iMyanmarHouse.com - Best Property Website for Myanmar
×


သင္ အသက္ တျဖည္းျဖည္းၾကီးလာတာနဲ႔အမွ် အသားအရည္ဟာ ဆယ္ေက်ာ္ သက္အရြယ္ကလုိ မစုိျပည္ေတာ႔ဘဲ ေျခာက္ေသြ႔တာေတြ၊ ၀က္ျခံထြက္တာေတြ ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင္႔မုိ႔လုိ႔ အသက္ ၂၀ေက်ာ္တဲ့အရြယ္မွာ အလွအပကုိ ဘယ္လုိထိန္းသိမ္းမလဲ ဆုိတဲ့အခ်က္ဟာ အေရးၾကီးပါတယ္။

အေရးအၾကီးဆုံးကေတာ႔ ၀က္ျခံကုိ ကာကြယ္ဖုိ႔ပါပဲ။ ဒီအတြက္ အသုံး၀င္မယ္႔ အခ်က္အလက္ေတြကုိ ေဖာ္ျပလိုက္ပါတယ္။

မ်က္ႏွာကုိ သန္႔ရွင္းစြာထားပါ

၀က္ျခံရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ တေန႔ကုိ ၂ၾကိမ္ခန္႔ မ်က္ႏွာသစ္ျပီး မ်က္ႏွာေပၚက အညစ္အေၾကးေတြ၊ ဆဲလ္အေသေတြ၊ အဆီေတြကုိ ဖယ္ရွားဖုိ႔ လုိအပ္ပါတယ္။ သိပ္မပူတဲ့ ေရေႏြးေႏြးနဲ႔ မ်က္ႏွာသစ္ေဆး ခပ္ေပ်ာ႔ေပ်ာ႔ကုိ သုံးပါ။

အာနိသင္ျပင္းတဲ့ ဆပ္ျပာေတြကုိ အသားအရည္ကုိ ပုိျပီး ပ်က္စီးေစပါတယ္။ ေရခ်ဳိးအ၀တ္၊ ေရျမွဳပ္စတာေတြနဲ႔ မ်က္ႏွာကုိ ခပ္ၾကမ္းၾကမ္း ပြတ္တိုက္ျခင္းကေန ေရွာင္ၾကဥ္ပါ။ ေရခ်ဳိးအ၀တ္ကုိလည္း တၾကိမ္သာသုံးပါ။ တေန႔ကုိ ၂ၾကိမ္ထက္ပုိျပီး မ်က္ႏွာသစ္ဖုိ႔ သိပ္မလိုအပ္ပါဘူး။ ေကာင္းက်ဳိးထက္ ဆုိးက်ဳိးက ပုိမ်ားပါတယ္။

အစုိဓာတ္ထိန္းသိမ္းျခင္း

၀က္ျခံေပ်ာက္ေစတဲ့ ပါ၀င္ပစၥည္းမ်ားဟာ အေရျပားကုိ ေျခာက္ေသြ႔ေစတာေၾကာင္႔ အသားေျခာက္ျပီး အေရျပားကြာျခင္းကေန ကာကြယ္ဖုိ႔ အလွဆီကုိသုံးပါ။ Nonco- medogenic လုိ႔ အညႊန္းစာေပၚမွာ ေရးထားတာကုိ ရွာ၀ယ္ပါ။

သူတုိ႔ဟာ ၀က္ျခံ မျဖစ္ေစပါဘူး။ အဆီျပန္တဲ့၊ ေျခာက္ေသြ႔တဲ့၊ ဒါမွမဟုတ္ ၂မ်ဳိးစလုံးအတြက္ အဆင္ေျပတဲ့ အလွဆီ အမ်ဳိးအစားေတြ ရွိပါတယ္။ ေဆးညႊန္းစာမလုိဘဲ မိမိဖာသာ ၀ယ္ယူႏိုင္ေသာ ၀က္ျခံေပ်ာက္ေဆးမ်ား အသုံးျပဳပါ

