iMyanmarHouse.com - Best Property Website for Myanmar
×



ျမန္မာတို႔ရဲ႕ အသည္းစြဲေက်ာ္ သူရဲေကာင္းၾကီး ေအာင္လအန္ဆန္း ၾကိဳး၀ိုင္းထဲမွာပဲ ေအာင္ပြဲေတြ အလီလီ ရေနတာမဟုတ္ပါဘူး ၊ အခ်စ္ေရးမွာလဲ ဇနီးျဖစ္သူက သူ႔ကို စတင္ခ်ဥ္ကပ္ခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ဖူးပါတယ္။

ထူးျခားတာကေအာင္လအန္ဆန္း အတြက္ ဘ၀ အလွည့္အေျပာင္းလို႔ ဆိုလို႔ရမယ့္ အရာတိုင္းဟာ MMA ကစားနည္းနဲ႔ ဆက္စပ္ျပီးပဲ ျဖစ္ေပၚလာခဲ့တာပါ။



MMA ကစားနည္း နဲ႔ပဲ ကမၻာ့ခ်န္ပီယံဆု 2 ခု ကို လက္၀ယ္ သိမ္းပိုက္ ထားႏိုင္ခဲ့သလုိ ၊ ဇနီးျဖစ္သူ ေကသီ ကိုလဲ MMA ေလ့က်င့္ေရး စင္တာမွာပဲ ေတြ႔ဆံုခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေအာင္လ ကိုယ္တိုင္က MMA ကစားနည္းဟာ သူ႔ဘ၀ အတြက္ဘယ္ေလာက္ အထိ အေရးပါေနလဲ ဆိုတာ အခုလို ထုတ္ေဖာ္ ေျပာျပသြားခဲ့ ပါတယ္။”

က်ေနာ္သာ MMA အေပၚ မရူးသြပ္ပဲနဲ႔ Crazy 88 မွာ ေလ့က်င့္ မေနခဲ့ရင္ ၊ က်ေနာ့္ဇနီးနဲ႔ ဆံုျဖစ္ခဲ့မယ္ မထင္ပါဘူး ။ ရလာဒ္ ကေတာ့ က်ေနာ့္ရဲ႕ ဘ၀ အေနအထားဟာ အခုလိုမ်ိဳး ေအာင္ျမင္မႈေတြ ရွိလာလိမ့္မယ္လို႔ ေျပာဖို႔ အရမ္းခက္ပါလိမ့္မယ္။

ဒါေပမယ့္ သူမ နဲ႔ က်ေနာ္က မတူတာေတြ ေတာ္ေတာ္မ်ားသားဗ်။ သူမ လုပ္ေလ့ရွိတာေတြ နဲ႔ က်ေနာ္ လုပ္ေနတာေတြနဲ႔က ဆန္႔က်င္ဘက္ေတြ

ျဖစ္ေနခဲ့တာေလ။ ဥပမာ လက္မထပ္ခင္တုန္း က ဆိုရင္ သူမက Crazy 88 ေလ့က်င့္ရဲ႕ ေျမာက္ဘက္ ေဒသမွာ ေနသလို ၊ က်ေနာ္က ေတာင္ဘက္ပိုင္းမွာ ေနခဲ့တာဗ်။



ဒါေၾကာင့္ Crazy 88 မွာသာ က်ေနာ္ ရွိမေနခဲ့ရင္ သူမနဲ႔ ဘယ္လိုမွ ဆံုေတြ႔ႏိုင္စရာ အေၾကာင္း မရွိဘူးလို႔ ေျပာတာေပါ့။

ပထမေတာ့ သူမ က က်ေနာ္တို႔ စင္တာကို ဘရာဇီး Jiu-Jitsu သင္ယူဖို႔ ေရာက္လာခဲ့တာပါ။ က်ေနာ္က သူ႔ရဲ႕ ဆရာေပါ့။ အထူးသျဖင့္ေျခေထာက္ကန္ခ်က္ေတြ သင္ၾကားရတဲ့ အပိုင္းမွာ က်ေနာ္က တာ၀န္ယူထားတဲ့ အခ်ိန္ပါ။

အဲဒီ ကတည္းက သူမဟာ က်ေနာ့္ကို အျပင္မွာ ေတြ႔ဖို႔ ခ်ိန္းပါတယ္ ၊ စစခ်င္းေတာ့ က်ေနာ္က လက္မခံ ခဲ့ပါဘူး။ ဆရာ နဲ႔ တပည့္ အျပင္မွာ ခ်ိန္းေတြ႔ၾကတယ္ ဆိုတာမ်ိဳး အေျပာခံရတာလဲ မျဖစ္ခ်င္ဘူးေလ။

