iMyanmarHouse.com - Best Property Website for Myanmar
×


Source – Hpone Thaik
#Unicode Version#
ပရိသတ်ကြီးရေ ၊ လတ်တလောမှာ လှုပ်ခတ်သွားခဲ့တဲ့ ချမ်းချမ်း ရဲ့ အချစ်ရေး ကိစ္စ ဟာ ပရိသတ်တွေကိုယ်တိုင် အံ့သြခဲ့ရသလို ခင်ပွန်းဟောင်းဖြစ်တဲ့ ဘုဏ်းသိုက် အတွက်လည်း ရိုက်ခတ်မှုတွေရှိနေပါတယ်။အချစ်သစ်တွေ့သွားတယ် ဆိုတဲ့ ချမ်းချမ်း အတွက် ပရိသတ်တွေက ဝမ်းသာနေခဲ့ကြသလို တချို့ပရိသတ်တွေကတော့ ခင်ပွန်းဟောင်းဘုဏ်းသိုက်နဲ့ ပဲ ပြန်ပေါင်း ထုတ်စေချင်တာပါ ။ ဘုဏ်းသိုက်တစ်ယောက် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အထင်အမြင်လွဲနေတဲ့ အချက်တစ်ခု ကို မှတ်ချက်ကနေပြန်လည်ဖြေရှင်းလိုက်ပါတယ်။ ပရိသတ်တစ်ယောက်က အိမ်ထောင်ရေးမှာ သစ္စာမရှိရင် အမျိုးသမီးတွေကလက်လွှတ်တတ်တယ် ဆိုတဲ့ မှတ်ချက်ကို ဘုဏ်းသိုက်ကပြန်လည်ဖြေရှင်းခဲ့တာပါ ။
အိမ်ထောင်ရေးကိစ္စ နဲ့ ပတ်သက်ပြီး ထပ်မံဖြေရှင်းလိုက်တဲ့ ဘုဏ်းသိုက်.. 3
ဘုဏ်းသိုက်က “ဘယ်လိုနည်းနဲ့ နားလည် လိုက်တာလဲ ခင်ဗျာ…တစ်ကယ်ချစ်မိရင် အစွမ်းကုန်စိတ်နှစ်ပြီး ချစ်မိ ရင် …….ဆိုတာရယ်ပြီးတော့ ကိုယ့်ကို သစ္စာမရှိဘူးတကယ် ချစ်တာမဟုတ်ဘူး ဆိုတာတွေရယ်….အဲဒီ နှစ်ချက်က အစ်မပြောသလို ၁၀၀ ရာခိုင်နှုန်း အမှန် အမှား အစ်မ သိထားသလို ဆိုရင်တော့ ဘာပြောကောင်းမလဲ…..လက်လွတ် လိုက်ကြတာပေါ့ဗျာ..အစ်မက အတိအကျကြီး သိထားတဲ့ ပုံစံနဲ့မှတ်ချက်ကြီး လာချတာက မှက်ချက်သတ်သတ် မဟုတ်ဘဲ မှတ်တမ်း တစ်ခုလို ဖြစ်နေလို့… ကျွန်တော့် သမီးလေး.ကြီးလာလို့ ပြန်ပြရင်တောင် ကျွန်တော်က ပဲ မချစ်တတ်တဲ့ သစ္စာမရှိတဲ့သူ ဖြစ်နေလို့ လိုလို…သူ့မေမေ ကပဲ ကျွန်တော့်ကို တစ်ဖက်သတ်ကြီး အရမ်းကြီးတွေ စိတ်နှစ်ပြီး ချစ်နေတာ လိုလို…..အချိန်ကာလ က သက်သေပြသွားပါလိမ့်မယ် အစ်မ..ပါးစပ်က ပြောရင် စကားပဲ ဖြစ်ပြီးလက်တွေ့ နေနေတာကသာသမိုင်း ဖြစ်တာပါ။အစ်မ ပြန်အဆင်ပြေစေချင်တဲ့ မိသားစုလေး ကို ပြန်အဆင်ပြေအောင် တစ်ကယ် ကြိုးစားနေရင်းကြားက အသက်ရှူရပ်သွားတဲ့ အဲ့မိသားစုလေးရဲ့ ခေါင်းဆောင်နတာပါ။
အိမ်ထောင်ရေးကိစ္စ နဲ့ ပတ်သက်ပြီး ထပ်မံဖြေရှင်းလိုက်တဲ့ ဘုဏ်းသိုက်.. 4
ပြန်ကြိုးစားနေတယ် ဆိုတဲ့ အသုံးအနှုန်းကလည်း မသိရင် ကိုယ်ကပဲ မှားနေလို့ကြိုးစားနေရသလို သဘော ဖြစ်နေလို့ လက်စနဲ့ပဲ ပြောပါရစေ..အဲ့လိုသဘောမဟုတ်ပါဘူး ခင်ဗျာကြိုးစားနေတယ်ဆိုတာသဘောထားတွေမှားနေ တာတွေကြောင့် လွဲနေတဲ့ လွဲခဲ့တဲ့ စိတ်မအလွဲ…အဖြစိအပျက်အလွဲ တွေ ဖြစ်ခဲ့လို့အဲ့စိတ် အဲ့ သဘောထားတွေ မပြောင်းရင် မဖြစ်ဘူး နော် ဆိုပြီး အရင်က ပြောဖို့မလိုဘူး ထင်လို့မပြောခဲ့တာတွေ ကို အခုပြန်ပြီး နားဝင်အောင် ပြောပြနေတာကို ပြန်ကြိုးစားတယ်လို့ သုံးတာပါ ..ကျနော် ရှင်းပြတာ ရိုင်းသွားရင် ဆောရီးပါ အစ်မ..စိတ်ဆိုးလို့ ပြန်ရှင်းတယ် လို့ ပြောကြမှာစိုးလို့ ကျနော့်မှာလည်း အကြိမ် ၁၀၀ မှာ တစ်ခါ ပြန်ရှင်းပြခဲ ပါတယ်။ မရှင်းပြ ပြန်ရင်လည်း အခု အစ်မ ပြောတဲ့အ တိုင်းပဲ.မှန်လို့ ငြိမ်နေတာမျိုး ဖြစ်ဦးမယ်ဒါကြောင့် နားလည်ပေးပါ အစ်မ” ဆိုပြီး မှတ်ချက်ကနေပြောပြခဲ့ပါတယ်။
ပရိသတ်ကြီးရေ ၊ ဘုဏ်းသိုက် ရဲ့ ဖြေရှင်းချက်အတွက် မှတ်ချက်ကနေပြောပြခဲ့ကြပါဦးနော်။

Credit:Yenanthar Khin Khin Se @ Cele Gabar
Source – Hpone Thaik

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top