iMyanmarHouse.com - Best Property Website for Myanmar
×

 Justin Bieber ဟာ အသက္ဆယ့္သံုးနွစ္နဲ႔ ကမၻာေက်ာ္လာခဲ့တဲ့ ကမၻာ့ထိပ္တန္းအဆိုေတာ္တစ္ဦးျဖစ္ျပီး ေကာင္မေလးေတြရဲ႕နွလံုးသားကုိဖမ္းစားထားသူျဖစ္သလို သူအျမဲတမ္း ညည္းတြားေနခဲ့သလိုပဲ ေအာင္ျမင္မႈနဲ႔ အိပ္မက္ေတြအတြက္ သူ႔ရဲ႕လူငယ္သဘာဝေပ်ာ္ရႊင္ရမယ့္ ငယ္ဘဝကုိစေတးခဲ့ရသူပါ။ ဒါေပမယ့္ Justin က ဘယ္ေလာက္ပဲ စိတ္ဓာတ္ေတြေအာက္ဆံုးေရာက္ျပီး ပ်က္စီးမယ့္လမ္းစကုိလိုက္မိသြားလည္း အျမဲတမ္း ၾကံ့ၾကံ့ခံေနထုိင္ခဲ့သလုိ ပရိသတ္ေတြအတြက္ လူသားဆန္တဲ့ စံနမူနာအျဖစ္ ၾကိဳးစားေနထုိင္ခဲ့စျမဲပါပဲ။

ေနာက္ျပီး Justin က ပရိသတ္ေတြကုိ သူ႔ရဲ႕ေပ်ာ္ေနတဲ့ပံုကုိပဲျပခ်င္ခဲ့သလုိ အျမဲတမ္း အေကာင္းျမင္စိ္တ္ကုိသာမွွ်ေဝေပးခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့ Justin ဟာ ဘယ္လုိမွမဟန္နုိင္ေတာ့ပဲ ပရိသတ္ေတြကုိအရွိအတိုင္းခ်ျပလာခဲ့ပါတယ္။ Justin က မၾကာေသးမီက သူ႔ရဲ႕ Instagram မွာ သူအဆင္ေျပမေနဘူးဆိုတာကုိ ပရိသတ္ေတြကုိ ရင္ဖြင့္လာခဲ့ပါတယ္။

Justin ဟာ ငယ္ငယ္ကတည္းကအခုအခ်ိန္အထိ ဘဝမွာအနိမ့္အျမင့္အတက္အက်ေတြမ်ားခဲ့ျပီး ေအာင္ျမင္မႈဒဏ္ကုိေတာ္ေတာ္ေလးခံခဲ့ရသူပါ။ ဘဝမွာ ဘယ္ေလာက္ပဲေျပာင္းလဲသြားလည္း မေျပာင္းလဲမွာတစ္ခုကေတာ့ Selena Gomez က သူ႔ေဘးမွာ အျမဲရွိေနမယ္ဆုိတာပဲလို႔ အင္တာဗ်ဴးေတြမွာသူေျဖဖူးတဲ့ သူ႔ဘဝရဲ႕ တည္ျမဲလွပါတယ္ဆိုတဲ့ Selena ေနရာမွာအျခားအမ်ိဳးသမီးတစ္ေယာက္ေရာက္ေနျပန္ေတာ့ Justin အေနနဲ႔ အေျပာင္းအလဲေတြနဲ႔ေနသားက်ေအာင္အေတာ္ေလးၾကိဳးစားေနရမွာပါ။ Justin က သူ႕ဆံုးျဖတ္ခ်က္ေတြရဲ႕အရွိန္နႈန္းကုိသူကုိယ္တိုင္အမီမလိုက္နုိင္သူလည္းျဖစ္ပါတယ္။ Hailey ကုိ စိတ္လိုက္မာန္ပါ ကမူးရႈးထုိးလက္ထပ္လိုက္ျပီးမွ Hailey နဲ႔ ဓာတ္ပံုေတြတင္တုိင္း တစ္ကမၻာလံုးက ပရိသတ္ေတြက Selena နဲ႔ပဲသေဘာတူေၾကာင္းေတြ ဝုိင္းျပီး Comment ေပးရလို႔ Justin မွာ စိတ္ထိခိုက္ေနရတာေတြလည္းရွိတယ္လို႔သိရပါတယ္။

