iMyanmarHouse.com - Best Property Website for Myanmar
×


ရင္ထဲထိတဲ့ သီခ်င္းေလးေတြနဲ႔ ပရိသတ္ေတြရင္ထဲကို အေရာက္ပို႔ႏိုင္တဲ့ အဆိုေတာ္ G Fatt ကေတာ့ လက္ရွိမွာ အရမ္းကို ေအာင္ျမင္ေနတဲ့ အဆိုေတာ္ တေယာက္ျဖစ္ေနပါျပီ။ အဆိုေတာ္ ျဖစ္တဲ့ အျပင္သူ႔ရဲ့ သီခ်င္းေတြမွာလည္း သရုပ္ေဆာင္ပိုင္းမွာ ပီျပင္လွတာေၾကာင့္ သူ႔ပရိသတ္ေတြကေတာ့ မင္းသားလုပ္ဖို႔ ေျပာေနၾကတာေတြလည္း ရွိပါတယ္။ ဒီကိစၥကိုေတာ့ G Fatt က ေျပာၾကားသြား ခဲ့ျပီး သၾကၤန္လႈပ္ရွားမႈေတြကိုလည္း ေျပာၾကားသြား ခဲ့ပါတယ္။

MC န႔ဲ အင္တာဗ်ဴးမွာေတာ့ G Fatt က မင္းသား လုပ္ဖို႔ အစီစဥ္ ရွိေနျပီလားဆိုတဲ့ ေမးခြန္းကိုေတာ့  “အဲ့လိုမ်ိဳးေတာ့ အစီစဥ္မရွိပါဘူး။ အစီစဥ္ရွိရင္ ၾကိဳေျပာပါ့မယ္။ ကိုယ္ သီခ်င္းဗီဒီယိုေတြမွာေတာ့ ကိုယ့္ဘာကိုယ္သရုပ္ေဆာင္ျပီး လုပ္ျဖစ္တာ ပိုမ်ားတယ္ေပါ့။ အဲ့လိုမ်ိဳးေလးေတြ သီခ်င္းေလးေတြ ထြက္တဲ့အခ်ိန္မွာေတာ့ ကိုယ္တိုင္သရုပ္ေဆာင္ဖို႔ ပိုမ်ားပါတယ္”


“ကြ်န္ေတာ့္အခုလက္ရွိအေနထားကေတာ့ သၾကၤန္အတြက္ ကြ်န္ေတာ္ ရင္ခုန္ေနပါတယ္။ သၾကၤန္မွာ ေဖ်ာ္ေျဖရမယ္ ပရိသတ္ေတြနဲ႔ ေတြ႔ရမယ္။ ရန္ကုန္မွာပဲေပါ့။ ကြ်န္ေတာ္ ျပင္ဆင္ထားတာေတြ ရွိပါတယ္။ ျပီးေတာ့ Live Show အေခြထြက္မယ့္ေန႔ကို ရင္ခုန္ေနတယ္”

“သၾကၤန္ကေတာ့ ရန္ကုန္မွာရွိမယ္။ MRTV 4 မ႑ာန္မွာ ရွိပါမယ္။ ကြ်န္ေတာ္သိသေလာက္ကေတာ့ ကြ်န္ေတာ္တု႔ိ ေဖ်ာ္ေျဖေနၾကလူ အကုန္ပါတယ္။ ဒါေပမယ့္လည္း ကုိစိုင္းကေတာ့ သူမႏၱေလးမွာ ကားရိုက္ရွိတယ္လိ႔ုေတာ့ ေျပာတာၾကားပါတယ္။ ကိုစိုင္းကေတာ့မေသခ်ာဘူး”


“နန္းစုကိုလည္း ေသခ်ာေတာ့ မသိေသးပါဘူး။ သၾကၤန္မွာ ႏွစ္ေယာက္ရွိဖို႔ကေတာ့ သူက နယ္သြားမွာလား။ ရန္ကုန္မွာ ေနမွာလား မသိဘူး။ သူေသေသခ်ာခ်ာ ေဝခြဲမရဘူး ျဖစ္ေနတယ္။ သူတို႔သြားေနတဲ့ မ႑ာန္ေတြရွိေတာ့ အဲ့ကိုပဲ သူသြားျဖစ္မလား မသိဘူး။ ကြ်န္ေတာ္ကေတာ့ တူတူရွိေနတာေပါ့။ သၾကၤန္ဆိုေပမယ့္လည္း  ကြ်န္ေတ္ာတို႔က အလုပ္လုပ္ရတာ ပိုမ်ားတာကို။ ကြ်န္ေတာ္တုိ႔က ပရိသတ္အတြက္ပဲ အားခဲထားတာပါ။ သူငယ္ခ်င္းေတြနဲ႔လည္း မသြားဘူး”

“လတ္တေလာမွာေတ့ာ တတိယအေခြအတြက္ သီခ်င္းေတြ သြင္းေနပါတယ္။ အဲ့ထဲမွာေတာ့ မင္းမရွိတဲ့ ရာသီကိုေတာ့ ေတာ္ေတာ္ၾကိဳက္ေနတယ္။ အဲ့သီခ်င္းကိုေတာ့ ကေလာမွာသြားျပီးေတာ့ ဗီဒီယိုရိုက္ဖို႔ စဥ္းစားေနပါတယ္။ ကြ်န္ေတာ္ေသခ်ာလုပ္ထားတဲ့ အလုပ္ေလးေတြ ရွိပါတယ္။ ဒါေတြကလည္း လံုးဝေသခ်ာမွ ပရိသတ္ေတြကို ခ်ျပခ်င္ပါတယ္။ ကြ်န္ေတာ့္ကို စိတ္ခ်ပါ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။


