iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ ခင္ဖို႔အေကာင္းဆံုး အယဥ္ေက်းဆံုး မိန္းကေလးသူငယ္ခ်င္း ရည္ရည္မြန္မြန္ေလးက ခပ္ဆိုးဆိုးေကာင္တစ္ေကာင္နဲ႔ လက္ထပ္သြားတာ ၾကံဳဖူးၾကပါသလား။ တခ်ိဳ႕စံုတြဲေတြကလဲ သင္ ကိုယ့္နဖူးကိုယ္ ျပန္႐ိုက္ၿပီး ” ဘာလို႔ ဒီေကာင္မေလး ဒီလိုေကာင္ကို ျပန္ႀကိဳက္တာလဲ ” ဆိုၿပီး စဥ္းစားစရာေတြ ျဖစ္ႏိုင္ပါတယ္။ ေလ့လာသူေတြကေတာ့ အဲဒိေမးခြန္းကို ႀကိဳးစား ေျဖေပးထားပါတယ္။ ဖတ္ၾကည့္ပါ။

၁. လူဆိုးပံုစံ အတန္းထဲမွာ အျမင္ကပ္စရာေကာင္းတဲ့ ေကာင္ေတြလို လူဆိုးေတြမွာ မိန္းကေလးေတြ စြဲေလာက္တဲ့ ပံုဟန္ေတြ ႐ွိတတ္ၾကပါတယ္။ လူေတြထဲမွာ လႊမ္းမိုးႏိုင္ျခင္း၊ အမိန္႔ေပးႏိုင္ျခင္း၊ ကိုယ့္ဘာသာ ယံုၾကည္ခ်က္ျပည့္ဝျခင္း၊ ကိုယ့္ဘာသာ အရမ္း ဂ႐ုစိုက္ျခင္း တို႔လိုပါ။ သူမက အဲလိုပံုစံကို စြဲတတ္တာကလဲ ဇီဝေဗဒအရ ျဖစ္ႏိုင္ပါတယ္။

ေယာက္်ားတစ္ေယာက္ ယံုၾကည္ခ်က္ျပည့္ဝတာဟာ မ်ိဳး႐ိုးဗီဇေကာင္းၿပီး ဥစၥာ ျပည့္ဝတာေတြဟာ သဘာဝတရားအရ ဆြဲေဆာင္မႈ ႐ွိေနပါတယ္။ ကိုယ့္ဘာသာ ယံုၾကည္လြန္သူေတြ၊ ဆိုက္ကိုေဖာက္ေနသူေတြ၊ ပါးနပ္စြာ လိမ္လည္တတ္သူေတြဆိုတဲ့ လူမိုက္ လကၡဏာ သံုးမ်ိဳးဟာလဲ တစ္ခုနဲ႔တစ္ခု အရမ္းၿပီးျပည့္စံုေနပါတယ္။ သူတို႔ဟာ လင္႐ွိမိန္းမလဲ လိုက္မွာပဲ။ အထိအခိုက္မခံတဲ့၊ စိတ္ေပ်ာ့တဲ့ ေကာင္မေလးေတြလဲ လိုက္မွာပဲ။ လူေကာင္းေတြ မလိုက္တဲ့ မိန္းမေတြကို သူတို႔လိုက္ရဲပါတယ္။ အဲဒါေၾကာင့္ ေၾကာင္ခံတြင္းပ်က္နဲ႔ ဆက္ရက္ေတာင္ပံက်ိဳး ေတြ႕ဆံုဖို႔ အခြင့္အလမ္း အျပည့္႐ွိပါတယ္။
ဘာလို႔ ေတာ္တဲ့ မိန္းမေတြက ခပ္ဆိုးဆိုးေကာင္ေတြကို လက္ထပ္မိၾကတာလဲ

၂. ခပ္မိုက္မိုက္ပံုစံနဲ႔ ဆြဲေဆာင္ျခင္း အဲဒိေတာ့ သင္ကိုယ္တိုင္ လူဆိုးတစ္ေယာက္ ျဖစ္မလာပဲနဲ႔ အဲဒိေကာင္ေတြလို ဆြဲေဆာင္မႈ႐ွိေအာင္ ဘယ္လိုလုပ္ရမလဲ။ စိတ္ဝင္စားစရာေကာင္းတဲ့ ပန္းတိုင္ေတြ၊ ဝါသနာေတြအေၾကာင္း ေျပာတတ္တဲ့ ေယာက္်ားေတြဟာ ကိုယ့္ဘာသာ ယံုၾကည္မႈ႐ွိပံုေပါက္ၿပီး မိန္းကေလးေတြကို ဆြဲေဆာင္ႏိုင္ပါတယ္။ အဲဒါဟာ အားလံုးထဲမွာ သင့္ရဲ႕ လခ ဘယ္ေလာက္ေကာင္းေၾကာင္းကို ေအာ္က်ယ္ေအာ္က်ယ္နဲ႔ ႂကြားေနဖို႔ မဟုတ္ပါဘူး။

