iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္တင္းေႏွာတိုင္း အမ်ိဳးသားေတြက တစ္္မိနစ္ကို (၄) ကယ္လိုရီေလာက္ ေလာင္ကၽြမ္းႏိုင္ၿပီး အမ်ိဳးသမီးေတြကေတာ့ တစ္မိနစ္ကို (၃) ကယ္လိုရီေလာက္ ေလာက္ကၽြမ္းပါတယ္

ခ်စ္တင္းေႏွာျခင္းရဲ႕ ေကာင္းက်ိဳးေတြ

ေယာက္်ားနဲ႔ မိန္းမ အတူတူခ်စ္တင္းေႏွာျခင္း ကိစၥကို ရွက္စရာေကာင္းတဲ့ ကိစၥတစ္ခုလို ဖံုးၾကကြယ္ၾကေပမယ့္ တကယ္ေတာ့ ခ်စ္တင္းေႏွာျခင္း ကိစၥဟာ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရး၊ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးေတြကို ထူးထူးျခားျခား ပိုမို တိုးတက္ေကာင္းမြန္ေစဖို႔ သဘာဝတရားက ေစ့ေဆာ္ညႊန္ၾကားတဲ့ သဘာဝ အျဖစ္အပ်က္ တစ္ခုပဲ ျဖစ္ပါတယ္။ ဘယ္လိုထူးထူးျခားျခား ေကာင္းက်ိဳးေတြ ေပးသလဲဆိုတာကိုေတာ့ Marry က အေသးစိတ္ ေျပာျပေပးပါမယ္။

အလြယ္တကူ ဖ်ားနာေနမေကာင္း မျဖစ္ရေအာင္ ကာကြယ္ေပးပါတယ္

ခ်စ္တင္းေႏွာျခင္းဟာကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစၿပီး အလြယ္တကူ ဖ်ားနာေနမေကာင္း မျဖစ္ရေအာင္ ကာကြယ္ေပးပါတယ္။ ေလ့လာေတြ႔ရွိမႈေတြအရ တစ္ပတ္ကို တစ္ႀကိမ္ (သို႔မဟုတ္) ႏွစ္ႀကိမ္ခန္႔ ပံုမွန္ ခ်စ္တင္းေနွာေလ့ရွိသူေတြက ခ်စ္တင္းေႏွာေလ့ မရွိသူေတြထက္ ကိုယ္ခံအားစနစ္ ပိုမိုေကာင္းမြန္တယ္လို႔ သိရပါတယ္။

ႏွလံုးက်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြ အမ်ားႀကီး ေပးစြမ္းပါတယ္
ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္

တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ပံုမွန္လိင္ဆက္ဆံေလ့ရွိတဲ့ အမ်ိဳးသားေတြက တစ္လကို တစ္ခါေလာက္သာ လိင္ဆက္ဆံေလ့ရွိတဲ့ အမ်ိဳးသားေတြနဲ႔ ယွဥ္ရင္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခ (၄၅) ရာခိုင္ႏႈန္းခန္႔ ေလ်ာ့နည္းတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ လိင္ဆက္ဆံမႈ ျပဳလုပ္တာက ႏွလံုးကို ပိုမိုက်န္းမာေအာင္ ေလ့က်င့္ခန္း ျပဳလုပ္ေပးတဲ့ သေဘာ ျဖစ္တဲ့အျပင္ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြ အမ်ားႀကီး ေပးစြမ္းပါတယ္။

ကိုယ္လက္လႈပ္ရွား အားကစားတစ္ခုကို ပံုမွန္ျပဳလုပ္ေနသလိုပဲ က်န္းမာေရးကို အေထာက္အကူ ျပဳပါတယ္
ေသြးတိုးတဲ့သူေတြ အတြက္ဆိုရင္လည္း

ပံုမွန္ခ်စ္တင္းေႏွာျခင္းက ေသြးပိုမတိုးေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ၿပီးေတာ့ လိင္ဆက္ဆံျခင္းဟာ ႏွလံုးခုန္ႏႈန္းကို ပိုျမန္ေစၿပီး ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစတဲ့ အျပင္ ၾကြက္သားေတြကိုလည္း သန္မာေစတာေၾကာင့္မို႔ ကိုယ္လက္လႈပ္ရွား အားကစားတစ္ခုကို ပံုမွန္ျပဳလုပ္ေနသလိုပဲ က်န္းမာေရးကို အေထာက္အကူ ျပဳပါတယ္။

