iMyanmarHouse.com - Best Property Website for Myanmar
×


အိမ္ အလုပ္ ဆိုတာကေတာ့ ဘာလဲ ဆိုတာ လက္ညွိဳး ထိုးျပရခက္ေပမယ့္ လုပ္ရတာေတာ့ တေတာက္ေတာက္နဲ႔ တစ္ေနကုန္လုပ္ရင္ေတာင္ မၿပီးႏိုင္တာမ်ိဳးပဲ ျဖစ္ပါတယ္။

အိမ္ေထာင္ေရး ရယ္လို႔ ျဖစ္လာရင္ေတာ့ သိထားရမယ့္ စည္းကမ္း ေတြ လုပ္ေဆာင္ရမွာေတြကို သိထား၊ လိုက္နာႏိုင္မွ ေပ်ာ္ရႊင္စရာေကာင္းၿပီး သာယာတဲ့အိမ္ေထာင္ေရးေလးကို ပိုင္ဆိုင္ခြင့္ရမွာပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ေရး ပိုၿပီး သာယာဖို႔ ဘာေတြကို ထိန္းခ်ဳပ္ရမလဲ ဆိုတာကိုလည္း ေျပာျပထားပါတယ္ေနာ္။

အခု တစ္ေခါက္ ကေတာ့ အိမ္ေထာင္ေရးရယ္လို႔ ျဖစ္လာရင္ အိမ္အလုပ္ေတြက ပါလာပါၿပီ။ ဒီအလုပ္ေတြကို မိန္းမ ျဖစ္သူကပဲ လုပ္ရမွာလား ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။ အေျခအေနေပၚမွာ မူတည္ပါတယ္ေနာ္

အိမ္အလုပ္ဆိုတာကေတာ့ ဘာလဲ ဆိုတာ လက္ညွိဳး ထိုးျပရခက္ေပမယ့္ လုပ္ရတာေတာ့ တေတာက္ေတာက္နဲ႔ မၿပီးႏိုင္တာမ်ိဳးပဲ ျဖစ္ပါတယ္။ အိမ္ အလုပ္မွာက မနက္စာ ေန႔လည္စာ ညစာ ျပင္ဆင္ ခ်က္ျပဳတ္တာက အစ ေစ်းသြားတာ၊ အဝတ္ေလွ်ာ္တာ၊ မီးပူတိုက္တာ၊ အိမ္ တံျမက္စည္း လွဲတာ ဖုန္သုတ္တာေတြက အစ အမႈိက္ပစ္တာက အဆံုးပါဝင္ပါတယ္။

အရင္တုန္း အခ်ိန္ေတြမွာေတာ့ အိမ္ေထာင္ဦးစီးက အျပင္ထြက္ ဝင္ေငြ ရွာရတဲ့အတြက္ အိမ္ရွင္မကပဲ အိမ္ အလုပ္ေတြကို အကုန္ လုပ္ရပါတယ္။ အခုခ်ိန္မွာေတာ့ အျပင္ထြက္ အလုပ္လုပ္တာကို ေယာက်္ားေရာ မိန္းမေရာ တက္ညီလက္ညီ ျပဳလုပ္မွ ေတာ္ကာက်တဲ့အခ်ိန္ ျဖစ္တာမို႔လို႔ အိမ္အလုပ္ကိုလည္း အေျခအေန အေပၚ မူတည္ၿပီး အဆင္ေျပသလို ျပဳလုပ္လာၾကပါတယ္။

အလွည့္က် ျပဳလုပ္ပါ

ဒီလိုအခ်ိန္မွာ အထူးတလည္ အိမ္မွာေနၿပီး အိမ္အလုပ္ကို ဒိုင္ခံ ျပဳလုပ္ေပးမယ့္သူ မရွိတဲ့ အိမ္ေထာင္ေရးေလးမွာ ဆိုရင္ေတာ့ မနက္ အလုပ္ သြားၿပီး ညျပန္လာတဲ့အခ်ိန္မွာ ေယာက်္ားေရာ မိန္းမေရာက အိမ္အလုပ္ကို အဆင္ေျပသလို နားလည္မႈနဲ႔ ျပဳလုပ္ရမွာပါ။ တခ်ိဳ႕ လူငယ္ အိမ္ေထာင္ေရးေလးေတြကေတာ့ ရွင္းပါတယ္။

တစ္ပတ္မွာ တစ္ရက္ျခား ျဖစ္ျဖစ္ တစ္ေယာက္ တစ္လွည့္ မီးဖိုေခ်ာင္ ဝင္ပါတယ္။ တခ်ိဳ႕က် ၾကားရက္ေတြတိုင္း မိန္းမက ခ်က္တယ္။ ပိတ္ရက္ေတြ ဆိုရင္ ေယာက်္ားက ခ်က္တယ္။ တစ္ေယာက္က မီးဖိုေခ်ာင္ ဝင္တဲ့အခ်ိန္ က်န္ တစ္ေယာက္က အိမ္သန္႔ရွင္းေရး လုပ္ပါတယ္။

