iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ေကာက္တတ္တဲ့ ေကာင္မေလး ပိုင္ဆိုင္ထားရင္ေတာ့ သူစိတ္ေကာက္ႏိုင္တဲ့အခ်က္ေတြကို သိထားသင့္ပါတယ္ေနာ္။ ဒါမွ ေခ်ာ့ဖို႔ အေၾကာင္းျပခ်က္ေတြ ႀကိဳတင္ရွာထားႏိုင္မွာပါ။

မိန္းကေလးဆိုတဲ့ သေဘာသဘာဝကေတာ့ စိတ္ေကာက္ရမွာကို ေနသာထုိင္သာ ရွိတာမလား၊ သိသိသာသာေရာ မသိမသာေရာ စိတ္ကေတာ့ ေကာက္ေနတာပါပဲ။ စိတ္ေကာက္တဲ့အခ်က္ေတြကလည္း မ်ားလြန္းတယ္ေလ။ ခ်စ္သူေကာင္မေလး စိတ္ေကာက္ႏိုင္တဲ့ အခ်က္ေလးေတြ သိထားရင္ ႀကိဳတင္ေရွာင္ရွား၊ ေခ်ာ့ဖို႔လည္း ျပင္ဆင္လုိ႔ ရတာမို႔ အခ်စ္ေရး အဆင္ေျပေနေတာ့မွာပါ။

ကဲ ေကာင္မေလးေတြ အမ်ားစု စိတ္ေကာက္ႏိုင္တဲ့အခ်က္ေတြက ဘယ္အရာေတြျဖစ္မလဲ ေလ့လာၾကည့္ရေအာင္။

ရည္းစားေဟာင္းနဲ႔ ပတ္သက္ၿပီး

ေကာင္မေလးဆိုတာက ဘယ္ေလာက္ပဲ သဝန္မတိုပါဘူး၊ ေနာက္ေၾကာင္းေတြ စိတ္မဝင္စားဘူးပဲေျပာေျပာ ရည္းစားေဟာင္းနဲ႔ ပတ္သက္ရင္ေတာ့ အရင္ရည္းစားေဟာင္းရဲ႕ acc ေတြကို ဝင္ၾကည့္တာ၊ နည္းနည္းစပ္စုတာေလာက္ေတာ့ လုပ္တတ္ၾကမွာပါ။ အဲဒီမွာ အဆင္မေျပတာေတြ စိတ္အလိုမက်တာေတြ ရွိၿပီဆိုရင္ေတာ့ ေရႊစိတ္ေတာ္စေကာက္ပါၿပီ။ ဒီေတာ့ စိတ္ေကာက္မခံခ်င္ရင္ေတာ့ ရည္းစားေဟာင္းနဲ႔ ပတ္သက္ၿပီး ရွင္းလင္းထားပါေနာ္။

Chat box

မိန္းကေလးေတြအေနနဲ႔ Chat box မွာ စာေတြ ပို႔ထားတာကို ကိုုယ္က လိုင္းတက္တဲ့အခ်ိန္မွာ မၾကည့္မိတာ၊ စာ နည္းနည္းပဲ ျပန္တာမ်ိဳး လုပ္တာက ေကာင္မေလးကို စိတ္ေကာက္ေစမယ့္ အခ်က္တစ္ခ်က္ပါပဲေနာ္။ Reply ျပန္တာမ်ိဳး ၾကာလုိ႔ကေတာ့ မိုးမီးေလာင္ၿပီသာမွတ္ေပေတာ့ေနာ္။ ဒါေၾကာင့္ Reply မၾကာေစဘဲ စာမ်ားမ်ားပို႔ထားပါ။

အေၾကာင္းေသခ်ာ မသိလုိ႔

ေကာင္မေလးရဲ႕ တစ္ေန႔တာ ျဖစ္ပ်က္သမွ်ေတြနဲ႔ အေျပာင္းအလဲေလးေတြကို သိထားေပးဖို႔လည္း လုိပါတယ္ေနာ္။ ဆံပင္စတိုင္ ေျပာင္းလာတာ၊ ေျခသည္းလက္သည္းဆိုးတာ၊ အဝတ္အစားအသစ္ဝတ္လာတာေတြကို သိထားေပးပါ။ အဲဒီလုိ မသိဘူးဆိုရင္ ငါ့ကုိ ဂရုမစိုက္ေတာ့လို႔ မသိတာလား၊ မခ်စ္ေတာ့တာလား ေျပာင္းလဲတာလား အစရွိသလို ရစ္ေတာ့မွာ ေသခ်ာပါတယ္။