သင့္ရဲ႕ မဟာ ေတာင္တက္ခရီးစြန္႔စားခန္းေတြကိုလဲ နားမခံသာေအာင္ ေျပာျပေနစရာ မလိုပါဘူး။ ဒါေပမယ့္ အခါအခြင့္ၾကံဳရင္ သင္လုပ္ႏိုင္တာေတြနဲ႔ သင္ေပ်ာ္တာေတြကို ေျပာျပေပးရံုပါပဲ။ အဲဒါက သင့္ကို အရမ္းေမာက္မာပံုလဲ မေပါက္ေစပါဘူး။ ေပ်ာ္ေပ်ာ္ေနတတ္တာ၊ တီထြင္ဉာဏ္႐ွိတာဟာ သင့္မွာ မ်ိဳး႐ိုးဗီဇေကာင္းတယ္ဆိုတာကို အမ်ိဳးသမီးေတြကို ျပလိုက္တာပါပဲ။

အဲဒါေၾကာင့္ သင္ အႏုပညာ တစ္ခုခု၊ ဥပမာ ဓာတ္ပံု႐ိုက္တာ၊ ဂစ္တာတီးတာမ်ိဳး လုပ္ရင္ အဲဒိဝါသနာေတြအေၾကာင္း စကားစပ္ရင္ ေျပာျပျခင္းဟာ သင့္ကို ေကာင္မေလးေတြ အထင္ႀကီးသြားေစပါတယ္။ သင္ထိုင္တဲ့ ေနတဲ့ ကိုယ္ဟန္ကလဲ သင္က အေပါင္းအသင္းၾကားထဲမွာ ထင္ေပၚလား၊ ျမႇဳပ္ေနလားဆိုတာ ျပႏိုင္ပါတယ္။ ထင္ေပၚသူေတြကို အမ်ိဳးသမီးေတြ စြဲတတ္တာပါပဲ။ ထိုင္ေနစဥ္မွာ လက္ေမာင္းေတြကို ျဖန္႔ကားထားၿပီး သင့္ေဘာ္ဒါေတြရဲ႕ ပခံုးေပၚ လက္တင္ထားျခင္းဟာ သင့္ကို လႊမ္းမိုးႏိုင္စြမ္း ပို႐ွိေစပါတယ္။

Credit: Gentleman Magazine

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သင့်ရဲ့ ခင်ဖို့အကောင်းဆုံး အယဉ်ကျေးဆုံး မိန်းကလေးသူငယ်ချင်း ရည်ရည်မွန်မွန်လေးက ခပ်ဆိုးဆိုးကောင်တစ်ကောင်နဲ့ လက်ထပ်သွားတာ ကြုံဖူးကြပါသလား။ တချို့စုံတွဲတွေကလဲ သင် ကိုယ့်နဖူးကိုယ် ပြန်ရိုက်ပြီး ” ဘာလို့ ဒီကောင်မလေး ဒီလိုကောင်ကို ပြန်ကြိုက်တာလဲ ” ဆိုပြီး စဉ်းစားစရာတွေ ဖြစ်နိုင်ပါတယ်။ လေ့လာသူတွေကတော့ အဲဒိမေးခွန်းကို ကြိုးစား ဖြေပေးထားပါတယ်။ ဖတ်ကြည့်ပါ။

၁. လူဆိုးပုံစံ အတန်းထဲမှာ အမြင်ကပ်စရာကောင်းတဲ့ ကောင်တွေလို လူဆိုးတွေမှာ မိန်းကလေးတွေ စွဲလောက်တဲ့ ပုံဟန်တွေ ရှိတတ်ကြပါတယ်။ လူတွေထဲမှာ လွှမ်းမိုးနိုင်ခြင်း၊ အမိန့်ပေးနိုင်ခြင်း၊ ကိုယ့်ဘာသာ ယုံကြည်ချက်ပြည့်ဝခြင်း၊ ကိုယ့်ဘာသာ အရမ်း ဂရုစိုက်ခြင်း တို့လိုပါ။ သူမက အဲလိုပုံစံကို စွဲတတ်တာကလဲ ဇီဝဗေဒအရ ဖြစ်နိုင်ပါတယ်။

