iMyanmarHouse.com - Best Property Website for Myanmar
×


​ေႁမြ​ေဟာက္​ ကိုက္​လို႔က​ေတာ့ ​ေႁမြ​ေဟာက္ ​သာမက ကင္​းမီး​ေကာက္​ ကိုက္​တာပါ ​ေပ်ာက္​တဲ့ ​ေႁမြဆိပ္​​ေျပ႐ြက္​ လိုအပ္​သူမ်ား ရွယ္​နိုင္​၏. ျပန္လည္မွ်ေ၀ပါသည္

ေျမြဆိုး အပါအဝင္အဆိပ္ေျပသည့္ ေျမြေဟာက္ပင္

ေျမြဆိုး မ်ားအကိုက္ခံရပါကမိနစ္ပိုင္းအတြင္း အဆိပ္ေျပေစသည့္အရြက္။အေခါက္။အသီးမ်ားအဆင္သင့္ရွိထားရန္လိုေပမည္။ေဆးနည္း
ေတြသိထားရုံျဖင့္ မျဖစ္ပါ။

ေျမာက္ဒဂုံတြင္ ေျမြေပြး မေတြ႕ရေသာ္လည္း ေျမြေဟာက္ေတြရွိေနရာ။ လူကဦးေန သျဖင့္ျပသနာမရွိေသးဒါေျကာင့္ စိုက္လို့ရေသာ အဆိပ္ အားလုံးေျပေစသည္ဆိုသည့္နဂၤါးနိုင္ရာဇာ ပင္ကိုစုံစမ္းရာ။ရလာသည္ကေတာ့ ေျမြေဟာက္ပင္။

ေျမြေဟာက္ပင္ သည္ႏြယ္ပင္မ်ိဳးမဟုတ္။မတ္ေထာင္နိုင္ေသာအပင္လည္းမဟုတ္။ေပါက္ခါ
စတြင္ႏွစ္ေပခန့္မတ္ေထာင္ေနျပီးအပင္ငိုက္က်သြားကာ ေျမႏွင့္ထိေသာအဆစ္မွ အျမစ္ထြက္။
အတက္ထြက္လာျပီးအပင္ပြါးေနသည့္အပင္မ်ိဳးျဖစ္၍ ျကာလာေတာ့ အုံျကီးခ်ံဳ ျကီးျဖစ္လာသည္။

အရြက္သည္ ခံတက္ရြက္ထက္ဗ်က္ျကီးကာ မ်က္နွာဘက္တြင္ထင္ထင္ရွားရွား အလယ္တြင္ အမဲစက္ရွိေသာေျကာင့္ ေျမြေဟာက္လ်ွာႏွင့္တူသည္ဆိုကာ ေျမြေဟာက္ပင္ ဟုေခၚဆိုျခင္းျဖစ္သည္။

ယခု ေျမြေဟာက္ပင္ မွာစိုက္ရတာလြယ္ကူပြါးမ်ားသည္ဆိုေသာ္လည္း ရွားပါးေသာအပင္ျဖစ္ေနသည္
ေျမြေဟာက္ပင္ ၏ေဆးစြမ္းကိုမသိသျဖင့္လာေပးသူအားျပန္ေမးျမန္းရသည္။ သူကလည္းေဆးကုစား သူမဟုတ္။ဝါသနာအရ ေဆးကုေပးသူျဖစ္သည္။ေျမြေဟာက္ရြက္ သည္ ေျမြဆိုး မ်ားႏွင့္ အဆိပ္ ရွိသည့္ကင္းအမ်ိဳး။အျခား ေရာဂါ မ်ားေပ်ာက္ကင္းသည္။

ကုသခဲ့ေသာအဆိပ္ႏွင့္ေရာဂါ

ကင္းျမီးေကာက္ နွင့္ကင္းေျခ မ်ားကိုက္သူမ်ားကို အရြက္ထုေထာင္း။သတၱဳ ရည္ကိုအနာထဲညွစ္ထည့္။အနာဝအားညွစ္ဖတ္ အရြက္ႏွင္အုပ္ထားပါက အခ်ိန္တိုအတြင္း သက္သာေပ်ာက္ကင္းသည္။

အဖုအက်ိတ္နာမ်ားကို အရည္လိမ္း။အရြက္ကပ္ေပးျခင္းျဖင့္မျကာမီေပ်ာက္သည္။
မ်က္ႏွာ တြင္ ဆင္ဝက္ျခံျကီးကဲ့သို့အဘုျကီးမ်ားအျပဳံ လိုက္ေပါက္ေနျခင္းကို သတၱဳရည္လိမ္း။
အရြက္ေပးရာ မျကာခင္ေပ်ာက္သည္

ထူးျခားသည့္ကုသေပးမွဳတခုမွာေျမာက္ဒဂံုေနလုပ္သားတဦးမွာပါးတြင္အနာျဖစ္ရာမွ အတြင္းစားသြာျပီး အေရျပား သာ က်န္ေတာ့ရာေဆးရုံျပကုသေသာ္လည္းမသက္သာေသာေျကာင့္ ပါးအျပင္မွ အရြက္ေန့ညကပ္ခိုင္းရာ သုံးလ ခန့္တြင္ေပ်ာက္ကင္းသြားသည္။

ေျမြဆိုး အကိုက္ခံရပါကလည္း သတၱဳရည္ ညွစ္ထည့္။ အရြက္ ကပ္ထားရမည္ဟု သိထားေသာ္လည္း သူ၏ေရွ့တြင္ေျမြဆိုးကိုက္ခံရမွဳမရွိ၍ မကုသဘူးေသးဟု ဆိုပါသည္။။

