iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ခ်ိဳ႕ေတြက ထင္ၾကတယ္။မိန္းကေလးေတြက ခ်မ္းသာမွႀကိဳက္တာ၊ ႐ုပ္ရည္ေခ်ာ ေမာေနမွႀကိဳက္တာ၊ထက္ျမက္ၿပီး စတိုင္လ္က်ေနမွႀကိဳက္တာ စသျဖင့္ေပါ့။ဒါေပမဲ့ တကယ္ တမ္းမိန္းကေလးအမ်ားစုဟာ ခ်မ္းသာတာ၊႐ုပ္ရည္ေခ်ာေမာတာေတြထက္ သူတို႔အားကိုး လို႔ရတဲ့၊ယုံၾကည္စိတ္ခ်လို႔ရတဲ့သူကိုပဲ ေ႐ြးခ်ယ္ၾကတာပါ။အထူးသျဖင့္ မိန္းကေလးေတြဟာ သူတို႔ရဲ႕ခ်စ္သူကို ဒီလိုအရည္အခ်င္းေတြပိုင္ဆိုင္ေစခ်င္ၾကပါတယ္။

ဘယ္လိုျပႆနာမ်ိဳးလာလာ မေၾကာက္ပဲ ေျဖရွင္းႏိုင္တဲ့သူျပႆနာတစ္စုံတစ္ခုႀကဳံလာ တဲ့အခါ ေငြက အနည္းနဲ႔အမ်ားဆိုသလို ေျဖရွင္းႏိုင္တယ္ဆိုေပမဲ့ တကယ္လိုအပ္တာက အဲ့ဒီေယာက်္ားေလးရဲ႕ေျဖရွင္းႏိုင္တဲ့အရည္အခ်င္းပါ။

ေငြနဲ႔ေျဖရွင္းလို႔မရတဲ့ျပႆနာေတြကို ေျဖရွင္းႏိုင္တယ္။ ႐ုပ္ရည္နဲ႔ေျဖရွင္းလို႔မ ရတဲ့ျပႆနာေတြကိုေျပလည္ေအာင္ေျဖရွင္းႏိုင္တယ္ဆိုတာ ေယာက်္ားေလး တစ္ေယာက္မွာရွိသင့္တဲ့အရည္အခ်င္းတစ္ရပ္ပါပဲ။

ကိုယ့္ခ်စ္သူကို အၿမဲအားေပးေနတတ္သူ ကိုယ္စိတ္ညစ္ရင္ အားေပးတတ္ၿပီး ကိုယ္ေပ်ာ္ရင္ အေပ်ာ္ေတြကို မွ်ေဝခံစားေပးတတ္တဲ့ခ်စ္သူတစ္ေယာက္ကို မိန္းကေလးတိုင္းလိုခ်င္ၾကပါတယ္။

ကိုယ္ကစိတ္ညစ္ေနပါတယ္ဆို အျပစ္လာတင္တတ္တဲ့ေယာက်္ားေလးမ်ိဳးကို မလိုခ်င္ၾကပါဘူး။သင့္မွာ ဒီလိုစိတ္ညစ္ရင္ အၿမဲအားေပးတတ္တဲ့
ခ်စ္သူတစ္ေယာက္ပိုင္ဆိုင္ထားၿပီလား?

အေကာင္းအဆိုးခြဲျခားႏိုင္စြမ္းရွိတဲ့သူကိုယ့္ခ်စ္သူက သေဘာထားေသးသိမ္တာမ်ိဳးဆို မိန္းကေလးေတြက ေျပာသာမေျပာတာ။ကိုယ့္ခ်စ္သူကို စိတ္ဓာတ္ရင့္က်က္ေစခ်င္ၾကပါတယ္။

စဥ္းစားဆင္ျခင္ဉာဏ္ရွိတဲ့သူက ကိုယ့္ခ်စ္သူအေပၚ အထင္အျမင္လြဲမွားတာ၊စြပ္စြဲေျပာဆိုတာမ်ိဳးမလုပ္ၾကပါဘူး။ဘာမဟုတ္တဲ့ကိစၥေလးနဲ႔ရန္ျဖစ္ရတာ ညႇိႏႈိင္းေနရတဲ့အခ်စ္ေရးမ်ိဳးကို မိန္းကေလးေတြက မလိုခ်င္ပါဘူး။

