iMyanmarHouse.com - Best Property Website for Myanmar
×


ေယာက်္ားေလးတစ္ေယာက္ဟာ မိန္းကေလးတစ္ေယာက္ကို ေလးေလးနက္နက္ ခ်စ္မိသြားခဲ့ရင္ ဒီစကား (၅) ခြန္းကို ေျပာတတ္ၾကပါတယ္။ တကယ္လို႔သင့္ေကာင္ေလးဆီက ဒီစကားေလးေတြကို ၾကားဖူးတယ္ဆိုရင္ သင္ဟာ သူ႔ရဲ႕ ေလးေလးနက္နက္ခ်စ္ရသူ ျဖစ္ပါတယ္။ ဒီစကားေလးေတြကို ေဖာ္ျပေပးမယ္ေန္ာ။

(၁) “ငါနင့္ကိုကူညီမယ္”

ေယာက်္ားေလးေတြဟာအေရးပါ အရာေရာက္ခ်င္ၾကတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ ကူညီတတ္တယ္၊ ကူညီခ်င္စိတ္လည္း ရွိပါတယ္။ ဒါေပမယ့္သူတို႔ဟာ မိန္းကေလးတိုင္းကိုေတာ့ မကူညီပါဘူးေနာ္။ တစ္ခ်ိဳ႕ေယာက်္ားေတြက ကူညီေတာ့ ကူညီပါရဲ႕ အက်ိဳးတစ္ခုခုကိုေမွ်ာ္ကိုးၿပီး ကူညီတာလည္းရွိတတ္ပါတယ္။ ဒါေပမယ့္ သင့္ေကာင္ေလးက သင့္ကို ကူညီတဲ့အခါတိုင္း စိတ္ပင္ပန္းလူပင္ပန္းခံၿပီး အၿမဲကူညီေပးတယ္၊ အားတက္သေရာ ကူညီေပးတယ္ဆိုရင္ေတာ့ သင့္ကို ေလးေလးနက္နက္ခ်စ္ေနလို႔ပါ။

(၂) “နင့္ကိုသြားသတိရတယ္”

သူတစ္ခုခုစားတဲ့အခ်ိန္၊ တစ္ေနရာရာေရာက္တဲ့အခ်ိန္၊ သင္နဲ႔ ပတ္သက္တဲ့ ဒါမွမဟုတ္ ဆက္ႏြယ္ေနတဲ့ အရာတစ္ခုခုကို ႀကဳံတိုင္းသင့္ကို အမွတ္ရေနတတ္တဲ့သူမ်ိဳးပါ။ သင့္ကို ပို႔စ္ေတြေအာက္မွာ မန္းရွင္းေခၚတာမ်ိဳး၊ တစ္ခုခုႀကဳံရင္ ဖုန္းလွမ္းလွမ္းဆက္တာမ်ိဳး အၿမဲလုပ္ေနသူေပါ့။ ဒါဆိုရင္ေတာ့ သင့္ကိုသူ ေတာ္ေတာ္ခ်စ္တယ္ဆိုတာကို သေဘာေပါက္လိုက္ပါေနာ္။

(၃) “ဘာလုပ္ေနလဲ၊ ဘယ္မွာလဲ”

သင့္ေကာင္ေလးက သင္ဘာလုပ္ေနလဲ၊ ဘယ္မွာလဲလို႔ေမးေလ့ရွိရင္ သင့္ကိုေတာ္ေတာ္ခ်စ္လို႔ပါ။ အမွန္တကယ္သူ႔အတြက္ ဘာမွအသုံးဝင္တဲ့ ကိစၥမဟုတ္ေပမယ့္ သင္ကို ဂ႐ုစိုက္လို႔ေမးေနတာျဖစ္တယ္။ သင့္ကို ေျခရာခံတာေတာ့ မဟုတ္ေပမယ့္ ဘာေတြလုပ္ေနလဲ၊ အခက္အခဲတစ္ခုခုမ်ားရွိေနမလားဆိုၿပီး စိတ္ပူေနလို႔ ေမးတာျဖစ္ပါတယ္။

