလေးပရိသတ်တွေအတွက် ဖြိုးမြတ်အောင်က သူ့ရဲ့ အလှူကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ သူ့ပရိသတ်တွေကို ဖိတ်ကြားလိုက်တဲ့ အကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်က ပြိုင်ပွဲဝင်နေစဉ်တုန်းကလည်း သူ့မှာ ဘုရားထီးတင်ရန်အစီအစဉ်ရှိကြောင်းအမြဲကြားခဲ့ရပါတယ်။လေးစားရလောက်တဲ့ လူငယ်တစ်ဦးရဲ့ ဘာသာတရားကိုင်းရှိုင်းမှုကို တွေ့မြင်ရတာပါ။ သူက ပြိုင်ပွဲပြီးဆုံးချိန်ကတည်းကလည်း အလှူအဒါန်းများစွာကိုလည်း လှူဒါန်းထားသူပါ။ ဒီတစ်ခါမှာတော့ သူအရမ်းလုပ်ချင်ခဲ့တဲ့ ဘုရားထီတော်တင်မယ့် အလှူကြီးကို ပြုလုပ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင် က သူ့ရဲ့ အလှူမင်္ဂလာ ပွဲကြီးကို တစ်နိုင်ငံလုံးရှိ သူ့ရဲ့ ပရိသတ်တွေကို Online ကနေ ဖိတ်ကြားလိုက်တာပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင် က သီရိမင်္ဂလာ ကိုးနဝင်းစေတီတော်မြတ် ထီးတော်အသစ် တင်လှူပွဲ အတွက် သူရဲ့ ပရိသတ်တွေကို online မှ ဖိတ်ကြားလိုက်တဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit:Moekalay
Source;phyo myat aung’s facebook

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top