မိန္းကေလးအလုပ္၊ေယာက်္ားေလးအလုပ္မခြဲျခားပဲ ကိုယ့္ကို အၿမဲကူညီေပးတတ္သူ
တစ္ခ်ိဳ႕ေယာက်္ားေလးေတြက မိန္းကေလးေတြဆိုတာ အိမ္မႈကိစၥႏိုင္နင္းေနမွ၊အိမ္အလုပ္ေတြဆို မိန္းကေလးေတြပဲလုပ္ရမယ္စသျဖင့္သတ္မွတ္ထားၾကေပမဲ့မိန္းကေလးေတြက သူတို႔နဲ႔အတူ မွ်ေဝလုပ္ကိုင္ေပးတဲ့ေယာက်္ားေလးမ်ိဳးကိုပိုၿပီးလိုခ်င္ၾကပါတယ္။

အလုပ္ကိုခြဲျခားတာထက္ ခ်စ္သူေတြ ဇနီးေမာင္ႏွံဆိုတာ ႏွစ္ေယာက္အတူတူတြဲလုပ္လိုက္ရင္ ပိုၿပီးေတာ့ေပ်ာ္စရာေကာင္းတဲ့အခ်စ္ေရးေလးကို ပိုင္ဆိုင္လာရမွာပါ။အဲ့ဒီလိုအခ်စ္ေရးမ်ိဳးကို မိန္းကေလးေတြကလိုခ်င္ၾကပါတယ္။

*ကိုယ္နဲ႔ပတ္သက္တာကို အၿမဲအေလးထားေပးသူ
မိန္းကေလးေတြကသူတို႔ခ်စ္သူစိတ္ထဲမွာအၿမဲရွိခ်င္ၾကပါတယ္။အမွတ္တရေန႔ေတြ၊ခ်စ္သူစျဖစ္တဲ့ေန႔ေတြ၊သူမရဲ႕ေမြးေန႔ေတြမွာ ခ်စ္သူဆီက အမွတ္တရတစ္ခုခုရဖို႔ အၿမဲေမွ်ာ္လင့္ၾကပါတယ္။ ကိုယ္နဲ႔ပတ္သက္ၿပီးအေလးထားတယ္ဆိုတဲ့စိတ္ေလးကို မိန္းကေလးေတြက ပိုင္ဆိုင္ဂုဏ္ယူခ်င္ၾကတာပါ။

*ကိုယ့္ရဲ႕ျပႆနာေတြကိုလည္း မေမ့ပဲ ကူညီေျဖရွင္းေပးတတ္သူ
ကိုယ့္ကိုသာ သူ႔ျပႆနာေတြထဲဆြဲမထည့္တာရွိမယ္။သူကေတာ့ ကိုယ့္ျပႆနာဆို အစအဆုံးလိုက္ကူညီေျဖရွင္းေပးတယ္။

ကိုယ့္ေရွ႕ကေန မားမားမတ္မတ္ရပ္တည္ၿပီး ေျဖရွင္းေပးတဲ့ေယာက်ာ္းေလးမ်ိဳးကို ပိုင္ဆိုင္ထားရင္ သင္က ကံေကာင္းတဲ့မိန္းကေလးပါပဲ။တစ္ခ်ိဳ႕ေတြက ခ်စ္သူဆိုေပမဲ့
သူ႔ျပႆနာနဲ႔သူ ကိုယ့္ျပႆနာနဲ႔ကိုယ္ မဆိုင္သလို ေနတတ္ၾကပါတယ္။

အဲ့ဒီလိုလူမ်ိဳးကို မိန္းကေလးေတြကခ်စ္ရင္ေတာင္ ဘဝအတြက္လက္တြဲဖို႔ေတာ့ တြန႔္သြားတတ္ပါတယ္။ဘယ္သူဦးေဆာင္ေျဖရွင္းရမယ္မသတ္မွတ္ထားေပမဲ့ မိန္းကေလးေတြက သူတို႔ခ်စ္သူကို အားကိုးခ်င္ၾကတာခ်ည္းပါပဲ။

မိန္းကေလးေတြဟာ ဂုဏ္ေတြပကာသနေတြထက္ ေနာက္ဆုံးမွာသူတို႔ခ်စ္တဲ့၊အားကိုးရတဲ့၊ယုံၾကည္ရတဲ့ အမ်ိဳးေကာင္းသားေလးေတြကိုပဲ ဘဝအတြက္ေ႐ြးခ်ယ္လက္တြဲၾကတာပါ။

