iMyanmarHouse.com - Best Property Website for Myanmar
×

Gym သြားျခင္း၊ ေလ႔က်င္႔ခန္းလုပ္ျခင္းဟာ ကြ်န္ေတာ္တို႔ကိုတက္ၾကြလန္းဆန္းေစၿပီး စိတ္ကိုလည္းၾကည္လင္ေစပါတယ္။ ဒါေပမယ္႔ Gym ကိုေျခလွမ္းမိေစဖို႔ မိမိကိုယ္ကိုယ္စိတ္မာန္တင္းဖို႔ကေတာ႔ ထင္ထားသေလာက္ မလြယ္ပါဘူး။ Gym သြားမယ္ စိတ္ကူးထားေပမယ္႔ သြားခါနီးမွ ဖင္နာသလိုလို၊ ေခါင္းနာသလိုလိုနဲ႔ မသြားေတာ႔ပါဘူးကြာဆို အပ်င္းႀကီးေနမိတတ္ပါတယ္။ အထူးသျဖင္႔ ေစာင္ျခံဳေႏြးေႏြးေလးၾကားမွာ ေကြးေနလို႔ေကာင္းတဲ႔ေဆာင္းတြင္းမနက္ခင္းေတြဆိုရင္ေပါ႔။

မနက္ခင္းမေဆာ႔ဘဲ ညေနေဆာ႔မယ္စဥ္းစားျပန္ရင္လည္း တစ္ေနကုန္လုပ္ငန္းခြင္ထဲမွွာပင္ပန္းခဲ႔ရလို႔ ပ်ိဳင္းေနၿပီး အိပ္ယာထဲမွာပဲ ဝင္ေခြခ်င္မိျပန္ေရာ။ ဒီလိုနဲ႔ Gym က မေဆာ႔ျဖစ္ေတာ႔ ဝိတ္ေတြကတက္လာ၊ မလွေတာ႔ စိတ္ဆင္းရဲရနဲ႔ ျဖစ္ရျပန္ပါတယ္။

ဒီလိုမျဖစ္ရေအာင္ မိမိစိတ္ကိုမာန္တင္းလို႔ရတဲ႔နည္းလမ္းေလးေတြ ရွိေနပါေသးတယ္။

၁။ မျမင္ရတ႔ဲ႔အတားအဆီးေတြကို အရင္ဖယ္ရွားပါ

တကယ္ေတာ႔ ေႏြးေထြးတဲ႔အိပ္ယာေလးကိုစြန္႕ခြာၿပီး Gym ကိုထသြားဖို႔ဆိုတာ မလြယ္ပါဘူး။ ပ်င္းရိျခင္းအေၾကာင္း (၆) ပါးဟာ ကြ်န္ေတာ္တို႔ကို Gym မေရာက္ေအာင္တားဆီးႏိုင္တဲ႔ မျမင္ရတဲ႔ အတားအဆီးေတြပါပဲ။ ဒါေတြကိုဖယ္ရွားဖို႔အတြက္ အရင္ဆံုး အိမ္ကေန gym ကိုေရာက္ဖို႔ လမ္းခရီးမွာလုပ္ရမယ္႔အရာေတြကို အရင္ဆံုးစဥ္းစားပါ။ ဥပမာ... အိပ္ယာထဲကထရမယ္။ ဖိနပ္စီးရမယ္။ sweatpant ဝတ္ရမယ္...စသျဖင္႔ေပါ႔။

