iMyanmarHouse.com - Best Property Website for Myanmar
×


ရာသီဥတုပူရင္ ေသြးတိုး တက္တတ္သလား?

ယေန႔ေခတ္မွာ မကူးစက္တတ္တဲ့ ေရာဂါေတြျဖစ္တဲ့ ေသြးတိုး၊ ဆီးခ်ိဳ စတာေတြက အရမ္း အျဖစ္မ်ားလာပါတယ္။ ေသြးတိုးတယ္ဆိုတာက ဆားမ်ားတဲ့ အစားအစာေတြ စားတာအပါအဝင္ က်န္းမာေရးနဲ႔ မညီတဲ့ စားသံုးမႈပံုစံေတြနဲ႔ ေလ့က်င့္ခန္း မလုပ္၊ လႈပ္ရွားမႈမရွိတဲ့ ေနထိုင္မႈပံုစံေတြနဲ႔ ဆက္စပ္ေနပါတယ္။


ရာသီဥတုကေရာ ေသြးတုိးတာအေပၚမွာ သက္ေရာက္မႈရွိပါသလား?

က်န္းမာေရးနဲ႔မညီတဲ့ စားေသာက္မႈပံုစံနဲ႔ ေလ့က်င့္ခန္း ပံုမွန္မလုပ္တာေတြေၾကာင့္ ေသြးတိုးေရာဂါ စြဲကပ္ေစပါတယ္။

ရာသီဥတု ပူတဲ့အခါမွာ ေသြးလႊတ္ေၾကာနဲ႔ ေသြးျပန္ေၾကာေတြ က်ယ္ၿပီးေတာ့ ေသြးေပါင္ က်ေစပါတယ္။

ဒီေတာ့ ပူျပင္းတဲ့ရာသီဥတုက ေသြးေပါင္က်ေစဖို႔အတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။

 ေသြးတိုးတာက အစားအေသာက္၊ ေလ့က်င့္ခန္း စတဲ့ ကိုယ္ထိန္းခ်ဳပ္လို႔ရတဲ့ အခ်က္ေတြရယ္၊ အသက္အရြယ္၊ လူမ်ိဳး စတဲ့ ထိန္းခ်ဳပ္လို႔မရတဲ့အခ်က္ေတြနဲ႔လည္း ဆက္စပ္ေနႏိုင္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ရာသီဥတုကလည္း ေသြးေပါင္ခ်ိန္ကို ေျပာင္းလဲေစႏိုင္ပါတယ္။ ေနပူထဲမွာ အၾကာႀကီးေနတာ၊ ရာသီဥတု ပူတာေတြေၾကာင့္ ေသြးေပါင္ က်ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အခုလို ပူျပင္းတဲ့ ရာသီမွာ ေသြးေပါင္က်တတ္သူေတြဟာ ေနရိပ္ထဲေနျခင္း၊ ဓာတ္ဆားရည္ေသာက္ျခင္း စသည္တို႔ျဖင့္ ေသြးေပါင္ခ်ိန္ကို ထိန္းေပးသင့္ပါတယ္။

Credit:drmyanmar

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ရာသီဥတုပူရင် သွေးတိုး တက်တတ်သလား?

ယနေ့ခေတ်မှာ မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို စတာတွေက အရမ်း အဖြစ်များလာပါတယ်။ သွေးတိုးတယ်ဆိုတာက ဆားများတဲ့ အစားအစာတွေ စားတာအပါအဝင် ကျန်းမာရေးနဲ့ မညီတဲ့ စားသုံးမှုပုံစံတွေနဲ့ လေ့ကျင့်ခန်း မလုပ်၊ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံတွေနဲ့ ဆက်စပ်နေပါတယ်။


ရာသီဥတုကရော သွေးတိုးတာအပေါ်မှာ သက်ရောက်မှုရှိပါသလား?

ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်း ပုံမှန်မလုပ်တာတွေကြောင့် သွေးတိုးရောဂါ စွဲကပ်စေပါတယ်။

ရာသီဥတု ပူတဲ့အခါမှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေ ကျယ်ပြီးတော့ သွေးပေါင် ကျစေပါတယ်။

ဒီတော့ ပူပြင်းတဲ့ရာသီဥတုက သွေးပေါင်ကျစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

 သွေးတိုးတာက အစားအသောက်၊ လေ့ကျင့်ခန်း စတဲ့ ကိုယ်ထိန်းချုပ်လို့ရတဲ့ အချက်တွေရယ်၊ အသက်အရွယ်၊ လူမျိုး စတဲ့ ထိန်းချုပ်လို့မရတဲ့အချက်တွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရာသီဥတုကလည်း သွေးပေါင်ချိန်ကို ပြောင်းလဲစေနိုင်ပါတယ်။ နေပူထဲမှာ အကြာကြီးနေတာ၊ ရာသီဥတု ပူတာတွေကြောင့် သွေးပေါင် ကျစေနိုင်ပါတယ်။ ဒါကြောင့် အခုလို ပူပြင်းတဲ့ ရာသီမှာ သွေးပေါင်ကျတတ်သူတွေဟာ နေရိပ်ထဲနေခြင်း၊ ဓာတ်ဆားရည်သောက်ခြင်း စသည်တို့ဖြင့် သွေးပေါင်ချိန်ကို ထိန်းပေးသင့်ပါတယ်။

Credit:drmyanmar

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top