iMyanmarHouse.com - Best Property Website for Myanmar
×

fdaxj









#Unicode Version# ဖြင့်ဖတ်ပါ ။

မုန်လုံးရေပေါ်လုပ်နည်း မုန့်လုံးရေပေါ်မှာလဲ သူ့လျို့ဝှက်ချက်နဲ့ သူရှိတယ်ရှင့် လုပ်နည်းလေးမသိရင် မှတ်ထားဦးနော်
fdaxj

မုန့်လုံးရေပေါ်မှာလဲ သူ့လျို့ဝှက်ချက်နဲ့ သူရှိတယ်ရှင့် လုပ်နည်းလေးမသိရင် မှတ်ထားဦးနော်

ကောက်ညှင်းမှုန့် ၃ ဆ ဆန်မှုန့် ၁ ဆ (၃း၁) ကို ရေနွေးနွေး ၂ဆ နဲ့ရော (ရေနွေးကို ဖြေးဖြေးချင်းထည့်နော် ပျော့လွန်း မာလွန်းမှာလဲစိုးရသေး မုန့်လုံးရေပေါ်မပြဲဖို့က မုန့်နယ်ရာမှာလဲ ပညာပါတယ် ဆရာ)

မုန့်လုံးလေးတွေ လုံးပြီးပြီဆို ပွက်ပွက်ဆူနေတဲ့အိုးထဲ ထည့်ရတော့မယ်ပေါ့နော်။ အဲ့ မှာစတာ ပွက်ပွက်မဆူခင် ရေနွေးအိုးထဲ ထုံးရေကြည် ၂ ဇွန်းလောက်ထည့်ပေးလိုက်ပါ။ ( ထုံးရေကြည်ထည့်ချင်းအားဖြင့် မုန့်လုံးလေးတွေဟာ ပျော့ပြီးတစ်ခုနဲ့တစ်ခု ကပ်မနေပဲ အရည်တင်းတင်းလေး ဖြစ်သွားတယ်ရှင့်)

အဲ့နောက် ပွက်ပွက်ဆူလာပြီး မုန့်လုံးလေးတွေထည့် နာမည်နဲ့လိုက်အောင် အလုံးလေးတွေ ရေပေါ် ပေါ်လာရင်တော့ ဆည်ယူရတော့မယ်။ အဲ့နေရာမှာလဲ ပညာလေးပါပြန်ရော။

ဆယ်ယူပြီး ပန်းကန်ထဲ မထည့်ခင် အိုးတစ်လုံးထဲ ရေခဲရေထည့် စကာလေးခံပြီး ခုနကဆယ်ထားတဲ့ အလုံးလေးတွေကို ရေခဲရေအိုးထဲ အရင်ထည့်ပေး ပြီးမှ ခံထားတဲ့စကာလေးနဲ့စစ်ပြီး စားမယ့် ပန်းကန်လေးထဲထည့် အုန်းသီးလေးဖြူးပြီး စားလို့ရပြီရှင့်။

ရေခဲရေလေးနဲ့ ခဏပြန်စိမ်ပေးခြင်းဟာ မုန့်လေးလေးတွေကို လုံးဝ မကပ်စေပဲ ထုံးရေကြည်ကြောင့် တင်းတင်းလေးလဲဖြစ် ထန်းညက် အတုံးကြီးကြီးထည့်လဲ အပြင်ပေါက်မထွက်တာကြောင့် အလုံးလေးတွေလဲလှ အရသာလဲ လွှတ်ကောင်းပါနော်။

Credit: Myanmar News Team

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top