iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ဆိုတာ လူသားတိုင္းရဲ႕ေခါင္းထက္မွာေနတာဆိုေတာ႔ အလြန္အေရးႀကီးတဲ႔အစိတ္အပိုင္းတစ္ခုပါပဲ။ ဆံပင္အနည္းအမ်ားနဲ႕ ဆံပင္ပံုစံဟာ မ်က္ႏွာကိုလည္း အမ်ားႀကီးအက်ိဳးသက္ေရာက္မႈရွိပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ ဆံပင္ေတြကြ်တ္ၿပီး ထိပ္ေျပာင္ခ်င္ေနတဲ႔ ဦးေျပာင္ရွင္းေတြအတြက္ သဘာဝအတိုင္းဆံပင္ျပန္ေပါက္ေစတဲ႔ ေဆးၿမီးတိုေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

၁။ ႏွိပ္နယ္ျခင္း

ဦးေရျပားကိုႏွိပ္နယ္ေပးျခင္းက ထိပ္ေျပာင္ခ်င္ေနတဲ႔ကိုကိုတို႔အတြက္ ဆံပင္ျပန္ေပါက္လာေစဖို႔ ကူညီေပးႏိုင္ပါတယ္။ အက်ိဳးအာနိသင္ပိုမိုေကာင္းမြန္ေစဖို႔အတြက္ေတာ႔ ဆီေတြ၊ ေဆးၿမီးတိုေတြနဲ႔ ႏွိပ္ေပးတာ ပိုေကာင္းပါတယ္။ ဒီလိုုလုပ္ေပးျခင္းျဖင္႔ ဦးေရျပားဆဲလ္ေတြကို ႏႈိးဆြေပးၿပီး ဆံသားျပန္လည္ထူထပ္လာေစႏိုင္ပါတယ္။

ေန႕စဥ္ေန႕တိုင္း မိမိရဲ႕ဦးေရျပားကို ႏွိပ္နယ္ေပးဖို႔အတြက္ အခ်ိန္တစ္ခုေပးျခင္းက စိတ္ဖိစီးမႈနဲ႕ စိတ္တင္းၾကပ္မႈကိုလည္း ေလ်ာ႔က်ေစပါတယ္။ အဓိက ကေတာ႔ ႏွိပ္နယ္ေပးျခင္းမွာ ထည္႔သြင္းလိုက္တဲ႔ဖိအားေတြက ဆံပင္ျပန္ေပါက္ေစဖို႕နဲ႕ ဆံသားျပန္လည္ထူထပ္လာေစဖို႔ ကူညီေပးႏိုင္ပါတယ္။

၂။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ကို ဆံပင္နဲ႕ဆိုင္တဲ႔ထုတ္ကုန္ပစၥည္းေတြမွာ အသံုးျပဳေနတာၾကာပါၿပီ။ ရွားေစာင္းလက္ပတ္ဟာ ဆံပင္ေလ်ာ႔နည္းျခင္းျပႆနာကိုေျဖရွင္းေပးႏုိင္ရံုသာမက ဦးေရျပားကိုလည္း ေခ်ာေမြ႕ေစပါတယ္။ ဒါတင္မက ရွားေစာင္းလက္ပတ္က ေဗာက္ေပ်ာက္ေစၿပီး အဆီပိုေတြေၾကာင္႔ပိတ္ဆို႔ေနတဲ႔ဆံပင္ေမႊးညွွင္းေပါက္ေလးေတြကိုလည္း ျပန္ပြင္႔ေစပါတယ္။
ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို လက္ဝါးထဲထည္႔ၿပီး ဦးေရျပားနဲ႕ဆံပင္ေပၚမွာ တစ္ပတ္ကို (၃) (၄) ႀကိမ္ေလာက္လိမ္းေပးႏိုင္ပါတယ္။ ဒါမွမဟုတ္ ရွားေစာင္းလက္ပတ္ပါဝင္တဲ႔ ေခါင္းေလွ်ာ္ရည္ေတြ၊ ေပါင္းေဆးေတြကိုလည္း အသံုးျပဳႏိုင္ပါတယ္။