(၄) “နင့္အတြက္ငါအၿမဲရွိတယ္”

ေယာက်္ားေလးတစ္ေယာက္က ဒီလိုေျပာရင္ ဒါမွမဟုတ္ ဒီလိုအဓိပၸါယ္ရတဲ့ စကားကိုေျပာရင္ တကယ္အေလးအနက္ ခ်စ္လို႔ပါ။ သင္ဘာပဲေျပာေျပာ၊ ဘာပဲႀကဳံႀကဳံ သင့္ဖက္မွာ သူအၿမဲရွိသလို သင္လိုအပ္ရင္သူ႔ကို အခ်ိန္မေ႐ြး အကူအညီေတာင္းႏိုင္ေၾကာင္း၊ သင့္အတြက္သူ ဘာမဆိုလုပ္ေပးဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ရည္ၫႊန္းေနတာပါ။ သင့္ခ်စ္သူဆီကဒီလို စကားမ်ိဳးၾကားဖူးရင္ေတာ့ သင္အရမ္းကံေကာင္းပါတယ္။

(၅) “ငါ့အေမကိုနင့္အေၾကာင္းေျပာလိုက္တယ္”
ေယာက်္ားေလးေတြဟာ မိန္းကေလးေတြလိုမ်ိဳး သူတို႔လုပ္သမွ်အေၾကာင္းအရာေတြ၊ ကိုယ္ေရးကိုယ္တာေတြကို အေမနဲ႔ ေတာ္႐ုံတန္႐ုံ မွ်ေဝေလ့မရွိၾကပါဘူး။ ဒါေပမယ့္ သင့္ခ်စ္သူဟာ သူ႔အေမဆီမွာ သင့္အေၾကာင္းေတြ၊ သင့္ကို ခ်စ္တဲ့အေၾကာင္းေတြနဲ႔ သင္တို႔ႏွစ္ေယာက္အေၾကာင္းေတြကို ဖြင့္ေျပာတယ္ဆိုရင္ေတာ့ သင့္ကို အရမ္းအေလးအနက္ ထားၿပီး ခ်စ္လို႔ပါ။

Credit:lwinpyin

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလေည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ယောကျ်ားလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို လေးလေးနက်နက် ချစ်မိသွားခဲ့ရင် ဒီစကား (၅) ခွန်းကို ပြောတတ်ကြပါတယ်။ တကယ်လို့သင့်ကောင်လေးဆီက ဒီစကားလေးတွေကို ကြားဖူးတယ်ဆိုရင် သင်ဟာ သူ့ရဲ့ လေးလေးနက်နက်ချစ်ရသူ ဖြစ်ပါတယ်။ ဒီစကားလေးတွေကို ဖော်ပြပေးမယ်နေ်ာ။

(၁) “ငါနင့်ကိုကူညီမယ်”

ယောကျ်ားလေးတွေဟာအရေးပါ အရာရောက်ချင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကူညီတတ်တယ်၊ ကူညီချင်စိတ်လည်း ရှိပါတယ်။ ဒါပေမယ့်သူတို့ဟာ မိန်းကလေးတိုင်းကိုတော့ မကူညီပါဘူးနော်။ တစ်ချို့ယောကျ်ားတွေက ကူညီတော့ ကူညီပါရဲ့ အကျိုးတစ်ခုခုကိုမျှော်ကိုးပြီး ကူညီတာလည်းရှိတတ်ပါတယ်။ ဒါပေမယ့် သင့်ကောင်လေးက သင့်ကို ကူညီတဲ့အခါတိုင်း စိတ်ပင်ပန်းလူပင်ပန်းခံပြီး အမြဲကူညီပေးတယ်၊ အားတက်သရော ကူညီပေးတယ်ဆိုရင်တော့ သင့်ကို လေးလေးနက်နက်ချစ်နေလို့ပါ။