သူ႔ကိုမေထာက္ခံလို႔

ေကာင္မေလးေတြက သူတို႔ဘာေတြပဲလုပ္လုပ္ ေကာင္ေလးေတြကို ေထာက္ခံေစခ်င္ၾကပါတယ္။ အဲဒီလိုမ်ိဳး မဟုတ္ဘဲ သူ႔တို႔ဘက္ မပါဘူး၊ မေထာက္ခံဘူးဆိုရင္ေတာ့ စိတ္ေကာက္ေတာ့မွာပါ။ ေကာင္ေလးေတြအေနနဲ႔ သူ မွန္တယ္၊ မွားတယ္ကို အရင္မေျပာဘဲ အရင္ဆံုး ေထာက္ခံေပးလိုက္ပါ။ ေနာက္မွ ျဖည္းျဖည္းခ်င္း ေျပာျပေနာ္။

အေခ်ာ့ခံခ်င္လုိ႔

အေခ်ာခံခ်င္တဲ့စိတ္ရယ္လို႔လည္း တသီးတသန္႔ ရွိၾကေသးပါတယ္။ ရာသီလာတဲ့အခ်ိန္ဆိုရင္ ဘယ္အရာမဆို စိတ္တိုင္းေတြလည္း မက်ေတာ့ဘူးေလ။ ဒီလိုအခ်ိန္မွာ ပိုရစ္ၿပီး ပိုအေခ်ာ့ခံခ်င္၊ အလိုလိုက္ခံခ်င္ၾကပါတယ္။

ဒါကလည္း တစ္လကို တႀကိမ္ဆုိေတာ့ ေခ်ာ့ရမွာ ေသခ်ာပါတယ္။
စိတ္ေကာက္တတ္တဲ့ ေကာင္မေလး ပိုင္ဆိုင္ထားရင္ေတာ့ သူစိတ္ေကာက္ႏိုင္တဲ့အခ်က္ေတြကို သိထားသင့္ပါတယ္ေနာ္။ ဒါမွ ေခ်ာ့ဖို႔ အေၾကာင္းျပခ်က္ေတြ ႀကိဳတင္ရွာထားႏိုင္မွာပါ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


စိတ်ကောက်တတ်တဲ့ ကောင်မလေး ပိုင်ဆိုင်ထားရင်တော့ သူစိတ်ကောက်နိုင်တဲ့အချက်တွေကို သိထားသင့်ပါတယ်နော်။ ဒါမှ ချော့ဖို့ အကြောင်းပြချက်တွေ ကြိုတင်ရှာထားနိုင်မှာပါ။

မိန်းကလေးဆိုတဲ့ သဘောသဘာဝကတော့ စိတ်ကောက်ရမှာကို နေသာထိုင်သာ ရှိတာမလား၊ သိသိသာသာရော မသိမသာရော စိတ်ကတော့ ကောက်နေတာပါပဲ။ စိတ်ကောက်တဲ့အချက်တွေကလည်း များလွန်းတယ်လေ။ ချစ်သူကောင်မလေး စိတ်ကောက်နိုင်တဲ့ အချက်လေးတွေ သိထားရင် ကြိုတင်ရှောင်ရှား၊ ချော့ဖို့လည်း ပြင်ဆင်လို့ ရတာမို့ အချစ်ရေး အဆင်ပြေနေတော့မှာပါ။

ကဲ ကောင်မလေးတွေ အများစု စိတ်ကောက်နိုင်တဲ့အချက်တွေက ဘယ်အရာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။

ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး

ကောင်မလေးဆိုတာက ဘယ်လောက်ပဲ သဝန်မတိုပါဘူး၊ နောက်ကြောင်းတွေ စိတ်မဝင်စားဘူးပဲပြောပြော ရည်းစားဟောင်းနဲ့ ပတ်သက်ရင်တော့ အရင်ရည်းစားဟောင်းရဲ့ acc တွေကို ဝင်ကြည့်တာ၊ နည်းနည်းစပ်စုတာလောက်တော့ လုပ်တတ်ကြမှာပါ။ အဲဒီမှာ အဆင်မပြေတာတွေ စိတ်အလိုမကျတာတွေ ရှိပြီဆိုရင်တော့ ရွှေစိတ်တော်စကောက်ပါပြီ။ ဒီတော့ စိတ်ကောက်မခံချင်ရင်တော့ ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းထားပါနော်။

Chat box

မိန်းကလေးတွေအနေနဲ့ Chat box မှာ စာတွေ ပို့ထားတာကို ကိုယ်က လိုင်းတက်တဲ့အချိန်မှာ မကြည့်မိတာ၊ စာ နည်းနည်းပဲ ပြန်တာမျိုး လုပ်တာက ကောင်မလေးကို စိတ်ကောက်စေမယ့် အချက်တစ်ချက်ပါပဲနော်။ Reply ပြန်တာမျိုး ကြာလို့ကတော့ မိုးမီးလောင်ပြီသာမှတ်ပေတော့နော်။ ဒါကြောင့် Reply မကြာစေဘဲ စာများများပို့ထားပါ။

အကြောင်းသေချာ မသိလို့

ကောင်မလေးရဲ့ တစ်နေ့တာ ဖြစ်ပျက်သမျှတွေနဲ့ အပြောင်းအလဲလေးတွေကို သိထားပေးဖို့လည်း လိုပါတယ်နော်။ ဆံပင်စတိုင် ပြောင်းလာတာ၊ ခြေသည်းလက်သည်းဆိုးတာ၊ အဝတ်အစားအသစ်ဝတ်လာတာတွေကို သိထားပေးပါ။ အဲဒီလို မသိဘူးဆိုရင် ငါ့ကို ဂရုမစိုက်တော့လို့ မသိတာလား၊ မချစ်တော့တာလား ပြောင်းလဲတာလား အစရှိသလို ရစ်တော့မှာ သေချာပါတယ်။

သူ့ကိုမထောက်ခံလို့

ကောင်မလေးတွေက သူတို့ဘာတွေပဲလုပ်လုပ် ကောင်လေးတွေကို ထောက်ခံစေချင်ကြပါတယ်။ အဲဒီလိုမျိုး မဟုတ်ဘဲ သူ့တို့ဘက် မပါဘူး၊ မထောက်ခံဘူးဆိုရင်တော့ စိတ်ကောက်တော့မှာပါ။ ကောင်လေးတွေအနေနဲ့ သူ မှန်တယ်၊ မှားတယ်ကို အရင်မပြောဘဲ အရင်ဆုံး ထောက်ခံပေးလိုက်ပါ။ နောက်မှ ဖြည်းဖြည်းချင်း ပြောပြနော်။

အချော့ခံချင်လို့

အချောခံချင်တဲ့စိတ်ရယ်လို့လည်း တသီးတသန့် ရှိကြသေးပါတယ်။ ရာသီလာတဲ့အချိန်ဆိုရင် ဘယ်အရာမဆို စိတ်တိုင်းတွေလည်း မကျတော့ဘူးလေ။ ဒီလိုအချိန်မှာ ပိုရစ်ပြီး ပိုအချော့ခံချင်၊ အလိုလိုက်ခံချင်ကြပါတယ်။

ဒါကလည်း တစ်လကို တကြိမ်ဆိုတော့ ချော့ရမှာ သေချာပါတယ်။
စိတ်ကောက်တတ်တဲ့ ကောင်မလေး ပိုင်ဆိုင်ထားရင်တော့ သူစိတ်ကောက်နိုင်တဲ့အချက်တွေကို သိထားသင့်ပါတယ်နော်။ ဒါမှ ချော့ဖို့ အကြောင်းပြချက်တွေ ကြိုတင်ရှာထားနိုင်မှာပါ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top