ၿပီးရင္ အဲဒီအဆင္႔တစ္ဆင္႔ခ်င္းစီ ၿပီးစီးေအာင္လုပ္ေဆာင္ဖို႔ကို ေရွ႕ကပိတ္ေနတဲ႔အတားအဆီးေတြကို ဖယ္ရွားပါ။ အိပ္ယာထတဲ႔ အဆင္႔မွာပိတ္ေနတဲ႔ အတားအဆီးက အိပ္ယာထဲက မထခ်င္တာျဖစ္မယ္။။ အဲဒီအတားအဆီးကိုေက်ာ္လႊားဖို႔အတြက္ ညကတည္းက gym မွာဝတ္မယ္႔အဝတ္အစားေတြကို ႀကိဳတင္ျပင္ဆင္ထားတာတို႔၊ gym သြားျခင္းက ခင္ဗ်ားအတြက္ဘယ္ေလာက္ အေရးႀကီးတယ္ ဆိုတာကို ေတြးတာတို႔လုပ္ၾကည္႔ပါ။ အဲဒီအတားအဆီးေတြကို ေက်ာ္လႊားႏိုင္ၿပီဆိုရင္ေတာ႔ gym ကိုေရာက္ေအာင္သြားဖို႔ဆိုတာ သိပ္ခက္ခဲလွတဲ႔ကိစၥတစ္ခုေတာ႔ မဟုတ္ေတာ႔ပါဘူး။ အေရးႀကီးတာက အဲဒီအေလ႔အထေလးေတြက ပံုမွန္ျဖစ္ေနဖို႔ပါပဲ။

၂။ သူငယ္ခ်င္းတစ္ေယာက္ရွာပါ


လူဆိုတာ အေဖာ္အေပါင္းမက္တဲ႔သတၱဝါတစ္မ်ိဳးပါ။ ေကာင္းတာလုပ္တာပဲျဖစ္ျဖစ္၊ မေကာင္းတာလုပ္တာပဲျဖစ္ျဖစ္ အေဖာ္အေပါင္းေလးသာပါရင္ လုပ္မိတတ္သြားၾကတာပါပဲ။ ဒါေၾကာင္႔ Gym ေဆာ႔မယ္လို႔ စိတ္ကူးတယ္ဆိုရင္ အရင္ဆံုး သူငယ္ခ်င္းေတြထဲမွာ ကိုယ္႔လိုပဲ gym ေဆာ႔ခ်င္တဲ႔သူကို ရွာပါ။

ဒါမွမဟုတ္ gym ေဆာ႔ဖို႔လိုအပ္တဲ႔သူတစ္ေယာက္ကိုရွာၿပီး စည္းရုံးပါ။ ဒီလိုနည္းနဲ႔ gym ကို ပံုမွန္သြားျဖစ္လာပါလိမ္႔မယ္။ အဲဒီလိုသူငယ္ခ်င္းထဲမွာ ရွာမရရင္လည္း ကိစၥမရွိပါဘူး။ Gym ေရာက္ေတာ႔မွ Gym ေဆာ႔ေဖာ္ထဲကတစ္ေယာက္ေယာက္ကို အသိအကြ်မ္းမိတ္ေဆြဖြဲ႕ၿပီး မိမိတို႔ရဲ႕ gym သြားလိုစိတ္ကို အျပန္အလွန္ ျမွင္႔တင္ပါ။

၃။ မိမိႏွစ္သက္ရာ gym ကုိေရြးပါ

ရန္ကုန္ၿမိဳ႕မွာ Gym အမ်ားႀကီးရွိသလို ေစ်းႏႈန္းေတြကလည္း သူ႕ဟာနဲ႔သူအစားစားရွိပါတယ္။ တခ်ိဳ႕ Gym ေတြက လစဥ္ေၾကး ႀကီးသလို ပစၥည္းကိရိယာအစံုအလင္နဲ႔ ေရကူးကန္ဘာညာပါ ပါဝင္ပါတယ္။ တခ်ိဳ႕ Gym ေတြကေတာ႔ ပစၥည္းကိရိယာအရမ္းမစံုသလို လစဥ္ေၾကးလည္း သိပ္ေစ်းမႀကီးပါဘူး။

မိမိရဲ႕ဘတ္ဂ်က္ကိုခ်ိန္ၿပီး အဆင္ေျပရာ Gym ကိုေရြးခ်ယ္ပါ။ ဒီေနရာမွာတစ္ခုသတိျပဳရမွာက ပိုက္ဆံေျခြတာတိုင္းလည္း စိတ္ေက်နပ္မႈရရွိေစတာမဟုတ္ဘူးဆိုတာပါပဲ။ တစ္ခါတေလက်ေတာ႔ ပိုက္ဆံနည္းနည္းပိုသံုးလိုက္လို႔ရတဲ႔ motivation နဲ႔ရလဒ္က ေပးလိုက္ရတဲ႔ပိုက္ဆံနဲ႔စာရင္ တန္ပါတယ္။ အေရးႀကီးတာက မိမိစိတ္နဲ႔အဆင္ေျပတဲ႔ Gym ပတ္ဝန္းက်င္ျဖစ္ဖို႔ပါပဲ။

