iMyanmarHouse.com - Best Property Website for Myanmar
×


လင္ က်င့္၀တ္ ၅-ပါး

မထီမဲ့ကင္း
အပ္ႏွင္းဥစၥာ
မိစၦာမမွား
၀တ္စားဆင္ယင္
ျမတ္ႏိုးၾကင္
ငါးအင္ လင္က်င့္ရာ။

(၁) ဇနီး မယားအား မထီေလးစား မျပဳျခင္း၊
(၂) ဇနီး မယား အား ရွာေဖြရသမွ် ဥစၥာမ်ားကို အပ္ႏွံျခင္၊
(၃) မိမိ ဇနီး မယား မွ တစ္ပါး အျခားမိန္းမမ်ားႏွင့္ ေဖာက္ျပား က်ဴးလြန္မႈ မရွိျခင္း၊
(၄) ဇနီး မယား အား အခါအားေလ်ာ္စြာ အ၀တ္အစားအသစ္အဆန္းမ်ား ဆင္ယင္ေပးျခင္း၊
(၅) ဇနီး မယား အား ျမတ္ႏိုးၾကင္နာစြာ ဆက္ဆံျခင္း။

အက်ယ္ထပ္ရွင္းရရင္ေတာ့

(၁) မိမိ ဇနီး မယား အား မထီေလးစား မျပဳျခင္း

ကိုယ့္ ဇနီး ကို အမ်ားသူငါေရွ ့မွာ ေအာ္ေငါက္တာေတြ ၊ ဆဲဆိုတာေတြ ၊ အျပစ္မရွိ အျပစ္ရွာ အေၾကာင္းမရွိ အေၾကာင္းရွာျပီး လူအထင္ေသးမဲ့ ၊ သိမ္ငယ္ေစမဲ့ ကိစၥေတြ ေျပာဆုိတာမ်ိဳး ေရွာင္ၾကဥ္ျပီးေတာ့ ဇနီး မယား ရဲ ့အျပဳအစု အယုအယ ေကာင္းေၾကာင္း ၊ ေတာ္ေၾကာင္း ၊ တတ္ၾကာင္း ၊ အနစ္နာခံ ၊ သည္းခံ ခြင့္လႊတ္တတ္ေၾကာင္း အစရွိတဲ့ ဇနီး မယား ဂုဏ္တက္ေစမဲ့ အေၾကာင္းကိစၥမ်ိဳးကို ၾကံဖန္ရွာေဖြျပီး အခါအခြင့္သင့္တုိင္း ေျပာဆုိေပးတာကို ဆုိလိုပါတယ္။ ကိုယ့္မိန္းမကို ႏႈတ္၏ ေစာင္မျခင္းဆိုတဲ့ သေဘာပါပဲ။ မိမိ ဇနီး ကို ကိုယ့္ရဲ ့ၾကင္နာမႈ ေတြ ၊ ေႏြးေထြးမႈေတြကို အမ်ားသူငါေရွ ့မွာ ထုတ္ေဖာ္ျပသတာမ်ိဳးေပါ့။

(၂) မိမိ ဇနီး မယား အား ရွာေဖြရသမွ် ဥစၥာ မ်ားကို အပ္ႏွံျခင္၊

လခစား ျဖစ္ရင္လည္း လခစားအေလ်ာက္ ၊ ကိုယ္ပိုင္စီးပြားေရး သမားဆုိရင္လည္း ကိုယ္ပိုင္စီးပြားေရးသမား အေလ်ာက္ ရလာတဲ့ လခ၊ အက်ိဳးအျမတ္ေတြကို စာရင္းဇယားႏွင့္တစ္ကြ မိန္းမကို ေပးအပ္ရပါမယ္။ ျပီးေတာ့မွ ဇနီးမယားဆီက မိမိ ကိုယ္ေရးကိုယ္တာ သံုးဖို ့စြဲဖုိ ့အတြက္ ဘယ္ေရြ ့ဘယ္မွ် လိုအပ္ေၾကာင္း ျဖစ္ႏိုင္ရင္ စာရင္းနဲ့ ျပန္ေတာင္းတာမ်ိဳး ကို ဆိုလိုပါတယ္။ အဲသလို စာရင္းဇယားနဲ ့ျပေတာ့ ဇနီး မယား ကလည္း ၀င္ေငြ ဘယ္ေလာက္ ရွိသလဲ ၊ အသံုးစရိတ္ ဘယ္ေလာက္ရွိသလဲ ဆုိတာကို တြက္ခ်က္ႏိုင္ျပီးေတာ့ စုသင့္တာစု ၊ ရင္းႏွီးျမႈပ္ႏွံ သင့္တာ ျမႈပ္ႏွံ ၊ ေပးကမ္းစရာ ရွိတာ ေပးကမ္း အစရွိတာေတြကို လုပ္ႏိုင္မွာပါ။

(၃) မိမိ ဇနီး မယား မွ တစ္ပါး အျခား မိန္းမ မ်ားႏွင့္ ေဖာက္ျပား က်ဴးလြန္မႈ မရွိျခင္း၊

တိတ္တိတ္ပုန္း အေျမွာင္မယား ထားတာေတြ၊ ကိုယ့္လက္ေအာက္က ၀န္ထမ္းေတြနဲ ့ ေဖာက္ျပားတာေတြ ၊ အျခားေသာ လင္ရွိမယားေတြနဲ ့ ေဖာက္ျပန္တာေတြ ၊ ျပည့္တန္ဆာေတြနဲ ့ သြားလာဆက္ဆံတာေတြ ကို ေရွာင္ၾကဥ္တာမ်ိဳးကို ဆုိလိုပါတယ္။ တစ္ခ်ိဳ ့ သေဘာထားၾကီးတဲ့ မိန္းမ ေတြကေတာ့ ကိုယ္၀န္ ရွိေနတဲ့ အခ်ိန္မွာေတာ့ ကိုယ့္ ေယာက္်ား ကို ခ်ဳပ္ျခယ္တာမ်ိဳး မလုပ္ဘဲ ခြင့္လႊတ္ၾကတာလည္း ရွိပါတယ္။ ၂ ဦး ၂ဖက္ ၾကိဳတင္ ညွိႏိႈင္းထားၾကရင္ေတာ့ အဆင္ေျပမွာပါပဲ။

(၄) မိမိ ဇနီး မယား အား အခါအားေလ်ာ္စြာ အ၀တ္အစား အသစ္အဆန္းမ်ား အား ဆင္ယင္ေပးျခင္း၊

ကိုယ့္ ဇနီး ကို ခ်စ္သူမ်ားေန ့တို ့၊ ေမြးေန ့တို ့၊ မဂၤလာေဆာင္တဲ့ေန ့တို ့ အစရွိတဲ့ အမွတ္တရေန ့ ေတြမွာ အခ်ိန္သတ္သတ္ေပးျပီး အျပင္ေလွ်ာက္လည္တာေတြ၊ အမွတ္တယ ျဖစ္ေစမဲ့ ဖက္ရွင္ ဒီဇိုင္းေတြ ၊ အ၀တ္အထည္ဆန္းေတြ၊ sexy ျဖစ္တဲ့ lyngerie အ၀တ္အစားေတြ အဲဒီလို ေန ့ေတြမွာ ၀ယ္ေပးတာေတြ လုပ္ျခင္းအားျဖင့္ ဇနီး အေပၚမွာ အခ်စ္မပ်က္ေၾကာင္း ၊ မွတ္မွတ္ယယ ရွိေနေၾကာင္း ျပသတာမ်ိဳး ကို ဆုိလိုပါတယ္။

