iMyanmarHouse.com - Best Property Website for Myanmar
×

 အခ်စ္ဆိုတဲ့အရာက ေျပာင္းလဲတတ္တဲ့သေဘာရွိပါတယ္။ အထူးသျဖင့္ တစ္ေနရာဆီေ၀းကြာေနရင္ ေသြးေအးသြားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ အေနေ၀းတဲ့ခ်စ္သူေတြ Long distance Relationship ျဖစ္ေနသူေတြအတြက္ အခ်စ္မီးလ်ံေလး ဆက္လက္ေတာက္ေလာင္ေနေစမယ့္ နည္းလမ္းေကာင္းေလးေတြ ေ၀မွ်ေပးခ်င္ပါတယ္။

ႏွလံုးသားခ်င္း နီးပါေစ
ခ်စ္သူႏွစ္ဦးၾကား ဘယ္ေလာက္ပဲ အေနေ၀းပါေစ ႏွလံုးသားခ်င္း နီးေနဖို႔လိုပါတယ္။ အေနေ၀းတဲ့အခ်ိန္မွာ ပတ္၀န္းက်င္က ရင္ခုန္စရာေတြေၾကာင့္ စိတ္လႈပ္ရွားမိတိုင္းမွာ သင့္မွာ ပိုင္ရွင္ရွိၿပီးသားဆိုတာကို ျပန္သတိေပးပါ။ အေ၀းတစ္ေနရာမွာ ကိုယ္ခ်စ္ရတဲ့သူရွိေနေသးတယ္ ဆိုတဲ့အသိနဲ႔ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ပါ။

အဆက္အသြယ္မျပတ္ပါေစနဲ႔
လူခ်င္းမေတြ႕ရေပမယ့္ အျခားနည္းလမ္းေတြနဲ႔ အဆက္အသြယ္ရွိေနရမွာ ျဖစ္ပါတယ္။ အခုေခတ္မွာ ဒီကိစၥက အရမ္းလြယ္ပါတယ္။ ေရွးနည္းလမ္းအတိုင္း စာေတြပဲပို႔ဦးမလား သင့္ခ်စ္သူကို တစ္မ်ိဳးတမည္ ရင္ခုန္ၾကည္ႏူးေစႏိုင္ပါတယ္။ ဖုန္းဆက္ပါ။ အီးေမးလ္ပို႔ပါ။ Message ေတြ၊ Chatting ေတြ၊ Video Call ေတြ ေခၚဆိုပါ။ လူကိုယ္တိုင္မေရာက္ႏိုင္ေပမယ့္ ႏွစ္ဦးစလံုးနဲ႔ဆိုင္တဲ့ အထူးေန႔ရက္ေတြမွာပဲျဖစ္ျဖစ္၊ ခ်စ္သူအတြက္ ထူးျခားေန႔ရက္ေတြမွာပဲျဖစ္ျဖစ္ တံခါး၀ကို ပန္းစည္းေရာက္ေအာင္ ပို႔ေပးလို႔လည္း ရပါေသးတယ္။

အေပါင္းအသင္းေတြနဲ႔ အခ်ိန္ျဖဳန္းပါ
အေနေ၀းတဲ့အခါမွာ သင့္ခ်စ္သူ ဘာလုပ္ေနမလဲ၊ ဘယ္သူနဲ႔ေတြ႕ေနမလဲ၊ ဘယ္ေတြမ်ားသြားေနမလဲ ဆိုတာကို အခ်ိန္ရတိုင္း ေတြးေနမိပါသလား။ သူမလည္း စိတ္၀င္စားစရာေကာင္းတဲ့ သူငယ္ခ်င္းမိတ္ေဆြသစ္ေတြနဲ႔ ေတြ႕ၿပီး ေပ်ာ္ရႊင္စရာအခ်ိန္ေတြကို ျဖတ္သန္းေနမွာေပါ့။ ဒါကို တစ္ေယာက္တည္း မနာလိုစိတ္ေတြ၊ သ၀န္တိုစိတ္ေတြ ေမြးထားၿပီး ျပႆနာရွာေနမယ့္အစား ကိုယ္တိုင္လည္း သူငယ္ခ်င္းအေဟာင္းေတြ၊ အသစ္ေတြနဲ႔ ေတြ႕ဆံုပါ။ ၀ါသနာပါတာေတြကို လုပ္ေဆာင္ပါ။ ဒီလိုနည္းလမ္းနဲ႔ ေကာင္မေလးဘာလုပ္ေနမလဲ ထိုင္ၿပီး စိတ္ပူေနရမယ့္အခ်ိန္ေတြကို ျဖတ္သန္းပါ။

