iMyanmarHouse.com - Best Property Website for Myanmar
×


’ဗ်စ္ရည္ဆိုင္ ေစာင့္တဲ့ ဘီလူး’’ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္တဲ့ လူမင္း၊ ထြန္းထြန္း တို႔ရဲ႕ ကာ႐ိုက္တာနဲ႔ ပတ္သက္ၿပီး ႀကိဳးႀကိဳးစားစား ေဆာင္႐ြက္ခဲ့ပုံေတြကို ဒါ႐ိုက္တာ ၾသရသက ေျပာျပလာပါတယ္။ အဲဒီေနာက္ ဇာတ္ပို႔ သ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္ကိုလည္း ငါးစိမ္းသည္ ကာ႐ိုက္တာအတြက္ ေက်းဇူးတင္စကားေျပာျပခဲ့ပါတယ္။

ဒါ႐ိုက္တာ ၾသရသက ‘’ဗ်စ္ရည္ဆိုင္ေစာင့္တဲ့ ဘီလူး’’ ႐ုပ္ရွင္ကားႀကီးမွာ ငါးစိမ္းသည္ ကာ႐ိုက္တာကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ ထားတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္ ကိုလည္း ဒါ႐ိုက္တာ ၾသရသက ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

‘’ မမ်ိဳးမ်ိဳးခိုင္ဆိုရင္လည္း တကယ့္ ငါးစိမ္းတန္း အစစ္၊ ေဈးအစစ္ထဲမွာ သြား႐ိုက္ရတာဆိုေတာ့ ငါးညႇီနံ႔ေတြလည္း တစ္ကိုယ္လုံးကို နံေစာ္ေနတာ၊ အဲဒီမွာ သူတို႔ငို နပန္းလုံးခိုင္းရတာ။ ေဈးသည္ေတြရဲ႕ စ႐ိုက္၊ ငါးစိမ္းသည္ေတြရဲ႕ စ႐ိုက္ကို ေဖာ္ျပရတာဆိုေတာ့ ျပန္ၾကည့္တဲ့အခ်ိန္မွာ ေတာ္ေတာ္လည္း စိတ္မေကာင္းဘူး၊ ႐ိုက္ေပးခဲ့ၾကတာကိုလည္း ေက်းဇူးတင္ပါတယ္’’ လို႔ မတ္လ ၂ရက္ေန႔ ညက ဗ်စ္ရည္ဆိုင္ေစာင့္တဲ့ ဘီလူး႐ုပ္ရွင္ကားႀကီး အထူးျပသပြဲမွာ ေျပာျပထားတာပါ။



အဲဒီေနာက္ အကယ္ဒမီ လူမင္းနဲ႔ ထြန္းထြန္း တို႔ရဲ႕ ကာ႐ိုက္တာအေၾကာင္းကို ေျပာျပလာပါတယ္။ ႀကိဳးႀကိဳးစားစား တိုင္တိုင္ပင္ပင္ေဆာင္႐ြ က္ခဲ့တယ္လို႔ မီဒီယာေတြကေနတဆင့္ ေျပာျပထားပါတယ္။

‘’ ကိုလူမင္းဆိုရင္လည္း ‘တာေနာ’ ကာ႐ိုက္တာကို ရဖို႔အတြက္ ကိုလူမင္းနဲ႔လည္း ေသခ်ာေလး ေဆြးေႏြးျဖစ္တယ္။ ဟာသေတာ့ ဟာသ ဒါေပမယ့္ အတည္လုပ္ခ်င္တယ္ေပါ့။ ထြန္းထြန္းဆိုရင္လည္း အရမ္းႀကီး ေျခာက္ေနတာ မဟုတ္ဘူးေပါ့။ ခပ္ႏြဲ႕ႏြဲ႕ျဖစ္ေနတဲ့ ကာ႐ိုက္တာေလးကို ပီျပင္ခ်င္တယ္ဆိုၿပီးေတာ့ အိုဗာအိုက္တင္လည္း မျဖစ္ေအာင္ ေသခ်ာ တိုင္ပင္ခဲ့ၾကပါတယ္’’ လို႔ ဆိုပါတယ္။

ဒီဇာတ္ကားဟာ ညီအစ္ကိုေမာင္ႏွမေတြရဲ႕ အနစ္နာခံတတ္မႈ ေတြကို ျပသထားတာျဖစ္လို႔ ဒရာမာအေၾကာင္းေလးေတြလည္း ပါဝင္တယ္လို႔ ၾသရသက ေျပာပါတယ္။ ဟာသဇာတ္ကား ဆိုေပမယ့္လည္း ပရိသတ္ႀကိဳက္ေအာင္ ႀကိဳးစားထားပါတယ္တဲ့။

‘’ အဓိက ကေတာ့ ေဖ်ာ္ေျဖမႈ၊ ဟာသ အဓိက ပါပဲ။ အဲဒီမွာ အစ္ကိုႀကီးကေနၿပီးေတာ့ ညီေတြအေပၚ အနစ္နာခံတတ္တဲ့ ညီအစ္ကိုေတြရဲ႕ ခ်စ္ျခင္းေမတၱာလည္း ပါ ပါတယ္။ ဟာသအေနနဲ႔ အေျခခံလူတန္းစားေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အရာေလးေတြကို ဟာသအျဖစ္ ပုံေဖာ္ထားတာပါ။ အရမ္းႀကီး ကလိထိုးၿပီးေတာ့ ဟာသလုပ္ထားတာမ်ိဳးေတြေတာ့ မပါ ပါဘူး’’ လို႔ ဆိုပါတယ္။