(၅) မိမိ ဇနီး မယား အား ျမတ္ႏိုးၾကင္နာစြာ ဆက္ဆံျခင္း။

ခ်စ္သူကေန ဇနီးမယား ျဖစ္လာခဲ့တဲ့ သူေတြဆုိရင္လည္း ကိုယ့္ မိန္းမ ကို စခ်စ္ခဲ့တုန္းကလိုပဲ အၾကင္နာမ်က္လံုးေတြနဲ ့တစ္ယုတစ္ယ ေထြးေထြးေပြ ့ေပြ ့၊ ၾကင္ၾကင္နာနာ ဆက္ဆံတာမ်ိဳး ၊ မိဘ ေတြေၾကာင့္ မဂၤလာေဆာင္ခဲ့ရတဲ့ သူေတြဆိုရင္လည္း အရင္တုန္းက ဘယ္လိုပဲ ခ်စ္သူေတြ ရွိခဲ့ပါေစ.. လက္ရွိ ကိုယ့္ ဇနီး ကိုပဲ သစၥာရွိရွိ ၊ ျမတ္ျမတ္ႏိုးႏိုး ေပါင္းသင္းတာမ်ိဳးကို ဆုိလိုပါတယ္။ အခန္ ့မသင့္လို ့စကားမ်ား ရန္ျဖစ္ခဲ့ရင္ေတာင္ ငါ့ အရင္ရည္းစားက နင့္လို မဟုတ္ဘူး.. ငါ့အေပၚ ဘယ္ေလာက္ သည္းခံ ဂရုစိုက္တယ္ ဆိုတာေတြ ေျပာဆုိတာမ်ိဳး ေရွာင္ၾကဥ္သင့္သလို ငယ္က်ိဳးငယ္နာ ေဖာ္ျပီး ေျပာဆိုတာမ်ိဳး ကိုလည္း မျပဳသင့္ပါဘူး။

မယား က်င့္၀တ္ ၅-ပါး

အိမ္တြင္းမႈလုပ္
သိမ္းထုပ္ေသခ်ာ
မိစၦာၾကဥ္ေရွာင္
ေလ်ာ္ေအာင္ျဖန္႔ခ်ိ
ပ်င္းရိမမူ
၀တ္ငါးဆူ အိမ္သူ က်င့္အပ္စြာ။

(၁) အိမ္မႈကိ စၥမ်ားကို အဆင္ေျပေစရန္ စီမံခန္ ့ခြဲ ျပဳလုပ္ျခင္း၊
(၂) မိမိ လင္ေယာက်္ား အပ္ႏွံလာေသာ ဥစၥာ မ်ားကို စနစ္တက် သိမ္းဆည္း ထိန္းသိမ္းျခင္း၊
(၃) မိမိ ေယာက်္ား မွ တစ္ပါး အျခားေသာ ေယာက်္ားတို႔ႏွင့္ ကာမအမႈ ကိစၥတြင္ ေဖာက္ျပန္မႈ မရွိျခင္း၊
(၄) မိမိဘက္မွ ေဆြမ်ိဳး  ၊ လင္သားဘက္မွ ေဆြမ်ိဳး တို႔၌ မွ်မွ် တတ ေပးကမ္းရျခင္း၊
(၅) လုပ္ငန္းကိစၥ အ၀၀၌ ပ်င္းရိျခင္းကင္း၍ ကၽြမ္းက်င္ ရျခင္း။

(၁) အိမ္မႈ ကိစၥမ်ားကို အဆင္ေျပေစရန္ စီမံခန္ ့ခြဲ ျပဳလုပ္ျခင္း

ခင္ပြန္းသည္ အိပ္ရာက မထခင္ ခင္ပြန္းသည္ အတြက္ နံနက္စာ စီစဥ္ေပးတာ ၊ ခင္ပြန္းသည္ ႏိုးလာရင္လည္း သြားတိုက္တံ ၊ မ်က္ႏွာသုတ္ပု၀ါ အစရွိတာေတြ အဆင္သင့္ ျပင္ဆင္ေပးထားတာ ၊ ႏွစ္ဖက္ မိဘေတြ ၊ ေဆြမ်ိဳးေတြ ကိုယ့္အိမ္မွာ ေကြ်းေမြး ေစာင့္ေရွာက္ထားရင္ သူတုိ ့ေတြအတြက္ မလစ္ဟင္းရေအာင္ ၊ အိမ္ကို ၾကည့္ခ်င္စဖြယ္ ၊ ေနျခင္စဖြယ္ ျဖစ္ေအာင္ ျပင္ဆင္တာေတြ၊ ယုိယြင္းပ်က္စီးေနတာေတြကို စြန္ ့ျပစ္တန္ စြန္ ့ျပစ္၊ ျပင္သင့္တာျပင္ ၊ ခင္ပြန္းသည္ ရွာသမွ် ေနာက္ေဖးမီးဖိုေခ်ာင္က မထြက္ရေအာင္ စီမံခန္ ့ခြဲတာ၊ အိမ္ေစ ရွိရင္လည္း မနက္ေစာေစာ အိပ္ရာမထျခင္ရင္ေတာင္မွ အဆင္သင့္ျဖစ္ေအာင္ အစီအစဥ္ေတြကို ၾကိဳတင္ေျပာျပျပီး အလုပ္ ေတြကို သင့္ေလ်ာ္သလို စီမံ ခန္ ့ခဲြတာေတြကို ျပဳလုပ္ေစျခင္းပါပဲ။ ညအိပ္ရင္လည္း ခင္ပြန္းသည္ထက္ ေစာျပီး အိပ္တာမ်ိဳး မဟုတ္ဘဲ အတူတူျဖစ္ေစ ၊ ေနာက္က်ျပီးမွ ျဖစ္ေစ အိပ္ရာ၀င္တာမ်ိဳး လုပ္သင့္ပါတယ္။ ေနာက္က်မွ အိပ္ရာ၀င္တာကလည္း အိမ္တံခါးေတြ လံုျခံေအာင္ ပိတ္ရဲ ့လား အစရွိသျဖင့္ ခင္ပြန္းသည္ေတြ လစ္ဟင္းေနတဲ ့အရာေတြကို ေထာင့္ေစ့ေအာင္ ၾကည့္ရႈေစာင့္ေရွာက္ျခင္းပါပဲ။

