iMyanmarHouse.com - Best Property Website for Myanmar
×


 ကိုယ္ေတြ ငယ္ငယ္တုန္းက အျပစ္တစ္ခုခုလုပ္မိလို႔ မိဘေတြက အမ်ိဳးမ်ိဳးဆံုးမပဲ့ျပင္ၾကတာကို မွတ္မိမွာပါ။ ညင္ညင္သာသာနဲ႔ နား၀င္ေအာင္ေျပာၿပီး ဆံုးမတာမ်ိဳး ရွိသလို ဆဲဆိုဆူေအာင့္ၿပီး ရိုက္ႏွက္ဆံုးမတာေတြလည္း ရွိပါတယ္။ ဒါေပမယ့္ စိတ္၀င္စားစရာ ေကာင္းတာတစ္ခုက ကေလးေတြကို ရိုက္ႏွက္လို႔ သူတို႔ရဲ႕ အျပဳအမူဟာ ထူးထူးျခားျခား ေကာင္းမြန္လာတာမ်ိဳး မရွိတာကိုပါ။ သိပၸံပညာရွင္ေတြဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက ဒီအခ်က္နဲ႔ ပတ္သက္လို႔ သိပၸံနည္းက် ေလ့လာမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
dsayfgd 2

Father disciplining toddler
ေတြ႔ရွိလာရတာက ရိုက္ႏွက္ဆံုးမျခင္းဟာ ကေလးတစ္ေယာက္ရဲ႕ အျပဳအမူကို ပိုၿပီး ဆိုး၀ါးေစတယ္ဆိုတာကိုပါ။ ဒီေလ့လာေတြ႔ရွိခ်က္ကို တကၠဆက္ျပည္နယ္တကၠသိုလ္နဲ႔ ဗာဂ်ီးနီးယားတကၠသိုလ္က စိတ္ပညာသုေတသနအဖြဲ႔က ထုတ္ေဖာ္ေျပာခဲ့တာ ျဖစ္ပါတယ္။ သူတို႔က မိဘေတြဆီက မၾကာခဏ အရိုက္ခံရတဲ့ ကေလးေတြမွာ အျပဳအမူပိုင္းဆိုင္ရာ ျပႆနာေတြ ပိုၿပီးျဖစ္ႏိုင္ေၾကာင္း ေျပာျပခဲ့ပါတယ္။ အထူးသျဖင့္ လူေၾကာက္လာၿပီး ေပါင္းသင္းဆက္ဆံေရးမွာ အခက္အခဲေတြ ျဖစ္လာႏိုင္တယ္ဆိုတာ ေတြ႔ရွိခဲ့ပါတယ္။
dsayfgd 3

သုေတသနအဖြဲ႔ဟာ ကေလးေပါင္း (၁၂,၀၀၀) ေက်ာ္ကို စမ္းသပ္စစ္ေဆးခဲ့ပါတယ္။ အရိုက္ခံရတဲ့ ကေလးနဲ႔ အရိုက္မခံရတဲ့ ကေလးေတြကို ႏိႈင္းယွဥ္ခဲ့ပါတယ္။ ရိုက္ႏွက္ဆံုးမျခင္းနဲ႔ ကေလးအျပဳအမူ ဆိုး၀ါးျခင္းၾကားက ဆက္စပ္ေနတဲ့ အေျဖကို ေလ့လာၾကည့္ၾကပါတယ္။ ဒီအခါ ကေလးကို ရိုက္လိုက္လို႔ ကေလးဟာ လိမၼာယဥ္ေက်းလာမယ္ဆိုတဲ့ အာမခံခ်က္မေပးႏိုင္တာကို သိရွိခဲ့ၾကပါတယ္။
dsayfgd 4

သားသမီးကို ကိုယ္ထိလက္ေရာက္ဆံုးမတာကို တားျမစ္ထားတဲ့ ႏိုင္ငံေတြဟာ ယေန႔ေခတ္မွာေတာ့ တျဖည္းျဖည္းနဲ႔ မ်ားလာေနပါၿပီ။ ဒါေပမယ့္ အေမရိကန္မွာေတာ့ ကေလးေတြကို မရိုက္ရဘူးဆိုတဲ့ ဥပေဒကို မျပဌာန္းေသးပါဘူး။ အေမရိကန္လူမ်ိဳး (၇၀) ရာခိုင္ႏႈန္းကလည္း ကေလးေတြကို လူေတာ္လူေကာင္းေတြျဖစ္ဖို႔ ရိုက္ႏွက္ဆံုးမသင့္တယ္ဆိုတဲ့ အယူအဆကို လက္ခံထားဆဲ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