ေလ့လာဆန္းစစ္မႈေတြ အရေတာ့ ခ်စ္တင္းေႏွာတိုင္း အမ်ိဳးသားေတြက တစ္္မိနစ္ကို (၄) ကယ္လိုရီေလာက္ ေလာင္ကၽြမ္းႏိုင္ၿပီး အမ်ိဳးသမီးေတြကေတာ့ တစ္မိနစ္ကို (၃) ကယ္လိုရီေလာက္ ေလာက္ကၽြမ္းတယ္လို႔ သိရပါတယ္။


Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


# Unicode Version # ျဖင့္ ဖတ္ပါ #


ချစ်တင်းနှောတိုင်း အမျိုးသားတွေက တစ်မိနစ်ကို (၄) ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပြီး အမျိုးသမီးတွေကတော့ တစ်မိနစ်ကို (၃) ကယ်လိုရီလောက် လောက်ကျွမ်းပါတယ်

ချစ်တင်းနှောခြင်းရဲ့ ကောင်းကျိုးတွေ

ယောက်ျားနဲ့ မိန်းမ အတူတူချစ်တင်းနှောခြင်း ကိစ္စကို ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုလို ဖုံးကြကွယ်ကြပေမယ့် တကယ်တော့ ချစ်တင်းနှောခြင်း ကိစ္စဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထူးထူးခြားခြား ပိုမို တိုးတက်ကောင်းမွန်စေဖို့ သဘာဝတရားက စေ့ဆော်ညွှန်ကြားတဲ့ သဘာဝ အဖြစ်အပျက် တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လိုထူးထူးခြားခြား ကောင်းကျိုးတွေ ပေးသလဲဆိုတာကိုတော့ Marry က အသေးစိတ် ပြောပြပေးပါမယ်။

အလွယ်တကူ ဖျားနာနေမကောင်း မဖြစ်ရအောင် ကာကွယ်ပေးပါတယ်

ချစ်တင်းနှောခြင်းဟာကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အလွယ်တကူ ဖျားနာနေမကောင်း မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ တစ်ပတ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့် ပုံမှန် ချစ်တင်းနှောလေ့ရှိသူတွေက ချစ်တင်းနှောလေ့ မရှိသူတွေထက် ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ပေးစွမ်းပါတယ်
နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်

တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန်လိင်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားတွေက တစ်လကို တစ်ခါလောက်သာ လိင်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ (၄၅) ရာခိုင်နှုန်းခန့် လျော့နည်းတယ်လို့ သိရပါတယ်။ ဒါ့ပြင် လိင်ဆက်ဆံမှု ပြုလုပ်တာက နှလုံးကို ပိုမိုကျန်းမာအောင် လေ့ကျင့်ခန်း ပြုလုပ်ပေးတဲ့ သဘော ဖြစ်တဲ့အပြင် နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ပေးစွမ်းပါတယ်။

ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုကို ပုံမှန်ပြုလုပ်နေသလိုပဲ ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်
သွေးတိုးတဲ့သူတွေ အတွက်ဆိုရင်လည်း

ပုံမှန်ချစ်တင်းနှောခြင်းက သွေးပိုမတိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ လိင်ဆက်ဆံခြင်းဟာ နှလုံးခုန်နှုန်းကို ပိုမြန်စေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့ အပြင် ကြွက်သားတွေကိုလည်း သန်မာစေတာကြောင့်မို့ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုကို ပုံမှန်ပြုလုပ်နေသလိုပဲ ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။

လေ့လာဆန်းစစ်မှုတွေ အရတော့ ချစ်တင်းနှောတိုင်း အမျိုးသားတွေက တစ်မိနစ်ကို (၄) ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပြီး အမျိုးသမီးတွေကတော့ တစ်မိနစ်ကို (၃) ကယ်လိုရီလောက် လောက်ကျွမ်းတယ်လို့ သိရပါတယ်။


Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top