iMyanmarHouse.com - Best Property Website for Myanmar
×

မနက္လင္းပါၿပီဆိုကတည္းက အေစာဆံုးထရတဲ့သူတို႔ ။
အကုန္လံုးကို လိုက္ႏိႈးရတဲ့သူတို႔ ။

နာရီေတြကမွ ဓာတ္ခဲကုန္ရင္ ရပ္ဦးမယ္ ။
သူတို႔ရဲ႕ ေမတၱာသံပတ္ကေတာ့ ဘယ္ေတာ့မွမကုန္ ၊
ဘယ္ေတာ့မွ မရပ္ ။ သက္႐ွိႏိႈးစက္ေတြဟာ ……
ဆယ့္ႏွစ္လရာသီ အိမ္တိုင္းမွာ ၾကည္ၾကည္သာသာျမည္လို႔ ။

ဗိုက္ထဲကို အစာပူပူေႏြးေႏြး ဝင္သြားဖို႔ အေရး ။

ထမင္းဘူးကိုယ္စီ ဖြယ္ဖြယ္ရာရာ ပါသြားဖို႔ အေရး ။
ဘယ္သူဘယ္အခ်ိန္ ဘာလုပ္ရမလဲဆိုတာ……
ကာယကံ႐ွင္က ေမ့ခ်င္ေမ့မယ္ ။
သူတို႔ေခါင္းထဲမွာေတာ့ အျမဲအစီအရီ ။
အျမဲ ေျပးေျပးလႊားလႊား ။
အျမဲ ဇယ္စက္သလို ။

အဝတ္ေတြ ျဖဴျဖဴေဖြးေဖြးဝတ္ရဖို ့၊
တစ္အိမ္သားလံုး က်န္းက်န္းမာမာျဖစ္ဖို႔ ၊
စားသမွ် အာဟာရပါဖို႔ ၊
ေသာက္သမွ် အရသာ႐ွိဖို႔ ၊
ေရမလာလို႔ ၊ မီးမလာလို႔ ၊
နာေရးသြားေမးဖို႔ ၊ သာေရး သြားကူဖို႔ ။
သူတို႔ဟာ သူတို႔ႏိုင္ငံေလးရဲ႕ သမၼတပဲ ။
စီမံ ခန္႔ခြဲ စဥ္းစား ဆံုးျဖတ္
ဘယ္ဖက္ကမွ မလိုအပ္ခဲ့ၾကဘူး ။

ဆရာဝန္တစ္ေယာက္က ေဆးပဲကုတာ ။
ေက်ာင္းဆရာတစ္ေယာက္က စာပဲ သင္တာ ။
စားဖိုမွဴးတစ္ေယာက္က ဟင္းပဲခ်က္တာ ။
သူတို႔ကေတာ့ အဲဒီ့အလုပ္ေတြကို ……
သူတို႔ အိမ္သားေတြအတြက္ အကုန္လုပ္ၾကတာ ။

ျကြပ္ႂကြပ္အိပ္ လိုခ်င္ရင္ကအစ……
သားေရပင္ ဘယ္မွာ႐ွိတယ္အဆံုး……
ေဆးပုလင္း ဘယ္လိုသိမ္းထားတယ္အစ………
ေသာ့ေတြ ဘယ္နားထားမိတယ္အဆံုး
သူတို႔ဟာ သူတို႔အိမ္အတြက္……
အျမဲတိက်တဲ့ (Google)
ဘာကိုသိခ်င္ သိခ်င္……
ဘာပစၥည္း ႐ွာခ်င္ ႐ွာခ်င္
သူတို႔ကူမွ လိုရာေရာက္တယ္။
သူတို႔ ပါမွ ကိစၥၿပီးတာပဲ ။

ဒီေလာက္မ်ားတဲ့အလုပ္ေတြ……

ဒီေလာက္မ်ားတဲ့ တာဝန္ေတြကို

ဘယ္လိုစိတ္ေတြနဲ႔ ……
နွစ္ဆယ့္ေလးနာရီလုပ္ၾကသလဲ
ဘယ္လို အေၾကာင္းရင္းေတြနဲ႔ ……
ႏွစ္႐ွည္လမ်ား ျဖတ္သန္းၾကသလဲ ။

အေျဖကေတာ့ ႐ိုး႐ိုးေလးပါ……

မိသားစုအေပၚထားတဲ႔သံေယာဇဥ္နဲ႔……
အလိုအေလ်ာက္ျဖစ္တည္လာတဲ့……
မိခင္စိတ္ တစ္ခုတည္းေၾကာင့္ေပါ့ ။

အေကာင္းျကိုက္တတ္တဲ့ လူခ်င္းအတူတူ……
အ႐ိုးအရင္းပဲစားၾကတာ။

ေလာဘ႐ွိၾကတဲ့ စိတ္ခ်င္းအတူတူ……
ပိုလွ်ံမွပဲ သံုးစြဲၾကတာ။

အေသြးအသားနဲ႔တည္ေဆာက္ထားတဲ့……
ခႏၶာကိုယ္ခ်င္းအတူတူ……
ေနာက္ဆံုးၾကမွပဲ အိပ္စက္တတ္ၾကတာ……
ဒါ သိပ္ခ်စ္တတ္ၾကတဲ့ “မာတာ” ေတြပါပဲ။

သူတို႔ဟာ အိမ္ေထာင္စုဇယားမွာ မွီခိုပါ ။
တကယ့္တကယ္က်……
တစ္အိမ္သားလံုး တစ္မိသားစုလံုးဟာ……
ဘုရင္ကအစ ဘုရားအဆံုးဟာ……
သူတို႔ ေမတၱာ အေပၚမွီၿပီး……
သူတို႔ ေစတနာေပၚမွာ ခိုခဲ့ၾကဖူးတာ ၊
ခိုေနခဲ့ျကတာ ၊ ခိုေနၾကရဦးမွာပါ ။

