iMyanmarHouse.com - Best Property Website for Myanmar
×


လူတိုင္းမွာ သူတို႔အတြက္အရာရာပါဆိုတဲ့ ခ်စ္ရတဲ့သူတစ္ဦးရွိၾကမွာပါ။ ဒီလိုပဲ ကြ်န္မမွာလဲရွိတယ္ ခ်စ္ရတဲ့သူဆိုေတာ့ ခ်စ္သူလို႔ ယူဆတာထက္ Crush ဒါမွမဟုတ္ ေမွ်ာ္လင့္ျခင္းေတြ မပါတဲ့ခ်စ္ျခင္းနဲ႕ ခ်စ္မိခဲ့သူလို႔ တင္စားရင္ ပိုၿပီးမွန္တာေပါ့။

မိန္းကေလးတိုင္း Crush ေပၚထားတဲ့စိတ္ေတြ တူညီၾကမယ္ထင္ပါတယ္။ ကြ်န္မဆိုေလ သူေဆးလိပ္ေသာက္မယ္ဆိုရင္ သူေသာက္တဲ့ ေဆးလိပ္ကိုမီးၫွိေပးခ်င္တယ္၊ သူႀကိဳက္တတ္တဲ့ သူစားမယ့္ အစားအေသာက္ေတြကို ခ်က္ျပဳတ္ေပးခ်င္တယ္၊

သူ႔ဆံပင္ေတြကို တျခားသူကို္ုင္မွာ မလိုလားဘူး ဒါေၾကာင့္ဆံပင္ဆိုရင္ေတာင္ ကြ်န္မကိုယ္တိုင္ပဲ ၫွပ္ေပးခ်င္မိတယ္၊ ကြ်န္မက လူဆိုးမေလးတစ္ေယာက္ပါ ဒါမဲ့ သူ႔ေျပာစကားက် အလိုလိုကို နားေထာင္ခ်င္မိတာ၊ ကြ်န္မ ေကာ္ဖီမႀကိဳက္ဘူး ဒါမယ့္ သူေကာ္ဖီသိပ္ႀကိဳက္တယ္လို႔ၾကားေတာ့ ကြ်န္မေကာ္ဖီထုတ္ေလးေတြကို စုထားမိတယ္။

ၿပီးေတာ့ေလ သူနဲ႕ရံုးတူတဲ့ ကြ်န္မအေနနဲ႕ ရံုးတက္အမွန္ဆံုးဆုကို ကြ်န္မပဲယူ ထားတာေပါ။၊ ပိတ္ရက္ေတြ ေသာၾကာေန႔ေတြကိုဆိုရင္လဲ ကြ်န္မသိပ္မုန္းတာ သူ႕မ်က္ႏွာကို နာရီေပါင္းစြာျမင္ေတြ႕ခြင့္မရိွေတာ့ဘူးေလ။ အေပ်ာ္ဆံုးကေတာ့ တနလၤာေန႔ေပါ့ သူနဲ႔ျပန္ေတြ႕ရမယ္ေန႔ေလးေလ …..

ဒီကဗ်ာေလးေတြ႕ေတာ့လည္း ကြ်န္မသိပ္ေပ်ာ္ခဲ့တယ္။ ကြ်န္မအျဖစ္ကိုမ်ားတစ္ေယာက္ေယာက္သိေနၿပီး ေရးေပးထားသလားလို႕ ေအာက္ေမ့မိတယ္ေလ….

“အလွၾကည့္ကဗ်ာ” တဲ့

 မင္း ပံုေလးခိုး save ထားတာသိရင္ စိတ္ဆိုးမွာလား

ဘာဘာညာညာ အေတြးေတြမပါပါဘူး မင္းအျပံဳးေလး ျမင္ခ်င္ရံုသက္သက္ပါ။

 မီးစိမ္းစိမ္းေလးျမင္ေတာ့ ရင္ဝယ္ ဆႏၵတစ္စံုကို လက္ကေလးနဲ႕

ထိန္းခ်ဳပ္ရင္း စာမပို႔မိေအာင္ ၾကိဳးစားေပမယ့္ active nowဆိုတဲ႕ေနရာေလးေတာ့ ကိုယ္ေရာက္ျဖစ္ခဲ႕တယ္။