Credit: Nanmalgyi

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ရင်ထဲထိတဲ့ သီချင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲကို အရောက်ပို့နိုင်တဲ့ အဆိုတော် G Fatt ကတော့ လက်ရှိမှာ အရမ်းကို အောင်မြင်နေတဲ့ အဆိုတော် တယောက်ဖြစ်နေပါပြီ။ အဆိုတော် ဖြစ်တဲ့ အပြင်သူ့ရဲ့ သီချင်းတွေမှာလည်း သရုပ်ဆောင်ပိုင်းမှာ ပီပြင်လှတာကြောင့် သူ့ပရိသတ်တွေကတော့ မင်းသားလုပ်ဖို့ ပြောနေကြတာတွေလည်း ရှိပါတယ်။ ဒီကိစ္စကိုတော့ G Fatt က ပြောကြားသွား ခဲ့ပြီး သြင်္ကန်လှုပ်ရှားမှုတွေကိုလည်း ပြောကြားသွား ခဲ့ပါတယ်။


MC နဲ့ အင်တာဗျူးမှာတော့ G Fatt က မင်းသား လုပ်ဖို့ အစီစဉ် ရှိနေပြီလားဆိုတဲ့ မေးခွန်းကိုတော့  “အဲ့လိုမျိုးတော့ အစီစဉ်မရှိပါဘူး။ အစီစဉ်ရှိရင် ကြိုပြောပါ့မယ်။ ကိုယ် သီချင်းဗီဒီယိုတွေမှာတော့ ကိုယ့်ဘာကိုယ်သရုပ်ဆောင်ပြီး လုပ်ဖြစ်တာ ပိုများတယ်ပေါ့။ အဲ့လိုမျိုးလေးတွေ သီချင်းလေးတွေ ထွက်တဲ့အချိန်မှာတော့ ကိုယ်တိုင်သရုပ်ဆောင်ဖို့ ပိုများပါတယ်”

“ကျွန်တော့်အခုလက်ရှိအနေထားကတော့ သြင်္ကန်အတွက် ကျွန်တော် ရင်ခုန်နေပါတယ်။ သြင်္ကန်မှာ ဖျော်ဖြေရမယ် ပရိသတ်တွေနဲ့ တွေ့ရမယ်။ ရန်ကုန်မှာပဲပေါ့။ ကျွန်တော် ပြင်ဆင်ထားတာတွေ ရှိပါတယ်။ ပြီးတော့ Live Show အခွေထွက်မယ့်နေ့ကို ရင်ခုန်နေတယ်”


“သြင်္ကန်ကတော့ ရန်ကုန်မှာရှိမယ်။ MRTV 4 မဏ္ဍာန်မှာ ရှိပါမယ်။ ကျွန်တော်သိသလောက်ကတော့ ကျွန်တော်တု့ိ ဖျော်ဖြေနေကြလူ အကုန်ပါတယ်။ ဒါပေမယ့်လည်း ကိုစိုင်းကတော့ သူမန္တလေးမှာ ကားရိုက်ရှိတယ်လိ့ုတော့ ပြောတာကြားပါတယ်။ ကိုစိုင်းကတော့မသေချာဘူး”

“နန်းစုကိုလည်း သေချာတော့ မသိသေးပါဘူး။ သြင်္ကန်မှာ နှစ်ယောက်ရှိဖို့ကတော့ သူက နယ်သွားမှာလား။ ရန်ကုန်မှာ နေမှာလား မသိဘူး။ သူသေသေချာချာ ဝေခွဲမရဘူး ဖြစ်နေတယ်။ သူတို့သွားနေတဲ့ မဏ္ဍာန်တွေရှိတော့ အဲ့ကိုပဲ သူသွားဖြစ်မလား မသိဘူး။ ကျွန်တော်ကတော့ တူတူရှိနေတာပေါ့။ သြင်္ကန်ဆိုပေမယ့်လည်း  ကျွန်တေ်ာတို့က အလုပ်လုပ်ရတာ ပိုများတာကို။ ကျွန်တော်တို့က ပရိသတ်အတွက်ပဲ အားခဲထားတာပါ။ သူငယ်ချင်းတွေနဲ့လည်း မသွားဘူး”


“လတ်တလောမှာတေ့ာ တတိယအခွေအတွက် သီချင်းတွေ သွင်းနေပါတယ်။ အဲ့ထဲမှာတော့ မင်းမရှိတဲ့ ရာသီကိုတော့ တော်တော်ကြိုက်နေတယ်။ အဲ့သီချင်းကိုတော့ ကလောမှာသွားပြီးတော့ ဗီဒီယိုရိုက်ဖို့ စဉ်းစားနေပါတယ်။ ကျွန်တော်သေချာလုပ်ထားတဲ့ အလုပ်လေးတွေ ရှိပါတယ်။ ဒါတွေကလည်း လုံးဝသေချာမှ ပရိသတ်တွေကို ချပြချင်ပါတယ်။ ကျွန်တော့်ကို စိတ်ချပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top