ဗ်စ္ရည္ဆိုင္ ေစာင့္တဲ့ ဘီလူး ႐ုပ္ရွင္ဇာတ္ကားကို လက္ရွိမွာေတာ့ ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသေနၿပီျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ လူမင္း၊ ထြန္းထြန္း၊ ခင္လႈိင္၊ အိေခ်ာပို၊ နန္းျမတ္ၿဖိဳးသင္း နဲ႔ ေမပန္းခ်ီတို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

’ဗျစ်ရည်ဆိုင် စောင့်တဲ့ ဘီလူး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်တဲ့ လူမင်း၊ ထွန်းထွန်း တို့ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ပုံတွေကို ဒါရိုက်တာ သြရသက ပြောပြလာပါတယ်။ အဲဒီနောက် ဇာတ်ပို့ သရုပ်ဆောင် မျိုးမျိုးခိုင်ကိုလည်း ငါးစိမ်းသည် ကာရိုက်တာအတွက် ကျေးဇူးတင်စကားပြောပြခဲ့ပါတယ်။


ဒါရိုက်တာ သြရသက ‘’ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူး’’ ရုပ်ရှင်ကားကြီးမှာ ငါးစိမ်းသည် ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင် ထားတဲ့ ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင် ကိုလည်း ဒါရိုက်တာ သြရသက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’ မမျိုးမျိုးခိုင်ဆိုရင်လည်း တကယ့် ငါးစိမ်းတန်း အစစ်၊ ဈေးအစစ်ထဲမှာ သွားရိုက်ရတာဆိုတော့ ငါးညှီနံ့တွေလည်း တစ်ကိုယ်လုံးကို နံစော်နေတာ၊ အဲဒီမှာ သူတို့ငို နပန်းလုံးခိုင်းရတာ။ ဈေးသည်တွေရဲ့ စရိုက်၊ ငါးစိမ်းသည်တွေရဲ့ စရိုက်ကို ဖော်ပြရတာဆိုတော့ ပြန်ကြည့်တဲ့အချိန်မှာ တော်တော်လည်း စိတ်မကောင်းဘူး၊ ရိုက်ပေးခဲ့ကြတာကိုလည်း ကျေးဇူးတင်ပါတယ်’’ လို့ မတ်လ ၂ရက်နေ့ ညက ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူးရုပ်ရှင်ကားကြီး အထူးပြသပွဲမှာ ပြောပြထားတာပါ။

အဲဒီနောက် အကယ်ဒမီ လူမင်းနဲ့ ထွန်းထွန်း တို့ရဲ့ ကာရိုက်တာအကြောင်းကို ပြောပြလာပါတယ်။ ကြိုးကြိုးစားစား တိုင်တိုင်ပင်ပင်ဆောင်ရွ က်ခဲ့တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြထားပါတယ်။


‘’ ကိုလူမင်းဆိုရင်လည်း ‘တာနော’ ကာရိုက်တာကို ရဖို့အတွက် ကိုလူမင်းနဲ့လည်း သေချာလေး ဆွေးနွေးဖြစ်တယ်။ ဟာသတော့ ဟာသ ဒါပေမယ့် အတည်လုပ်ချင်တယ်ပေါ့။ ထွန်းထွန်းဆိုရင်လည်း အရမ်းကြီး ခြောက်နေတာ မဟုတ်ဘူးပေါ့။ ခပ်နွဲ့နွဲ့ဖြစ်နေတဲ့ ကာရိုက်တာလေးကို ပီပြင်ချင်တယ်ဆိုပြီးတော့ အိုဗာအိုက်တင်လည်း မဖြစ်အောင် သေချာ တိုင်ပင်ခဲ့ကြပါတယ်’’ လို့ ဆိုပါတယ်။

ဒီဇာတ်ကားဟာ ညီအစ်ကိုမောင်နှမတွေရဲ့ အနစ်နာခံတတ်မှု တွေကို ပြသထားတာဖြစ်လို့ ဒရာမာအကြောင်းလေးတွေလည်း ပါဝင်တယ်လို့ သြရသက ပြောပါတယ်။ ဟာသဇာတ်ကား ဆိုပေမယ့်လည်း ပရိသတ်ကြိုက်အောင် ကြိုးစားထားပါတယ်တဲ့။

‘’ အဓိက ကတော့ ဖျော်ဖြေမှု၊ ဟာသ အဓိက ပါပဲ။ အဲဒီမှာ အစ်ကိုကြီးကနေပြီးတော့ ညီတွေအပေါ် အနစ်နာခံတတ်တဲ့ ညီအစ်ကိုတွေရဲ့ ချစ်ခြင်းမေတ္တာလည်း ပါ ပါတယ်။ ဟာသအနေနဲ့ အခြေခံလူတန်းစားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာလေးတွေကို ဟာသအဖြစ် ပုံဖော်ထားတာပါ။ အရမ်းကြီး ကလိထိုးပြီးတော့ ဟာသလုပ်ထားတာမျိုးတွေတော့ မပါ ပါဘူး’’ လို့ ဆိုပါတယ်။

ဗျစ်ရည်ဆိုင် စောင့်တဲ့ ဘီလူး ရုပ်ရှင်ဇာတ်ကားကို လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ထွန်းထွန်း၊ ခင်လှိုင်၊ အိချောပို၊ နန်းမြတ်ဖြိုးသင်း နဲ့ မေပန်းချီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top