Justin ဟာ ျပီးခဲ့တဲ့ တနဂၤေႏြေန႔က Instagram မွာ သူ႔မွာ စိတ္က်ေရာဂါအၾကီးအက်ယ္ျဖစ္ေနျပီး စိတ္ဒုကၡေရာက္ေနရေၾကာင္းနဲ႔ ပရိသတ္ေတြကုိ သူ႔အတြက္ဆုေတာင္းေပးပါလို႔ေျပာလာခဲ့ပါတယ္။ Justin က “ခင္ဗ်ားတို႔ ကြ်န္ေတာ့္ကုိနားလည္နုိင္မယ္ထင္လို႔ အသိေပးခ်င္လို႔ပါ။ ကြ်န္ေတာ္ ေတာ္ေတာ္အဆင္မေျပဘူး။ အျပင္းအထန္ရုန္းကန္ေနရတယ္။ အရာရာတုိင္းနဲ႔အဆက္အသြယ္ျပတ္ေနသလို မသက္မသာခံစားေနရတယ္။ ဒါေပမယ့္ စိတ္ေတာ့မပူပါဘူး ကြ်န္ေတာ္က အျမဲတမ္းျပန္ထပါတယ္။ ပရိသတ္ေတြကုိ ေျပာျပခ်င္လို႔… ျပီးေတာ့ ကြ်န္ေတာ့္အတြက္ဆုေတာင္းေပးပါလို႔ ေျပာခ်င္ရံုသက္သက္ပါပဲ။ ကြ်န္ေတာ္တို႔ရဲ႕ဆုေတာင္းေတြကုိ ဘုရားသခင္က အျမဲတမ္းျဖည့္ေပးပါတယ္”လို႔ ေရးသားထားခဲ့ပါတယ္။

Justin ဟာ ျပီးခဲ့တဲ့လက The Vogue နဲ႔ အင္တာဗ်ဴးမွာ သူလက္ထပ္ထားတဲ့ Hailey ကုိေတာင္ ယံုၾကည္ဖုိ႔ခက္ခဲတယ္လို႔ေျပာေနခဲ့ျပီး Hailey နဲ႔ မဂၤလာပြဲကုိ Selena ေဆးရံုတက္ရလို႔၊ေဆးရံုဆင္းခါစမို႔ ေနမေကာင္းေသးလို႔အစရွိသျဖင့္အေၾကာင္းျပခ်က္ေတြနဲ႔ေရႊ႕ဆိုင္းလာခဲ့ျပီး အခု Selena က ေဒါင္ေဒါင္ျမည္က်န္းမာေရးနဲ႔သီခ်င္းအသစ္ေတြဆုိေနျပီး သူငယ္ခ်င္းေတြနဲ႔ေပ်ာ္ရႊင္ေနျပန္ေတာ့ စိတ္က်ေရာဂါေၾကာင့္လို႔ဆိုျပီး မဂၤလာပြဲကိုအကန္႔အသတ္မရွိေရႊ႕ဆိုင္းလိုက္ခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ Justin စိတ္အေျခအေနျမန္ျမန္ေကာင္းမြန္လာေစဖို႔ဆုေတာင္းေပးေနၾကျပီး အဲဒီလိုျဖစ္လာဖို႔ဆိုတာလည္း Selena နဲ႔ ျပန္အဆင္ေျပမွျဖစ္မွာလို႔ယူဆျပီး Selena နဲ႔ ျမန္ျမန္ျပန္အဆင္ေျပေစဖို႔ပါဆုေတာင္းေပးေနၾကပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Justin ရဲ႕ လက္ထပ္ျပီးမွ ပုိပိုဆိုးလာတဲ့ စိတ္အေျခအေနနဲ႔ စိတ္က်ေရာဂါေတြဟာ ဘာေၾကာင့္လို႔ထင္လဲ။ Selena ကုိခ်စ္ရက္နဲ႔ဆံုးရံႈးလုိက္ရျပီး Hailey ကုိ လက္ထပ္ျပီးမွ မေထြးနိုင္မအံနုိင္နဲ႔ စိတ္ဒုကၡေရာက္ေနတာေၾကာင့္လို႔ထင္လား။ ဒါမွမဟုတ္ အခ်ိန္ေတြအၾကာၾကီးသူခ်စ္တဲ့သီခ်င္းေတြမလုပ္နိုင္ပဲ မိန္းမေခ်ာနွစ္ေယာက္ၾကားဗ်ာမ်ားေနလို႔မ်ားျဖစ္မလား။ Justin တစ္ေယာက္ စိတ္က်ေရာဂါကေန ျမန္ျမန္နာလန္ျပန္ထူနုိင္ဖို႔ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