တတ္ႏိုင္သမွ် ေတြ႕ဆံုပါ
အေျခအေနအရ ခပ္ေ၀းေ၀းေနရေပမယ့္ အခြင့္အေရးရတာနဲ႔ ေတြ႕ဆံုဖို႔ ႀကိဳးစားရမွာ ျဖစ္ပါတယ္။ ေတြ႕ဆံုတဲ့အခ်ိန္မွာလည္း ဘာခံစားခ်က္ကိုမွ ဟန္ေဆာင္ဖုန္းကြယ္မေနပါနဲ႔။

Credit:Gentleman Magazine
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အချစ်ဆိုတဲ့အရာက ပြောင်းလဲတတ်တဲ့သဘောရှိပါတယ်။ အထူးသဖြင့် တစ်နေရာဆီဝေးကွာနေရင် သွေးအေးသွားတတ်ကြပါတယ်။ ဒါ့ကြောင့် အကြောင်းအမျိုးမျိုးနဲ့ အနေဝေးတဲ့ချစ်သူတွေ Long distance Relationship ဖြစ်နေသူတွေအတွက် အချစ်မီးလျံလေး ဆက်လက်တောက်လောင်နေစေမယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

နှလုံးသားချင်း နီးပါစေ
ချစ်သူနှစ်ဦးကြား ဘယ်လောက်ပဲ အနေဝေးပါစေ နှလုံးသားချင်း နီးနေဖို့လိုပါတယ်။ အနေဝေးတဲ့အချိန်မှာ ပတ်ဝန်းကျင်က ရင်ခုန်စရာတွေကြောင့် စိတ်လှုပ်ရှားမိတိုင်းမှာ သင့်မှာ ပိုင်ရှင်ရှိပြီးသားဆိုတာကို ပြန်သတိပေးပါ။ အဝေးတစ်နေရာမှာ ကိုယ်ချစ်ရတဲ့သူရှိနေသေးတယ် ဆိုတဲ့အသိနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပါ။

အဆက်အသွယ်မပြတ်ပါစေနဲ့
လူချင်းမတွေ့ရပေမယ့် အခြားနည်းလမ်းတွေနဲ့ အဆက်အသွယ်ရှိနေရမှာ ဖြစ်ပါတယ်။ အခုခေတ်မှာ ဒီကိစ္စက အရမ်းလွယ်ပါတယ်။ ရှေးနည်းလမ်းအတိုင်း စာတွေပဲပို့ဦးမလား သင့်ချစ်သူကို တစ်မျိုးတမည် ရင်ခုန်ကြည်နူးစေနိုင်ပါတယ်။ ဖုန်းဆက်ပါ။ အီးမေးလ်ပို့ပါ။ Message တွေ၊ Chatting တွေ၊ Video Call တွေ ခေါ်ဆိုပါ။ လူကိုယ်တိုင်မရောက်နိုင်ပေမယ့် နှစ်ဦးစလုံးနဲ့ဆိုင်တဲ့ အထူးနေ့ရက်တွေမှာပဲဖြစ်ဖြစ်၊ ချစ်သူအတွက် ထူးခြားနေ့ရက်တွေမှာပဲဖြစ်ဖြစ် တံခါးဝကို ပန်းစည်းရောက်အောင် ပို့ပေးလို့လည်း ရပါသေးတယ်။

အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းပါ
အနေဝေးတဲ့အခါမှာ သင့်ချစ်သူ ဘာလုပ်နေမလဲ၊ ဘယ်သူနဲ့တွေ့နေမလဲ၊ ဘယ်တွေများသွားနေမလဲ ဆိုတာကို အချိန်ရတိုင်း တွေးနေမိပါသလား။ သူမလည်း စိတ်ဝင်စားစရာကောင်းတဲ့ သူငယ်ချင်းမိတ်ဆွေသစ်တွေနဲ့ တွေ့ပြီး ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းနေမှာပေါ့။ ဒါကို တစ်ယောက်တည်း မနာလိုစိတ်တွေ၊ သဝန်တိုစိတ်တွေ မွေးထားပြီး ပြဿနာရှာနေမယ့်အစား ကိုယ်တိုင်လည်း သူငယ်ချင်းအဟောင်းတွေ၊ အသစ်တွေနဲ့ တွေ့ဆုံပါ။ ဝါသနာပါတာတွေကို လုပ်ဆောင်ပါ။ ဒီလိုနည်းလမ်းနဲ့ ကောင်မလေးဘာလုပ်နေမလဲ ထိုင်ပြီး စိတ်ပူနေရမယ့်အချိန်တွေကို ဖြတ်သန်းပါ။

တတ်နိုင်သမျှ တွေ့ဆုံပါ
အခြေအနေအရ ခပ်ဝေးဝေးနေရပေမယ့် အခွင့်အရေးရတာနဲ့ တွေ့ဆုံဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ တွေ့ဆုံတဲ့အချိန်မှာလည်း ဘာခံစားချက်ကိုမှ ဟန်ဆောင်ဖုန်းကွယ်မနေပါနဲ့။

Credit:Gentleman Magazine
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top