ဒါေပမယ့္ ေကသီက ဇြဲမေလွ်ာ့ဘူးဗ်။ ခဏခဏ ခ်ိန္းတာမ်ားေတာ့ ေနာက္ပိုင္းမွာ က်ေနာ္က လက္ခံလိုက္ေတာ့တာပါပဲ။ သူမနဲ႔ အျပင္မွာ အတူတူရွိတဲ့ အခ်ိန္ေတြ မ်ားလာေလေလ ၊ တစ္ဦးအေပၚ တစ္ဦး ဘယ္လို နားလည္မႈေတြ ရွိလဲ ဆိုတာ ပိုျပီး သိလာေလေလပဲေပါ့ဗ်ာ။

က်ေနာ္တို႔ ႏွစ္ေယာက္က တကယ္ကို ေရွ႕သြားေနာက္လိုက္ ညီတဲ့သူေတြပါ” လို႔ ျပန္ေျပာင္း ေျပာဆုိသြားခဲ့ပါတယ္။



2013 ခုႏွစ္ မွာေတာ့ ေအာင္လန္အန္ဆန္း နဲ႔ ေကသီ တို႔ဟာ တရား၀င္ လက္ထပ္ခဲ့ၾကျပီး ၊ 2015 ခုႏွစ္မွာ သားေလး ေအာင္ဒီကို ေမြးဖြားခဲ့ၾကပါတယ္။ဆက္လက္ျပီး ေအာင္လအန္ဆန္း က ဇနီးသည္ဟာ သူ႔အေပၚ ဘယ္ေလာက္အထိ အားေပးမႈေတြ ရွိတယ္ ဆိုတဲ့ အေၾကာင္းကို အခုလို ရင္ဖြင့္ခဲ့ ပါေသးတယ္။

” သူမ က က်ေနာ့္ရဲ႕ ဖိုက္တာ ဘ၀ ပထမဆံုးေန႔ ကတည္းက အားေပးခဲ့တာပါ။ အျမဲတမ္းလဲ က်ေနာ္နဲ႔ အတူ ရွိေနသလို ၊ က်ေနာ့္ အေပၚလဲ ယံုၾကည္မႈ ရွိတဲ့သူေပါ့။ က်ေနာ္ ရႈံးနိမ့္တဲ့ အခ်ိန္မ်ိဳးမွာေတာင္ ဘယ္ေတာ့မွာ စိတ္ပ်က္မသြားတဲ့ ပရိသတ္မ်ိဳးေပါ့။

ျပီးေတာ့ စိတ္လႈပ္ရွားမႈ အျပည့္ေပးတဲ့ က်ေနာ့္ရဲ႕ ပြဲစဥ္ေတြကိုပဲ ေကသီက အျမဲတမ္း ၾကည့္ခ်င္တာေလ။ ဒါေၾကာင့္ က်ေနာ္ကလဲ အေကာင္းဆံုး ေဖ်ာ္ေျဖမႈေတြ ေပးႏိုင္တဲ့ ပြဲေတြ ျဖစ္ေအာင္ပဲ ၾကိဳးစားထိုးသတ္ေနတာေပါ့ဗ်ာ” လို႔ ေျပာဆုိ သြားခဲ့ ပါတယ္။



Credit:burmese.asia

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာတို့ရဲ့ အသည်းစွဲကျော် သူရဲကောင်းကြီး အောင်လအန်ဆန်း ကြိုးဝိုင်းထဲမှာပဲ အောင်ပွဲတွေ အလီလီ ရနေတာမဟုတ်ပါဘူး ၊ အချစ်ရေးမှာလဲ ဇနီးဖြစ်သူက သူ့ကို စတင်ချဉ်ကပ်ခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

ထူးခြားတာကအောင်လအန်ဆန်း အတွက် ဘ၀ အလှည့်အပြောင်းလို့ ဆိုလို့ရမယ့် အရာတိုင်းဟာ MMA ကစားနည်းနဲ့ ဆက်စပ်ပြီးပဲ ဖြစ်ပေါ်လာခဲ့တာပါ။

MMA ကစားနည်း နဲ့ပဲ ကမ္ဘာ့ချန်ပီယံဆု 2 ခု ကို လက်ဝယ် သိမ်းပိုက် ထားနိုင်ခဲ့သလို ၊ ဇနီးဖြစ်သူ ကေသီ ကိုလဲ MMA လေ့ကျင့်ရေး စင်တာမှာပဲ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အောင်လ ကိုယ်တိုင်က MMA ကစားနည်းဟာ သူ့ဘ၀ အတွက်ဘယ်လောက် အထိ အရေးပါနေလဲ ဆိုတာ အခုလို ထုတ်ဖော် ပြောပြသွားခဲ့ ပါတယ်။”

ကျနော်သာ MMA အပေါ် မရူးသွပ်ပဲနဲ့ Crazy 88 မှာ လေ့ကျင့် မနေခဲ့ရင် ၊ ကျနော့်ဇနီးနဲ့ ဆုံဖြစ်ခဲ့မယ် မထင်ပါဘူး ။ ရလာဒ် ကတော့ ကျနော့်ရဲ့ ဘ၀ အနေအထားဟာ အခုလိုမျိုး အောင်မြင်မှုတွေ ရှိလာလိမ့်မယ်လို့ ပြောဖို့ အရမ်းခက်ပါလိမ့်မယ်။

