iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ဖိစီးမႈက စိတ္ပုိင္းဆိုင္ရာ တံု႔ျပန္ခ်က္ျဖစ္ၿပီး ႐ုပ္ပုိင္းဆိုင္ရာအတြက္လည္း ဆိုးက်ိဳးေတြ ျဖစ္ေစနုိင္ပါတယ္။ ထိန္းခ်ဳပ္လို႔မရေတာ့တ့ဲ၊ စိတ္ခံစားခ်က္ေျပာင္းလဲမႈေတြ အမူအက်င့္ေျပာင္းလဲမႈေတြ လိုအပ္ေနတဲ့ အေၿခအေနေတြက သင့္ကုိ ဒုကၡျဖစ္ေစပါတယ္။

စိတ္ဖိစီးမႈနဲ႔ ဆီးခ်ိဳ

စိတ္ဖိစီးတဲ့ လူေတြအတြက္ ဆီးခ်ဳိကို ထိန္းခ်ဳပ္ဖို႔က စိန္ေခၚမႈတစ္ခုပါ။ ကေလးေတြ ဆီးခ်ိဳျဖစ္တဲ့အခါမွာ မိဘနဲ႔ ညီအစ္ကိုေမာင္ႏွမေတြက သူတို႔ရဲ႕ စိတ္ဖိစီးမႈကို ထုတ္ေျပာလာၾကပါတယ္။

စိတ္ဖိစီးမႈက ဘယ္ေလာက္ဒုကၡေပးႏုိင္သလဲ။

ဆီးခ်ဳိထိန္းတာကို အေႏွာင့္အယွက္ ေပးပါတယ္ေသြးတြင္းအခ်ိဳဓါတ္ကို ႐ုတ္တရက္ သိသိသာသာ တိုးေစပါတယ္ခံစားခ်က္ေတြကို ဆိုးဝါးေစပါတယ္စဥ္းစားခ်က္ေတြနဲ႔ ဆံုးျဖတ္ခ်က္ေတြ မွားႏိုင္ပါတယ္စိတ္အလိုမက်ျဖစ္ျခင္း၊ အစားအေသာက္နည္းျခင္းေတြ ၿဖစ္ေစတယ္။
ဆီးခ်ဳိရွိရွိ မရွိရွိ စိတ္ဖိစီးမႈေတြကို တြန္းလွန္ဖို႔က ခက္ခဲပါတယ္။

ဥပမာအားျဖင့္ ႏွလံုးခုန္ႏႈန္းေတြ ျမန္လာႏိုင္ၿပီး ခႏၶာကိုယ္က ေဆာက္တည္ရာမရျဖစ္ႏုိင္ပါတယ္။ ေသြးခုန္ႏႈန္းျမင့္လာႏုိင္ၿပီး ေသြးေပါင္ခ်ိန္တုိးလာၿခင္းက ႏွလံုး၊ ေသြးေၾကာေတြကို အတင္းအၾကပ္ ဖိစီးမႈေတြ ျဖစ္ေစပါတယ္။

စိတ္ဖိအားေတြကို ကာလရွည္ၾကာစြာ ခံစားေနရရင္ေတာ့ ဒီအစိတ္အပိုင္းေတြကို ထိခုိက္ေစႏုိင္ပါတယ္။

ကို္ယ္ခံအားက်ျခင္း
အစာေခ်ဖ်က္မႈစနစ္
ေက်ာက္ကပ္
မ်ိဳးပြားစနစ္
ထပ္ေျပာရရင္ေတာ့ စိတ္ဖိစီးမႈေတြ မ်ားေနတဲ့အတြက္ စဥ္းစားဆံုးျဖတ္ခ်က္ေတြ မွန္မွန္ကန္ကန္ ခ်မွတ္ႏုိင္မွာ မဟုတ္ပါဘူး။ ဒီကတဆင့္ စိတ္က်ေရာဂါျဖစ္ေစႏုိင္ပါတယ္။

စိတ္ဖိိစီးမႈကို ဘယ္လိုတြန္းလွန္မလဲ။

ဘဝက စိန္ေခၚမႈေတြေရာ ေအာင္ျမင္မႈေတြပါ အမ်ားႀကီး ရွိပါတယ္။ သင္သြားမယ့္လမ္းကို သင္ကိုယ္တိုင္ေရြးဖို႔အတြက္ ေဖာ္ျပပါ အၾကံျပဳခ်က္ ၆ ခ်က္နဲ႔ အစျပဳပါ။