 ဒီအမ်ဳိးအစားေတြဟာ အညႊန္းစာ မလုိပါဘူး။ ပါ၀င္တဲ့ ပစၥည္းအမ်ားစုဟာ benzoyl peroxide၊ salicylic acid၊ glycolic acid၊ lactic acid စတာေတြျဖစ္ျပီး ဘက္တီး ရီးယားမ်ားကုိ ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ အေရျပားကုိလည္း ေျခာက္ေသြ႔ေစပါတယ္။ သူတုိ႔ဟာ ေျခာက္ေသြ႔ျပီး အေရျပားကြာတာမ်ဳိး ျဖစ္ေစႏိုင္တာမုိ႔ စစခ်င္း နည္းနည္းပဲသုံးပါ။

သင္ဘယ္ေလာက္ သုံးမလဲ၊ ဘယ္ႏွၾကိမ္ သုံးမလဲဆုိတာ ခ်ိန္ညွိႏိုင္ပါတယ္။ တျခားနည္းလမ္း တခုကေတာ႔ ဗီတာမင္ေအပါတဲ့ လိမ္းေဆးမ်ဳိး ျဖစ္ပါတယ္။ သူတုိ႔ဟာ ၀က္ျခံ မေပါက္ေအာင္ ကာကြယ္ေပးပါတယ္။ သင္႔အေရျပားဟာ အထိခိုက္လြယ္ရင္ေတာ႔ ဒီပစၥည္းကုိ သတိထားျပီး သုံးဖုိ႔ လုိအပ္ပါတယ္။



မိတ္ကပ္ကုိ မွ်မွ်တတ သုံးပါ

အားလပ္ခ်ိန္မွာ ေဖာင္ေဒးရွင္းလိမ္းတာ၊ မိတ္ကပ္လိမ္းတာ၊ ျခယ္သတာေတြ ေရွာင္ပါ။ မိတ္ကပ္လိမ္းထားရင္လည္း တေန႔တာကုန္ရင္ ဖ်က္ပစ္ပါ။ ျဖစ္ႏိုင္ရင္ အဆီမပါတဲ့၊ ဓာတ္တုထပ္ေပါင္း ပစၥည္းေတြ မပါတဲ့ အလွကုန္ပစၥည္းေတြ သုံးပါ။

noncomedogenic လုိ႔ အညႊန္းစာမွာပါတဲ့ မိတ္ကပ္ေတြ ေရြးခ်ယ္ပါ။ သူတုိ႔ဟာ ၀က္ျခံမျဖစ္ေစပါဘူး။ အလွကုန္ပစၥည္းမ၀ယ္မီ အညႊန္းစာ ေသခ်ာဖတ္ပါ။

မ်က္ႏွာကုိ လက္နဲ႔ မပြတ္ပါနဲ႔

 မ်က္ႏွာကုိ လက္နဲ႔ထိတာ၊ ေမးေစ႔နဲ႔ ပါးကုိ လက္နဲ႔ေထာက္ထားတာမ်ဳိး ေရွာင္ပါ။ ဒါဟာ အေရျပားေပၚ ဘက္တီးရီးယားေတြ ပ်ံ႔ႏွံ႔ေစျပီး ေရာင္ရမ္းေစတာမ်ဳိး ျဖစ္တတ္ပါတယ္။ ၀က္ျခံကုိ လက္ေခ်ာင္းမ်ားနဲ႔ မညွစ္ပါနဲ႔။ ပုိး၀င္ျပီး အမာရြတ္ ျဖစ္ႏိုင္ပါတယ္။