၄။ မိမိရဲ႕တိုးတက္မႈကိုတိုင္းတာပါ

Gym ေရာက္ၿပီဆိုရင္ Crop Top ဆန္ဆန္ (ခ်က္ေပၚအက်ၤ ီ) အားကစားဝတ္စံုေတြ၊ sweatpant (အားကစားေဘာင္းဘီ) ေတြနဲ႔ mirror selfie ရိုက္ၿပီး Facebook ေပၚတင္ၾကတာေတြ ေတြ႕ဖူးမွာေပါ႔။ အမွန္ေတာ႔ ဒါဟာသူတို႔ရဲ႕တိုးတက္မႈကိုတိုင္းတာၿပီး သူငယ္ခ်င္းအေပါင္းအသင္းေတြၾကားမွာ ျပန္လည္ေဝမွ်ျခင္းျဖင္႔ သူတို႔ရဲ႕ motivation (အားကစားလုပ္လိုစိတ္) ကို ေမြးျမဴတာပါ။
ခင္ဗ်ားလည္း အဲဒီလိုပဲလုပ္သင္႔ပါတယ္။ Facebook ေပၚ၊ Instagram ေပၚတင္မတင္ကေတာ႔ မိမိရဲ႕ကိုယ္ပိုင္ေရြးခ်ယ္မႈျဖစ္ၿပီး အေရးအႀကီးဆံုးကေတာ႔ တိုးတက္မႈေတြကို မ်က္ေျခမပ်က္တိုင္းတာၿပီး motivation ကုိ က်မသြားေအာင္ ထိန္းထားဖို႔ပါပဲ။

၅။ မျဖစ္ႏုိင္တဲ႔ပန္းတိုင္ေတြမထားပါနဲ႔

အစ္မမဂၤလာေဆာင္အမီ သတို႔သမီးအရံဝတ္စံုလွလွေလးဝတ္ခ်င္လို႔ဆိုၿပီး (၂) လအတြင္း ေပါင္ (၁၈၀) ကေန ေပါင္ (၁၀၀) ေက်ာ္ေလာက္ထိ က်ေအာင္ႀကိဳးစားမယ္ဆိုၿပီး ျဖစ္ႏိုင္ဖို႔ အလြန္ခဲယဥ္းတဲ႔ ပန္းတိုင္ေတြခ်မွတ္တာက မိမိရဲ႕က်န္းမာေရးကိုု ထိခိုက္ေစရံုသာမက ျဖစ္မလာတဲ႔အခါ ရွိရင္းစြဲ gym သြားခ်င္စိတ္ေလးေတာင္ ကုန္ခမ္းသြားႏိုင္ပါတယ္။

ဒါေၾကာင္႔ gym ေဆာ႔မယ္ဆိုရင္ ပန္းတိုင္ေတာ႔ခ်ရမွာပါ။ ဒါေပမယ္႔ မိမိရဲ႕က်န္းမာေရးအေျခအေန၊ ျဖစ္ႏိုင္ေျခ စတာေတြ အကုန္လံုးကို ထည္႔သြင္းစဥ္းစားၿပီးမွ ျဖစ္ႏိုင္ေျခအရွိဆံုးပန္းတိုင္ကိုသာ ခ်မွတ္သင္႔ပါတယ္။

