iMyanmarHouse.com - Best Property Website for Myanmar
×


ေမတၱာဆိုတာ …

ခ်စ္တာ မဟုတ္ဘူး။သူတစ္ပါးတို႔အား ဒုကၡမေပးဘူးဆိုတဲ႔ စိတ္ထား။သူတစ္ပါးတို႔အတြက္ ေကာင္းက်ိဳး ေဆာင္ရြက္မယ္ဆိုတဲ႔စိတ္ထား။

ကရုဏာဆိုတာ…

ဘယ္သူကိုမ်ွ မညွင္းဆဲဘူး။ဘယ္သူ ဒုကၡ ေရာက္ေရာက္ ငါကူညီေစာင့္ေရွာက္မယ္ ဆိုတဲ႔စိတ္ထား။

ဥေပကၡာဆိုတာ…

မ်က္နွာလႊဲ ခဲပစ္လုပ္တာမဟုတ္ဘူး။ ဟန္ခ်က္ညီေအာင္ေနတာ။ ေၾကာက္တဲ႔ဘက္လည္း ေရာက္ျပီးေတာ့မတုန္လႈပ္နဲ႔။ ၾကိဳက္တဲ႔ဘက္လည္း ေရာက္ျပီးေတာ မတုန္လႈပ္နဲ႔။
အဲဒီအစြန္းနွစ္ခု လြတ္ေအာင္ေရွာင္ျပီး အလယ္ကေနသြားတာ။

ဥေပကၡာ ဆိုတဲ႔ပုဒ္ကို အဘိဓမၼာမွာ"မဇၥ်တၱာကာရ လကၡဏာ" လို႔ ဖြင့္တယ္။
"မဇၥ်တၱ" ဆိုတာ Middle Wayပဲ။

အေတြးမွန္ဖို႔ရန္ …

စြန္႔လႊတ္ဖို႔ ေတြးပါ။ သူတစ္ပါးအက်ိဳးစီးပြား ေဆာင္ရြက္ဖို႔ ေတြးပါ။ သူတစ္ပါးရဲ႕ ဒုကၡကို ပယ္ေဖ်ာက္ ဖို႔ ေစာင့္ေရွာက္ဖို႔ ေတြးပါ။ အေတြးသုးပါး အဲဒါကို "သမၼာသကၤပ" လို႔ ေခၚတယ္။

ေကာင္းတယ္ အက်ိဳးရွိတယ္ဆိုတဲ႔ အလုပ္သည္ စိတ္ေကာင္းရွိတဲ႔အခါမွ လုပ္ျဖစ္တာ။ မေကာင္းဘူး အက်ိဳးမရွိဘူးဆိုတဲ႔ အလုပ္သည္ စိတ္ေကာင္းမရွိတဲ႔အခါတိုင္း လုပ္ျဖစ္တယ္။
ဒါေၾကာင့္ စိတ္ေကာင္းထားတယ္ဆိုတာ အဓိပၸါယ္ သိပ္ရွိပါတယ္။

လူ႔ဘဝ ဆုိတဲ႔ ဘဝေကာင္းတစ္ခုကို ရရွိေနခ်ိန္ မွာ အက်င့္ေကာင္းေတြနဲ႔ တိုးတက္ေအာင္ လုပ္ၾက။
ဘဝေကာင္းကို မသိရင္ အက်င့္ေကာင္းကိုလည္း မက်င့္မိတတ္ဘူး။ လူသားအားလုံးရဲ႕ ပန္းတိုင္ဟာ
ဝိသုဒၶိနဲ႔ ဝိမုတၱိပါပဲ။

Purification - သန္႔ရွင္းစင္ၾကယ္ျခင္းကို"ဝိသုဒၶိ" လို႔ ေခၚတယ္။

Liberation - လြတ္ေျမာက္ျခင္းကို"ဝိမုတၱိ" လို႔ ေခၚတယ္။

သန္႔ရွင္းစင္ၾကယ္ျခင္း - Purification လြတ္ေျမာက္ျခင္း - Liberation
ရဖို႔အတြက္ ဘာလုပ္ရမလဲဆိုရင္

We must follow the dhamma.ဓမၼကို လိုက္နာက်င့္သုံးရမယ္။

ဓမၼကို လိုက္နာက်င့္သုံးတဲ႔ပုဂၢိဳလ္ဟာ သန္႔ရွင္းသြားတယ္။ သန္႔ရွင္းလို႔ရွိရင္ လြတ္ေျမာက္သြားတယ္။
မိမိကိုယ္တိုင္ နိဗၺာန္ေရာက္ဖို႔ထက္ မိမိေၾကာင့္ သူတစ္ပါး စိတ္ေသာက မျဖစ္ေအာင္ ေနတတ္ဖို႔ ပိုအေရးၾကီးတယ္။