အေရျပားကုိ ဂရုစိုက္ပါ

ကၽြမ္းက်င္သူအမ်ားစုဟာ ေခ်ာကလက္လုိ အစားအစာတခ်ဳိ႔ဟာ ၀က္ျခံမျဖစ္ေစဘူးလုိ႔ ဆုိၾကပါတယ္။ အဆီမ်ားတဲ့၊ အသင္႔စားႏုိင္ေအာင္ ျပင္ဆင္ထားတဲ့ စားစရာေတြကုိ ေရွာင္ျပိး လတ္ဆတ္တဲ႔ အသီးအႏွံေတြ စားပါ။ ၀က္ျခံျဖစ္ေစတဲ့ သၾကားဓာတ္မ်ားတဲ့ ႏုိ႔ထြက္ပစၥည္းနဲ႔ စားစရာေတြကုိ ေရွာင္ၾကဥ္ပါ။

ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့အထိ သင္႔မ်က္ႏွာ အသားအရည္ စုိျပည္လွပေအာင္ ၀က္ျခံကုိ ကုသရုံသာမက မ်က္ႏွာအေရျပားကုိလည္း ဂရုစိုက္ထိန္းသိမ္းပါ။

Credit:hellosayarwon

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သင် အသက် တဖြည်းဖြည်းကြီးလာတာနဲ့အမျှ အသားအရည်ဟာ ဆယ်ကျော် သက်အရွယ်ကလို မစိုပြည်တော့ဘဲ ခြောက်သွေ့တာတွေ၊ ဝက်ခြံထွက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ အသက် ၂၀ကျော်တဲ့အရွယ်မှာ အလှအပကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်။

အရေးအကြီးဆုံးကတော့ ဝက်ခြံကို ကာကွယ်ဖို့ပါပဲ။ ဒီအတွက် အသုံးဝင်မယ့် အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

မျက်နှာကို သန့်ရှင်းစွာထားပါ

ဝက်ခြံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တနေ့ကို ၂ကြိမ်ခန့် မျက်နှာသစ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေ၊ ဆဲလ်အသေတွေ၊ အဆီတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ သိပ်မပူတဲ့ ရေနွေးနွေးနဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့ကို သုံးပါ။

အာနိသင်ပြင်းတဲ့ ဆပ်ပြာတွေကို အသားအရည်ကို ပိုပြီး ပျက်စီးစေပါတယ်။ ရေချိုးအဝတ်၊ ရေမြှုပ်စတာတွေနဲ့ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ခြင်းကနေ ရှောင်ကြဉ်ပါ။ ရေချိုးအဝတ်ကိုလည်း တကြိမ်သာသုံးပါ။ တနေ့ကို ၂ကြိမ်ထက်ပိုပြီး မျက်နှာသစ်ဖို့ သိပ်မလိုအပ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။

အစိုဓာတ်ထိန်းသိမ်းခြင်း

ဝက်ခြံပျောက်စေတဲ့ ပါဝင်ပစ္စည်းများဟာ အရေပြားကို ခြောက်သွေ့စေတာကြောင့် အသားခြောက်ပြီး အရေပြားကွာခြင်းကနေ ကာကွယ်ဖို့ အလှဆီကိုသုံးပါ။ Nonco- medogenic လို့ အညွှန်းစာပေါ်မှာ ရေးထားတာကို ရှာဝယ်ပါ။

သူတို့ဟာ ဝက်ခြံ မဖြစ်စေပါဘူး။ အဆီပြန်တဲ့၊ ခြောက်သွေ့တဲ့၊ ဒါမှမဟုတ် ၂မျိုးစလုံးအတွက် အဆင်ပြေတဲ့ အလှဆီ အမျိုးအစားတွေ ရှိပါတယ်။ ဆေးညွှန်းစာမလိုဘဲ မိမိဖာသာ ဝယ်ယူနိုင်သော ဝက်ခြံပျောက်ဆေးများ အသုံးပြုပါ

 ဒီအမျိုးအစားတွေဟာ အညွှန်းစာ မလိုပါဘူး။ ပါဝင်တဲ့ ပစ္စည်းအများစုဟာ benzoyl peroxide၊ salicylic acid၊ glycolic acid၊ lactic acid စတာတွေဖြစ်ပြီး ဘက်တီး ရီးယားများကို ထိန်းချုပ်နိုင်တဲ့အပြင် အရေပြားကိုလည်း ခြောက်သွေ့စေပါတယ်။ သူတို့ဟာ ခြောက်သွေ့ပြီး အရေပြားကွာတာမျိုး ဖြစ်စေနိုင်တာမို့ စစချင်း နည်းနည်းပဲသုံးပါ။