(၂) မိမိ လင္ေယာက်္ား အပ္ႏွံလာေသာ ဥစၥာမ်ားကို စနစ္တက် သိမ္းဆည္း ထိန္းသိမ္းျခင္း၊

ခင္ပြန္းသည္ ရွာေဖြေပးလာတဲ ့ေငြေၾကး ဆိုရင္လည္း မေပ်ာက္ပ်က္ေအာင္ ၊ တုိးပြားလာေအာင္ ၊ လွဴသင့္တာ လွဴရေအာင္ အသံုးခ်တတ္ရပါမယ္။ ပစၥည္းဥစၥာေတြဆုိရင္လည္း ယိုယြင္းမႈနည္းေအာင္၊ စနစ္တက် ရွိေနေအာင္၊ ေခတ္နဲ ့ လိုက္ေလ်ာညီေထြေအာင္ ၊ ခင္ပြန္းသည္ အၾကိဳက္လည္း ျဖစ္ ၊ ကုိယ့္အၾကိဳက္လည္း ျဖစ္မယ့္ ဟာေတြကို တုိင္တုိင္ပင္ပင္ စုေဆာင္းတာမ်ိဳး လုပ္တတ္တာမ်ိဳးေပါ့။

(၃) မိမိခ င္ပြန္း မွတစ္ပါး အျခားေသာ ေယာက်္ားတို႔ႏွင့္ ကာမအမႈ တြင္ ေဖာက္ျပန္မႈ မရွိျခင္း၊

ဆိတ္ကြယ္ရာမွာ ျဖစ္ေစ ၊ မ်က္ေမွာက္မွာပဲ ျဖစ္ေစ ကိုယ့္ ခင္ပြန္းမွ တစ္ပါး တစ္ျခားသူေတြနဲ ့ ေဖာက္လြဲေဖာက္ျပန္ အက်င့္တန္တဲ့ ကိစၥေတြ ေရွာင္ၾကဥ္တာမ်ိဳး ဆိုလိုပါတယ္။

(၄) မိမိဘက္မွ ေဆြမ်ိဳး ၊ လင္သားဘက္မွ ေဆြမ်ိဳး တို႔၌ မွ်မွ် တတ ေပးကမ္းရျခင္း၊

ကိုယ့္ ဘက္မွ ေဆြမ်ိဳးသားခ်င္းေတြကို ၁ သိန္း ေထာက္ပံ့ရင္ ခင္ပြန္းဘက္က ေဆြမ်ိဳးသားခ်င္းေတြကိုလည္း ၁သိန္း ေထာက္ပ့ံတာမ်ိဳ း ၊ သီတင္းကြ်တ္ ၊ တန္ေဆာင္တုိင္ မွာ လူၾကီး မိဘေတြကို ကန္ေတာ့ရင္ ႏွစ္ဘက္ မိဘေတြ ၊ ေဆြမ်ိဳးစုေတြကို မွ်မွ်တတ ဆက္ဆံ ေပးကမ္း ေထာက္ပံ့ တာမ်ိဳး ျပဳလုပ္တာကို ဆုိလိုပါတယ္။

(၅) လုပ္ငန္း ကိစၥ အ၀၀၌ ပ်င္းရိျခင္းကင္း၍ ကၽြမ္းက်င္ရျခင္း။

အမႈကိစၥေပၚေပါက္လို ့ရွိရင္ ခင္ပြန္းသည္ကိုခ်ည္းပဲ အားကိုးမေနဘဲ ကိုယ္တုိင္ လုပ္တတ္ရင္ ကိုယ္တုိင္လုပ္ကိုင္တာမ်ိဳး၊ ကိုယ္တုိင္မလုပ္တတ္ရင္လည္း တတ္တဲ့သူ တစ္ေယာက္ေယာက္ကို ေငြေပးျပီး ခိုင္းေစတာမ်ိဳး ၊ ႏိုးႏိုးၾကားၾကား ေနထိုင္တတ္တာမ်ိဳးကို ဆုိလိုပါတယ္။
” ေမာင္ေရ .. သည္းေလး ဒီမွာ ကိုရီးယားကား ၾကည့္ေနလို ့ ့.. အမိႈက္ေလး သြန္ေပးပါ ” ဆုိတာမ်ိဳး မလုပ္သင့္ဘူးေပါ့။

ခင္ပြန္းသည္ ေတြက ဇနီးသည္ရဲ့ တခ်ဳိ႔အက်င့္၊ တခ်ဳိ႔လုပ္ရပ္ ေတြကို မၾကိဳက္တဲ့ အခ်က္ေတြကေတာ့ –

၁) ခင္ပြန္း အိမ္ျပန္လာတာေတြ႔ပါလ်က္ အိမ္နီးခ်င္းနဲ႔ စကားအေျပာမပ်က္ ေနတတ္တာမ်ဳိး။
၂) ကိုယ့္တစ္ကိုယ္ေရ သန္႔ရွင္းမႈကို ဂရုမစိုက္တတ္တာ။
၃) ခင္ပြန္း ဘက္က ေဆြမ်ဳိးသားခ်င္းေတြကို မေလးစားတာ။
၄) ခင္ပြန္းသည္ ရဲ့ အားနည္းခ်က္ကို သေရာ္ေလွာင္ေျပာင္တာ။
၅) ခင္ပြန္းသည္  ဆႏၵကို မသိေယာင္ေဆာင္ ေနတတ္တာ။

၆) ကာမဆက္ဆံမႈကို စိတ္မပါဟန္ျပတာ။
၇) ခင္ပြန္း ကို အရာရာမွာ အျပစ္ေျပာတတ္တာ။
၈) အိမ္ေထာင္သည္ ပဲဆုိၿပီး၊ ကိုယ့္ရဲ့ တစ္ကိုယ္ေရ ေသသပ္လွပမႈကို ဂရုမျပဳတတ္တာ။
၉) ခင္ပြန္းသည္ ရဲ့ ဝင္ေငြ၊ လခကို အေသးစိတ္ စာရင္း လိုက္ေမးတာ။
၁၀) သူမ်ားအိမ္ လည္ဖို႔ ဝါသနာႀကီးတာ။

၁၁) အိမ္တြင္း အလွအပ သန္႔ရွင္းေရးကို စိတ္မဝင္စားတာ။
၁၂) သားသမီးရဲ့ ေဝယ်ာဝစၥကို စိတ္မဝင္စားတာ။
၁၃) ကိုယ့္ေဆြမ်ဳိးသားခ်င္းကို တြယ္တာလြန္းတာ။
၁၄) ေယာကၡမနဲ႔ ေယာက္မ အေၾကာင္း ႀကံဖန္ အျပစ္ေျပာတာ။
၁၅) ခင္ပြန္းသည္ရဲ့ ရုံး၊ လုပ္ငန္းက လုပ္ေဖာ္ကိုင္ဖက္ အမ်ဳိးသမီးေတြနဲ႔ ပတ္သတ္ၿပီး သံသယ ထားတတ္တာ။

၁၆) ဘာမဟုတ္တဲ့ ကိစၥအတြက္ စိတ္ေကာက္တတ္တာ။
၁၇) သူစိမ္းေတြ ေရွ႔မွာ ေယာက်္ားရဲ့ အားနည္းခ်က္ေတြ ထုတ္ေဖာ္ေျပာတတ္တာ။
၁၈) သူစိမ္း ေယာက်္ားေတြ၊ ခင္ပြန္းသည္ရဲ့ ေယာက်္ားေလး အေပါင္းအသင္းေတြ အေၾကာင္းကို စိတ္ဝင္တစား ရွိတာ။
၁၉) ခင္ပြန္းသည္ ဝယ္လာတဲ့ ပစၥည္းကို အျပစ္ရွာ ေျပာတတ္တာ။
၂၀) ခင္ပြန္းသည္ရဲ့ အဝတ္အစားနဲ႔ အသံုးအေဆာင္ေတြ စနစ္တက် မထားတာ။

