iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Nanmalgyi
#Unicode Version#
ကျော်ကျော်နန္ဒကတော့ ခုရက်ပိုင်းFacebookပေါ်မှာ ပွဲစီစဉ်တစ်ယောက်ဖြစ်နေပြီလို့တောင်ပြောရင်လွန်မယ်မထင်ပါဘူး ။ ဘာလို့လဲဆိုရင် တစ်နေ့တမျိုးမရိုးရအောင်ကို သူ့မှာ ကံဆိုးမိုးမှောင်ကျနေတာပါ။ သူ့ကိုဖုန်းနဲ့ဆက်ပြီးနောက်ပြောင်နေတဲ့သူတွေရှိသလို နှစ်သိမ့်ပေးတဲ့ပရိသတ်တွေလည်းရှိနေကြပါတယ်။ အခုလည်း Cele 7 နဲ့မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာသူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ိမိတ်ဆွေတွေသိရအောင် ပြောပြပေးလိုက်ပါတယ်။
သြင်္ကန်အတွက်အစီစဉ်ကို “ကမ်းလှမ်းထားတွေတော့ရှိပါတယ်။ ဒါပေမယ့်ကျနော့်မှာ ဂယက်ရိုက်ထားတာရှိတော့ အိမ်ကမိဘက လက်မခံခိုင်းသေးတဲ့အခါကျတော့ အခုထိလက်ခံလို့မရဘဲဖြစ်နေတယ်။ အမေနဲ့တိုင်ပင်ပြီးတော့ လုပ်စရာရှိတာလုပ်ဆိုတော့ ကျနော်က အခုနည်းနည်း အခုလှုမှု့ကွန်ယက်မှာပွဲငှားတယ်ဆိုပြီး နောက်ပြောင်ပြီးတော့ တင်ထားတဲ့ Video File တွေလည်းရှိတာပေါ့ ။အဲ့ဒီလိုဖြစ်လာတာတွေကိုမူတည်ပြီးတော့ အိမ်ကကျနော့်ကို အရမ်းကြီးတာမြစ်ထားပါတယ်။ အဲ့ဒီအတွက်သြင်္ကန်ကိုပွဲတော့သွားမှာပါ ။ဘယ်ပွဲကိုသွားဖြစ်မယ်ဆိုတာကတော့ မသိသေးပါဘူး။ အရမ်းကြီးကျနော်ဘယ်သွားမယ်ဆိုတာတောင်ပြောလို့မရသေးဘူးဖြစ်နေတာ ပြောလိုက်ရင် ကိုယ့်ကိုအားပေးတဲ့သူရှိသလို မအားပေးတဲ့သူလည်း ရှိနေတော့ ကိုယ့်ကိုခေါ်မယ့်သူတွေလည်းရိုခတ်သွားမယ့်ဒဏ်ကိုကျနော် နည်းနည်းစိုးရိမ်တာပေါ့ ။
ခံစားခဲ့ရတယ်ဆိုတာကတော့ ကျနော်တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ အားလုံးကိုတော့ ကိုယ့်စိတ်ဓာတ်အတိုင်းရိုးရိုးသားသားဖြေတယ်။ ရိုးရိုးသားသားနဲ့ပြောတယ်။ အဲ့ဒီအပေါ်မှာကိုယ့်ကိုအသုံးချသွားပြီးတော့သူကလုပ်ဆောင်သွားတယ်ပေါ့နော်။ လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ အဲ့ဒီအတွက်ကျနော်တရားစွဲဖို့အထိ စီစဉ်လိုက်ပါတယ်။ ဒါပေမယ့်ကျနော်မလုပ်ခဲ့ပါဘူး ။မလုပ်ခဲ့ဘူးဆိုတာကလည်း မိဘကလည်းမလုပ်ဖို့တားမြစ်တယ်။ ပြီးတော့မီဒီယာက အစ်ကိုအစ်မတွေကလည်းရှိတယ်။ မလုပ်ပါနဲ့ကိုယ်လုပ်နေရတဲ့အနေအထားတစ်ခုမှာ အဲ့ဒီအတွက်အချိန်မပေးနိုင်တာတွေလည်းဖြစ်လာမယ်။ သွားရလာရတာတွေနဲ့ဆိုတော့ ပြီးရင်ကိုယ်လည်းပိုသိက္ခာကျမယ်ပေါ့ မလုပ်ပါနဲ့ခွင့်လွှတ်လိုက်ပါ ပရိသတ်တစ်ယောက်ကိုဆိုတော့ ကျနော် လည်းအဲ့ဒါနဲ့ခွင့်လွှတ်လိုက်တယ်။ သူ့ကိုကျနော်က တရားစွဲဖို့ထိမလုပ်ခင်ကတည်းက Messenger ကနေသူကိုကျနော်သွားပြောပါတယ်။
ညီလေးကျနော့်ကို ဖျက်ပေး သူကလည်းအိုကေဖျက်ပေးမယ်။ ဒါပေမယ့်အစ်ကို့ကိုပြန်တောင်းပန်ပေးပါ Video File လေးတစ်ဖိုင်ပဲဖြစ်ဖြစ် ကိုကျော်နန္ဒကိုတောင်းပန်ပါတယ်။ ချစ်ခင်လိုစိတ်နဲ့နောက်ပြောင်လိုက်တာပါဆို ကျနော်လက်ခံတယ်။ ဒါပေမယ့်သူအဲ့ဒါလုံးဝလုပ်မပေးနိုင်ဘူး အခုထက်ထိတော့သူနဲ့အဆက်အသွယ်မရပါဘူး ။ကျနော်လုပ်မယ်ဆိုရင်တော့ ဥပဒေပိုင်းဆိုင်ရာနဲ့လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပါ။ ဒါပေမယ့်ကျနော်မလုပ်ဖြစ်တော့ပါဘူး။ မလုပ်ဖြစ်တာက လည်း ကျနော်ပရိသတ်ကိုအရမ်းချစ်လို့ပါ။ ကျနော့်အနုပညာကို ကျနော်လေးစားလို့ပါ။ အားလုံးကိုကျနော်လေးစားတယ်။ ကိုယ့်အတွက်လည်းကောင်းတယ် သူ့အတွက်လည်းကောင်းမယ့်အခြေအနေကိုရွေးလိုက်တာပါ။ ကျနော်ငိုပြီးတော့တောင်းပန်ထားတဲ့Video တင်ပြီးတဲ့နောက်ပိုင်းမှာ ပရိသတ်တွေ Chatboxထဲမှာ တချို့ဆိုရင်သူတို့ကိုယ်တိုင် ငိုပြီးဖုန်းပြောတယ်။ အဲ့ဒီလိုပြောတဲ့အတွက်ကျနော်အရမ်းပဲဝမ်းနည်းတယ်။ ပရိသတ်နဲ့ကျနော်နဲ့ထပ်တူကျပြီးငိုဖြစ်ကြတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Nanmalgyi
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top