iMyanmarHouse.com - Best Property Website for Myanmar
×


ယဥ္လက္ကေတာ့ အေနာက္တိုင္းအကနဲ႔ ျမန္မာအက ေတြကို တစ္ၿပိဳင္တည္း သင္ယူေနရပါတယ္တဲ့။ ဒါကလည္း သူမအတြက္ စိန္ေခၚမႈတစ္ခုျဖစ္လာမယ့္ ကာ႐ိုက္တာအတြက္ ႀကိဳးစားမႈတစ္ခုပဲလို႔ ဆိုပါတယ္။

ယဥ္လက္ဟာ လက္ရွိေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္ အသစ္ေလးေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ အခုလည္း ေနာက္ထပ္႐ိုက္ကူးရမယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲက ကာ႐ိုက္တာအတြက္ ျမန္မာအက နဲ႔ အေနာက္တိုင္းအကကို သင္ယူေလ့လာေနတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။



‘’ ေနာက္လမွာ ႐ိုက္ကူးမယ့္ ႐ုပ္ရွင္ကားႀကီးအတြက္လည္း ယဥ္လက္ အခု အက သင္ေနပါတယ္။ ျမန္မာ့႐ိုးရာအကရယ္၊ အေနာက္တိုင္းအကရယ္ကို ေပါင္းစပ္ၿပီးေတာ့ ပုံမွန္ျမင္ေနၾကမဟုတ္တဲ့ ပုံစံမ်ိဳးနဲ႔ ဖန္တီးထားတဲ့ ဇာတ္ကားႀကီးျဖစ္ပါတယ္။ အဲဒီအတြက္ ယဥ္လက္လည္း အစြမ္းကုန္ ႀကိဳးစားၿပီးေတာ့ သင္ယူေနပါတယ္’’ လို႔ သူကဆိုပါတယ္။

ျမန္မာအကနဲ႔ အေနာက္တိုင္းအက ႏွစ္ခုစလုံးကို တစ္ၿပိဳင္တည္း ေလ့လာသင္ၾကားေနရတာ ျဖစ္တဲ့အတြက္ အခက္အခဲေတြ အမ်ားႀကီးရွိတယ္လို႔ ယဥ္လက္က ေျပာပါတယ္။

‘’အရင္တုန္းကေတာ့ ဇာတ္႐ုပ္အတြက္ လိုအပ္တဲ့ ကကြက္ေလးေတြကိုေတာ့ သင္ထားဖူးတာရွိတယ္။ ဒါေပမယ့္ ဒီေလာက္ ႀကီးႀကီးမားမားႀကီးေတာ့ မလုပ္ဖူးဘူးေပါ့ေနာ္။ ဒါႀကီးကေတာ့ အရမ္းကို ခက္ခဲမယ့္ အရာေပါ့။



ကတာေတာင္မွ ပုံမွန္ျမင္ေနၾက ကကြက္မ်ိဳးေတြ မဟုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ အမ်ားႀကီး ႀကိဳးစားရပါတယ္’’ ဆိုၿပီးေတာ့ ေလာကႀကိဳးဝိုင္း ႐ုပ္ရွင္ဇာတ္ကား မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

အဲဒီေနာက္ သ႐ုပ္ေဆာင္အသစ္ တစ္ေယာက္ အေနနဲ႔ အခုလို အခက္အခဲမ်ိဳးက ႀကိဳးစားခြင့္ရတဲ့အခြင့္အေရး တစ္ရပ္ျဖစ္တယ္လို႔ ယဥ္လက္က ဆက္လက္ေျပာျပလာပါတယ္။ အခက္အခဲျဖစ္ေစမယ့္ ဇာတ္႐ုပ္တိုင္းကိုလည္း သူမကိုယ္တိုင္က ႀကိဳးစားခ်င္ပါတယ္တဲ့။

‘’ အက ကတဲ့ပညာရပ္ဆိုတာကလည္း တကယ္ကို ခက္ခဲတဲ့ အရာပဲေလ။ ႏွစ္ခုစလုံးကေတာ့ မလြယ္ၾကဘူး။ ႏွစ္ခုစလုံးကို ေပါင္းစပ္တဲ့အခ်ိန္မွာ ပိုမလြယ္ဘူး။ အဲဒီအတြက္ ညီမကေတာ့ အေကာင္းဆုံးႀကိဳးစားေနပါတယ္။