Credit: nanmalgyi

အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

Justin Bieber ဟာ အသက်ဆယ့်သုံးနှစ်နဲ့ ကမ္ဘာကျော်လာခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆိုတော်တစ်ဦးဖြစ်ပြီး ကောင်မလေးတွေရဲ့နှလုံးသားကိုဖမ်းစားထားသူဖြစ်သလို သူအမြဲတမ်း ညည်းတွားနေခဲ့သလိုပဲ အောင်မြင်မှုနဲ့ အိပ်မက်တွေအတွက် သူ့ရဲ့လူငယ်သဘာဝပျော်ရွှင်ရမယ့် ငယ်ဘဝကိုစတေးခဲ့ရသူပါ။ ဒါပေမယ့် Justin က ဘယ်လောက်ပဲ စိတ်ဓာတ်တွေအောက်ဆုံးရောက်ပြီး ပျက်စီးမယ့်လမ်းစကိုလိုက်မိသွားလည်း အမြဲတမ်း ကြံ့ကြံ့ခံနေထိုင်ခဲ့သလို ပရိသတ်တွေအတွက် လူသားဆန်တဲ့ စံနမူနာအဖြစ် ကြိုးစားနေထိုင်ခဲ့စမြဲပါပဲ။

နောက်ပြီး Justin က ပရိသတ်တွေကို သူ့ရဲ့ပျော်နေတဲ့ပုံကိုပဲပြချင်ခဲ့သလို အမြဲတမ်း အကောင်းမြင်စိတ်ကိုသာမျှဝေပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ Justin ဟာ ဘယ်လိုမှမဟန်နိုင်တော့ပဲ ပရိသတ်တွေကိုအရှိအတိုင်းချပြလာခဲ့ပါတယ်။ Justin က မကြာသေးမီက သူ့ရဲ့ Instagram မှာ သူအဆင်ပြေမနေဘူးဆိုတာကို ပရိသတ်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။

Justin ဟာ ငယ်ငယ်ကတည်းကအခုအချိန်အထိ ဘဝမှာအနိမ့်အမြင့်အတက်အကျတွေများခဲ့ပြီး အောင်မြင်မှုဒဏ်ကိုတော်တော်လေးခံခဲ့ရသူပါ။ ဘဝမှာ ဘယ်လောက်ပဲပြောင်းလဲသွားလည်း မပြောင်းလဲမှာတစ်ခုကတော့ Selena Gomez က သူ့ဘေးမှာ အမြဲရှိနေမယ်ဆိုတာပဲလို့ အင်တာဗျူးတွေမှာသူဖြေဖူးတဲ့ သူ့ဘဝရဲ့ တည်မြဲလှပါတယ်ဆိုတဲ့ Selena နေရာမှာအခြားအမျိုးသမီးတစ်ယောက်ရောက်နေပြန်တော့ Justin အနေနဲ့ အပြောင်းအလဲတွေနဲ့နေသားကျအောင်အတော်လေးကြိုးစားနေရမှာပါ။ Justin က သူ့ဆုံးဖြတ်ချက်တွေရဲ့အရှိန်နှုန်းကိုသူကိုယ်တိုင်အမီမလိုက်နိုင်သူလည်းဖြစ်ပါတယ်။ Hailey ကို စိတ်လိုက်မာန်ပါ ကမူးရှုးထိုးလက်ထပ်လိုက်ပြီးမှ Hailey နဲ့ ဓာတ်ပုံတွေတင်တိုင်း တစ်ကမ္ဘာလုံးက ပရိသတ်တွေက Selena နဲ့ပဲသဘောတူကြောင်းတွေ ဝိုင်းပြီး Comment ပေးရလို့ Justin မှာ စိတ်ထိခိုက်နေရတာတွေလည်းရှိတယ်လို့သိရပါတယ်။