သင်ဘယ်လောက် သုံးမလဲ၊ ဘယ်နှကြိမ် သုံးမလဲဆိုတာ ချိန်ညှိနိုင်ပါတယ်။ တခြားနည်းလမ်း တခုကတော့ ဗီတာမင်အေပါတဲ့ လိမ်းဆေးမျိုး ဖြစ်ပါတယ်။ သူတို့ဟာ ဝက်ခြံ မပေါက်အောင် ကာကွယ်ပေးပါတယ်။ သင့်အရေပြားဟာ အထိခိုက်လွယ်ရင်တော့ ဒီပစ္စည်းကို သတိထားပြီး သုံးဖို့ လိုအပ်ပါတယ်။

မိတ်ကပ်ကို မျှမျှတတ သုံးပါ

အားလပ်ချိန်မှာ ဖောင်ဒေးရှင်းလိမ်းတာ၊ မိတ်ကပ်လိမ်းတာ၊ ခြယ်သတာတွေ ရှောင်ပါ။ မိတ်ကပ်လိမ်းထားရင်လည်း တနေ့တာကုန်ရင် ဖျက်ပစ်ပါ။ ဖြစ်နိုင်ရင် အဆီမပါတဲ့၊ ဓာတ်တုထပ်ပေါင်း ပစ္စည်းတွေ မပါတဲ့ အလှကုန်ပစ္စည်းတွေ သုံးပါ။

noncomedogenic လို့ အညွှန်းစာမှာပါတဲ့ မိတ်ကပ်တွေ ရွေးချယ်ပါ။ သူတို့ဟာ ဝက်ခြံမဖြစ်စေပါဘူး။ အလှကုန်ပစ္စည်းမဝယ်မီ အညွှန်းစာ သေချာဖတ်ပါ။

မျက်နှာကို လက်နဲ့ မပွတ်ပါနဲ့

 မျက်နှာကို လက်နဲ့ထိတာ၊ မေးစေ့နဲ့ ပါးကို လက်နဲ့ထောက်ထားတာမျိုး ရှောင်ပါ။ ဒါဟာ အရေပြားပေါ် ဘက်တီးရီးယားတွေ ပျံ့နှံ့စေပြီး ရောင်ရမ်းစေတာမျိုး ဖြစ်တတ်ပါတယ်။ ဝက်ခြံကို လက်ချောင်းများနဲ့ မညှစ်ပါနဲ့။ ပိုးဝင်ပြီး အမာရွတ် ဖြစ်နိုင်ပါတယ်။

အရေပြားကို ဂရုစိုက်ပါ

ကျွမ်းကျင်သူအများစုဟာ ချောကလက်လို အစားအစာတချို့ဟာ ဝက်ခြံမဖြစ်စေဘူးလို့ ဆိုကြပါတယ်။ အဆီများတဲ့၊ အသင့်စားနိုင်အောင် ပြင်ဆင်ထားတဲ့ စားစရာတွေကို ရှောင်ပြိး လတ်ဆတ်တဲ့ အသီးအနှံတွေ စားပါ။ ဝက်ခြံဖြစ်စေတဲ့ သကြားဓာတ်များတဲ့ နို့ထွက်ပစ္စည်းနဲ့ စားစရာတွေကို ရှောင်ကြဉ်ပါ။

နှစ်ပေါင်းများစွာ ကြာတဲ့အထိ သင့်မျက်နှာ အသားအရည် စိုပြည်လှပအောင် ဝက်ခြံကို ကုသရုံသာမက မျက်နှာအရေပြားကိုလည်း ဂရုစိုက်ထိန်းသိမ်းပါ။

Credit:hellosayarwon

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top