၂၁) ကိစၥ အေသးအမႊားေလးကို ပံုႀကီးခ်ဲ႔ စကားမ်ားခ်င္တာ။
၂၂) ဇနီး ေမာင္ႏွံ ႏွစ္ဦးၾကား စိတ္ခ်င္း မတိုက္ဆိုင္တာကို အေၾကာင္းျပဳၿပီး မိဘေတြကို ဆြဲထည့္တတ္တာ။
၂၃) ကိုယ့္ မိဘေဆြမ်ိဳးသားခ်င္းေတြနဲ႔ ဖုန္းအၾကာႀကီး ေျပာဆိုေနတတ္တာ။
၂၄) ခင္ပြန္းသည္ ရဲ့ မိဘ ေဆြမ်ိဳး သားခ်င္း၊ အေပါင္းအသင္းေတြကို ကိစၥတိုင္းမွာ စိတ္မပါ့တပါ ဆက္ဆံတတ္တာ၊ ဥေပကၡာ ျပဳတတ္တာ။
၂၅) အၿမဲတမ္းလိုလို ေရာဂါတစ္ခုခုကို အေၾကာင္းျပၿပီး အိမ္အလုပ္ မလုပ္ဘဲ ပစ္ထားတတ္တာ။

၂၆) ကိုယ့္အိမ္လာတဲ့ သူတိုင္းကို ခင္ပြန္းသည္အေၾကာင္း၊ မဟုတ္ကဟုတ္က အတင္းဖန္တီး ေျပာတတ္တာ။
၂၇) အိပ္ရာထဲေရာက္တာနဲ႔ ခင္ပြန္းသည္ တစ္ေန႔လံုး လုပ္ခဲ့တဲ့ အလုပ္ေတြကို တန္းစီေျပာခိုင္းတာ။
၂၈) ရုံးက ေမာေမာပန္းပန္း ျပန္လာတဲ့ ခင္ပြန္းသည္ကို အိမ္အလုပ္ကူလုပ္ေပးဖို႔ ေမွ်ာ္လင့္တာ။
၂၉) ကိုယ့္မိဘ အိမ္နဲ႔ ခင္ပြန္းသည္ရဲ့ အိမ္ကို ႏႈိင္းယွဥ္ၿပီး ႏွိမ့္ခ်ေျပာတတ္တာ မ်ဳိးေတြပါပဲ။ ။

ဇနီးသည္မႀကိဳက္တဲ့ ခင္ပြန္းသည္ရဲ့ တခ်ဳိ႔ အမူအက်င့္ေတြလည္း ရွိပါေသးတယ္။ အမ်ားအားျဖင့္ေတာ့ …

၁) ဇနီးသည္က အိမ္လာတဲ့ ဧည့္သည္နဲ႔ ရယ္ရယ္ေမာေမာ ဧည့္ခံ စကားေျပာတာကို ျပႆနာလုပ္တတ္တာမ်ိဳး။
၂) မိမိရဲ့ သူငယ္ခ်င္း၊ မိတ္ေဆြေတြအေပၚ စိတ္ဝင္တစားရွိတာ။
၃) စားတဲ့ေသာက္တဲ့အခါ အသံျမည္ေအာင္ စားတတ္တာ။
၄) စကားေျပာတိုင္း ဆဲေရးတိုင္းထြာတာ၊ ၾကမ္းတမ္းတဲ့ စကားမ်ိဳးေျပာတတ္တာ၊ ေအာ္ႀကီးဟစ္က်ယ္ေျပာတာ။
၅) ေဆးလိပ္၊ စီးကရက္ေသာက္တတ္တာ။

၆) အေပါင္းအသင္းက တိုက္လိုက္လို႔ဆိုၿပီး၊ အေၾကာင္းျပ အရက္ေသစာ ေသာက္တတ္တာ။
၇) အဝတ္အစား ေသေသသပ္သပ္ မဝတ္တတ္တာ။
၈) ဇနီးသည္ရဲ့ ေမြးေန႔ကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနတတ္တာ။
၉) ကေလးေတြကို ဆံုးမတဲ့ အခါတိုင္း လက္ပါတတ္တာ။
၁၀) အိပ္ေနတုန္း စကားေယာင္ေျပာတတ္တာ၊ ေဟာက္တတ္တာ။

၁၁) ကိစၥတိုင္းမွာ မိန္းမကို အျပစ္ရွာတတ္တာ။
၁၂) ဖုန္းဆက္တဲ့အခါ အသံက်ယ္က်ယ္ ေျပာတတ္တာ။
၁၃) အကၤ် ီကို ခၽြတ္ၿပီးရင္ အိပ္ရာေပၚပစ္တင္ ထားတတ္တာ။
၁၄) ေခါင္းမွာ ဆီရႊဲေအာင္ လိမ္းတတ္တာ၊ တခ်ိဳ႔က်ေတာ့ ဆီလံုးဝ မလိမ္းဘဲ ဖြာလန္ႀကဲ ေနတတ္တာ။
၁၅) ကိုယ့္ဇနီးကို ဘယ္ေယာက်္ားနဲ႔မဆို သဝန္တိုတတ္တာ။

၁၆) အစားအေသာက္မွာ တစ္ခုခုကို အျပစ္ရွာၿပီး ေခ်းမ်ားတတ္တာ။
၁၇) တစ္ကိုယ္ေရသန္႔ရွင္းမႈကို ဂရုမစိုက္တတ္တာ။
၁၈) ကိုယ့္ရဲ့ ဘယ္အသံုးအေဆာင္ ပစၥည္းကိုမဆို စနစ္တက် မထားဘဲ ဇနီးသည္ကို  လွမ္းလွမ္း ေမးတတ္တာ။
၁၉) အိမ္တြင္းေရးကိစၥနဲ့ ပတ္သတ္ၿပီး ဘယ္ေနရာမဆို ဇနီးသည္ ကို ဖက္လဲတကင္း လုပ္တတ္တာ။
၂၀) ဟင္းမေကာင္းတဲ့အခါ ထမင္းပန္းကန္ကို ပစ္ေပါက္တတ္တာ။

၂၁) အိမ္မွာ အခမ္းအနား တစ္ခုခုလုပ္လို႔ ဧည့္သည္ ေတြ ေရာက္ခ်ိန္ကိုေတာင္ မေထာက္ဘဲ အေၾကာင္း တစ္ခုခုေၾကာင့္ ဆူညံပူညံ လုပ္တတ္တာ။
၂၂) ဇနီးသည္ရဲ့ လုပ္ေဖာ္ကိုင္ဖက္ ေယာက်္ားေတြရဲ့ နာမည္ကိုေတာင္ မၾကားခ်င္တာ။
၂၃) အေၾကာင္းတစ္ခုခုန႔ဲ ပတ္သတ္လာရင္ ဇနီးသည္ရဲ့ ေဆြမ်ိဳးသားခ်င္းေတြကို တန္းစီၿပီး အျပစ္ေျပာတတ္တာ။
၂၄) ေဆြမ်ဳိးသားခ်င္း (သို႔မဟုတ္) အေပါင္းအသင္း စံုတဲ့အခါ ဇနီးသည္ကုိ ရွာႀကံၿပီး အျပစ္ေျပာတတ္တာ၊ ႏွိမ့္ခ်တတ္တာ။
၂၅) အိမ္အျပင္ ထြက္ေတာ့မယ္ဆိုရင္ ဇနီးသည္ ကို ကိုယ့္အႀကိဳက္ အဝတ္အစား ဝတ္ဖို႔ တုိက္တြန္းတတ္တာ။