၆။ မိမိကိုယ္ကိုယ္ဆုခ်ပါ

ပန္းတိုင္ေတြခ်မွတ္တာေတာ႔ ဟုတ္ပါၿပီ။ ပန္းဝင္တဲ႔သူကို ဆုခ်ီးျမွင္႔ဖို႔ကိုလည္း မေမ႔သင္႔ပါဘူး။ မိမိကိုယ္တိုင္သတ္မွတ္ထားတဲ႔ ပန္းတိုင္တစ္ခုေရာက္တိုင္းမွာ ကိုယ္႔ကိုယ္ကိုယ္ ဆုခ်သင္႔ပါတယ္။ ဥပမာ... တစ္လလံုးလံုး ေန႕တိုင္း gym ေရာက္ေအာင္သြားႏိုင္ရင္ ကိုယ္စားခ်င္ရာဝယ္ေကြ်းမယ္ဆိုၿပီးပဲျဖစ္ျဖစ္ေပါ႔။ ဒါမွမဟုတ္ (၃) လမွာ မိမိသတ္မွတ္ထားတဲ႔ကိုယ္အေလးခ်ိန္တစ္ခုထိ က်သြားမယ္ဆုိရင္ အရမ္းလိုခ်င္ေနတဲ႔ ဖုန္းဝယ္ေပးမယ္ဆိုၿပီး ကိုယ္႔ကိုယ္ကိုယ္စည္းရံုးတာပဲျဖစ္ျဖစ္ေပါ႔။

Credit: summertomato

က်န္းမာေရး၊ အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

Gym သွားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျွန်တော်တို့ကိုတက်ကြွလန်းဆန်းစေပြီး စိတ်ကိုလည်းကြည်လင်စေပါတယ်။ ဒါပေမယ့် Gym ကိုခြေလှမ်းမိစေဖို့ မိမိကိုယ်ကိုယ်စိတ်မာန်တင်းဖို့ကတော့ ထင်ထားသလောက် မလွယ်ပါဘူး။ Gym သွားမယ် စိတ်ကူးထားပေမယ့် သွားခါနီးမှ ဖင်နာသလိုလို၊ ခေါင်းနာသလိုလိုနဲ့ မသွားတော့ပါဘူးကွာဆို အပျင်းကြီးနေမိတတ်ပါတယ်။ အထူးသဖြင့် စောင်ခြုံနွေးနွေးလေးကြားမှာ ကွေးနေလို့ကောင်းတဲ့ဆောင်းတွင်းမနက်ခင်းတွေဆိုရင်ပေါ့။

မနက်ခင်းမဆော့ဘဲ ညနေဆော့မယ်စဉ်းစားပြန်ရင်လည်း တစ်နေကုန်လုပ်ငန်းခွင်ထဲမှာပင်ပန်းခဲ့ရလို့ ပျိုင်းနေပြီး အိပ်ယာထဲမှာပဲ ဝင်ခွေချင်မိပြန်ရော။ ဒီလိုနဲ့ Gym က မဆော့ဖြစ်တော့ ဝိတ်တွေကတက်လာ၊ မလှတော့ စိတ်ဆင်းရဲရနဲ့ ဖြစ်ရပြန်ပါတယ်။

ဒီလိုမဖြစ်ရအောင် မိမိစိတ်ကိုမာန်တင်းလို့ရတဲ့နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။

၁။ မမြင်ရတဲ့အတားအဆီးတွေကို အရင်ဖယ်ရှားပါ

တကယ်တော့ နွေးထွေးတဲ့အိပ်ယာလေးကိုစွန့်ခွာပြီး Gym ကိုထသွားဖို့ဆိုတာ မလွယ်ပါဘူး။ ပျင်းရိခြင်းအကြောင်း (၆) ပါးဟာ ကျွန်တော်တို့ကို Gym မရောက်အောင်တားဆီးနိုင်တဲ့ မမြင်ရတဲ့ အတားအဆီးတွေပါပဲ။ ဒါတွေကိုဖယ်ရှားဖို့အတွက် အရင်ဆုံး အိမ်ကနေ gym ကိုရောက်ဖို့ လမ်းခရီးမှာလုပ်ရမယ့်အရာတွေကို အရင်ဆုံးစဉ်းစားပါ။ ဥပမာ... အိပ်ယာထဲကထရမယ်။ ဖိနပ်စီးရမယ်။ sweatpant ဝတ်ရမယ်...စသဖြင့်ပေါ့။