၃။ အုန္းဆီ

အုန္းဆီမွာပါဝင္တဲ႔ ဖက္တီးအက္ဆစ္ေတြကေတာ႔ ဦးေရျပားအေပၚယံလႊာကိုထိုးေဖာက္ဝင္ေရာက္ႏိုင္ၿပီး ဆံပင္ေတြရဲ႕ ပရိုတိန္းဓာတ္ဆံုးရႈံးျခင္းကိုလည္း ေလွ်ာ႔ခ်ေပးႏိုင္ပါတယ္။ အုန္းဆီကို ဆံသားအေျခအေနေပၚ မူတည္ၿပီး ေခါင္းမေလွ်ာ္ခင္နဲ႔ ေခါင္းေလွ်ာ္ၿပီးေနာက္ အသံုးျပဳႏိုင္္ပါတယ္။ အုန္းဆီကိုလက္ဝါးနဲ႔ထည္႔ၿပီး ဦးေရျပားေပၚမွာအရင္လိမ္းေပးပါ။ ၿပီးရင္ ႏွိပ္နယ္ေပးလိုက္မယ္ဆိုရင္ရပါၿပီ။

အုန္းဆီကို ဆံပင္အံုထူေအာင္လုပ္ေပးႏိုင္တဲ႔ ေဆးၿမီးတိုတစ္ခုအျဖစ္ အသိအမွတ္ျပဳထားတာက ဆံသားက်န္းမာေရးအတြက္ ေကာင္းမြန္ၿပီး ဆံပင္ေလးႏူးည႔ံေတာက္ေျပာင္ေနေအာင္ စြမ္းေဆာင္ႏိုင္လို႔ပါပဲ။ ဒီေဆးၿမီးတိုကို ကြ်န္ေတာ္တို႔ျမန္မာလူမ်ိဳးေတြ ငယ္စဥ္ေတာင္ေက်းကေလးဘဝတည္းက ဂ်ဲလ္ေတြ၊ wax ေတြအစား ဆံပင္အလွကုန္တစ္မ်ိဳးအျဖစ္ အသံုးျပဳခဲ႔ၾကတာပါ။

၄။ ငါးႀကီးဆီ

အိုမီဂါ ဖက္တီးအက္ဆစ္ကိုမွီဝဲျခင္းက ခင္ဗ်ားရဲ႕ဆံပင္ကိုအတြင္းပိုင္းမွ ဖြံ႕ၿဖိဳးလာေအာင္ကူညီေပးႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ သူ႕ထဲမွာအာဟာရဓာတ္ေတြ၊ ပရိုတိန္းဓာတ္ေတြ ၾကြယ္ဝစြာပါဝင္လို႔ပါပဲ။ ဒါေၾကာင္႔ ငါးႀကီးဆီကို အားေဆးတစ္မ်ိဳးအျဖစ္သာမက ဆံသားထူထပ္လာေအာင္၊ ပိုမိုရွည္လ်ားလာေအာင္ ကူညီေပးႏိုင္တဲ႔ အိုမီဂါအားျဖည္႔ဓာတ္တစ္မ်ိဳးအျဖစ္လည္း အသံုးျပဳႏိုင္ပါတယ္။ အိုမီဂါဖက္တီးအက္ဆစ္ေတြက ဦးေရျပားဆဲလ္ေတြကို ေထာက္ကူေပးႏိုင္သလို ခုခံအားကိုလည္းျမွင္႔တင္ေပးတဲ႔အတြက္ ဆံသားက်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။