ဒါပေမယ့် သူမ နဲ့ ကျနော်က မတူတာတွေ တော်တော်များသားဗျ။ သူမ လုပ်လေ့ရှိတာတွေ နဲ့ ကျနော် လုပ်နေတာတွေနဲ့က ဆန့်ကျင်ဘက်တွေ

ဖြစ်နေခဲ့တာလေ။ ဥပမာ လက်မထပ်ခင်တုန်း က ဆိုရင် သူမက Crazy 88 လေ့ကျင့်ရဲ့ မြောက်ဘက် ဒေသမှာ နေသလို ၊ ကျနော်က တောင်ဘက်ပိုင်းမှာ နေခဲ့တာဗျ။

ဒါကြောင့် Crazy 88 မှာသာ ကျနော် ရှိမနေခဲ့ရင် သူမနဲ့ ဘယ်လိုမှ ဆုံတွေ့နိုင်စရာ အကြောင်း မရှိဘူးလို့ ပြောတာပေါ့။

ပထမတော့ သူမ က ကျနော်တို့ စင်တာကို ဘရာဇီး Jiu-Jitsu သင်ယူဖို့ ရောက်လာခဲ့တာပါ။ ကျနော်က သူ့ရဲ့ ဆရာပေါ့။ အထူးသဖြင့်ခြေထောက်ကန်ချက်တွေ သင်ကြားရတဲ့ အပိုင်းမှာ ကျနော်က တာဝန်ယူထားတဲ့ အချိန်ပါ။

အဲဒီ ကတည်းက သူမဟာ ကျနော့်ကို အပြင်မှာ တွေ့ဖို့ ချိန်းပါတယ် ၊ စစချင်းတော့ ကျနော်က လက်မခံ ခဲ့ပါဘူး။ ဆရာ နဲ့ တပည့် အပြင်မှာ ချိန်းတွေ့ကြတယ် ဆိုတာမျိုး အပြောခံရတာလဲ မဖြစ်ချင်ဘူးလေ။

ဒါပေမယ့် ကေသီက ဇွဲမလျှော့ဘူးဗျ။ ခဏခဏ ချိန်းတာများတော့ နောက်ပိုင်းမှာ ကျနော်က လက်ခံလိုက်တော့တာပါပဲ။ သူမနဲ့ အပြင်မှာ အတူတူရှိတဲ့ အချိန်တွေ များလာလေလေ ၊ တစ်ဦးအပေါ် တစ်ဦး ဘယ်လို နားလည်မှုတွေ ရှိလဲ ဆိုတာ ပိုပြီး သိလာလေလေပဲပေါ့ဗျာ။

ကျနော်တို့ နှစ်ယောက်က တကယ်ကို ရှေ့သွားနောက်လိုက် ညီတဲ့သူတွေပါ” လို့ ပြန်ပြောင်း ပြောဆိုသွားခဲ့ပါတယ်။

2013 ခုနှစ် မှာတော့ အောင်လန်အန်ဆန်း နဲ့ ကေသီ တို့ဟာ တရားဝင် လက်ထပ်ခဲ့ကြပြီး ၊ 2015 ခုနှစ်မှာ သားလေး အောင်ဒီကို မွေးဖွားခဲ့ကြပါတယ်။ဆက်လက်ပြီး အောင်လအန်ဆန်း က ဇနီးသည်ဟာ သူ့အပေါ် ဘယ်လောက်အထိ အားပေးမှုတွေ ရှိတယ် ဆိုတဲ့ အကြောင်းကို အခုလို ရင်ဖွင့်ခဲ့ ပါသေးတယ်။

” သူမ က ကျနော့်ရဲ့ ဖိုက်တာ ဘ၀ ပထမဆုံးနေ့ ကတည်းက အားပေးခဲ့တာပါ။ အမြဲတမ်းလဲ ကျနော်နဲ့ အတူ ရှိနေသလို ၊ ကျနော့် အပေါ်လဲ ယုံကြည်မှု ရှိတဲ့သူပေါ့။ ကျနော် ရှုံးနိမ့်တဲ့ အချိန်မျိုးမှာတောင် ဘယ်တော့မှာ စိတ်ပျက်မသွားတဲ့ ပရိသတ်မျိုးပေါ့။

ပြီးတော့ စိတ်လှုပ်ရှားမှု အပြည့်ပေးတဲ့ ကျနော့်ရဲ့ ပွဲစဉ်တွေကိုပဲ ကေသီက အမြဲတမ်း ကြည့်ချင်တာလေ။ ဒါကြောင့် ကျနော်ကလဲ အကောင်းဆုံး ဖျော်ဖြေမှုတွေ ပေးနိုင်တဲ့ ပွဲတွေ ဖြစ်အောင်ပဲ ကြိုးစားထိုးသတ်နေတာပေါ့ဗျာ” လို့ ပြောဆို သွားခဲ့ ပါတယ်။

Credit:burmese.asia

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top