၂၆) လူစိမ္း တစ္ေယာက္ေယာက္ အိမ္လာတာေတြ႔တာနဲ႔ ဇနီးသည္ကို  ဘုမသိ ဘမသိ သံသယမ်က္လံုးနဲ႔ ၾကည့္တတ္တာ။
၂၇) ဇနီးေမာင္ႏွံ အတူေနၾကတဲ့အခါ ကိုယ့္ကိစၥၿပီးတာနဲ႔ တစ္ဖက္လွည့္သြားၿပီး ဇနီးနဲ႔ကိုယ္ ဘာမွ မဆိုင္သလို ေနတတ္တာ။
၂၈) ကိုယ့္ရဲ့ ဆႏၵတစ္ခုတည္းကိုသာၾကည့္ၿပီး ဇနီးသည္ရဲ့ စိတ္အေျခအေနကို လံုးဝ ထည့္မတြက္တတ္တာ။

တကယ္လို႔ ဇနီးသည္မွာ ျဖစ္ေစ၊ ခင္ပြန္းသည္မွာ ျဖစ္ေစ အထက္ပါ အက်င့္ေလးေတြရွိခဲ့ရင္ သတိလက္လြတ္ မေနဘဲ ျပဳျပင္လိုက္ရင္ေတာ့ ကိုယ့္အိမ္ေထာင္ေရး ပိုၿပီး အဆင္ေျပ သာယာ ေပ်ာ္ရႊင္လာမွာ အမွန္ပါပဲ။

အဲဒီအခ်က္ေတြကိုလည္း အိမ္ေထာင္ျပဳၾကမဲ့ အမ်ိဳးေကာင္းသား အမ်ိဳးေကာင္းသမီးေတြ ၾကိဳတင္ညွိႏိုင္းျပီး တုိင္ပင္ထားမယ္ ၊ ေလွ်ာ့သင့္တာေလွ်ာ့ ညွိသင့္တာ ညွိ စတဲ့ adjustment ေတြ လုပ္ၾကမယ္ဆုိရင္ သာယာစိုျပည္တဲ့ အိမ္ေထာင္ေရးကို ရရွိမွာ ဧကန္ မုခ်ပါပဲ။

Credit:Original Writer

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လင် ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။

(၁) ဇနီး မယားအား မထီလေးစား မပြုခြင်း၊
(၂) ဇနီး မယား အား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊
(၃) မိမိ ဇနီး မယား မှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊
(၄) ဇနီး မယား အား အခါအားလျော်စွာ အဝတ်အစားအသစ်အဆန်းများ ဆင်ယင်ပေးခြင်း၊
(၅) ဇနီး မယား အား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။

အကျယ်ထပ်ရှင်းရရင်တော့

(၁) မိမိ ဇနီး မယား အား မထီလေးစား မပြုခြင်း

ကိုယ့် ဇနီး ကို အများသူငါရှေ့မှာ အော်ငေါက်တာတွေ ၊ ဆဲဆိုတာတွေ ၊ အပြစ်မရှိ အပြစ်ရှာ အကြောင်းမရှိ အကြောင်းရှာပြီး လူအထင်သေးမဲ့ ၊ သိမ်ငယ်စေမဲ့ ကိစ္စတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်ပြီးတော့ ဇနီး မယား ရဲ့အပြုအစု အယုအယ ကောင်းကြောင်း ၊ တော်ကြောင်း ၊ တတ်ကြာင်း ၊ အနစ်နာခံ ၊ သည်းခံ ခွင့်လွှတ်တတ်ကြောင်း အစရှိတဲ့ ဇနီး မယား ဂုဏ်တက်စေမဲ့ အကြောင်းကိစ္စမျိုးကို ကြံဖန်ရှာဖွေပြီး အခါအခွင့်သင့်တိုင်း ပြောဆိုပေးတာကို ဆိုလိုပါတယ်။ ကိုယ့်မိန်းမကို နှုတ်၏ စောင်မခြင်းဆိုတဲ့ သဘောပါပဲ။ မိမိ ဇနီး ကို ကိုယ့်ရဲ့ကြင်နာမှု တွေ ၊ နွေးထွေးမှုတွေကို အများသူငါရှေ့မှာ ထုတ်ဖော်ပြသတာမျိုးပေါ့။

(၂) မိမိ ဇနီး မယား အား ရှာဖွေရသမျှ ဥစ္စာ များကို အပ်နှံခြင်၊

လခစား ဖြစ်ရင်လည်း လခစားအလျောက် ၊ ကိုယ်ပိုင်စီးပွားရေး သမားဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးသမား အလျောက် ရလာတဲ့ လခ၊ အကျိုးအမြတ်တွေကို စာရင်းဇယားနှင့်တစ်ကွ မိန်းမကို ပေးအပ်ရပါမယ်။ ပြီးတော့မှ ဇနီးမယားဆီက မိမိ ကိုယ်ရေးကိုယ်တာ သုံးဖို့စွဲဖို့အတွက် ဘယ်ရွေ့ဘယ်မျှ လိုအပ်ကြောင်း ဖြစ်နိုင်ရင် စာရင်းနဲ့ ပြန်တောင်းတာမျိုး ကို ဆိုလိုပါတယ်။ အဲသလို စာရင်းဇယားနဲ့ပြတော့ ဇနီး မယား ကလည်း ဝင်ငွေ ဘယ်လောက် ရှိသလဲ ၊ အသုံးစရိတ် ဘယ်လောက်ရှိသလဲ ဆိုတာကို တွက်ချက်နိုင်ပြီးတော့ စုသင့်တာစု ၊ ရင်းနှီးမြှုပ်နှံ သင့်တာ မြှုပ်နှံ ၊ ပေးကမ်းစရာ ရှိတာ ပေးကမ်း အစရှိတာတွေကို လုပ်နိုင်မှာပါ။

(၃) မိမိ ဇနီး မယား မှ တစ်ပါး အခြား မိန်းမ များနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊

တိတ်တိတ်ပုန်း အမြှောင်မယား ထားတာတွေ၊ ကိုယ့်လက်အောက်က ဝန်ထမ်းတွေနဲ့ ဖောက်ပြားတာတွေ ၊ အခြားသော လင်ရှိမယားတွေနဲ့ ဖောက်ပြန်တာတွေ ၊ ပြည့်တန်ဆာတွေနဲ့ သွားလာဆက်ဆံတာတွေ ကို ရှောင်ကြဉ်တာမျိုးကို ဆိုလိုပါတယ်။ တစ်ချို့ သဘောထားကြီးတဲ့ မိန်းမ တွေကတော့ ကိုယ်ဝန် ရှိနေတဲ့ အချိန်မှာတော့ ကိုယ့် ယောက်ျား ကို ချုပ်ခြယ်တာမျိုး မလုပ်ဘဲ ခွင့်လွှတ်ကြတာလည်း ရှိပါတယ်။ ၂ ဦး ၂ဖက် ကြိုတင် ညှိနှိုင်းထားကြရင်တော့ အဆင်ပြေမှာပါပဲ။

