iMyanmarHouse.com - Best Property Website for Myanmar
×


အတိတ္မွာ ရည္းစားေတြျဖစ္ခဲ့တဲ့ သူ႔အေၾကာင္းကို ျပန္သတိရတဲ့အခါမ်ိဳးလည္းရွိတယ္ေနာ္။

သူအခုဘာေတြလုပ္ေနသလဲ။လက္ထပ္သြားၿပီလား။ရည္းစားအသစ္ရသြားၿပီလား။ စသည္ျဖင့္ ..

သူငယ္ခ်င္းေတြကေတာ့ “နင့္ထက္လွတဲ့သူနဲ႔ လက္ထပ္လိုက္ၿပီ” လို႔ေျပာေတာ့ စိတ္တိုလိုက္တာ။
ဒါပင္မဲ့ သူက ထိပ္ေျပာင္ၿပီး ဝတုတ္ၿပဲျဖစ္ေနတာျမင္ေတာ့လည္း ရယ္လိုက္ရတာ အူတက္ေတာ့မယ္ ခိခိ။

အဲဒါေၾကာင့္ အသက္ ၂၀ – ၃၀ ပတ္ဝန္းက်င္ မိန္းကေလးေတြကို “သင့္ရဲ႕ရည္းစားေဟာင္းကို သတိရလား” ဆိုတဲ့ေမးခြန္းကေလးကို ေမးၾကည့္လိုက္ပါတယ္။
အေျဖကေတာ့ ၃၃%ကေတာာ့ သတိရတယ္တဲ့။ ဘာျဖစ္လို႔သတိရတာတုန္း သိခ်င္တယ္မဟုတ္လား။

၀၁. ရည္းစားသစ္ရသြားၿပီလား။ လက္ထပ္လိုက္ၿပီလား။ ဆိုတာကို သိခ်င္တယ္လို႔ေျဖတာက အသက္ ၂၆ ႏွစ္ မိန္းကေလး တစ္ေယာက္ပါ။

၀၂. သူအဆင္ေျပရဲ႕လား။ တကယ့္ကို လက္ထပ္ဖို႔အထိ စဥ္းစားခဲ့ရသူျဖစ္လို႔ပါ ဆိုၿပီးေျဖတာကေတာ့ အသက္ ၂၈ ႏွစ္ မိန္းကေလး တစ္ေယာက္ပါ။

၀၃. သူဘယ္မွာ အလုပ္လုပ္ေနလဲဆိုတာကို သိခ်င္တယ္ လို႔ ေျဖတာကေတာ့ အသက္ ၂၇ ႏွစ္ မိန္းကေလး တစ္ေယာက္ပါ။

၀၄. ကိုယ့္ထက္ဘဝက သာသာယာယာျဖစ္ေနလို႔ကေတာ့ စိတ္ဆိုးတယ္ လို႔ေျဖတာကေတာ့ အသက္ ၃၂ ႏွစ္ မိန္းကေလား တစ္ေယာက္ပါ။

၀၅. တကယ္ကို ဆိုးတဲ့သူျဖစ္တာေၾကာင့္ စိတ္နာတယ္ လို႔ေျဖတာကေတာ့ အသက္ ၃၂ ႏွစ္ မိန္းကေလး တစ္ေယာက္ပါ။

အေပၚကအေျဖေတြထဲမွာ စိတ္နာၿပီး မုန္းတီးေနတဲ့အခ်က္ေလးေတြလည္းပါေနေတာ့ စိတ္ဝင္စားစရာပါပဲ။

ေျပာင္းျပန္အေနနဲ႔ ေယာက်ၤားေလးေတြကိုလည္း ဒီေမးခြန္းေလးကို ေမးၾကည့္လိုက္ပါတယ္။ ၂၃%ကေတာ့ သူ႔ကို သတိရတယ္လို႔ေျဖၾကပါတယ္။

၀၁. ဘယ္လိုေကာင္နဲ႔ႀကိဳက္ေနသလဲ။ ဆိုတာကို သိခ်င္တယ္လို႔ေျဖတာကေတာ့ အသက္ ၂၂ ႏွစ္ ေယာက်ၤားေလး တစ္ေယာက္ပါ။