ဒါကလည္း သမီးရဲ႕ ႀကိဳးစားမႈကို အခြင့္အေရးေပးတယ္လို႔ပဲ ထင္ပါတယ္။ သ႐ုပ္ေဆာင္အသစ္တစ္ေယာက္ ေနနဲ႔ အၿမဲတမ္း ႀကိဳးစားသင္ယူေနရမယ္ ဆိုတာကို ေတြးတယ္။ ဘယ္လို စိန္ေခၚမႈရွိတဲ့ ဇာတ္႐ုပ္ျဖစ္ျဖစ္ သမီးကေတာ့ ႀကိဳးစားခ်င္တယ္’’ လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ ယဥ္လက္ကိုေတာ့ သရာေစာထိ ႐ုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း အရမ္းကို ၂ ႏွစ္ဝန္းက်င္သာ ရွိပါေသးတယ္။ ဒါေပမယ့္ သူမကို ခ်စ္တဲ့ ပရိသတ္ေတြကေတာ့ တစ္ေန႔ထက္ တစ္ေန႔ ပိုမ်ားလာတာကို ေတြ႕ရပါတယ္။

Credit:burmese.asia

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ယဉ်လက်ကတော့ အနောက်တိုင်းအကနဲ့ မြန်မာအက တွေကို တစ်ပြိုင်တည်း သင်ယူနေရပါတယ်တဲ့။ ဒါကလည်း သူမအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမယ့် ကာရိုက်တာအတွက် ကြိုးစားမှုတစ်ခုပဲလို့ ဆိုပါတယ်။

ယဉ်လက်ဟာ လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင် အသစ်လေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အခုလည်း နောက်ထပ်ရိုက်ကူးရမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာအတွက် မြန်မာအက နဲ့ အနောက်တိုင်းအကကို သင်ယူလေ့လာနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ နောက်လမှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးအတွက်လည်း ယဉ်လက် အခု အက သင်နေပါတယ်။ မြန်မာ့ရိုးရာအကရယ်၊ အနောက်တိုင်းအကရယ်ကို ပေါင်းစပ်ပြီးတော့ ပုံမှန်မြင်နေကြမဟုတ်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ အဲဒီအတွက် ယဉ်လက်လည်း အစွမ်းကုန် ကြိုးစားပြီးတော့ သင်ယူနေပါတယ်’’ လို့ သူကဆိုပါတယ်။

မြန်မာအကနဲ့ အနောက်တိုင်းအက နှစ်ခုစလုံးကို တစ်ပြိုင်တည်း လေ့လာသင်ကြားနေရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိတယ်လို့ ယဉ်လက်က ပြောပါတယ်။

‘’အရင်တုန်းကတော့ ဇာတ်ရုပ်အတွက် လိုအပ်တဲ့ ကကွက်လေးတွေကိုတော့ သင်ထားဖူးတာရှိတယ်။ ဒါပေမယ့် ဒီလောက် ကြီးကြီးမားမားကြီးတော့ မလုပ်ဖူးဘူးပေါ့နော်။ ဒါကြီးကတော့ အရမ်းကို ခက်ခဲမယ့် အရာပေါ့။

ကတာတောင်မှ ပုံမှန်မြင်နေကြ ကကွက်မျိုးတွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အများကြီး ကြိုးစားရပါတယ်’’ ဆိုပြီးတော့ လောကကြိုးဝိုင်း ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

အဲဒီနောက် သရုပ်ဆောင်အသစ် တစ်ယောက် အနေနဲ့ အခုလို အခက်အခဲမျိုးက ကြိုးစားခွင့်ရတဲ့အခွင့်အရေး တစ်ရပ်ဖြစ်တယ်လို့ ယဉ်လက်က ဆက်လက်ပြောပြလာပါတယ်။ အခက်အခဲဖြစ်စေမယ့် ဇာတ်ရုပ်တိုင်းကိုလည်း သူမကိုယ်တိုင်က ကြိုးစားချင်ပါတယ်တဲ့။

‘’ အက ကတဲ့ပညာရပ်ဆိုတာကလည်း တကယ်ကို ခက်ခဲတဲ့ အရာပဲလေ။ နှစ်ခုစလုံးကတော့ မလွယ်ကြဘူး။ နှစ်ခုစလုံးကို ပေါင်းစပ်တဲ့အချိန်မှာ ပိုမလွယ်ဘူး။ အဲဒီအတွက် ညီမကတော့ အကောင်းဆုံးကြိုးစားနေပါတယ်။

ဒါကလည်း သမီးရဲ့ ကြိုးစားမှုကို အခွင့်အရေးပေးတယ်လို့ပဲ ထင်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက် နေနဲ့ အမြဲတမ်း ကြိုးစားသင်ယူနေရမယ် ဆိုတာကို တွေးတယ်။ ဘယ်လို စိန်ခေါ်မှုရှိတဲ့ ဇာတ်ရုပ်ဖြစ်ဖြစ် သမီးကတော့ ကြိုးစားချင်တယ်’’ လို့ ဆိုပါတယ်။

သရုပ်ဆောင် ယဉ်လက်ကိုတော့ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ၂ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုများလာတာကို တွေ့ရပါတယ်။

Credit:burmese.asia

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top