(၄) မိမိ ဇနီး မယား အား အခါအားလျော်စွာ အဝတ်အစား အသစ်အဆန်းများ အား ဆင်ယင်ပေးခြင်း၊

ကိုယ့် ဇနီး ကို ချစ်သူများနေ့တို့၊ မွေးနေ့တို့၊ မင်္ဂလာဆောင်တဲ့နေ့တို့ အစရှိတဲ့ အမှတ်တရနေ့ တွေမှာ အချိန်သတ်သတ်ပေးပြီး အပြင်လျှောက်လည်တာတွေ၊ အမှတ်တယ ဖြစ်စေမဲ့ ဖက်ရှင် ဒီဇိုင်းတွေ ၊ အဝတ်အထည်ဆန်းတွေ၊ sexy ဖြစ်တဲ့ lyngerie အဝတ်အစားတွေ အဲဒီလို နေ့တွေမှာ ဝယ်ပေးတာတွေ လုပ်ခြင်းအားဖြင့် ဇနီး အပေါ်မှာ အချစ်မပျက်ကြောင်း ၊ မှတ်မှတ်ယယ ရှိနေကြောင်း ပြသတာမျိုး ကို ဆိုလိုပါတယ်။

(၅) မိမိ ဇနီး မယား အား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။

ချစ်သူကနေ ဇနီးမယား ဖြစ်လာခဲ့တဲ့ သူတွေဆိုရင်လည်း ကိုယ့် မိန်းမ ကို စချစ်ခဲ့တုန်းကလိုပဲ အကြင်နာမျက်လုံးတွေနဲ့တစ်ယုတစ်ယ ထွေးထွေးပွေ့ပွေ့၊ ကြင်ကြင်နာနာ ဆက်ဆံတာမျိုး ၊ မိဘ တွေကြောင့် မင်္ဂလာဆောင်ခဲ့ရတဲ့ သူတွေဆိုရင်လည်း အရင်တုန်းက ဘယ်လိုပဲ ချစ်သူတွေ ရှိခဲ့ပါစေ.. လက်ရှိ ကိုယ့် ဇနီး ကိုပဲ သစ္စာရှိရှိ ၊ မြတ်မြတ်နိုးနိုး ပေါင်းသင်းတာမျိုးကို ဆိုလိုပါတယ်။ အခန့်မသင့်လို့စကားများ ရန်ဖြစ်ခဲ့ရင်တောင် ငါ့ အရင်ရည်းစားက နင့်လို မဟုတ်ဘူး.. ငါ့အပေါ် ဘယ်လောက် သည်းခံ ဂရုစိုက်တယ် ဆိုတာတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်သင့်သလို ငယ်ကျိုးငယ်နာ ဖော်ပြီး ပြောဆိုတာမျိုး ကိုလည်း မပြုသင့်ပါဘူး။

မယား ကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်မှုကိ စ္စများကို အဆင်ပြေစေရန် စီမံခန့်ခွဲ ပြုလုပ်ခြင်း၊
(၂) မိမိ လင်ယောကျ်ား အပ်နှံလာသော ဥစ္စာ များကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း၊
(၃) မိမိ ယောကျ်ား မှ တစ်ပါး အခြားသော ယောကျ်ားတို့နှင့် ကာမအမှု ကိစ္စတွင် ဖောက်ပြန်မှု မရှိခြင်း၊
(၄) မိမိဘက်မှ ဆွေမျိုး  ၊ လင်သားဘက်မှ ဆွေမျိုး တို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင် ရခြင်း။

(၁) အိမ်မှု ကိစ္စများကို အဆင်ပြေစေရန် စီမံခန့်ခွဲ ပြုလုပ်ခြင်း

ခင်ပွန်းသည် အိပ်ရာက မထခင် ခင်ပွန်းသည် အတွက် နံနက်စာ စီစဉ်ပေးတာ ၊ ခင်ပွန်းသည် နိုးလာရင်လည်း သွားတိုက်တံ ၊ မျက်နှာသုတ်ပုဝါ အစရှိတာတွေ အဆင်သင့် ပြင်ဆင်ပေးထားတာ ၊ နှစ်ဖက် မိဘတွေ ၊ ဆွေမျိုးတွေ ကိုယ့်အိမ်မှာ ကျွေးမွေး စောင့်ရှောက်ထားရင် သူတို့တွေအတွက် မလစ်ဟင်းရအောင် ၊ အိမ်ကို ကြည့်ချင်စဖွယ် ၊ နေခြင်စဖွယ် ဖြစ်အောင် ပြင်ဆင်တာတွေ၊ ယိုယွင်းပျက်စီးနေတာတွေကို စွန့်ပြစ်တန် စွန့်ပြစ်၊ ပြင်သင့်တာပြင် ၊ ခင်ပွန်းသည် ရှာသမျှ နောက်ဖေးမီးဖိုချောင်က မထွက်ရအောင် စီမံခန့်ခွဲတာ၊ အိမ်စေ ရှိရင်လည်း မနက်စောစော အိပ်ရာမထခြင်ရင်တောင်မှ အဆင်သင့်ဖြစ်အောင် အစီအစဉ်တွေကို ကြိုတင်ပြောပြပြီး အလုပ် တွေကို သင့်လျော်သလို စီမံ ခန့်ခွဲတာတွေကို ပြုလုပ်စေခြင်းပါပဲ။ ညအိပ်ရင်လည်း ခင်ပွန်းသည်ထက် စောပြီး အိပ်တာမျိုး မဟုတ်ဘဲ အတူတူဖြစ်စေ ၊ နောက်ကျပြီးမှ ဖြစ်စေ အိပ်ရာဝင်တာမျိုး လုပ်သင့်ပါတယ်။ နောက်ကျမှ အိပ်ရာဝင်တာကလည်း အိမ်တံခါးတွေ လုံခြံအောင် ပိတ်ရဲ့လား အစရှိသဖြင့် ခင်ပွန်းသည်တွေ လစ်ဟင်းနေတဲ့အရာတွေကို ထောင့်စေ့အောင် ကြည့်ရှုစောင့်ရှောက်ခြင်းပါပဲ။

(၂) မိမိ လင်ယောကျ်ား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း၊

ခင်ပွန်းသည် ရှာဖွေပေးလာတဲ့ငွေကြေး ဆိုရင်လည်း မပျောက်ပျက်အောင် ၊ တိုးပွားလာအောင် ၊ လှူသင့်တာ လှူရအောင် အသုံးချတတ်ရပါမယ်။ ပစ္စည်းဥစ္စာတွေဆိုရင်လည်း ယိုယွင်းမှုနည်းအောင်၊ စနစ်တကျ ရှိနေအောင်၊ ခေတ်နဲ့ လိုက်လျောညီထွေအောင် ၊ ခင်ပွန်းသည် အကြိုက်လည်း ဖြစ် ၊ ကိုယ့်အကြိုက်လည်း ဖြစ်မယ့် ဟာတွေကို တိုင်တိုင်ပင်ပင် စုဆောင်းတာမျိုး လုပ်တတ်တာမျိုးပေါ့။