အေမမ်ား အားလံုးကို ေလးစားလ်က္🙏🙏🙏
Credit: Thi Ha

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မနက်လင်းပါပြီဆိုကတည်းက အစောဆုံးထရတဲ့သူတို့ ။
အကုန်လုံးကို လိုက်နှိုးရတဲ့သူတို့ ။

နာရီတွေကမှ ဓာတ်ခဲကုန်ရင် ရပ်ဦးမယ် ။
သူတို့ရဲ့ မေတ္တာသံပတ်ကတော့ ဘယ်တော့မှမကုန် ၊
ဘယ်တော့မှ မရပ် ။ သက်ရှိနှိုးစက်တွေဟာ ……
ဆယ့်နှစ်လရာသီ အိမ်တိုင်းမှာ ကြည်ကြည်သာသာမြည်လို့ ။

ဗိုက်ထဲကို အစာပူပူနွေးနွေး ဝင်သွားဖို့ အရေး ။

ထမင်းဘူးကိုယ်စီ ဖွယ်ဖွယ်ရာရာ ပါသွားဖို့ အရေး ။
ဘယ်သူဘယ်အချိန် ဘာလုပ်ရမလဲဆိုတာ……
ကာယကံရှင်က မေ့ချင်မေ့မယ် ။
သူတို့ခေါင်းထဲမှာတော့ အမြဲအစီအရီ ။
အမြဲ ပြေးပြေးလွှားလွှား ။
အမြဲ ဇယ်စက်သလို ။

အဝတ်တွေ ဖြူဖြူဖွေးဖွေးဝတ်ရဖို့၊
တစ်အိမ်သားလုံး ကျန်းကျန်းမာမာဖြစ်ဖို့ ၊
စားသမျှ အာဟာရပါဖို့ ၊
သောက်သမျှ အရသာရှိဖို့ ၊
ရေမလာလို့ ၊ မီးမလာလို့ ၊
နာရေးသွားမေးဖို့ ၊ သာရေး သွားကူဖို့ ။
သူတို့ဟာ သူတို့နိုင်ငံလေးရဲ့ သမ္မတပဲ ။
စီမံ ခန့်ခွဲ စဉ်းစား ဆုံးဖြတ်
ဘယ်ဖက်ကမှ မလိုအပ်ခဲ့ကြဘူး ။

ဆရာဝန်တစ်ယောက်က ဆေးပဲကုတာ ။
ကျောင်းဆရာတစ်ယောက်က စာပဲ သင်တာ ။
စားဖိုမှူးတစ်ယောက်က ဟင်းပဲချက်တာ ။
သူတို့ကတော့ အဲဒီ့အလုပ်တွေကို ……
သူတို့ အိမ်သားတွေအတွက် အကုန်လုပ်ကြတာ ။

ကြွပ်ကြွပ်အိပ် လိုချင်ရင်ကအစ……
သားရေပင် ဘယ်မှာရှိတယ်အဆုံး……
ဆေးပုလင်း ဘယ်လိုသိမ်းထားတယ်အစ………
သော့တွေ ဘယ်နားထားမိတယ်အဆုံး
သူတို့ဟာ သူတို့အိမ်အတွက်……
အမြဲတိကျတဲ့ (Google)
ဘာကိုသိချင် သိချင်……
ဘာပစ္စည်း ရှာချင် ရှာချင်
သူတို့ကူမှ လိုရာရောက်တယ်။
သူတို့ ပါမှ ကိစ္စပြီးတာပဲ ။

ဒီလောက်များတဲ့အလုပ်တွေ……

ဒီလောက်များတဲ့ တာဝန်တွေကို

ဘယ်လိုစိတ်တွေနဲ့ ……
နှစ်ဆယ့်လေးနာရီလုပ်ကြသလဲ
ဘယ်လို အကြောင်းရင်းတွေနဲ့ ……
နှစ်ရှည်လများ ဖြတ်သန်းကြသလဲ ။

အဖြေကတော့ ရိုးရိုးလေးပါ……

မိသားစုအပေါ်ထားတဲ့သံယောဇဉ်နဲ့……
အလိုအလျောက်ဖြစ်တည်လာတဲ့……
မိခင်စိတ် တစ်ခုတည်းကြောင့်ပေါ့ ။

အကောင်းကြိုက်တတ်တဲ့ လူချင်းအတူတူ……
အရိုးအရင်းပဲစားကြတာ။

လောဘရှိကြတဲ့ စိတ်ချင်းအတူတူ……
ပိုလျှံမှပဲ သုံးစွဲကြတာ။

အသွေးအသားနဲ့တည်ဆောက်ထားတဲ့……
ခန္ဓာကိုယ်ချင်းအတူတူ……
နောက်ဆုံးကြမှပဲ အိပ်စက်တတ်ကြတာ……
ဒါ သိပ်ချစ်တတ်ကြတဲ့ “မာတာ” တွေပါပဲ။

သူတို့ဟာ အိမ်ထောင်စုဇယားမှာ မှီခိုပါ ။
တကယ့်တကယ်ကျ……
တစ်အိမ်သားလုံး တစ်မိသားစုလုံးဟာ……
ဘုရင်ကအစ ဘုရားအဆုံးဟာ……
သူတို့ မေတ္တာ အပေါ်မှီပြီး……
သူတို့ စေတနာပေါ်မှာ ခိုခဲ့ကြဖူးတာ ၊
ခိုနေခဲ့ကြတာ ၊ ခိုနေကြရဦးမှာပါ ။

အမေများ အားလုံးကို လေးစားလျက်🙏🙏🙏
Credit: Thi Ha

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top