iMyanmarHouse.com - Best Property Website for Myanmar
×

ဝမ္းဗိုက္ပိုင္းနာျခင္းက စိတ္မသက္သာမႈကို ျဖစ္ေစျပီး သက္သာေအာင္လုပ္ဖို႕ မလြယ္ကူတဲ့ အေျခအေနတစ္ခုလဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ က်န္းမာေရးတတ္ကၽြမ္းသူမ်ားအရအစာအိမ္ေအာင့္ျခင္းရဲ႕ အဓိကအေျကာင္းအရင္းက အူလမ္းေျကာင္းမွာျဖစ္ပြားတဲ့ဂက္စ္ေျကာင့္ျဖစ္ပါတယ္။ ဒီလိုျဖစ္လာရင္ေတာ့ အိမ္တြင္းနည္းမ်ားကို အသံုးျပဳျခင္းအားျဖင့္ ကုသလို႔ရပါတယ္။ အစာအိမ္ေအာင့္ျခင္းကို သက္သာေစႏိုင္တဲ့လြယ္ကူတဲ့နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

သင့္အစားအစာတြင္ ဆႏြင္းထည့္ခ်က္ပါ

အစာအိမ္ေအာင့္ျခင္းကို ကာကြယ္ဖို႕အတြက္ ဟင္းခ်က္တဲ့အခါ ဆႏြင္းမႈန္႔ထည့္ရပါမယ္။ ဆႏြင္းမႈန္႕ရဲ႕ ပါဝင္ပစၥည္း ကာကူမင္က အစာအိမ္ေအာင့္ျခင္းကို ကုသေပးႏိုင္ပါတယ္။ ဆႏြင္းက ကုသႏိုင္တဲ့အာနိသင္ရွိျပီး ဝမ္းဗိုက္နာျခင္းႏွင့္ ေအာင့္ျခင္းေတြကို ကုသေပးပါတယ္။

ဆားအသံုးျပဳတဲ့ပမာဏကို ေလ်ာ့ခ်ေပးပါ

အစာအိမ္ေအာင့္တာကို ကုသႏိုင္တဲ့ အျခားထိေရာက္တဲ့နည္းလမ္းက ဆားအသံုးျပဳမႈပမာဏကို ေလ်ာ့ခ်ေပးျခင္းျဖစ္ပါတယ္။ ဆိုဒီယမ္က အရည္ေတြကို စြဲျမဲေစႏိုင္တဲ့အတြက္ ဗိုက္ေအာင့္ျခင္းကိုျဖစ္ေစႏိုင္ပါတယ္။ ဟင္းခ်က္တဲ့အခါ ဆားပမာဏကို ေလ်ာ့နည္းျပီး ထည့္ခ်က္ရပါမယ္။

ပိုတတ္စီယံပမာဏတိုးျမွင့္ပါ

ပိုတတ္စီယံကို စားသံုးျခင္းက အစာအိမ္ေအာင့္ျခင္းကို ကုသတဲ့ေနရာမွာ ေကာင္းမြန္တဲ့နည္းလမ္းျဖစ္ပါတယ္။ သင့္ခႏၶာကိုယ္အတြင္းမွာ ဆားဓာတ္မ်ားကို သန္႔စင္ေပးပါတယ္။ ပိုတတ္စီယံျကြယ္ဝစြာပါဝင္တဲ့ ေထာပတ္သီး၊ပဲေတာင့္ရွည္သီး၊ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြကို စားေပးရပါမယ္။

သံပုရာရည္ေသာက္ပါ

မျကာခဏဗိုက္ေအာင့္မယ္ဆိုရင္ သံပုရာသီးတစ္ျခမ္းကို ေရထဲထည့္ေသာက္ေပးပါ။ သံပုရာရည္က သဘာဝအေလ်ာက္ ဆီးရႊင္ေစတဲ့အတြက္ အစာအိမ္ေအာင့္ျခင္းကို ကုသတဲ့ေနရာမွာကူညီေပးပါတယ္။ တခါတရံ ဆိုဒီယမ္ေတာ္ေတာ္မ်ားမ်ားကို စားမိတဲ့အခါ ကၽြႏိုပ္တုိ႕ခႏၶာကိုယ္က ေရမ်ားကို အဆက္မျပတ္ ထိန္းထားရပါတယ္။ သံပုရာရည္ကို ေသာက္ျခင္းအားျဖင့္ သင့္ခႏၶာကိုယ္မွ ေရေတြကို ဖယ္ထုတ္လိုက္ျပီး အစာအိမ္ေအာင့္ျခင္းကို သက္သာသြားေစပါတယ္။