(၃) မိမိခ င်ပွန်း မှတစ်ပါး အခြားသော ယောကျ်ားတို့နှင့် ကာမအမှု တွင် ဖောက်ပြန်မှု မရှိခြင်း၊

ဆိတ်ကွယ်ရာမှာ ဖြစ်စေ ၊ မျက်မှောက်မှာပဲ ဖြစ်စေ ကိုယ့် ခင်ပွန်းမှ တစ်ပါး တစ်ခြားသူတွေနဲ့ ဖောက်လွဲဖောက်ပြန် အကျင့်တန်တဲ့ ကိစ္စတွေ ရှောင်ကြဉ်တာမျိုး ဆိုလိုပါတယ်။

(၄) မိမိဘက်မှ ဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုး တို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊

ကိုယ့် ဘက်မှ ဆွေမျိုးသားချင်းတွေကို ၁ သိန်း ထောက်ပံ့ရင် ခင်ပွန်းဘက်က ဆွေမျိုးသားချင်းတွေကိုလည်း ၁သိန်း ထောက်ပံ့တာမျို း ၊ သီတင်းကျွတ် ၊ တန်ဆောင်တိုင် မှာ လူကြီး မိဘတွေကို ကန်တော့ရင် နှစ်ဘက် မိဘတွေ ၊ ဆွေမျိုးစုတွေကို မျှမျှတတ ဆက်ဆံ ပေးကမ်း ထောက်ပံ့ တာမျိုး ပြုလုပ်တာကို ဆိုလိုပါတယ်။

(၅) လုပ်ငန်း ကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။

အမှုကိစ္စပေါ်ပေါက်လို့ရှိရင် ခင်ပွန်းသည်ကိုချည်းပဲ အားကိုးမနေဘဲ ကိုယ်တိုင် လုပ်တတ်ရင် ကိုယ်တိုင်လုပ်ကိုင်တာမျိုး၊ ကိုယ်တိုင်မလုပ်တတ်ရင်လည်း တတ်တဲ့သူ တစ်ယောက်ယောက်ကို ငွေပေးပြီး ခိုင်းစေတာမျိုး ၊ နိုးနိုးကြားကြား နေထိုင်တတ်တာမျိုးကို ဆိုလိုပါတယ်။
” မောင်ရေ .. သည်းလေး ဒီမှာ ကိုရီးယားကား ကြည့်နေလို့.. အမှိုက်လေး သွန်ပေးပါ ” ဆိုတာမျိုး မလုပ်သင့်ဘူးပေါ့။

ခင်ပွန်းသည် တွေက ဇနီးသည်ရဲ့ တချို့အကျင့်၊ တချို့လုပ်ရပ် တွေကို မကြိုက်တဲ့ အချက်တွေကတော့ –

၁) ခင်ပွန်း အိမ်ပြန်လာတာတွေ့ပါလျက် အိမ်နီးချင်းနဲ့ စကားအပြောမပျက် နေတတ်တာမျိုး။
၂) ကိုယ့်တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။
၃) ခင်ပွန်း ဘက်က ဆွေမျိုးသားချင်းတွေကို မလေးစားတာ။
၄) ခင်ပွန်းသည် ရဲ့ အားနည်းချက်ကို သရော်လှောင်ပြောင်တာ။
၅) ခင်ပွန်းသည်  ဆန္ဒကို မသိယောင်ဆောင် နေတတ်တာ။

၆) ကာမဆက်ဆံမှုကို စိတ်မပါဟန်ပြတာ။
၇) ခင်ပွန်း ကို အရာရာမှာ အပြစ်ပြောတတ်တာ။
၈) အိမ်ထောင်သည် ပဲဆိုပြီး၊ ကိုယ့်ရဲ့ တစ်ကိုယ်ရေ သေသပ်လှပမှုကို ဂရုမပြုတတ်တာ။
၉) ခင်ပွန်းသည် ရဲ့ ဝင်ငွေ၊ လခကို အသေးစိတ် စာရင်း လိုက်မေးတာ။
၁၀) သူများအိမ် လည်ဖို့ ဝါသနာကြီးတာ။

၁၁) အိမ်တွင်း အလှအပ သန့်ရှင်းရေးကို စိတ်မဝင်စားတာ။
၁၂) သားသမီးရဲ့ ဝေယျာဝစ္စကို စိတ်မဝင်စားတာ။
၁၃) ကိုယ့်ဆွေမျိုးသားချင်းကို တွယ်တာလွန်းတာ။
၁၄) ယောက္ခမနဲ့ ယောက်မ အကြောင်း ကြံဖန် အပြစ်ပြောတာ။
၁၅) ခင်ပွန်းသည်ရဲ့ ရုံး၊ လုပ်ငန်းက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး သံသယ ထားတတ်တာ။

၁၆) ဘာမဟုတ်တဲ့ ကိစ္စအတွက် စိတ်ကောက်တတ်တာ။
၁၇) သူစိမ်းတွေ ရှေ့မှာ ယောကျ်ားရဲ့ အားနည်းချက်တွေ ထုတ်ဖော်ပြောတတ်တာ။
၁၈) သူစိမ်း ယောကျ်ားတွေ၊ ခင်ပွန်းသည်ရဲ့ ယောကျ်ားလေး အပေါင်းအသင်းတွေ အကြောင်းကို စိတ်ဝင်တစား ရှိတာ။
၁၉) ခင်ပွန်းသည် ဝယ်လာတဲ့ ပစ္စည်းကို အပြစ်ရှာ ပြောတတ်တာ။
၂၀) ခင်ပွန်းသည်ရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ စနစ်တကျ မထားတာ။

၂၁) ကိစ္စ အသေးအမွှားလေးကို ပုံကြီးချဲ့ စကားများချင်တာ။
၂၂) ဇနီး မောင်နှံ နှစ်ဦးကြား စိတ်ချင်း မတိုက်ဆိုင်တာကို အကြောင်းပြုပြီး မိဘတွေကို ဆွဲထည့်တတ်တာ။
၂၃) ကိုယ့် မိဘဆွေမျိုးသားချင်းတွေနဲ့ ဖုန်းအကြာကြီး ပြောဆိုနေတတ်တာ။
၂၄) ခင်ပွန်းသည် ရဲ့ မိဘ ဆွေမျိုး သားချင်း၊ အပေါင်းအသင်းတွေကို ကိစ္စတိုင်းမှာ စိတ်မပါ့တပါ ဆက်ဆံတတ်တာ၊ ဥပေက္ခာ ပြုတတ်တာ။
၂၅) အမြဲတမ်းလိုလို ရောဂါတစ်ခုခုကို အကြောင်းပြပြီး အိမ်အလုပ် မလုပ်ဘဲ ပစ်ထားတတ်တာ။