၀၂. သူအခု အဆင္ေျပရဲ႕လား။ ဆိုတာကို သိခ်င္တယ္လို႔ေျဖတာကေတာ့ အသက္ ၃၂ ႏွစ္ ေယာက်ၤားေလး တစ္ေယာက္ပါ။

သိခ်င္တာေတြကေတာ့ မိန္းကေလးေတြနဲ႔အတူတူပါပဲ။ လက္တြဲျဖဳတ္ၿပီးသြားတဲ့အခ်ိန္မွာ ဘယ္သူနဲ႔ႀကိဳက္ေနလဲဆိုတာကို သိခ်င္တဲ့သူကေတာ့ အမ်ားဆုံးပါပဲ။

အဲဒီလို အေျခအေနမွာ သူ႔ကိုသတိရေနေတာ့ သူ႔ရဲ႕အေၾကာင္းကို စုံစမ္းတာေတြ မလုပ္ဘူးလားလို႔ေမးၾကည့္လိုက္ပါတယ္။
SNS သုံးၿပီး သူ႔ရဲ႕အေျခအေနကို နည္းနည္းစုံစမ္းတာေလးေတြရွိတယ္တဲ့။

စုံစမ္းဘူးတယ္လို႔ေျဖတဲ့ မိန္းကေလးက ၄၇%၊ ေယာက်ၤားေလးက ၅၁%ရွိပါတယ္။ဘယ္မွာရွာလဲဆိုေတာ့ FACEBOOK တဲ့။

အဲဒီေတာ့ ရည္းစားေဟာင္းနဲ႔ FACEBOOK မွာ သူငယ္ခ်င္းေတြျဖစ္ေနၾကလားလို႔ ထပ္ေမးၾကည့္ေတာ့။
.
မိန္းကေလး ၆၉% နဲ႔ ေယာက်ၤားေလး ၆၅% က သူငယ္ခ်င္းအျဖစ္ မအပ္ထားဘူးလို႔ဆိုပါတယ္။

သူငယ္ခ်င္းေတြျဖစ္ေနတဲ့သူေတြကေတာ့ FACEBOOK ကေတာ္ေတာ္မ်ားပါတယ္။ သူ႔အေၾကာင္းကို သတိရရင္ အခုခ်က္ခ်င္း FACEBOOK ကေနဆက္သြယ္ၾကည့္လိုက္ေနာ္။

Credit:Chelmo Team

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အတိတ်မှာ ရည်းစားတွေဖြစ်ခဲ့တဲ့ သူ့အကြောင်းကို ပြန်သတိရတဲ့အခါမျိုးလည်းရှိတယ်နော်။

သူအခုဘာတွေလုပ်နေသလဲ။လက်ထပ်သွားပြီလား။ရည်းစားအသစ်ရသွားပြီလား။ စသည်ဖြင့် ..

သူငယ်ချင်းတွေကတော့ “နင့်ထက်လှတဲ့သူနဲ့ လက်ထပ်လိုက်ပြီ” လို့ပြောတော့ စိတ်တိုလိုက်တာ။
ဒါပင်မဲ့ သူက ထိပ်ပြောင်ပြီး ဝတုတ်ပြဲဖြစ်နေတာမြင်တော့လည်း ရယ်လိုက်ရတာ အူတက်တော့မယ် ခိခိ။

အဲဒါကြောင့် အသက် ၂၀ – ၃၀ ပတ်ဝန်းကျင် မိန်းကလေးတွေကို “သင့်ရဲ့ရည်းစားဟောင်းကို သတိရလား” ဆိုတဲ့မေးခွန်းကလေးကို မေးကြည့်လိုက်ပါတယ်။
အဖြေကတော့ ၃၃%ကတောာ့ သတိရတယ်တဲ့။ ဘာဖြစ်လို့သတိရတာတုန်း သိချင်တယ်မဟုတ်လား။

၀၁. ရည်းစားသစ်ရသွားပြီလား။ လက်ထပ်လိုက်ပြီလား။ ဆိုတာကို သိချင်တယ်လို့ဖြေတာက အသက် ၂၆ နှစ် မိန်းကလေး တစ်ယောက်ပါ။