၅။ ဂ်င္ဆင္း

ဂ်င္ဆင္းအားေဆးေသာက္သံုးေပးျခင္းကလည္း ဆံပင္ေမႊးညွင္းေပါက္ေလးေတြကို ႏႈိးဆြေပးၿပီး ဆံပင္ေတြကို ျပန္လည္သန္စြမ္း လာေစႏိုင္ပါတယ္။ ဂ်င္ဆင္းေဆးျမစ္ထဲမွာပါဝင္တဲ႔ဓာတ္ေတြဟာ လူ႕ခႏၶာကိုယ္ အစိတ္အပိုင္းေတြအတြက္သာမက ဆံသားအတြက္လည္းေကာင္းမြန္တယ္လို႔ဆိုၾကပါတယ္။

၆။ ၾကက္သြန္နီေဖ်ာ္ရည္

ၾကက္သြန္နီနံ႕ကိုခံႏိုင္တယ္ဆိုရင္ ျပန္ရရွိမယ္႔အက်ိဳးေက်းဇူးေတြကေတာ႔ ေတာ္ေတာ္မ်ားပါတယ္။ ၾကက္သြန္နီကိုအခြံခြာၿပီး သစ္သီးေဖ်ာ္စက္ထဲမွာထည္႔ေမႊၿပီးမွ အရည္ျပန္ညွစ္လိုက္လို႔ရတဲ႔အရည္ဟာ ၾကက္သြန္နီေဖ်ာ္ရည္ျဖစ္ပါတယ္။
ၾကက္သြန္နီေဖ်ာ္ရည္ဟာ ဆံသားဖြံ႕ၿဖိဳးမႈကိုေထာက္ကူအားေပးႏိုင္သလို ေသြးလွည္႔ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။ ၾကက္သြန္နီကိုၾကိတ္ၿပီး ညွစ္လိုက္လို႕ရတဲ႔ ၾကက္သြန္နီေဖ်ာ္ရည္နဲ႔ ဦးေရျပားနဲ႔ဆံပင္ေပၚမွာလိမ္းေပးၿပီး (၁၅) မိနစ္ေလာက္ ထားေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ေခါင္းေလွ်ာ္ရည္နဲ႔ျပန္ေလွ်ာ္ေပးလိုက္ပါ။

၇။ သံပုုရာသီး

သံပုရာသီးကိုညွစ္လို႔ရတဲ႔ သံပုရာရည္ကိုပဲျဖစ္ျဖစ္၊ သံပုရာဆီကိုပဲျဖစ္ျဖစ္ သံုးႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ႔ (၂) မ်ိဳးလံုးက ဆံသားအရည္အေသြးနဲ႔အေရအတြက္ကို မ်ားျပားေစတယ္လို႔ အဆိုရွိလို႔ပါပဲ။ သံပုရာအဆီဟာဆိုရင္ ခင္ဗ်ားရဲ႕ဦးေရျပားေလးကို က်န္းမာေနေစၿပီး ဆံပင္ကိုလည္းသန္စြမ္းထူထဲေစပါတယ္။ ဒါမွမဟုတ္ရင္လည္း သံပုရာရည္လတ္လတ္ဆတ္ဆတ္ကို ဦးေရျပားနဲ႕ဆံသားေပၚမွာ လိမ္းေပးၿပီး (၁၅) မိနစ္ေလာက္ထားေပးပါ။ ၿပီးရင္ေတာ႔ ေခါင္းေလွ်ာ္ေပးလိုက္ပါ။

Credit: MM
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆံပင်ဆိုတာ လူသားတိုင်းရဲ့ခေါင်းထက်မှာနေတာဆိုတော့ အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဆံပင်အနည်းအများနဲ့ ဆံပင်ပုံစံဟာ မျက်နှာကိုလည်း အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်ချင်နေတဲ့ ဦးပြောင်ရှင်းတွေအတွက် သဘာဝအတိုင်းဆံပင်ပြန်ပေါက်စေတဲ့ ဆေးမြီးတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှိပ်နယ်ခြင်း