ယောက်ျားတစ်ယောက် ယုံကြည်ချက်ပြည့်ဝတာဟာ မျိုးရိုးဗီဇကောင်းပြီး ဥစ္စာ ပြည့်ဝတာတွေဟာ သဘာဝတရားအရ ဆွဲဆောင်မှု ရှိနေပါတယ်။ ကိုယ့်ဘာသာ ယုံကြည်လွန်သူတွေ၊ ဆိုက်ကိုဖောက်နေသူတွေ၊ ပါးနပ်စွာ လိမ်လည်တတ်သူတွေဆိုတဲ့ လူမိုက် လက္ခဏာ သုံးမျိုးဟာလဲ တစ်ခုနဲ့တစ်ခု အရမ်းပြီးပြည့်စုံနေပါတယ်။ သူတို့ဟာ လင်ရှိမိန်းမလဲ လိုက်မှာပဲ။ အထိအခိုက်မခံတဲ့၊ စိတ်ပျော့တဲ့ ကောင်မလေးတွေလဲ လိုက်မှာပဲ။ လူကောင်းတွေ မလိုက်တဲ့ မိန်းမတွေကို သူတို့လိုက်ရဲပါတယ်။ အဲဒါကြောင့် ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့ဆုံဖို့ အခွင့်အလမ်း အပြည့်ရှိပါတယ်။
ဘာလို့ တော်တဲ့ မိန်းမတွေက ခပ်ဆိုးဆိုးကောင်တွေကို လက်ထပ်မိကြတာလဲ

၂. ခပ်မိုက်မိုက်ပုံစံနဲ့ ဆွဲဆောင်ခြင်း အဲဒိတော့ သင်ကိုယ်တိုင် လူဆိုးတစ်ယောက် ဖြစ်မလာပဲနဲ့ အဲဒိကောင်တွေလို ဆွဲဆောင်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ။ စိတ်ဝင်စားစရာကောင်းတဲ့ ပန်းတိုင်တွေ၊ ဝါသနာတွေအကြောင်း ပြောတတ်တဲ့ ယောက်ျားတွေဟာ ကိုယ့်ဘာသာ ယုံကြည်မှုရှိပုံပေါက်ပြီး မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။ အဲဒါဟာ အားလုံးထဲမှာ သင့်ရဲ့ လခ ဘယ်လောက်ကောင်းကြောင်းကို အော်ကျယ်အော်ကျယ်နဲ့ ကြွားနေဖို့ မဟုတ်ပါဘူး။

သင့်ရဲ့ မဟာ တောင်တက်ခရီးစွန့်စားခန်းတွေကိုလဲ နားမခံသာအောင် ပြောပြနေစရာ မလိုပါဘူး။ ဒါပေမယ့် အခါအခွင့်ကြုံရင် သင်လုပ်နိုင်တာတွေနဲ့ သင်ပျော်တာတွေကို ပြောပြပေးရုံပါပဲ။ အဲဒါက သင့်ကို အရမ်းမောက်မာပုံလဲ မပေါက်စေပါဘူး။ ပျော်ပျော်နေတတ်တာ၊ တီထွင်ဉာဏ်ရှိတာဟာ သင့်မှာ မျိုးရိုးဗီဇကောင်းတယ်ဆိုတာကို အမျိုးသမီးတွေကို ပြလိုက်တာပါပဲ။

အဲဒါကြောင့် သင် အနုပညာ တစ်ခုခု၊ ဥပမာ ဓာတ်ပုံရိုက်တာ၊ ဂစ်တာတီးတာမျိုး လုပ်ရင် အဲဒိဝါသနာတွေအကြောင်း စကားစပ်ရင် ပြောပြခြင်းဟာ သင့်ကို ကောင်မလေးတွေ အထင်ကြီးသွားစေပါတယ်။ သင်ထိုင်တဲ့ နေတဲ့ ကိုယ်ဟန်ကလဲ သင်က အပေါင်းအသင်းကြားထဲမှာ ထင်ပေါ်လား၊ မြှုပ်နေလားဆိုတာ ပြနိုင်ပါတယ်။ ထင်ပေါ်သူတွေကို အမျိုးသမီးတွေ စွဲတတ်တာပါပဲ။ ထိုင်နေစဉ်မှာ လက်မောင်းတွေကို ဖြန့်ကားထားပြီး သင့်ဘော်ဒါတွေရဲ့ ပခုံးပေါ် လက်တင်ထားခြင်းဟာ သင့်ကို လွှမ်းမိုးနိုင်စွမ်း ပိုရှိစေပါတယ်။

Credit: Gentleman Magazine

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top