ပြီးရင် အဲဒီအဆင့်တစ်ဆင့်ချင်းစီ ပြီးစီးအောင်လုပ်ဆောင်ဖို့ကို ရှေ့ကပိတ်နေတဲ့အတားအဆီးတွေကို ဖယ်ရှားပါ။ အိပ်ယာထတဲ့ အဆင့်မှာပိတ်နေတဲ့ အတားအဆီးက အိပ်ယာထဲက မထချင်တာဖြစ်မယ်။။ အဲဒီအတားအဆီးကိုကျော်လွှားဖို့အတွက် ညကတည်းက gym မှာဝတ်မယ့်အဝတ်အစားတွေကို ကြိုတင်ပြင်ဆင်ထားတာတို့၊ gym သွားခြင်းက ခင်ဗျားအတွက်ဘယ်လောက် အရေးကြီးတယ် ဆိုတာကို တွေးတာတို့လုပ်ကြည့်ပါ။ အဲဒီအတားအဆီးတွေကို ကျော်လွှားနိုင်ပြီဆိုရင်တော့ gym ကိုရောက်အောင်သွားဖို့ဆိုတာ သိပ်ခက်ခဲလှတဲ့ကိစ္စတစ်ခုတော့ မဟုတ်တော့ပါဘူး။ အရေးကြီးတာက အဲဒီအလေ့အထလေးတွေက ပုံမှန်ဖြစ်နေဖို့ပါပဲ။

၂။ သူငယ်ချင်းတစ်ယောက်ရှာပါ


လူဆိုတာ အဖော်အပေါင်းမက်တဲ့သတ္တဝါတစ်မျိုးပါ။ ကောင်းတာလုပ်တာပဲဖြစ်ဖြစ်၊ မကောင်းတာလုပ်တာပဲဖြစ်ဖြစ် အဖော်အပေါင်းလေးသာပါရင် လုပ်မိတတ်သွားကြတာပါပဲ။ ဒါကြောင့် Gym ဆော့မယ်လို့ စိတ်ကူးတယ်ဆိုရင် အရင်ဆုံး သူငယ်ချင်းတွေထဲမှာ ကိုယ့်လိုပဲ gym ဆော့ချင်တဲ့သူကို ရှာပါ။

ဒါမှမဟုတ် gym ဆော့ဖို့လိုအပ်တဲ့သူတစ်ယောက်ကိုရှာပြီး စည်းရုံးပါ။ ဒီလိုနည်းနဲ့ gym ကို ပုံမှန်သွားဖြစ်လာပါလိမ့်မယ်။ အဲဒီလိုသူငယ်ချင်းထဲမှာ ရှာမရရင်လည်း ကိစ္စမရှိပါဘူး။ Gym ရောက်တော့မှ Gym ဆော့ဖော်ထဲကတစ်ယောက်ယောက်ကို အသိအကျွမ်းမိတ်ဆွေဖွဲ့ပြီး မိမိတို့ရဲ့ gym သွားလိုစိတ်ကို အပြန်အလှန် မြှင့်တင်ပါ။

၃။ မိမိနှစ်သက်ရာ gym ကိုရွေးပါ

ရန်ကုန်မြို့မှာ Gym အများကြီးရှိသလို ဈေးနှုန်းတွေကလည်း သူ့ဟာနဲ့သူအစားစားရှိပါတယ်။ တချို့ Gym တွေက လစဉ်ကြေး ကြီးသလို ပစ္စည်းကိရိယာအစုံအလင်နဲ့ ရေကူးကန်ဘာညာပါ ပါဝင်ပါတယ်။ တချို့ Gym တွေကတော့ ပစ္စည်းကိရိယာအရမ်းမစုံသလို လစဉ်ကြေးလည်း သိပ်ဈေးမကြီးပါဘူး။

မိမိရဲ့ဘတ်ဂျက်ကိုချိန်ပြီး အဆင်ပြေရာ Gym ကိုရွေးချယ်ပါ။ ဒီနေရာမှာတစ်ခုသတိပြုရမှာက ပိုက်ဆံခြွေတာတိုင်းလည်း စိတ်ကျေနပ်မှုရရှိစေတာမဟုတ်ဘူးဆိုတာပါပဲ။ တစ်ခါတလေကျတော့ ပိုက်ဆံနည်းနည်းပိုသုံးလိုက်လို့ရတဲ့ motivation နဲ့ရလဒ်က ပေးလိုက်ရတဲ့ပိုက်ဆံနဲ့စာရင် တန်ပါတယ်။ အရေးကြီးတာက မိမိစိတ်နဲ့အဆင်ပြေတဲ့ Gym ပတ်ဝန်းကျင်ဖြစ်ဖို့ပါပဲ။