ဦးရေပြားကိုနှိပ်နယ်ပေးခြင်းက ထိပ်ပြောင်ချင်နေတဲ့ကိုကိုတို့အတွက် ဆံပင်ပြန်ပေါက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ အကျိုးအာနိသင်ပိုမိုကောင်းမွန်စေဖို့အတွက်တော့ ဆီတွေ၊ ဆေးမြီးတိုတွေနဲ့ နှိပ်ပေးတာ ပိုကောင်းပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ဦးရေပြားဆဲလ်တွေကို နှိုးဆွပေးပြီး ဆံသားပြန်လည်ထူထပ်လာစေနိုင်ပါတယ်။

နေ့စဉ်နေ့တိုင်း မိမိရဲ့ဦးရေပြားကို နှိပ်နယ်ပေးဖို့အတွက် အချိန်တစ်ခုပေးခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်တင်းကြပ်မှုကိုလည်း လျော့ကျစေပါတယ်။ အဓိက ကတော့ နှိပ်နယ်ပေးခြင်းမှာ ထည့်သွင်းလိုက်တဲ့ဖိအားတွေက ဆံပင်ပြန်ပေါက်စေဖို့နဲ့ ဆံသားပြန်လည်ထူထပ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို ဆံပင်နဲ့ဆိုင်တဲ့ထုတ်ကုန်ပစ္စည်းတွေမှာ အသုံးပြုနေတာကြာပါပြီ။ ရှားစောင်းလက်ပတ်ဟာ ဆံပင်လျော့နည်းခြင်းပြဿနာကိုဖြေရှင်းပေးနိုင်ရုံသာမက ဦးရေပြားကိုလည်း ချောမွေ့စေပါတယ်။ ဒါတင်မက ရှားစောင်းလက်ပတ်က ဗောက်ပျောက်စေပြီး အဆီပိုတွေကြောင့်ပိတ်ဆို့နေတဲ့ဆံပင်မွှေးညှင်းပေါက်လေးတွေကိုလည်း ပြန်ပွင့်စေပါတယ်။
ရှားစောင်းလက်ပတ်ဂျယ်လ်ကို လက်ဝါးထဲထည့်ပြီး ဦးရေပြားနဲ့ဆံပင်ပေါ်မှာ တစ်ပတ်ကို (၃) (၄) ကြိမ်လောက်လိမ်းပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရှားစောင်းလက်ပတ်ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ၊ ပေါင်းဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

၃။ အုန်းဆီ

အုန်းဆီမှာပါဝင်တဲ့ ဖက်တီးအက်ဆစ်တွေကတော့ ဦးရေပြားအပေါ်ယံလွှာကိုထိုးဖောက်ဝင်ရောက်နိုင်ပြီး ဆံပင်တွေရဲ့ ပရိုတိန်းဓာတ်ဆုံးရှုံးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အုန်းဆီကို ဆံသားအခြေအနေပေါ် မူတည်ပြီး ခေါင်းမလျှော်ခင်နဲ့ ခေါင်းလျှော်ပြီးနောက် အသုံးပြုနိုင်ပါတယ်။ အုန်းဆီကိုလက်ဝါးနဲ့ထည့်ပြီး ဦးရေပြားပေါ်မှာအရင်လိမ်းပေးပါ။ ပြီးရင် နှိပ်နယ်ပေးလိုက်မယ်ဆိုရင်ရပါပြီ။

အုန်းဆီကို ဆံပင်အုံထူအောင်လုပ်ပေးနိုင်တဲ့ ဆေးမြီးတိုတစ်ခုအဖြစ် အသိအမှတ်ပြုထားတာက ဆံသားကျန်းမာရေးအတွက် ကောင်းမွန်ပြီး ဆံပင်လေးနူးညံ့တောက်ပြောင်နေအောင် စွမ်းဆောင်နိုင်လို့ပါပဲ။ ဒီဆေးမြီးတိုကို ကျွန်တော်တို့မြန်မာလူမျိုးတွေ ငယ်စဉ်တောင်ကျေးကလေးဘဝတည်းက ဂျဲလ်တွေ၊ wax တွေအစား ဆံပင်အလှကုန်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။