ေငြေတြ၊ပကာသနေတြထက္ ေနာက္ဆုံး ဘယ္လိုအခက္အခဲပဲရွိရွိ ကိုယ္နဲ႔အတူတူ ဘဝကို ရင္ဆိုင္မယ့္သူကိုပဲ ေ႐ြးခ်ယ္ၾကတာျဖစ္ပါတယ္။ယူတို႔မွာ အေပၚက အရည္အခ်င္းေတြပိုင္ဆိုင္ထားတဲ့ခ်စ္သူကို ရထားရင္ လက္မလႊတ္ၾကနဲ႔ေနာ္

Credit:lwinpyin

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ချို့တွေက ထင်ကြတယ်။မိန်းကလေးတွေက ချမ်းသာမှကြိုက်တာ၊ ရုပ်ရည်ချော မောနေမှကြိုက်တာ၊ထက်မြက်ပြီး စတိုင်လ်ကျနေမှကြိုက်တာ စသဖြင့်ပေါ့။ဒါပေမဲ့ တကယ် တမ်းမိန်းကလေးအများစုဟာ ချမ်းသာတာ၊ရုပ်ရည်ချောမောတာတွေထက် သူတို့အားကိုး လို့ရတဲ့၊ယုံကြည်စိတ်ချလို့ရတဲ့သူကိုပဲ ရွေးချယ်ကြတာပါ။အထူးသဖြင့် မိန်းကလေးတွေဟာ သူတို့ရဲ့ချစ်သူကို ဒီလိုအရည်အချင်းတွေပိုင်ဆိုင်စေချင်ကြပါတယ်။

ဘယ်လိုပြဿနာမျိုးလာလာ မကြောက်ပဲ ဖြေရှင်းနိုင်တဲ့သူပြဿနာတစ်စုံတစ်ခုကြုံလာ တဲ့အခါ ငွေက အနည်းနဲ့အများဆိုသလို ဖြေရှင်းနိုင်တယ်ဆိုပေမဲ့ တကယ်လိုအပ်တာက အဲ့ဒီယောကျ်ားလေးရဲ့ဖြေရှင်းနိုင်တဲ့အရည်အချင်းပါ။

ငွေနဲ့ဖြေရှင်းလို့မရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ ရုပ်ရည်နဲ့ဖြေရှင်းလို့မ ရတဲ့ပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းနိုင်တယ်ဆိုတာ ယောကျ်ားလေး တစ်ယောက်မှာရှိသင့်တဲ့အရည်အချင်းတစ်ရပ်ပါပဲ။

ကိုယ့်ချစ်သူကို အမြဲအားပေးနေတတ်သူ ကိုယ်စိတ်ညစ်ရင် အားပေးတတ်ပြီး ကိုယ်ပျော်ရင် အပျော်တွေကို မျှဝေခံစားပေးတတ်တဲ့ချစ်သူတစ်ယောက်ကို မိန်းကလေးတိုင်းလိုချင်ကြပါတယ်။

ကိုယ်ကစိတ်ညစ်နေပါတယ်ဆို အပြစ်လာတင်တတ်တဲ့ယောကျ်ားလေးမျိုးကို မလိုချင်ကြပါဘူး။သင့်မှာ ဒီလိုစိတ်ညစ်ရင် အမြဲအားပေးတတ်တဲ့
ချစ်သူတစ်ယောက်ပိုင်ဆိုင်ထားပြီလား?

အကောင်းအဆိုးခွဲခြားနိုင်စွမ်းရှိတဲ့သူကိုယ့်ချစ်သူက သဘောထားသေးသိမ်တာမျိုးဆို မိန်းကလေးတွေက ပြောသာမပြောတာ။ကိုယ့်ချစ်သူကို စိတ်ဓာတ်ရင့်ကျက်စေချင်ကြပါတယ်။

စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့သူက ကိုယ့်ချစ်သူအပေါ် အထင်အမြင်လွဲမှားတာ၊စွပ်စွဲပြောဆိုတာမျိုးမလုပ်ကြပါဘူး။ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ရန်ဖြစ်ရတာ ညှိနှိုင်းနေရတဲ့အချစ်ရေးမျိုးကို မိန်းကလေးတွေက မလိုချင်ပါဘူး။