ပူစီနံေရေႏြးျကမ္း

ပူစီနံေရေႏြးျကမ္းက အစာအိမ္ေအာင့္ျခင္းကိုကုသလို႔ရတဲ့ နည္းလမ္းအျဖစ္မွတ္ယူလို႔ရပါတယ္။ ဒီေဆးဘက္ဝင္ေရေႏြးျကမ္းက အစာေျကလြယ္ေစတဲ့အာနိသင္ပါဝင္တဲ့အတြက္ ဗိုက္ေအာင့္ျခင္းကို သက္သာသြားေစႏိုင္ပါတယ္။ အစာအိမ္ႏွင့္ဆိုင္တဲ့ ျပႆနာေတြကို ကုသတဲ့ေနရာမွာ အစြမ္းသတၱိရွိပါတယ္။

Credit: mingalarbarmorning

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဝမ်းဗိုက်ပိုင်းနာခြင်းက စိတ်မသက်သာမှုကို ဖြစ်စေပြီး သက်သာအောင်လုပ်ဖို့ မလွယ်ကူတဲ့ အခြေအနေတစ်ခုလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျန်းမာရေးတတ်ကျွမ်းသူများအရအစာအိမ်အောင့်ခြင်းရဲ့ အဓိကအကြောင်းအရင်းက အူလမ်းကြောင်းမှာဖြစ်ပွားတဲ့ဂက်စ်ကြောင့်ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ အိမ်တွင်းနည်းများကို အသုံးပြုခြင်းအားဖြင့် ကုသလို့ရပါတယ်။ အစာအိမ်အောင့်ခြင်းကို သက်သာစေနိုင်တဲ့လွယ်ကူတဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

သင့်အစားအစာတွင် ဆနွင်းထည့်ချက်ပါ

အစာအိမ်အောင့်ခြင်းကို ကာကွယ်ဖို့အတွက် ဟင်းချက်တဲ့အခါ ဆနွင်းမှုန့်ထည့်ရပါမယ်။ ဆနွင်းမှုန့်ရဲ့ ပါဝင်ပစ္စည်း ကာကူမင်က အစာအိမ်အောင့်ခြင်းကို ကုသပေးနိုင်ပါတယ်။ ဆနွင်းက ကုသနိုင်တဲ့အာနိသင်ရှိပြီး ဝမ်းဗိုက်နာခြင်းနှင့် အောင့်ခြင်းတွေကို ကုသပေးပါတယ်။

ဆားအသုံးပြုတဲ့ပမာဏကို လျော့ချပေးပါ

အစာအိမ်အောင့်တာကို ကုသနိုင်တဲ့ အခြားထိရောက်တဲ့နည်းလမ်းက ဆားအသုံးပြုမှုပမာဏကို လျော့ချပေးခြင်းဖြစ်ပါတယ်။ ဆိုဒီယမ်က အရည်တွေကို စွဲမြဲစေနိုင်တဲ့အတွက် ဗိုက်အောင့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ဆားပမာဏကို လျော့နည်းပြီး ထည့်ချက်ရပါမယ်။

ပိုတတ်စီယံပမာဏတိုးမြှင့်ပါ

ပိုတတ်စီယံကို စားသုံးခြင်းက အစာအိမ်အောင့်ခြင်းကို ကုသတဲ့နေရာမှာ ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်အတွင်းမှာ ဆားဓာတ်များကို သန့်စင်ပေးပါတယ်။ ပိုတတ်စီယံကြွယ်ဝစွာပါဝင်တဲ့ ထောပတ်သီး၊ပဲတောင့်ရှည်သီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားပေးရပါမယ်။

သံပုရာရည်သောက်ပါ

မကြာခဏဗိုက်အောင့်မယ်ဆိုရင် သံပုရာသီးတစ်ခြမ်းကို ရေထဲထည့်သောက်ပေးပါ။ သံပုရာရည်က သဘာဝအလျောက် ဆီးရွှင်စေတဲ့အတွက် အစာအိမ်အောင့်ခြင်းကို ကုသတဲ့နေရာမှာကူညီပေးပါတယ်။ တခါတရံ ဆိုဒီယမ်တော်တော်များများကို စားမိတဲ့အခါ ကျွနိုပ်တို့ခန္ဓာကိုယ်က ရေများကို အဆက်မပြတ် ထိန်းထားရပါတယ်။ သံပုရာရည်ကို သောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှ ရေတွေကို ဖယ်ထုတ်လိုက်ပြီး အစာအိမ်အောင့်ခြင်းကို သက်သာသွားစေပါတယ်။

ပူစီနံရေနွေးကြမ်း

ပူစီနံရေနွေးကြမ်းက အစာအိမ်အောင့်ခြင်းကိုကုသလို့ရတဲ့ နည်းလမ်းအဖြစ်မှတ်ယူလို့ရပါတယ်။ ဒီဆေးဘက်ဝင်ရေနွေးကြမ်းက အစာကြေလွယ်စေတဲ့အာနိသင်ပါဝင်တဲ့အတွက် ဗိုက်အောင့်ခြင်းကို သက်သာသွားစေနိုင်ပါတယ်။ အစာအိမ်နှင့်ဆိုင်တဲ့ ပြဿနာတွေကို ကုသတဲ့နေရာမှာ အစွမ်းသတ္တိရှိပါတယ်။

Credit: mingalarbarmorning

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top