၂၆) ကိုယ့်အိမ်လာတဲ့ သူတိုင်းကို ခင်ပွန်းသည်အကြောင်း၊ မဟုတ်ကဟုတ်က အတင်းဖန်တီး ပြောတတ်တာ။
၂၇) အိပ်ရာထဲရောက်တာနဲ့ ခင်ပွန်းသည် တစ်နေ့လုံး လုပ်ခဲ့တဲ့ အလုပ်တွေကို တန်းစီပြောခိုင်းတာ။
၂၈) ရုံးက မောမောပန်းပန်း ပြန်လာတဲ့ ခင်ပွန်းသည်ကို အိမ်အလုပ်ကူလုပ်ပေးဖို့ မျှော်လင့်တာ။
၂၉) ကိုယ့်မိဘ အိမ်နဲ့ ခင်ပွန်းသည်ရဲ့ အိမ်ကို နှိုင်းယှဉ်ပြီး နှိမ့်ချပြောတတ်တာ မျိုးတွေပါပဲ။ ။

ဇနီးသည်မကြိုက်တဲ့ ခင်ပွန်းသည်ရဲ့ တချို့ အမူအကျင့်တွေလည်း ရှိပါသေးတယ်။ အများအားဖြင့်တော့ …

၁) ဇနီးသည်က အိမ်လာတဲ့ ဧည့်သည်နဲ့ ရယ်ရယ်မောမော ဧည့်ခံ စကားပြောတာကို ပြဿနာလုပ်တတ်တာမျိုး။
၂) မိမိရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ် စိတ်ဝင်တစားရှိတာ။
၃) စားတဲ့သောက်တဲ့အခါ အသံမြည်အောင် စားတတ်တာ။
၄) စကားပြောတိုင်း ဆဲရေးတိုင်းထွာတာ၊ ကြမ်းတမ်းတဲ့ စကားမျိုးပြောတတ်တာ၊ အော်ကြီးဟစ်ကျယ်ပြောတာ။
၅) ဆေးလိပ်၊ စီးကရက်သောက်တတ်တာ။

၆) အပေါင်းအသင်းက တိုက်လိုက်လို့ဆိုပြီး၊ အကြောင်းပြ အရက်သေစာ သောက်တတ်တာ။
၇) အဝတ်အစား သေသေသပ်သပ် မဝတ်တတ်တာ။
၈) ဇနီးသည်ရဲ့ မွေးနေ့ကို မေ့မေ့ပျောက်ပျောက် နေတတ်တာ။
၉) ကလေးတွေကို ဆုံးမတဲ့ အခါတိုင်း လက်ပါတတ်တာ။
၁၀) အိပ်နေတုန်း စကားယောင်ပြောတတ်တာ၊ ဟောက်တတ်တာ။

၁၁) ကိစ္စတိုင်းမှာ မိန်းမကို အပြစ်ရှာတတ်တာ။
၁၂) ဖုန်းဆက်တဲ့အခါ အသံကျယ်ကျယ် ပြောတတ်တာ။
၁၃) အင်္ကျ ီကို ချွတ်ပြီးရင် အိပ်ရာပေါ်ပစ်တင် ထားတတ်တာ။
၁၄) ခေါင်းမှာ ဆီရွှဲအောင် လိမ်းတတ်တာ၊ တချို့ကျတော့ ဆီလုံးဝ မလိမ်းဘဲ ဖွာလန်ကြဲ နေတတ်တာ။
၁၅) ကိုယ့်ဇနီးကို ဘယ်ယောကျ်ားနဲ့မဆို သဝန်တိုတတ်တာ။

၁၆) အစားအသောက်မှာ တစ်ခုခုကို အပြစ်ရှာပြီး ချေးများတတ်တာ။
၁၇) တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။
၁၈) ကိုယ့်ရဲ့ ဘယ်အသုံးအဆောင် ပစ္စည်းကိုမဆို စနစ်တကျ မထားဘဲ ဇနီးသည်ကို  လှမ်းလှမ်း မေးတတ်တာ။
၁၉) အိမ်တွင်းရေးကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်နေရာမဆို ဇနီးသည် ကို ဖက်လဲတကင်း လုပ်တတ်တာ။
၂၀) ဟင်းမကောင်းတဲ့အခါ ထမင်းပန်းကန်ကို ပစ်ပေါက်တတ်တာ။

၂၁) အိမ်မှာ အခမ်းအနား တစ်ခုခုလုပ်လို့ ဧည့်သည် တွေ ရောက်ချိန်ကိုတောင် မထောက်ဘဲ အကြောင်း တစ်ခုခုကြောင့် ဆူညံပူညံ လုပ်တတ်တာ။
၂၂) ဇနီးသည်ရဲ့ လုပ်ဖော်ကိုင်ဖက် ယောကျ်ားတွေရဲ့ နာမည်ကိုတောင် မကြားချင်တာ။
၂၃) အကြောင်းတစ်ခုခုနဲ့ ပတ်သတ်လာရင် ဇနီးသည်ရဲ့ ဆွေမျိုးသားချင်းတွေကို တန်းစီပြီး အပြစ်ပြောတတ်တာ။
၂၄) ဆွေမျိုးသားချင်း (သို့မဟုတ်) အပေါင်းအသင်း စုံတဲ့အခါ ဇနီးသည်ကို ရှာကြံပြီး အပြစ်ပြောတတ်တာ၊ နှိမ့်ချတတ်တာ။
၂၅) အိမ်အပြင် ထွက်တော့မယ်ဆိုရင် ဇနီးသည် ကို ကိုယ့်အကြိုက် အဝတ်အစား ဝတ်ဖို့ တိုက်တွန်းတတ်တာ။

၂၆) လူစိမ်း တစ်ယောက်ယောက် အိမ်လာတာတွေ့တာနဲ့ ဇနီးသည်ကို  ဘုမသိ ဘမသိ သံသယမျက်လုံးနဲ့ ကြည့်တတ်တာ။
၂၇) ဇနီးမောင်နှံ အတူနေကြတဲ့အခါ ကိုယ့်ကိစ္စပြီးတာနဲ့ တစ်ဖက်လှည့်သွားပြီး ဇနီးနဲ့ကိုယ် ဘာမှ မဆိုင်သလို နေတတ်တာ။
၂၈) ကိုယ့်ရဲ့ ဆန္ဒတစ်ခုတည်းကိုသာကြည့်ပြီး ဇနီးသည်ရဲ့ စိတ်အခြေအနေကို လုံးဝ ထည့်မတွက်တတ်တာ။

တကယ်လို့ ဇနီးသည်မှာ ဖြစ်စေ၊ ခင်ပွန်းသည်မှာ ဖြစ်စေ အထက်ပါ အကျင့်လေးတွေရှိခဲ့ရင် သတိလက်လွတ် မနေဘဲ ပြုပြင်လိုက်ရင်တော့ ကိုယ့်အိမ်ထောင်ရေး ပိုပြီး အဆင်ပြေ သာယာ ပျော်ရွှင်လာမှာ အမှန်ပါပဲ။

အဲဒီအချက်တွေကိုလည်း အိမ်ထောင်ပြုကြမဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ကြိုတင်ညှိနိုင်းပြီး တိုင်ပင်ထားမယ် ၊ လျှော့သင့်တာလျှော့ ညှိသင့်တာ ညှိ စတဲ့ adjustment တွေ လုပ်ကြမယ်ဆိုရင် သာယာစိုပြည်တဲ့ အိမ်ထောင်ရေးကို ရရှိမှာ ဧကန် မုချပါပဲ။

Credit:Original Writer

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top