အဲဒါ ျမင့္ျမတ္ေသာ လူစြမ္းေကာင္းတို႔ရဲ႕စိတ္ထားပဲ။

Credit:သီတဂူဆရာေတာ္ဘုရားၾကီး

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

မေတ္တာဆိုတာ …
ချစ်တာ မဟုတ်ဘူး။သူတစ်ပါးတို့အား ဒုက္ခမပေးဘူးဆိုတဲ့ စိတ်ထား။သူတစ်ပါးတို့အတွက် ကောင်းကျိုး ဆောင်ရွက်မယ်ဆိုတဲ့စိတ်ထား။

ကရုဏာဆိုတာ…

ဘယ်သူကိုမျှ မညှင်းဆဲဘူး။ဘယ်သူ ဒုက္ခ ရောက်ရောက် ငါကူညီစောင့်ရှောက်မယ် ဆိုတဲ့စိတ်ထား။

ဥပေက္ခာဆိုတာ…

မျက်နှာလွှဲ ခဲပစ်လုပ်တာမဟုတ်ဘူး။ ဟန်ချက်ညီအောင်နေတာ။ ကြောက်တဲ့ဘက်လည်း ရောက်ပြီးတော့မတုန်လှုပ်နဲ့။ ကြိုက်တဲ့ဘက်လည်း ရောက်ပြီးတော မတုန်လှုပ်နဲ့။
အဲဒီအစွန်းနှစ်ခု လွတ်အောင်ရှောင်ပြီး အလယ်ကနေသွားတာ။

ဥပေက္ခာ ဆိုတဲ့ပုဒ်ကို အဘိဓမ္မာမှာ"မဇ္ဈတ္တာကာရ လက္ခဏာ" လို့ ဖွင့်တယ်။
"မဇ္ဈတ္တ" ဆိုတာ Middle Wayပဲ။

အတွေးမှန်ဖို့ရန် …

စွန့်လွှတ်ဖို့ တွေးပါ။ သူတစ်ပါးအကျိုးစီးပွား ဆောင်ရွက်ဖို့ တွေးပါ။ သူတစ်ပါးရဲ့ ဒုက္ခကို ပယ်ဖျောက် ဖို့ စောင့်ရှောက်ဖို့ တွေးပါ။ အတွေးသုးပါး အဲဒါကို "သမ္မာသင်္ကပ" လို့ ခေါ်တယ်။

ကောင်းတယ် အကျိုးရှိတယ်ဆိုတဲ့ အလုပ်သည် စိတ်ကောင်းရှိတဲ့အခါမှ လုပ်ဖြစ်တာ။ မကောင်းဘူး အကျိုးမရှိဘူးဆိုတဲ့ အလုပ်သည် စိတ်ကောင်းမရှိတဲ့အခါတိုင်း လုပ်ဖြစ်တယ်။
ဒါကြောင့် စိတ်ကောင်းထားတယ်ဆိုတာ အဓိပ္ပါယ် သိပ်ရှိပါတယ်။

လူ့ဘဝ ဆိုတဲ့ ဘဝကောင်းတစ်ခုကို ရရှိနေချိန် မှာ အကျင့်ကောင်းတွေနဲ့ တိုးတက်အောင် လုပ်ကြ။
ဘဝကောင်းကို မသိရင် အကျင့်ကောင်းကိုလည်း မကျင့်မိတတ်ဘူး။ လူသားအားလုံးရဲ့ ပန်းတိုင်ဟာ
ဝိသုဒ္ဓိနဲ့ ဝိမုတ္တိပါပဲ။

Purification - သန့်ရှင်းစင်ကြယ်ခြင်းကို"ဝိသုဒ္ဓိ" လို့ ခေါ်တယ်။

Liberation - လွတ်မြောက်ခြင်းကို"ဝိမုတ္တိ" လို့ ခေါ်တယ်။

သန့်ရှင်းစင်ကြယ်ခြင်း - Purification လွတ်မြောက်ခြင်း - Liberation
ရဖို့အတွက် ဘာလုပ်ရမလဲဆိုရင်

We must follow the dhamma.ဓမ္မကို လိုက်နာကျင့်သုံးရမယ်။

ဓမ္မကို လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာ သန့်ရှင်းသွားတယ်။ သန့်ရှင်းလို့ရှိရင် လွတ်မြောက်သွားတယ်။
မိမိကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ထက် မိမိကြောင့် သူတစ်ပါး စိတ်သောက မဖြစ်အောင် နေတတ်ဖို့ ပိုအရေးကြီးတယ်။

အဲဒါ မြင့်မြတ်သော လူစွမ်းကောင်းတို့ရဲ့စိတ်ထားပဲ။

Credit:သီတဂူဆရာတော်ဘုရားကြီး

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top