ၾကည္ႏူးစရာေကာင္းတဲ့ အိမ္ေထာင္ေရးေလး ျဖစ္ဖို႔ အတြက္ကေတာ့ အခ်င္းခ်င္းၾကားမွာ အထူးတလည္ မေတာင္းဆိုရဘဲ ျဖစ္လာတဲ့ နားလည္မႈေလးကို အေျခခံၿပီး တည္ေဆာက္ဖို႔ လိုပါတယ္။

Credit:Marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အိမ် အလုပ် ဆိုတာကတော့ ဘာလဲ ဆိုတာ လက်ညှိုး ထိုးပြရခက်ပေမယ့် လုပ်ရတာတော့ တတောက်တောက်နဲ့ တစ်နေကုန်လုပ်ရင်တောင် မပြီးနိုင်တာမျိုးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရေး ရယ်လို့ ဖြစ်လာရင်တော့ သိထားရမယ့် စည်းကမ်း တွေ လုပ်ဆောင်ရမှာတွေကို သိထား၊ လိုက်နာနိုင်မှ ပျော်ရွှင်စရာကောင်းပြီး သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ခွင့်ရမှာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး ပိုပြီး သာယာဖို့ ဘာတွေကို ထိန်းချုပ်ရမလဲ ဆိုတာကိုလည်း ပြောပြထားပါတယ်နော်။

အခု တစ်ခေါက် ကတော့ အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင် အိမ်အလုပ်တွေက ပါလာပါပြီ။ ဒီအလုပ်တွေကို မိန်းမ ဖြစ်သူကပဲ လုပ်ရမှာလား ဆိုတာကို ပြောပြပေးချင်ပါတယ်။ အခြေအနေပေါ်မှာ မူတည်ပါတယ်နော်

အိမ်အလုပ်ဆိုတာကတော့ ဘာလဲ ဆိုတာ လက်ညှိုး ထိုးပြရခက်ပေမယ့် လုပ်ရတာတော့ တတောက်တောက်နဲ့ မပြီးနိုင်တာမျိုးပဲ ဖြစ်ပါတယ်။ အိမ် အလုပ်မှာက မနက်စာ နေ့လည်စာ ညစာ ပြင်ဆင် ချက်ပြုတ်တာက အစ ဈေးသွားတာ၊ အဝတ်လျှော်တာ၊ မီးပူတိုက်တာ၊ အိမ် တံမြက်စည်း လှဲတာ ဖုန်သုတ်တာတွေက အစ အမှိုက်ပစ်တာက အဆုံးပါဝင်ပါတယ်။

အရင်တုန်း အချိန်တွေမှာတော့ အိမ်ထောင်ဦးစီးက အပြင်ထွက် ဝင်ငွေ ရှာရတဲ့အတွက် အိမ်ရှင်မကပဲ အိမ် အလုပ်တွေကို အကုန် လုပ်ရပါတယ်။ အခုချိန်မှာတော့ အပြင်ထွက် အလုပ်လုပ်တာကို ယောကျ်ားရော မိန်းမရော တက်ညီလက်ညီ ပြုလုပ်မှ တော်ကာကျတဲ့အချိန် ဖြစ်တာမို့လို့ အိမ်အလုပ်ကိုလည်း အခြေအနေ အပေါ် မူတည်ပြီး အဆင်ပြေသလို ပြုလုပ်လာကြပါတယ်။

အလှည့်ကျ ပြုလုပ်ပါ

ဒီလိုအချိန်မှာ အထူးတလည် အိမ်မှာနေပြီး အိမ်အလုပ်ကို ဒိုင်ခံ ပြုလုပ်ပေးမယ့်သူ မရှိတဲ့ အိမ်ထောင်ရေးလေးမှာ ဆိုရင်တော့ မနက် အလုပ် သွားပြီး ညပြန်လာတဲ့အချိန်မှာ ယောကျ်ားရော မိန်းမရောက အိမ်အလုပ်ကို အဆင်ပြေသလို နားလည်မှုနဲ့ ပြုလုပ်ရမှာပါ။ တချို့ လူငယ် အိမ်ထောင်ရေးလေးတွေကတော့ ရှင်းပါတယ်။

တစ်ပတ်မှာ တစ်ရက်ခြား ဖြစ်ဖြစ် တစ်ယောက် တစ်လှည့် မီးဖိုချောင် ဝင်ပါတယ်။ တချို့ကျ ကြားရက်တွေတိုင်း မိန်းမက ချက်တယ်။ ပိတ်ရက်တွေ ဆိုရင် ယောကျ်ားက ချက်တယ်။ တစ်ယောက်က မီးဖိုချောင် ဝင်တဲ့အချိန် ကျန် တစ်ယောက်က အိမ်သန့်ရှင်းရေး လုပ်ပါတယ်။

ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးလေး ဖြစ်ဖို့ အတွက်ကတော့ အချင်းချင်းကြားမှာ အထူးတလည် မတောင်းဆိုရဘဲ ဖြစ်လာတဲ့ နားလည်မှုလေးကို အခြေခံပြီး တည်ဆောက်ဖို့ လိုပါတယ်။

Credit:Marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top