ကေလးေတြကို လိမၼာယဥ္ေက်းေစဖို႔ ရိုက္ႏွက္ဆံုးမရမယ္ဆိုတဲ့ အယူအဆနဲ႔ ပတ္သက္လို႔ ပညာရွင္ေတြဟာ အရင့္အရင္ေတြတုန္းကလည္း ေလ့လာခဲ့ၾကပါတယ္။ သူတို႔သုေတသနလုပ္လို႔ ေတြ႔ရွိလာတဲ့ အခ်က္က အေပၚက စမ္းသပ္ခ်က္နဲ႔ ထပ္တူပါ။ ရိုက္ႏွက္ျခင္းဟာ အနာဂတ္မွာ ကေလးေတြကို လူေတာမတိုးတဲ့သူေတြ ျဖစ္လာေစပါတယ္။ လူမႈဆက္ဆံေရးမွာလည္း အေႏွာင့္အယွက္ျဖစ္ေစၿပီး စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြလည္း ျဖစ္လာႏိုင္ေၾကာင္း ေတြ႔ရွိခဲ့ၾကပါတယ္။

Credit:Myanmar News Team

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္..

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်တွေ ငယ်ငယ်တုန်းက အပြစ်တစ်ခုခုလုပ်မိလို့ မိဘတွေက အမျိုးမျိုးဆုံးမပဲ့ပြင်ကြတာကို မှတ်မိမှာပါ။ ညင်ညင်သာသာနဲ့ နားဝင်အောင်ပြောပြီး ဆုံးမတာမျိုး ရှိသလို ဆဲဆိုဆူအောင့်ပြီး ရိုက်နှက်ဆုံးမတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက ကလေးတွေကို ရိုက်နှက်လို့ သူတို့ရဲ့ အပြုအမူဟာ ထူးထူးခြားခြား ကောင်းမွန်လာတာမျိုး မရှိတာကိုပါ။ သိပ္ပံပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဒီအချက်နဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
dsayfgd 2

Father disciplining toddler
တွေ့ရှိလာရတာက ရိုက်နှက်ဆုံးမခြင်းဟာ ကလေးတစ်ယောက်ရဲ့ အပြုအမူကို ပိုပြီး ဆိုးဝါးစေတယ်ဆိုတာကိုပါ။ ဒီလေ့လာတွေ့ရှိချက်ကို တက္ကဆက်ပြည်နယ်တက္ကသိုလ်နဲ့ ဗာဂျီးနီးယားတက္ကသိုလ်က စိတ်ပညာသုတေသနအဖွဲ့က ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။ သူတို့က မိဘတွေဆီက မကြာခဏ အရိုက်ခံရတဲ့ ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ပိုပြီးဖြစ်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။ အထူးသဖြင့် လူကြောက်လာပြီး ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
dsayfgd 3

သုတေသနအဖွဲ့ဟာ ကလေးပေါင်း (၁၂,၀၀၀) ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ အရိုက်ခံရတဲ့ ကလေးနဲ့ အရိုက်မခံရတဲ့ ကလေးတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ ရိုက်နှက်ဆုံးမခြင်းနဲ့ ကလေးအပြုအမူ ဆိုးဝါးခြင်းကြားက ဆက်စပ်နေတဲ့ အဖြေကို လေ့လာကြည့်ကြပါတယ်။ ဒီအခါ ကလေးကို ရိုက်လိုက်လို့ ကလေးဟာ လိမ္မာယဉ်ကျေးလာမယ်ဆိုတဲ့ အာမခံချက်မပေးနိုင်တာကို သိရှိခဲ့ကြပါတယ်။
dsayfgd 4

သားသမီးကို ကိုယ်ထိလက်ရောက်ဆုံးမတာကို တားမြစ်ထားတဲ့ နိုင်ငံတွေဟာ ယနေ့ခေတ်မှာတော့ တဖြည်းဖြည်းနဲ့ များလာနေပါပြီ။ ဒါပေမယ့် အမေရိကန်မှာတော့ ကလေးတွေကို မရိုက်ရဘူးဆိုတဲ့ ဥပဒေကို မပြဌာန်းသေးပါဘူး။ အမေရိကန်လူမျိုး (၇၀) ရာခိုင်နှုန်းကလည်း ကလေးတွေကို လူတော်လူကောင်းတွေဖြစ်ဖို့ ရိုက်နှက်ဆုံးမသင့်တယ်ဆိုတဲ့ အယူအဆကို လက်ခံထားဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။

ကလေးတွေကို လိမ္မာယဉ်ကျေးစေဖို့ ရိုက်နှက်ဆုံးမရမယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ ပညာရှင်တွေဟာ အရင့်အရင်တွေတုန်းကလည်း လေ့လာခဲ့ကြပါတယ်။ သူတို့သုတေသနလုပ်လို့ တွေ့ရှိလာတဲ့ အချက်က အပေါ်က စမ်းသပ်ချက်နဲ့ ထပ်တူပါ။ ရိုက်နှက်ခြင်းဟာ အနာဂတ်မှာ ကလေးတွေကို လူတောမတိုးတဲ့သူတွေ ဖြစ်လာစေပါတယ်။ လူမှုဆက်ဆံရေးမှာလည်း အနှောင့်အယှက်ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

Credit:Myanmar News Team

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top