iMyanmarHouse.com - Best Property Website for Myanmar
×

မိမိကိုယ္ကိုယ္ယံုၾကည္မႈနည္းပါးျခင္းက ဆိုးဝါးပါတယ္။ အဲဒါက ခင္ဗ်ားကိုယ္ခင္ဗ်ား ရႈံးနိမ္႔သူတစ္ေယာက္လို ခံစားေနရေအာင္လွည္႔စားႏိုင္ပါတယ္။ အဲဒီအရာက ခင္ဗ်ားကိုအခ်စ္ေတြ၊ ေပ်ာ္ရႊင္မႈေတြနဲ႔ မထိုက္တန္ဘူးလို႔ေတြးမိေအာင္ လိမ္ညာႏိုင္ပါတယ္။ ေနာက္ၿပီး အဲဒီအရာကခင္ဗ်ားကို တျခားလူေတြနဲ႔ယွဥ္ရင္ နိမ္႔က်တယ္လို႔ထင္ေအာင္ ေသြးေဆာင္ျဖားေယာင္းႏိုင္ပါတယ္။ ဒီခံစားခ်က္က ေတာ္ေတာ္ဆိုးပါတယ္။

ဒါေပမယ္႔ လူေတြမသိေသးတဲ႔အခ်က္တစ္ခ်က္ကေတာ႔ မိမိကုိယ္ကိုယ္ယံုၾကည္မႈနည္းပါးလြန္းျခင္းက ခင္ဗ်ားရဲ႕က်န္းမာေရးကိုလည္း ထိခိုက္ေစတယ္ဆိုတာပါပဲ။ အဲဒါက ခင္ဗ်ားရဲ႕စိတ္က်န္းမာေရးကို ထိခိုက္ေစၿပီး ခႏၶာကိုယ္ကိုပါထိခိုက္ေစပါတယ္။ မိမိကုိယ္ကိုယ္ယံုၾကည္မႈမရွိျခင္းေၾကာင္႔ ခႏၶာကိုယ္ကိုထိခိုက္ေစတဲ႔ ေဝဒနာေတြကေတာ႔...

အတိတ္ရဲ႕ဒဏ္ရာေတြ၊ စိတ္ဖိစီးမႈအလြန္မ်ားျပားျခင္းေတြ၊ စိတ္က်န္းမာေရးအားနည္းျခင္းေတြနဲ႕ အာဟာရခ်ိဳ႕တဲ႔ျခင္းတို႔က ေသာကေဝဒနာကိုျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ္႔ ေသာကေဝဒနာကို ျဖစ္ေစႏိုင္တဲ႔ အဓိကအေၾကာင္းရင္းတစ္ခုကေတာ႔ မိမိကိုယ္ကိုယ္ယံုၾကည္မႈနည္းျခင္းပါပဲ။

မိမိကိုယ္ကိုယ္ယံုၾကည္မႈမရွိတဲ႔လူေတြဟာ မသိစိတ္ထဲမွာအားငယ္ေနတတ္ၿပီး ေပ်ာ္ရႊင္မႈေတြနဲ႕လည္းမထိုက္တန္ဘူးလို႔ ယံုၾကည္ေနၾကပါတယ္။ အေၾကာက္တရားနဲ႔အဆိုးျမင္စိတ္ေတြဟာလည္း ႀကီးစိုးေနတတ္ပါတယ္။ ကိုယ္႔ရဲ႕စြမ္းေဆာင္ရည္ေတြနဲ႔ပတ္သက္ၿပီး အျမဲလိုလိုအားမလို အားမရျဖစ္ေနတတ္ၿပီး သူမ်ားေတြအထင္ႀကီးတာခံရဖို႔ လိုက္ၿပိဳင္ေနရင္း အခ်ိန္အမ်ားစုကို ကုန္ဆံုးတတ္ပါတယ္။ အဲဒီလို လိုက္ၿပိဳင္ေနေပမယ္႔လည္း ကိုယ္႔အရည္အခ်င္းကိုယ္ မယံုၾကည္ဘဲ ရႈံးမ်ားရႈံးသြားမလားဆိုၿပီး အျမဲစိုးရိမ္ေနတတ္ပါတယ္။ ေသာကမ်ားျခင္းေဝဒနာသိပ္ႀကီးမားလာရင္ schizophrenia လို႔ေခၚတဲ႔ စိတ္ကစဥ္႕ကလ်ားေရာဂါနဲ႕ Paranoia လုိ႕ေခၚတဲ႔ သံသယႀကီးလြန္းျခင္းစိတ္ေရာဂါတို႔ ျဖစ္လာႏိုင္ပါတယ္။