ဘာမွ မပို႕ပဲ ဒီတိုင္းေလးထိုင္ၾကည့္ရတာကိုက feel ေလးတစ္မ်ိဳးပဲေလ

ဘာတစ္ခုမွ မသိရေပမယ့္ ထင္ေယာင္ထင္မွား အေတြးတစ္ခ်ိဳ႕နဲ႕

ၾကည္ႏူးရင္း ေၾကြကြဲရင္းအလုပ္ရႈပ္ေနတတ္ျပန္တယ္။

သိျခင္း မသိျခင္းေတြ ကိုယ္နဲ႕မဆိုင္ပါဘူး ပိုင္ဆိုင္ဖို႕ မရည္ရြယ္ပဲ

အလွၾကည့္ေနရျခင္းကိုက ကိုယ့္အတြက္ရသေျမာက္ခဲ႕တာကိုး။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လူတိုင်းမှာ သူတို့အတွက်အရာရာပါဆိုတဲ့ ချစ်ရတဲ့သူတစ်ဦးရှိကြမှာပါ။ ဒီလိုပဲ ကျွန်မမှာလဲရှိတယ် ချစ်ရတဲ့သူဆိုတော့ ချစ်သူလို့ ယူဆတာထက် Crush ဒါမှမဟုတ် မျှော်လင့်ခြင်းတွေ မပါတဲ့ချစ်ခြင်းနဲ့ ချစ်မိခဲ့သူလို့ တင်စားရင် ပိုပြီးမှန်တာပေါ့။

မိန်းကလေးတိုင်း Crush ပေါ်ထားတဲ့စိတ်တွေ တူညီကြမယ်ထင်ပါတယ်။ ကျွန်မဆိုလေ သူဆေးလိပ်သောက်မယ်ဆိုရင် သူသောက်တဲ့ ဆေးလိပ်ကိုမီးညှိပေးချင်တယ်၊ သူကြိုက်တတ်တဲ့ သူစားမယ့် အစားအသောက်တွေကို ချက်ပြုတ်ပေးချင်တယ်၊

သူ့ဆံပင်တွေကို တခြားသူကိုုင်မှာ မလိုလားဘူး ဒါကြောင့်ဆံပင်ဆိုရင်တောင် ကျွန်မကိုယ်တိုင်ပဲ ညှပ်ပေးချင်မိတယ်၊ ကျွန်မက လူဆိုးမလေးတစ်ယောက်ပါ ဒါမဲ့ သူ့ပြောစကားကျ အလိုလိုကို နားထောင်ချင်မိတာ၊ ကျွန်မ ကော်ဖီမကြိုက်ဘူး ဒါမယ့် သူကော်ဖီသိပ်ကြိုက်တယ်လို့ကြားတော့ ကျွန်မကော်ဖီထုတ်လေးတွေကို စုထားမိတယ်။

ပြီးတော့လေ သူနဲ့ရုံးတူတဲ့ ကျွန်မအနေနဲ့ ရုံးတက်အမှန်ဆုံးဆုကို ကျွန်မပဲယူ ထားတာပေါ။၊ ပိတ်ရက်တွေ သောကြာနေ့တွေကိုဆိုရင်လဲ ကျွန်မသိပ်မုန်းတာ သူ့မျက်နှာကို နာရီပေါင်းစွာမြင်တွေ့ခွင့်မရှိတော့ဘူးလေ။ အပျော်ဆုံးကတော့ တနင်္လာနေ့ပေါ့ သူနဲ့ပြန်တွေ့ရမယ်နေ့လေးလေ …..

ဒီကဗျာလေးတွေ့တော့လည်း ကျွန်မသိပ်ပျော်ခဲ့တယ်။ ကျွန်မအဖြစ်ကိုများတစ်ယောက်ယောက်သိနေပြီး ရေးပေးထားသလားလို့ အောက်မေ့မိတယ်လေ….

“အလှကြည့်ကဗျာ” တဲ့

 မင်း ပုံလေးခိုး save ထားတာသိရင် စိတ်ဆိုးမှာလား

ဘာဘာညာညာ အတွေးတွေမပါပါဘူး မင်းအပြုံးလေး မြင်ချင်ရုံသက်သက်ပါ။

 မီးစိမ်းစိမ်းလေးမြင်တော့ ရင်ဝယ် ဆန္ဒတစ်စုံကို လက်ကလေးနဲ့

ထိန်းချုပ်ရင်း စာမပို့မိအောင် ကြိုးစားပေမယ့် active nowဆိုတဲ့နေရာလေးတော့ ကိုယ်ရောက်ဖြစ်ခဲ့တယ်။

ဘာမှ မပို့ပဲ ဒီတိုင်းလေးထိုင်ကြည့်ရတာကိုက feel လေးတစ်မျိုးပဲလေ

ဘာတစ်ခုမှ မသိရပေမယ့် ထင်ယောင်ထင်မှား အတွေးတစ်ချို့နဲ့

ကြည်နူးရင်း ကြွေကွဲရင်းအလုပ်ရှုပ်နေတတ်ပြန်တယ်။

သိခြင်း မသိခြင်းတွေ ကိုယ်နဲ့မဆိုင်ပါဘူး ပိုင်ဆိုင်ဖို့ မရည်ရွယ်ပဲ

အလှကြည့်နေရခြင်းကိုက ကိုယ့်အတွက်ရသမြောက်ခဲ့တာကိုး။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top