၄။ မိမိရဲ့တိုးတက်မှုကိုတိုင်းတာပါ

Gym ရောက်ပြီဆိုရင် Crop Top ဆန်ဆန် (ချက်ပေါ်အင်္ကျ ီ) အားကစားဝတ်စုံတွေ၊ sweatpant (အားကစားဘောင်းဘီ) တွေနဲ့ mirror selfie ရိုက်ပြီး Facebook ပေါ်တင်ကြတာတွေ တွေ့ဖူးမှာပေါ့။ အမှန်တော့ ဒါဟာသူတို့ရဲ့တိုးတက်မှုကိုတိုင်းတာပြီး သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ ပြန်လည်ဝေမျှခြင်းဖြင့် သူတို့ရဲ့ motivation (အားကစားလုပ်လိုစိတ်) ကို မွေးမြူတာပါ။
ခင်ဗျားလည်း အဲဒီလိုပဲလုပ်သင့်ပါတယ်။ Facebook ပေါ်၊ Instagram ပေါ်တင်မတင်ကတော့ မိမိရဲ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီး အရေးအကြီးဆုံးကတော့ တိုးတက်မှုတွေကို မျက်ခြေမပျက်တိုင်းတာပြီး motivation ကို ကျမသွားအောင် ထိန်းထားဖို့ပါပဲ။

၅။ မဖြစ်နိုင်တဲ့ပန်းတိုင်တွေမထားပါနဲ့

အစ်မမင်္ဂလာဆောင်အမီ သတို့သမီးအရံဝတ်စုံလှလှလေးဝတ်ချင်လို့ဆိုပြီး (၂) လအတွင်း ပေါင် (၁၈၀) ကနေ ပေါင် (၁၀၀) ကျော်လောက်ထိ ကျအောင်ကြိုးစားမယ်ဆိုပြီး ဖြစ်နိုင်ဖို့ အလွန်ခဲယဉ်းတဲ့ ပန်းတိုင်တွေချမှတ်တာက မိမိရဲ့ကျန်းမာရေးကို ထိခိုက်စေရုံသာမက ဖြစ်မလာတဲ့အခါ ရှိရင်းစွဲ gym သွားချင်စိတ်လေးတောင် ကုန်ခမ်းသွားနိုင်ပါတယ်။

ဒါကြောင့် gym ဆော့မယ်ဆိုရင် ပန်းတိုင်တော့ချရမှာပါ။ ဒါပေမယ့် မိမိရဲ့ကျန်းမာရေးအခြေအနေ၊ ဖြစ်နိုင်ခြေ စတာတွေ အကုန်လုံးကို ထည့်သွင်းစဉ်းစားပြီးမှ ဖြစ်နိုင်ခြေအရှိဆုံးပန်းတိုင်ကိုသာ ချမှတ်သင့်ပါတယ်။

၆။ မိမိကိုယ်ကိုယ်ဆုချပါ

ပန်းတိုင်တွေချမှတ်တာတော့ ဟုတ်ပါပြီ။ ပန်းဝင်တဲ့သူကို ဆုချီးမြှင့်ဖို့ကိုလည်း မမေ့သင့်ပါဘူး။ မိမိကိုယ်တိုင်သတ်မှတ်ထားတဲ့ ပန်းတိုင်တစ်ခုရောက်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆုချသင့်ပါတယ်။ ဥပမာ... တစ်လလုံးလုံး နေ့တိုင်း gym ရောက်အောင်သွားနိုင်ရင် ကိုယ်စားချင်ရာဝယ်ကျွေးမယ်ဆိုပြီးပဲဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ် (၃) လမှာ မိမိသတ်မှတ်ထားတဲ့ကိုယ်အလေးချိန်တစ်ခုထိ ကျသွားမယ်ဆိုရင် အရမ်းလိုချင်နေတဲ့ ဖုန်းဝယ်ပေးမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်စည်းရုံးတာပဲဖြစ်ဖြစ်ပေါ့။

Credit: summertomato
ကျန်းမာရေး၊ အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top