မိန်းကလေးအလုပ်၊ယောကျ်ားလေးအလုပ်မခွဲခြားပဲ ကိုယ့်ကို အမြဲကူညီပေးတတ်သူ
တစ်ချို့ယောကျ်ားလေးတွေက မိန်းကလေးတွေဆိုတာ အိမ်မှုကိစ္စနိုင်နင်းနေမှ၊အိမ်အလုပ်တွေဆို မိန်းကလေးတွေပဲလုပ်ရမယ်စသဖြင့်သတ်မှတ်ထားကြပေမဲ့မိန်းကလေးတွေက သူတို့နဲ့အတူ မျှဝေလုပ်ကိုင်ပေးတဲ့ယောကျ်ားလေးမျိုးကိုပိုပြီးလိုချင်ကြပါတယ်။

အလုပ်ကိုခွဲခြားတာထက် ချစ်သူတွေ ဇနီးမောင်နှံဆိုတာ နှစ်ယောက်အတူတူတွဲလုပ်လိုက်ရင် ပိုပြီးတော့ပျော်စရာကောင်းတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်လာရမှာပါ။အဲ့ဒီလိုအချစ်ရေးမျိုးကို မိန်းကလေးတွေကလိုချင်ကြပါတယ်။

*ကိုယ်နဲ့ပတ်သက်တာကို အမြဲအလေးထားပေးသူ
မိန်းကလေးတွေကသူတို့ချစ်သူစိတ်ထဲမှာအမြဲရှိချင်ကြပါတယ်။အမှတ်တရနေ့တွေ၊ချစ်သူစဖြစ်တဲ့နေ့တွေ၊သူမရဲ့မွေးနေ့တွေမှာ ချစ်သူဆီက အမှတ်တရတစ်ခုခုရဖို့ အမြဲမျှော်လင့်ကြပါတယ်။ ကိုယ်နဲ့ပတ်သက်ပြီးအလေးထားတယ်ဆိုတဲ့စိတ်လေးကို မိန်းကလေးတွေက ပိုင်ဆိုင်ဂုဏ်ယူချင်ကြတာပါ။

*ကိုယ့်ရဲ့ပြဿနာတွေကိုလည်း မမေ့ပဲ ကူညီဖြေရှင်းပေးတတ်သူ
ကိုယ့်ကိုသာ သူ့ပြဿနာတွေထဲဆွဲမထည့်တာရှိမယ်။သူကတော့ ကိုယ့်ပြဿနာဆို အစအဆုံးလိုက်ကူညီဖြေရှင်းပေးတယ်။

ကိုယ့်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးတဲ့ယောကျာ်းလေးမျိုးကို ပိုင်ဆိုင်ထားရင် သင်က ကံကောင်းတဲ့မိန်းကလေးပါပဲ။တစ်ချို့တွေက ချစ်သူဆိုပေမဲ့
သူ့ပြဿနာနဲ့သူ ကိုယ့်ပြဿနာနဲ့ကိုယ် မဆိုင်သလို နေတတ်ကြပါတယ်။

အဲ့ဒီလိုလူမျိုးကို မိန်းကလေးတွေကချစ်ရင်တောင် ဘဝအတွက်လက်တွဲဖို့တော့ တွန့်သွားတတ်ပါတယ်။ဘယ်သူဦးဆောင်ဖြေရှင်းရမယ်မသတ်မှတ်ထားပေမဲ့ မိန်းကလေးတွေက သူတို့ချစ်သူကို အားကိုးချင်ကြတာချည်းပါပဲ။

မိန်းကလေးတွေဟာ ဂုဏ်တွေပကာသနတွေထက် နောက်ဆုံးမှာသူတို့ချစ်တဲ့၊အားကိုးရတဲ့၊ယုံကြည်ရတဲ့ အမျိုးကောင်းသားလေးတွေကိုပဲ ဘဝအတွက်ရွေးချယ်လက်တွဲကြတာပါ။

ငွေတွေ၊ပကာသနတွေထက် နောက်ဆုံး ဘယ်လိုအခက်အခဲပဲရှိရှိ ကိုယ်နဲ့အတူတူ ဘဝကို ရင်ဆိုင်မယ့်သူကိုပဲ ရွေးချယ်ကြတာဖြစ်ပါတယ်။ယူတို့မှာ အပေါ်က အရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ချစ်သူကို ရထားရင် လက်မလွှတ်ကြနဲ့နော်

Credit:lwinpyin

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top