အေကာင္းျမင္စိတ္ေမြးပါ။

တစ္ခုခုမွားေနတယ္လို႔ ထင္ရင္ေတာင္မွ သင့္ဘဝအတြက္ အေရးႀကီးတဲ့သူေတြ ရွိေသးတယ္ဆိုတာ ေတြးပါ။ ကံေကာင္းျခင္းေတြ ရေစဖို႔ အေကာင္းျမင္စိတ္ေမြးဖို႔ လိုပါတယ္။
မိမိကိုယ္မိမိ ၾကင္နာပါ။ကိုယ့္အေပၚကိုယ္ ဘယ္ေလာက္ေတာင္ ေမွ်ာ္မွန္းထားပါသလဲ။ ကိုယ္မႀကိဳက္တာ မလုပ္ဖို႔ ျငင္းဆန္ႏုိင္ပါတယ္။

ေျပာင္းလဲလို႔မရေတာ့တဲ့ အရွိတရားကိုလက္ခံပါ။ဒီလိုျဖစ္ဖို႔ မိမိကိုယ္မိမိ ေမးခြန္း သံုးခု ေမးၾကည့္ပါ။
ဒါေတြအားလံုး ေနာက္ ၂ ႏွစ္ေလာက္ေနရင္ ေပ်ာက္သြားမလား။ဒါေတြကို ငါေက်ာ္လႊားႏုိင္ပါ့မလား။
ျပသနာေတြကို ေျပာင္းလဲႏုိင္ေသးလား။

တကယ္လုိ႔ ေၿဖရွင္းႏုိင္တယ္ဆုိ ရွင္းလုိက္ပါ။ မရွင္းႏုိင္ဘူးဆုိ ကုိယ့္အတြက္ အေကာင္းဆံုး ၿဖစ္ေအာင္ တၿခားဘာလုပ္လိုု႔ရမလဲ စဥ္းစားၾကည္႕ပါ။
တစ္ေယာက္ေယာက္နဲ႔ စကားေျပာပါ။

ဆရာဝန္နဲ႔ တိုင္ပင္ပါ။ သူငယ္ခ်င္းေတြ မိသားစုဝင္ေတြကို မိမိခံစားခ်က္အေၾကာင္း မွ်ေဝပါ။
ေလ့က်င့္ခန္းလုပ္ပါ။ေယာဂေဆာ့တာ၊ လြယ္ကူတဲ့ ကိုယ္လက္ေလ့က်င့္ခန္း လုပ္တာက သင့္ခံစားခ်က္ေတြကို ပုိေကာင္းေစႏုိင္ပါတယ္။

အပန္းေျဖပါ။

အသက္႐ႈေလ့က်င့္ခန္းနဲ႔ တရားထိုင္တာမ်ိဳး လုပ္ပါ။ ဆရာဝန္ေတြ က်န္းမာေရး အက္ပလီေကးရွင္းေတြကေန လြယ္ကူစြာ ရွာေဖြႏုိင္ပါတယ္။

Credit:lwinpyin
# Unicode Version # ျဖင့္ ဖတ္ပါ #


စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအတွက်လည်း ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ထိန်းချုပ်လို့မရတော့တဲ့၊ စိတ်ခံစားချက်ပြောင်းလဲမှုတွေ အမူအကျင့်ပြောင်းလဲမှုတွေ လိုအပ်နေတဲ့ အခြေအနေတွေက သင့်ကို ဒုက္ခဖြစ်စေပါတယ်။

စိတ်ဖိစီးမှုနဲ့ ဆီးချို

စိတ်ဖိစီးတဲ့ လူတွေအတွက် ဆီးချိုကို ထိန်းချုပ်ဖို့က စိန်ခေါ်မှုတစ်ခုပါ။ ကလေးတွေ ဆီးချိုဖြစ်တဲ့အခါမှာ မိဘနဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ စိတ်ဖိစီးမှုကို ထုတ်ပြောလာကြပါတယ်။

စိတ်ဖိစီးမှုက ဘယ်လောက်ဒုက္ခပေးနိုင်သလဲ။

ဆီးချိုထိန်းတာကို အနှောင့်အယှက် ပေးပါတယ်သွေးတွင်းအချိုဓါတ်ကို ရုတ်တရက် သိသိသာသာ တိုးစေပါတယ်ခံစားချက်တွေကို ဆိုးဝါးစေပါတယ်စဉ်းစားချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်စိတ်အလိုမကျဖြစ်ခြင်း၊ အစားအသောက်နည်းခြင်းတွေ ဖြစ်စေတယ်။
ဆီးချိုရှိရှိ မရှိရှိ စိတ်ဖိစီးမှုတွေကို တွန်းလှန်ဖို့က ခက်ခဲပါတယ်။