ေျမြဆိုး ကိုက္ခံရပါက ေဆးရုံ သြားရန္ျပင္ဆင္ေနသည့္အခ်ိန္အတြင္း ေဆး အလြယ္တကူ ရွိပါလ်ွင္ျကိဳတင္ကုသထားပါက ပိုမိုအဆင္ေျပနိုင္ပါသည္။

Credit:Original uploder

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

မြွေဟောက် ကိုက်လို့ကတော့ မြွေဟောက် သာမက ကင်းမီးကောက် ကိုက်တာပါ ပျောက်တဲ့ မြွေဆိပ်ပြေရွက် လိုအပ်သူများ ရှယ်နိုင်၏. ပြန်လည်မျှဝေပါသည်

မြွေဆိုး အပါအဝင်အဆိပ်ပြေသည့် မြွေဟောက်ပင်

မြွေဆိုး များအကိုက်ခံရပါကမိနစ်ပိုင်းအတွင်း အဆိပ်ပြေစေသည့်အရွက်။အခေါက်။အသီးများအဆင်သင့်ရှိထားရန်လိုပေမည်။ဆေးနည်း
တွေသိထားရုံဖြင့် မဖြစ်ပါ။

မြောက်ဒဂုံတွင် မြွေပွေး မတွေ့ရသော်လည်း မြွေဟောက်တွေရှိနေရာ။ လူကဦးနေ သဖြင့်ပြသနာမရှိသေးဒါကြောင့် စိုက်လို့ရသော အဆိပ် အားလုံးပြေစေသည်ဆိုသည့်နင်္ဂါးနိုင်ရာဇာ ပင်ကိုစုံစမ်းရာ။ရလာသည်ကတော့ မြွေဟောက်ပင်။

မြွေဟောက်ပင် သည်နွယ်ပင်မျိုးမဟုတ်။မတ်ထောင်နိုင်သောအပင်လည်းမဟုတ်။ပေါက်ခါ
စတွင်နှစ်ပေခန့်မတ်ထောင်နေပြီးအပင်ငိုက်ကျသွားကာ မြေနှင့်ထိသောအဆစ်မှ အမြစ်ထွက်။
အတက်ထွက်လာပြီးအပင်ပွါးနေသည့်အပင်မျိုးဖြစ်၍ ကြာလာတော့ အုံကြီးချုံ ကြီးဖြစ်လာသည်။

အရွက်သည် ခံတက်ရွက်ထက်ဗျက်ကြီးကာ မျက်နှာဘက်တွင်ထင်ထင်ရှားရှား အလယ်တွင် အမဲစက်ရှိသောကြောင့် မြွေဟောက်လျှာနှင့်တူသည်ဆိုကာ မြွေဟောက်ပင် ဟုခေါ်ဆိုခြင်းဖြစ်သည်။

ယခု မြွေဟောက်ပင် မှာစိုက်ရတာလွယ်ကူပွါးများသည်ဆိုသော်လည်း ရှားပါးသောအပင်ဖြစ်နေသည်
မြွေဟောက်ပင် ၏ဆေးစွမ်းကိုမသိသဖြင့်လာပေးသူအားပြန်မေးမြန်းရသည်။ သူကလည်းဆေးကုစား သူမဟုတ်။ဝါသနာအရ ဆေးကုပေးသူဖြစ်သည်။မြွေဟောက်ရွက် သည် မြွေဆိုး များနှင့် အဆိပ် ရှိသည့်ကင်းအမျိုး။အခြား ရောဂါ များပျောက်ကင်းသည်။

ကုသခဲ့သောအဆိပ်နှင့်ရောဂါ

ကင်းမြီးကောက် နှင့်ကင်းခြေ များကိုက်သူများကို အရွက်ထုထောင်း။သတ္တု ရည်ကိုအနာထဲညှစ်ထည့်။အနာဝအားညှစ်ဖတ် အရွက်နှင်အုပ်ထားပါက အချိန်တိုအတွင်း သက်သာပျောက်ကင်းသည်။

အဖုအကျိတ်နာများကို အရည်လိမ်း။အရွက်ကပ်ပေးခြင်းဖြင့်မကြာမီပျောက်သည်။
မျက်နှာ တွင် ဆင်ဝက်ခြံကြီးကဲ့သို့အဘုကြီးများအပြုံ လိုက်ပေါက်နေခြင်းကို သတ္တုရည်လိမ်း။
အရွက်ပေးရာ မကြာခင်ပျောက်သည်

ထူးခြားသည့်ကုသပေးမှုတခုမှာမြောက်ဒဂုံနေလုပ်သားတဦးမှာပါးတွင်အနာဖြစ်ရာမှ အတွင်းစားသွာပြီး အရေပြား သာ ကျန်တော့ရာဆေးရုံပြကုသသော်လည်းမသက်သာသောကြောင့် ပါးအပြင်မှ အရွက်နေ့ညကပ်ခိုင်းရာ သုံးလ ခန့်တွင်ပျောက်ကင်းသွားသည်။

မြွေဆိုး အကိုက်ခံရပါကလည်း သတ္တုရည် ညှစ်ထည့်။ အရွက် ကပ်ထားရမည်ဟု သိထားသော်လည်း သူ၏ရှေ့တွင်မြွေဆိုးကိုက်ခံရမှုမရှိ၍ မကုသဘူးသေးဟု ဆိုပါသည်။။

မြွေဆိုး ကိုက်ခံရပါက ဆေးရုံ သွားရန်ပြင်ဆင်နေသည့်အချိန်အတွင်း ဆေး အလွယ်တကူ ရှိပါလျှင်ကြိုတင်ကုသထားပါက ပိုမိုအဆင်ပြေနိုင်ပါသည်။

Credit:Original uploder

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top