iMyanmarHouse.com - Best Property Website for Myanmar
×










Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

Relationship တစ်ခုရှည်ကြာလာတဲ့အခါ ဒါမှမဟုတ် သဘောထားချင်း မတိုက်ဆိုင်တာတွေ များလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်ဖြစ်ကြပြီး ချစ်သူအပေါ်စိတ်ဝင် စားမူတွေနည်းလာတတ်ပါတယ်…။

အဲ့လိုအခြေအနေမျိုး ဖြစ်လာတဲ့အခါကိုယ့်အပေါ်စိတ်ဝင်စားမူမရှိတော့တဲ့ ချစ်သူကို အ ရင်လေ့လာပါ…။သူကိုယ့်ကို စိတ်ဝင်စားမူမရှိတော့တာ ဘာကြောင့်လဲ ကိုယ့်ကြောင့်လား ဒါမှမဟုတ် သူကိုယ်တိုင်ကိုကကိုယ့်ကို စိတ်ကုန်သွားတာလားဆိုတာကိုဆန်းစစ်ပါ…။

ကိုယ့်ဘက်က သူ့ကိုသဝန်တိုလွန်းမှုတွေ အရစ်လွန်မှုတွေများလို့ သူစိတ်ကုန်တယ်ဆို ရင်တော့ သူ့ကိုစိတ်ပြန်လည်အောင်လုပ်ဖို့ကလွယ်ပါတယ်…။ဒါပေမဲ့ သူကိုယ်တိုင်ကိုက ကိုယ့်ကိုငြီးငွေ့နေပြီး အားနာလို့ဆက်တွဲနေရတဲ့ အခြေအနေဆိုရင်တော့ သူ့ကို ဘယ်လောက်ပဲ ချစ်ချစ်လက်လွှတ်လိုက်ပါတော့… ။

သူကိုယ်တိုင်ကိုကလမ်းခွဲစကားကိုမျှော်လင့်နေတာမို့လို့ပဲလေ…။အချစ်ဆိုတာအတင်းဖမ်း ဆုပ်ထားလို့ရတဲ့ အရာမျိုးမဟုတ်တဲ့ အတွက် လက်လွှတ်ပေးလိုက်တာ နှစ်ဦးနှစ်ဖက်စလုံး အတွက်အကောင်းဆုံးပဲ ဖြစ်မှာပါ…။လောကကြီးကအကျယ်ကြီးပါ…။

ကိုယ့်အတွက် သင့်လျော်လုံခြုံတဲ့ရင်ခွင် တစ်စုံကရှိဦးမှာမို့လို့ လွတ်လပ်ပေါ့ပါးစွာပဲ ကိုယ့်ကိုစိတ်ဝင်စားမှုမရှိတော့တဲချစ်သူကို စွန့်ပစ်လိုက်ပါတော့….။

Credit:marry


ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top