ဥပမာအားဖြင့် နှလုံးခုန်နှုန်းတွေ မြန်လာနိုင်ပြီး ခန္ဓာကိုယ်က ဆောက်တည်ရာမရဖြစ်နိုင်ပါတယ်။ သွေးခုန်နှုန်းမြင့်လာနိုင်ပြီး သွေးပေါင်ချိန်တိုးလာခြင်းက နှလုံး၊ သွေးကြောတွေကို အတင်းအကြပ် ဖိစီးမှုတွေ ဖြစ်စေပါတယ်။

စိတ်ဖိအားတွေကို ကာလရှည်ကြာစွာ ခံစားနေရရင်တော့ ဒီအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ခံအားကျခြင်း
အစာချေဖျက်မှုစနစ်
ကျောက်ကပ်
မျိုးပွားစနစ်
ထပ်ပြောရရင်တော့ စိတ်ဖိစီးမှုတွေ များနေတဲ့အတွက် စဉ်းစားဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီကတဆင့် စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ဘယ်လိုတွန်းလှန်မလဲ။

ဘဝက စိန်ခေါ်မှုတွေရော အောင်မြင်မှုတွေပါ အများကြီး ရှိပါတယ်။ သင်သွားမယ့်လမ်းကို သင်ကိုယ်တိုင်ရွေးဖို့အတွက် ဖော်ပြပါ အကြံပြုချက် ၆ ချက်နဲ့ အစပြုပါ။

အကောင်းမြင်စိတ်မွေးပါ။

တစ်ခုခုမှားနေတယ်လို့ ထင်ရင်တောင်မှ သင့်ဘဝအတွက် အရေးကြီးတဲ့သူတွေ ရှိသေးတယ်ဆိုတာ တွေးပါ။ ကံကောင်းခြင်းတွေ ရစေဖို့ အကောင်းမြင်စိတ်မွေးဖို့ လိုပါတယ်။
မိမိကိုယ်မိမိ ကြင်နာပါ။ကိုယ့်အပေါ်ကိုယ် ဘယ်လောက်တောင် မျှော်မှန်းထားပါသလဲ။ ကိုယ်မကြိုက်တာ မလုပ်ဖို့ ငြင်းဆန်နိုင်ပါတယ်။

ပြောင်းလဲလို့မရတော့တဲ့ အရှိတရားကိုလက်ခံပါ။ဒီလိုဖြစ်ဖို့ မိမိကိုယ်မိမိ မေးခွန်း သုံးခု မေးကြည့်ပါ။
ဒါတွေအားလုံး နောက် ၂ နှစ်လောက်နေရင် ပျောက်သွားမလား။ဒါတွေကို ငါကျော်လွှားနိုင်ပါ့မလား။
ပြသနာတွေကို ပြောင်းလဲနိုင်သေးလား။

တကယ်လို့ ဖြေရှင်းနိုင်တယ်ဆို ရှင်းလိုက်ပါ။ မရှင်းနိုင်ဘူးဆို ကိုယ့်အတွက် အကောင်းဆုံး ဖြစ်အောင် တခြားဘာလုပ်လို့ရမလဲ စဉ်းစားကြည့်ပါ။
တစ်ယောက်ယောက်နဲ့ စကားပြောပါ။

ဆရာဝန်နဲ့ တိုင်ပင်ပါ။ သူငယ်ချင်းတွေ မိသားစုဝင်တွေကို မိမိခံစားချက်အကြောင်း မျှဝေပါ။
လေ့ကျင့်ခန်းလုပ်ပါ။ယောဂဆော့တာ၊ လွယ်ကူတဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက သင့်ခံစားချက်တွေကို ပိုကောင်းစေနိုင်ပါတယ်။

အပန်းဖြေပါ။

အသက်ရှုလေ့ကျင့်ခန်းနဲ့ တရားထိုင်တာမျိုး လုပ်ပါ။ ဆရာဝန်တွေ ကျန်းမာရေး အက်ပလီကေးရှင်းတွေကနေ လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။

Credit:lwinpyin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top