စိတ္ဓာတ္က်ျခင္းဆိုတာ စိတ္ဖိစီးမႈေၾကာင္႔ျဖစ္တတ္တဲ႔ ယာယီစိတ္ဓာတ္က်ျခင္းကိုဆိုလိုတာမဟုတ္ဘဲ စိတ္ေရာကိုယ္ပါ ဒုန္းဒုန္းက်သြားတာမ်ိဳးကို ေျပာတာပါ။ အဲဒီလိုမ်ိဳးျဖစ္ၿပီဆိုရင္ ျပန္ၿပီးနာလန္ထူလာဖို႔ဆိုတာ လနဲ႕ခ်ီၿပီးၾကာႏိုင္ပါတယ္။ စိတ္ဓာတ္အႀကီးအက်ယ္က်ဆင္းျခင္းကို ျဖစ္ေစတဲ႔ တရားခံကေတာ႔ မိမိကိုယ္ကိုယ္ယံုၾကည္မႈနည္းပါးျခင္းပါပဲ။ မိမိကိုယ္ကိုယ္ ယံုၾကည္မႈနည္းပါးျခင္းေၾကာင္႔ သူမ်ားေတြမိမိကို အသိအမွတ္ျပဳလာေအာင္ အစြမ္းကုန္ႀကိဳးစားရာက စိတ္ေရာလူပါ ေထာင္းေထာင္းေၾကသြားတာမ်ိဳးပါ။ ႀကိဳးစားေနစဥ္မွာ ဒီေဝဒနာျဖစ္ခ်င္မွျဖစ္မွာပါ။ ႀကိဳးစားသမွ်ေတြ တစ္ခုမွအရာမထင္ခ်ိန္မွာေတာ႔ အစြမ္းကုန္ႀကိဳးစားထားသမွ်ေတြက ခင္ဗ်ားကိုထိခိုက္ေစႏိုင္ပါလိမ္႔မယ္။

အိပ္မေပ်ာ္တဲ႔ေရာဂါဟာလည္း စိတ္ဖိစီးမႈေတြမ်ားလြန္းတာေၾကာင္႔ပဲ ျဖစ္တတ္ပါတယ္။ မိမိကိုယ္ကိုယ္ယံုၾကည္မႈနည္းပါးလြန္းရာက တျခားလူေတြရဲ႕အသိအမွတ္မျပဳခံရဖို႔ ေန႕ေရာညပါမအိပ္မေနႀကိဳးစားလာ ပါတယ္။ အဲဒီမွာ ေကာ္ဖီေတြစြတ္ေသာက္ရာကေန မ်က္စိကအက်င္႔ျဖစ္ၿပီး ညဘက္ေတြဆို ေတာ္ေတာ္နဲ႔အိပ္မေပ်ာ္ေတာ႔ပါဘူး။ ဒီလိုနဲ႔ ကိုယ္တြင္းကဇီဝနာရီလည္း ခ်ိဳ႕ယြင္းလာၿပီး အိပ္ခ်ိန္ေတြမမွန္၊ အိပ္ေရးေတြပ်က္လာပါေတာ႔တယ္။ အိပ္မေပ်ာ္တဲ႔ေရာဂါ တာရွည္လာရင္ ေက်ာက္ကပ္ကိုပ်က္ဆီးေစႏိုင္ပါတယ္။

လူတိုင္းလူတိုင္းမွာ တန္ဖိုးတစ္ခုစီရွိပါတယ္။ သူ႕မွာရွိတဲ႔အရည္အခ်င္းမ်ိဳး ကိုယ္႔မွာမရွိႏိုင္ရင္ေတာင္ ကိုယ္႔မွာရွိတဲ႔အရည္အခ်င္းမ်ိဳးလည္း သူ႕ဆီမွာရွိခ်င္မွရွိမွာပါ။ (ကိုယ္႔အရည္အခ်င္းကိုယ္ မျမင္ႏိုင္ေသးရင္ ေတာင္မွေပါ႔။) ဒါေၾကာင္႔ မိမိကိုယ္ကိုယ္ တန္ဖိုးထားၿပီး ယံုၾကည္မႈအျပည္႔ရွိေနေအာင္ေနသင္႔ပါတယ္။

Credit:MM
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးခြင်းက ဆိုးဝါးပါတယ်။ အဲဒါက ခင်ဗျားကိုယ်ခင်ဗျား ရှုံးနိမ့်သူတစ်ယောက်လို ခံစားနေရအောင်လှည့်စားနိုင်ပါတယ်။ အဲဒီအရာက ခင်ဗျားကိုအချစ်တွေ၊ ပျော်ရွှင်မှုတွေနဲ့ မထိုက်တန်ဘူးလို့တွေးမိအောင် လိမ်ညာနိုင်ပါတယ်။ နောက်ပြီး အဲဒီအရာကခင်ဗျားကို တခြားလူတွေနဲ့ယှဉ်ရင် နိမ့်ကျတယ်လို့ထင်အောင် သွေးဆောင်ဖြားယောင်းနိုင်ပါတယ်။ ဒီခံစားချက်က တော်တော်ဆိုးပါတယ်။

ဒါပေမယ့် လူတွေမသိသေးတဲ့အချက်တစ်ချက်ကတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလွန်းခြင်းက ခင်ဗျားရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်ဆိုတာပါပဲ။ အဲဒါက ခင်ဗျားရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး ခန္ဓာကိုယ်ကိုပါထိခိုက်စေပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိခြင်းကြောင့် ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ ဝေဒနာတွေကတော့...

