iMyanmarHouse.com - Best Property Website for Myanmar
×
မျက်နှာ (သို့) ငါး
ယောက်ျား (သို့) မိန်းမ
Credit:lwinpyin
ချစ်ရေးချစ်ရာ
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
ပုံထဲမှာ အရင်ဆုံးမြင်ရတဲ့ပုံစံဟာ မင်းရဲ့လက်ရှိအခြေအနေကို ဖော်ပြနေပါတယ်တဲ့။ ဒီပုံရိပ်မှာ မင်းနဲ့ပတ်သတ်ပြီး ပြောပြမယ့်အကြောင်းရာတွေကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အပျော်အနေနဲ့ပဲဖြစ်ဖြစ် ဖတ်ကြည့်လိုက်နော်။
မျက်နှာ (သို့) ငါး
မျက်နှာ – မင်းဟာ လွတ်လပ်စွာတွေးခေါ်သူတစ်ဦးဖြစ်တယ်။ လူတွေကို ဂရုစိုက်တယ်။ ဆိုရှယ်ကျကျနေရတာကို သဘောကျတယ်။ လူတွေနဲ့အထိတွေ့ ၊ ဆက်ဆံတာများလေ လူတွေအကြောင်းကောင်းကောင်းသိပြီး နေ့စဉ်ပြဿနာတွေကိုလည်း ဉာဏ်ပြေးပြေးနဲ့ ဖြေရှင်းနိုင်လေပါပဲ။
ငါး – ဘဝမှာ ပျော်ပျော်နေတတ်သူကြီးပါ။ လုပ်ငန်းတွေ တိုးချဲ့ရင်း အောင်မြင်ဖို့ကြိုးစားနေသူပေါ့။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာ ပျော်အောင်နေတတ်သူမို့ လူချစ်လူခင်များတယ်။ တစ်ခုခုလွဲချော်သွားခဲ့ရင်တောင် မင်းမှာ ယုံကြည်မှုရှိရှိ အခြေအနေတစ်ခုမယိမ်းယိုင်သွားအောင် ကြိုးစားပါတယ်။
သော့ပေါက် (သို့) ငိုနေပုံ
သော့ပေါက် – မင်းဟာ သိချင်စိတ်ပြင်းထန်လွန်းသူ တစ်ယောက်ပါ။ ကိုယ့်ရဲ့ဘဝနဲ့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ အမြဲတမ်းလိုက်ကြည့်နေတတ်သူပါ။ မကြာခင်မှာ ကြီးမားထူးခြားတဲ့ အရာတွေနဲ့ တွေ့ကြုံရမယ်လို့ အမြဲတမ်းတွေးထင်နေတတ်ပါတယ်။
ငိုနေပုံ – မင်းကိုယ်တိုင်တောင် သတိမထားမိဘဲ စိတ်ခံစားမှုတွေပြင်းထန်တဲ့ အခြေအနေရောက်ပါတယ်။ စိတ်ခံစားမှုဆိုတာ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်း၊ အထီးကျန်ခြင်းနဲ့ စိတ်အလိုမကျခြင်း စသဖြင့် အခြေအနေမျိုးစုံကို ခံစားနေရတယ်။အခုကစပြီး ကိုယ့်ခံစားချက် ကိုယ် အာရုံစိုက်ဖို့လိုနေပါပြီနော်။
ယောက်ျား (သို့) မိန်းမ
ယောကျ်ား – မိန်းကလေးတွေဆိုရင် ဒီအဓိပ္ပာယ်ဟာ ရိုမန်တစ်ဆန်တဲ့ rs တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဒါမှမဟုတ်လည်း မှန်ကန်တဲ့တစ်ယောက်ကို ရှာကောင်းရှာနေတာလည်းဖြစ်နိုင်ပါတယ်။ မင်းမှာ ချစ်ရမယ့်လူတစ်ယောက်ရှိပြီးသား (သို့) သူနဲ့ ထူးခြားတဲ့ဆက်နွယ်မှုတွေရှိနေပြီလို့ အဓိပ္ပာယ်ရပါတယ်။ တကယ်လို့ စာဖတ်သူဟာ ယောကျ်ားဆိုရင်တော့ ကိုယ်ချစ်ရတဲ့ မိန်းကလေးမှာ အခြားယောကျ်ားတစ်ယောက်ရှိနေမှာကို စိတ်ပူနေရတဲ့အနေထားပါ။
မိန်းမ – စာဖတ်သူဟာ မိန်းကလေးဆိုရင်တော့ ဘဝနဲ့ပတ်သတ်ပြီး အကောင်းမြင်တတ်သူတစ်ယောက်ပါ။ လူတိုင်းနဲ့ သဟဇာတဖြစ်အောင် နေတတ်ပြီး လုံခြုံတဲ့ မိန်းကလေးတစ်ယောက်ပါ။ တကယ်လို့ မင်းဟာယောကျ်ားလေးဆိုရင်တော့ မိန်းကလေးတွေကို တန်ဖိုးထားသူတစ်ယောက်ပါ။ အရမ်းလည်း မရောပဲ ခပ်တည်တည်နေတတ်တဲ့ ယောကျ်ားမျိုးပါ။
Credit:lwinpyin
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top