၀၂. သူအဆင်ပြေရဲ့လား။ တကယ့်ကို လက်ထပ်ဖို့အထိ စဉ်းစားခဲ့ရသူဖြစ်လို့ပါ ဆိုပြီးဖြေတာကတော့ အသက် ၂၈ နှစ် မိန်းကလေး တစ်ယောက်ပါ။

၀၃. သူဘယ်မှာ အလုပ်လုပ်နေလဲဆိုတာကို သိချင်တယ် လို့ ဖြေတာကတော့ အသက် ၂၇ နှစ် မိန်းကလေး တစ်ယောက်ပါ။

၀၄. ကိုယ့်ထက်ဘဝက သာသာယာယာဖြစ်နေလို့ကတော့ စိတ်ဆိုးတယ် လို့ဖြေတာကတော့ အသက် ၃၂ နှစ် မိန်းကလေား တစ်ယောက်ပါ။

၀၅. တကယ်ကို ဆိုးတဲ့သူဖြစ်တာကြောင့် စိတ်နာတယ် လို့ဖြေတာကတော့ အသက် ၃၂ နှစ် မိန်းကလေး တစ်ယောက်ပါ။

အပေါ်ကအဖြေတွေထဲမှာ စိတ်နာပြီး မုန်းတီးနေတဲ့အချက်လေးတွေလည်းပါနေတော့ စိတ်ဝင်စားစရာပါပဲ။

ပြောင်းပြန်အနေနဲ့ ယောင်္ကျားလေးတွေကိုလည်း ဒီမေးခွန်းလေးကို မေးကြည့်လိုက်ပါတယ်။ ၂၃%ကတော့ သူ့ကို သတိရတယ်လို့ဖြေကြပါတယ်။

၀၁. ဘယ်လိုကောင်နဲ့ကြိုက်နေသလဲ။ ဆိုတာကို သိချင်တယ်လို့ဖြေတာကတော့ အသက် ၂၂ နှစ် ယောင်္ကျားလေး တစ်ယောက်ပါ။

၀၂. သူအခု အဆင်ပြေရဲ့လား။ ဆိုတာကို သိချင်တယ်လို့ဖြေတာကတော့ အသက် ၃၂ နှစ် ယောင်္ကျားလေး တစ်ယောက်ပါ။

သိချင်တာတွေကတော့ မိန်းကလေးတွေနဲ့အတူတူပါပဲ။ လက်တွဲဖြုတ်ပြီးသွားတဲ့အချိန်မှာ ဘယ်သူနဲ့ကြိုက်နေလဲဆိုတာကို သိချင်တဲ့သူကတော့ အများဆုံးပါပဲ။

အဲဒီလို အခြေအနေမှာ သူ့ကိုသတိရနေတော့ သူ့ရဲ့အကြောင်းကို စုံစမ်းတာတွေ မလုပ်ဘူးလားလို့မေးကြည့်လိုက်ပါတယ်။
SNS သုံးပြီး သူ့ရဲ့အခြေအနေကို နည်းနည်းစုံစမ်းတာလေးတွေရှိတယ်တဲ့။

စုံစမ်းဘူးတယ်လို့ဖြေတဲ့ မိန်းကလေးက ၄၇%၊ ယောင်္ကျားလေးက ၅၁%ရှိပါတယ်။ဘယ်မှာရှာလဲဆိုတော့ FACEBOOK တဲ့။

အဲဒီတော့ ရည်းစားဟောင်းနဲ့ FACEBOOK မှာ သူငယ်ချင်းတွေဖြစ်နေကြလားလို့ ထပ်မေးကြည့်တော့။
.
မိန်းကလေး ၆၉% နဲ့ ယောင်္ကျားလေး ၆၅% က သူငယ်ချင်းအဖြစ် မအပ်ထားဘူးလို့ဆိုပါတယ်။

သူငယ်ချင်းတွေဖြစ်နေတဲ့သူတွေကတော့ FACEBOOK ကတော်တော်များပါတယ်။ သူ့အကြောင်းကို သတိရရင် အခုချက်ချင်း FACEBOOK ကနေဆက်သွယ်ကြည့်လိုက်နော်။

Credit:Chelmo Team

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top