Justin ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Instagram မှာ သူ့မှာ စိတ်ကျရောဂါအကြီးအကျယ်ဖြစ်နေပြီး စိတ်ဒုက္ခရောက်နေရကြောင်းနဲ့ ပရိသတ်တွေကို သူ့အတွက်ဆုတောင်းပေးပါလို့ပြောလာခဲ့ပါတယ်။ Justin က “ခင်ဗျားတို့ ကျွန်တော့်ကိုနားလည်နိုင်မယ်ထင်လို့ အသိပေးချင်လို့ပါ။ ကျွန်တော် တော်တော်အဆင်မပြေဘူး။ အပြင်းအထန်ရုန်းကန်နေရတယ်။ အရာရာတိုင်းနဲ့အဆက်အသွယ်ပြတ်နေသလို မသက်မသာခံစားနေရတယ်။ ဒါပေမယ့် စိတ်တော့မပူပါဘူး ကျွန်တော်က အမြဲတမ်းပြန်ထပါတယ်။ ပရိသတ်တွေကို ပြောပြချင်လို့… ပြီးတော့ ကျွန်တော့်အတွက်ဆုတောင်းပေးပါလို့ ပြောချင်ရုံသက်သက်ပါပဲ။ ကျွန်တော်တို့ရဲ့ဆုတောင်းတွေကို ဘုရားသခင်က အမြဲတမ်းဖြည့်ပေးပါတယ်”လို့ ရေးသားထားခဲ့ပါတယ်။

Justin ဟာ ပြီးခဲ့တဲ့လက The Vogue နဲ့ အင်တာဗျူးမှာ သူလက်ထပ်ထားတဲ့ Hailey ကိုတောင် ယုံကြည်ဖို့ခက်ခဲတယ်လို့ပြောနေခဲ့ပြီး Hailey နဲ့ မင်္ဂလာပွဲကို Selena ဆေးရုံတက်ရလို့၊ဆေးရုံဆင်းခါစမို့ နေမကောင်းသေးလို့အစရှိသဖြင့်အကြောင်းပြချက်တွေနဲ့ရွှေ့ဆိုင်းလာခဲ့ပြီး အခု Selena က ဒေါင်ဒေါင်မြည်ကျန်းမာရေးနဲ့သီချင်းအသစ်တွေဆိုနေပြီး သူငယ်ချင်းတွေနဲ့ပျော်ရွှင်နေပြန်တော့ စိတ်ကျရောဂါကြောင့်လို့ဆိုပြီး မင်္ဂလာပွဲကိုအကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ Justin စိတ်အခြေအနေမြန်မြန်ကောင်းမွန်လာစေဖို့ဆုတောင်းပေးနေကြပြီး အဲဒီလိုဖြစ်လာဖို့ဆိုတာလည်း Selena နဲ့ ပြန်အဆင်ပြေမှဖြစ်မှာလို့ယူဆပြီး Selena နဲ့ မြန်မြန်ပြန်အဆင်ပြေစေဖို့ပါဆုတောင်းပေးနေကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Justin ရဲ့ လက်ထပ်ပြီးမှ ပိုပိုဆိုးလာတဲ့ စိတ်အခြေအနေနဲ့ စိတ်ကျရောဂါတွေဟာ ဘာကြောင့်လို့ထင်လဲ။ Selena ကိုချစ်ရက်နဲ့ဆုံးရှုံးလိုက်ရပြီး Hailey ကို လက်ထပ်ပြီးမှ မထွေးနိုင်မအံနိုင်နဲ့ စိတ်ဒုက္ခရောက်နေတာကြောင့်လို့ထင်လား။ ဒါမှမဟုတ် အချိန်တွေအကြာကြီးသူချစ်တဲ့သီချင်းတွေမလုပ်နိုင်ပဲ မိန်းမချောနှစ်ယောက်ကြားဗျာများနေလို့များဖြစ်မလား။ Justin တစ်ယောက် စိတ်ကျရောဂါကနေ မြန်မြန်နာလန်ပြန်ထူနိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit: nanmalgyi

အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top