၄။ ငါးကြီးဆီ

အိုမီဂါ ဖက်တီးအက်ဆစ်ကိုမှီဝဲခြင်းက ခင်ဗျားရဲ့ဆံပင်ကိုအတွင်းပိုင်းမှ ဖွံ့ဖြိုးလာအောင်ကူညီပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ထဲမှာအာဟာရဓာတ်တွေ၊ ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ပါပဲ။ ဒါကြောင့် ငါးကြီးဆီကို အားဆေးတစ်မျိုးအဖြစ်သာမက ဆံသားထူထပ်လာအောင်၊ ပိုမိုရှည်လျားလာအောင် ကူညီပေးနိုင်တဲ့ အိုမီဂါအားဖြည့်ဓာတ်တစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အိုမီဂါဖက်တီးအက်ဆစ်တွေက ဦးရေပြားဆဲလ်တွေကို ထောက်ကူပေးနိုင်သလို ခုခံအားကိုလည်းမြှင့်တင်ပေးတဲ့အတွက် ဆံသားကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

၅။ ဂျင်ဆင်း

ဂျင်ဆင်းအားဆေးသောက်သုံးပေးခြင်းကလည်း ဆံပင်မွှေးညှင်းပေါက်လေးတွေကို နှိုးဆွပေးပြီး ဆံပင်တွေကို ပြန်လည်သန်စွမ်း လာစေနိုင်ပါတယ်။ ဂျင်ဆင်းဆေးမြစ်ထဲမှာပါဝင်တဲ့ဓာတ်တွေဟာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေအတွက်သာမက ဆံသားအတွက်လည်းကောင်းမွန်တယ်လို့ဆိုကြပါတယ်။

၆။ ကြက်သွန်နီဖျော်ရည်

ကြက်သွန်နီနံ့ကိုခံနိုင်တယ်ဆိုရင် ပြန်ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ တော်တော်များပါတယ်။ ကြက်သွန်နီကိုအခွံခွာပြီး သစ်သီးဖျော်စက်ထဲမှာထည့်မွှေပြီးမှ အရည်ပြန်ညှစ်လိုက်လို့ရတဲ့အရည်ဟာ ကြက်သွန်နီဖျော်ရည်ဖြစ်ပါတယ်။
ကြက်သွန်နီဖျော်ရည်ဟာ ဆံသားဖွံ့ဖြိုးမှုကိုထောက်ကူအားပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ကြက်သွန်နီကိုကြိတ်ပြီး ညှစ်လိုက်လို့ရတဲ့ ကြက်သွန်နီဖျော်ရည်နဲ့ ဦးရေပြားနဲ့ဆံပင်ပေါ်မှာလိမ်းပေးပြီး (၁၅) မိနစ်လောက် ထားပေးလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ပြန်လျှော်ပေးလိုက်ပါ။

၇။ သံပုရာသီး

သံပုရာသီးကိုညှစ်လို့ရတဲ့ သံပုရာရည်ကိုပဲဖြစ်ဖြစ်၊ သံပုရာဆီကိုပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (၂) မျိုးလုံးက ဆံသားအရည်အသွေးနဲ့အရေအတွက်ကို များပြားစေတယ်လို့ အဆိုရှိလို့ပါပဲ။ သံပုရာအဆီဟာဆိုရင် ခင်ဗျားရဲ့ဦးရေပြားလေးကို ကျန်းမာနေစေပြီး ဆံပင်ကိုလည်းသန်စွမ်းထူထဲစေပါတယ်။ ဒါမှမဟုတ်ရင်လည်း သံပုရာရည်လတ်လတ်ဆတ်ဆတ်ကို ဦးရေပြားနဲ့ဆံသားပေါ်မှာ လိမ်းပေးပြီး (၁၅) မိနစ်လောက်ထားပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ပေးလိုက်ပါ။

Credit: MM
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top