အတိတ်ရဲ့ဒဏ်ရာတွေ၊ စိတ်ဖိစီးမှုအလွန်များပြားခြင်းတွေ၊ စိတ်ကျန်းမာရေးအားနည်းခြင်းတွေနဲ့ အာဟာရချို့တဲ့ခြင်းတို့က သောကဝေဒနာကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သောကဝေဒနာကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်းပါပဲ။

မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့လူတွေဟာ မသိစိတ်ထဲမှာအားငယ်နေတတ်ပြီး ပျော်ရွှင်မှုတွေနဲ့လည်းမထိုက်တန်ဘူးလို့ ယုံကြည်နေကြပါတယ်။ အကြောက်တရားနဲ့အဆိုးမြင်စိတ်တွေဟာလည်း ကြီးစိုးနေတတ်ပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး အမြဲလိုလိုအားမလို အားမရဖြစ်နေတတ်ပြီး သူများတွေအထင်ကြီးတာခံရဖို့ လိုက်ပြိုင်နေရင်း အချိန်အများစုကို ကုန်ဆုံးတတ်ပါတယ်။ အဲဒီလို လိုက်ပြိုင်နေပေမယ့်လည်း ကိုယ့်အရည်အချင်းကိုယ် မယုံကြည်ဘဲ ရှုံးများရှုံးသွားမလားဆိုပြီး အမြဲစိုးရိမ်နေတတ်ပါတယ်။ သောကများခြင်းဝေဒနာသိပ်ကြီးမားလာရင် schizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါနဲ့ Paranoia လို့ခေါ်တဲ့ သံသယကြီးလွန်းခြင်းစိတ်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။

စိတ်ဓာတ်ကျခြင်းဆိုတာ စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ယာယီစိတ်ဓာတ်ကျခြင်းကိုဆိုလိုတာမဟုတ်ဘဲ စိတ်ရောကိုယ်ပါ ဒုန်းဒုန်းကျသွားတာမျိုးကို ပြောတာပါ။ အဲဒီလိုမျိုးဖြစ်ပြီဆိုရင် ပြန်ပြီးနာလန်ထူလာဖို့ဆိုတာ လနဲ့ချီပြီးကြာနိုင်ပါတယ်။ စိတ်ဓာတ်အကြီးအကျယ်ကျဆင်းခြင်းကို ဖြစ်စေတဲ့ တရားခံကတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးခြင်းပါပဲ။ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်းကြောင့် သူများတွေမိမိကို အသိအမှတ်ပြုလာအောင် အစွမ်းကုန်ကြိုးစားရာက စိတ်ရောလူပါ ထောင်းထောင်းကြေသွားတာမျိုးပါ။ ကြိုးစားနေစဉ်မှာ ဒီဝေဒနာဖြစ်ချင်မှဖြစ်မှာပါ။ ကြိုးစားသမျှတွေ တစ်ခုမှအရာမထင်ချိန်မှာတော့ အစွမ်းကုန်ကြိုးစားထားသမျှတွေက ခင်ဗျားကိုထိခိုက်စေနိုင်ပါလိမ့်မယ်။

အိပ်မပျော်တဲ့ရောဂါဟာလည်း စိတ်ဖိစီးမှုတွေများလွန်းတာကြောင့်ပဲ ဖြစ်တတ်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလွန်းရာက တခြားလူတွေရဲ့အသိအမှတ်မပြုခံရဖို့ နေ့ရောညပါမအိပ်မနေကြိုးစားလာ ပါတယ်။ အဲဒီမှာ ကော်ဖီတွေစွတ်သောက်ရာကနေ မျက်စိကအကျင့်ဖြစ်ပြီး ညဘက်တွေဆို တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။ ဒီလိုနဲ့ ကိုယ်တွင်းကဇီဝနာရီလည်း ချို့ယွင်းလာပြီး အိပ်ချိန်တွေမမှန်၊ အိပ်ရေးတွေပျက်လာပါတော့တယ်။ အိပ်မပျော်တဲ့ရောဂါ တာရှည်လာရင် ကျောက်ကပ်ကိုပျက်ဆီးစေနိုင်ပါတယ်။

လူတိုင်းလူတိုင်းမှာ တန်ဖိုးတစ်ခုစီရှိပါတယ်။ သူ့မှာရှိတဲ့အရည်အချင်းမျိုး ကိုယ့်မှာမရှိနိုင်ရင်တောင် ကိုယ့်မှာရှိတဲ့အရည်အချင်းမျိုးလည်း သူ့ဆီမှာရှိချင်မှရှိမှာပါ။ (ကိုယ့်အရည်အချင်းကိုယ် မမြင်နိုင်သေးရင် တောင်မှပေါ့။) ဒါကြောင့် မိမိကိုယ်ကိုယ် တန်ဖိုးထားပြီး ယုံကြည်မှုအပြည့်ရှိနေအောင်နေသင့်ပါတယ်။

Credit:MM
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top