(၂) “နင့်ကိုသွားသတိရတယ်”

သူတစ်ခုခုစားတဲ့အချိန်၊ တစ်နေရာရာရောက်တဲ့အချိန်၊ သင်နဲ့ ပတ်သက်တဲ့ ဒါမှမဟုတ် ဆက်နွယ်နေတဲ့ အရာတစ်ခုခုကို ကြုံတိုင်းသင့်ကို အမှတ်ရနေတတ်တဲ့သူမျိုးပါ။ သင့်ကို ပို့စ်တွေအောက်မှာ မန်းရှင်းခေါ်တာမျိုး၊ တစ်ခုခုကြုံရင် ဖုန်းလှမ်းလှမ်းဆက်တာမျိုး အမြဲလုပ်နေသူပေါ့။ ဒါဆိုရင်တော့ သင့်ကိုသူ တော်တော်ချစ်တယ်ဆိုတာကို သဘောပေါက်လိုက်ပါနော်။

(၃) “ဘာလုပ်နေလဲ၊ ဘယ်မှာလဲ”

သင့်ကောင်လေးက သင်ဘာလုပ်နေလဲ၊ ဘယ်မှာလဲလို့မေးလေ့ရှိရင် သင့်ကိုတော်တော်ချစ်လို့ပါ။ အမှန်တကယ်သူ့အတွက် ဘာမှအသုံးဝင်တဲ့ ကိစ္စမဟုတ်ပေမယ့် သင်ကို ဂရုစိုက်လို့မေးနေတာဖြစ်တယ်။ သင့်ကို ခြေရာခံတာတော့ မဟုတ်ပေမယ့် ဘာတွေလုပ်နေလဲ၊ အခက်အခဲတစ်ခုခုများရှိနေမလားဆိုပြီး စိတ်ပူနေလို့ မေးတာဖြစ်ပါတယ်။

(၄) “နင့်အတွက်ငါအမြဲရှိတယ်”

ယောကျ်ားလေးတစ်ယောက်က ဒီလိုပြောရင် ဒါမှမဟုတ် ဒီလိုအဓိပ္ပါယ်ရတဲ့ စကားကိုပြောရင် တကယ်အလေးအနက် ချစ်လို့ပါ။ သင်ဘာပဲပြောပြော၊ ဘာပဲကြုံကြုံ သင့်ဖက်မှာ သူအမြဲရှိသလို သင်လိုအပ်ရင်သူ့ကို အချိန်မရွေး အကူအညီတောင်းနိုင်ကြောင်း၊ သင့်အတွက်သူ ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း ရည်ညွှန်းနေတာပါ။ သင့်ချစ်သူဆီကဒီလို စကားမျိုးကြားဖူးရင်တော့ သင်အရမ်းကံကောင်းပါတယ်။

(၅) “ငါ့အမေကိုနင့်အကြောင်းပြောလိုက်တယ်”
ယောကျ်ားလေးတွေဟာ မိန်းကလေးတွေလိုမျိုး သူတို့လုပ်သမျှအကြောင်းအရာတွေ၊ ကိုယ်ရေးကိုယ်တာတွေကို အမေနဲ့ တော်ရုံတန်ရုံ မျှဝေလေ့မရှိကြပါဘူး။ ဒါပေမယ့် သင့်ချစ်သူဟာ သူ့အမေဆီမှာ သင့်အကြောင်းတွေ၊ သင့်ကို ချစ်တဲ့အကြောင်းတွေနဲ့ သင်တို့နှစ်ယောက်အကြောင်းတွေကို ဖွင့်ပြောတယ်ဆိုရင်တော့ သင့်ကို အရမ်းအလေးအနက် ထားပြီး ချစ်လို့ပါ။

Credit:lwinpyin

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလညေ်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top