iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္က်ခ်င္လုိ႔ ကယ္လိုရီပါတာေတြ ေလွ်ာ့စားမယ္ၾကံရင္ က်န္းမာေရးနဲ႔ ညီညြတ္ရဲ႕လားဆုိတာ တစ္ခ်က္ျပန္စဥ္းစားပါ။ ပိန္သြားေပမဲ့ လူက ခ်ဴခ်ာသြားမယ္၊ က်န္းမာေရးထိခိုက္မယ္ဆုိရင္ေတာ့ အလကားပဲေနာ္။ က်န္းမာေနဖုိ႔ကသာ ပထမဦးစားေပးျဖစ္သင့္တယ္။ ကယ္လိုရီနည္းေအာင္ ေလွ်ာ့စားသူေတြအေနနဲ႔ေတာ့ ဒီအမွားေတြ လုပ္မိတတ္ၾကတယ္။

၁။ ကန္႔သတ္လြန္းတယ္

ဘာစားစား ကယ္လိုရီမပါတာေတြပဲစားမယ္လို႔ မၾကံလိုက္ပါနဲ႔။ တခ်ိဳ႕ဆုိရင္ ဆီလံုးဝမစားၾကဘူး။ က်န္းမာေရးကိုအေထာက္အကူျပဳတဲ့ဆီကုိပါ မစားဘဲေ႐ွာင္ၾကတယ္။

၂။ အမွ်င္ဓာတ္မစားဘူး

ကယ္လိုရီနည္းေအာင္ ေလွ်ာ့စားရင္းက သစ္သီးေတြကိုေတာင္ ကယ္လိုရီနည္းႏိုင္သမွ်နည္းတာ ေရြးစားမိတယ္။ အမွ်င္ဓာတ္ၾကြယ္ဝတဲ့အသီးေတြကိုလည္း ေ႐ွာင္မိတယ္။ အမွ်င္ဓာတ္ပါတာေလးေတြ စားေပးရင္ အဆာခံပါတယ္။ ဒါေၾကာင့္ အမွ်င္ဓာတ္ကို ထည့္သြင္းစားသံုးေပးပါ။

၃။ အတိုင္းအတာမ႐ွိဘူး

ကယ္လိုရီတြက္ၿပီး စားမယ္ဆုိရင္ အတိုင္းအတာ တိက်ဖုိ႔လိုတယ္။ ခ်င္တြယ္ဖုိ႔ ခြက္ေလးေတြ ႐ွိတာထားေတာ့ လက္မွန္းနဲ႔ ပိုစားမိ၊ ေလွ်ာ့စားမိတာမ်ိဳး မျဖစ္ေတာ့ဘူးေလ။

၄။ အဆီေ႐ွာင္တယ္

ဟုတ္ပါတယ္။ ဆီပါတဲ့ အစားအစာေတြ၊ ဆီေတြက လူကို ဝေစပါတယ္။ ဒါေပမဲ့ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေပးတဲ့ဆီေတြကို မစားဘဲေနတာကေတာ့ မေကာင္းဘူးေနာ္။

၅။ သြားေရစာမုန္႔

အစားေ႐ွာင္တယ္၊ ဝိတ္ခ်တယ္ဆုိၿပီး ကေလးဆီက သြားေရစာမုန္႔ေလးေတြလည္း ယူဝါးေနမိတယ္။ တစ္ခုတစ္ေလစား႐ံုနဲ႔ ဘာမွမျဖစ္ဘူးလို႔မထင္နဲ႔။ ကေလးေတြစားတဲ့ မုန္႔ေတြမွာ ကယ္လိုရီမ်ားမ်ား ပါတတ္လို႔ မစားမိတာ အေကာင္းဆံုးပါပဲ။

Credit: MM
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဝိတ်ကျချင်လို့ ကယ်လိုရီပါတာတွေ လျှော့စားမယ်ကြံရင် ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတာ တစ်ချက်ပြန်စဉ်းစားပါ။ ပိန်သွားပေမဲ့ လူက ချူချာသွားမယ်၊ ကျန်းမာရေးထိခိုက်မယ်ဆိုရင်တော့ အလကားပဲနော်။ ကျန်းမာနေဖို့ကသာ ပထမဦးစားပေးဖြစ်သင့်တယ်။ ကယ်လိုရီနည်းအောင် လျှော့စားသူတွေအနေနဲ့တော့ ဒီအမှားတွေ လုပ်မိတတ်ကြတယ်။

၁။ ကန့်သတ်လွန်းတယ်

ဘာစားစား ကယ်လိုရီမပါတာတွေပဲစားမယ်လို့ မကြံလိုက်ပါနဲ့။ တချို့ဆိုရင် ဆီလုံးဝမစားကြဘူး။ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ဆီကိုပါ မစားဘဲရှောင်ကြတယ်။

၂။ အမျှင်ဓာတ်မစားဘူး

ကယ်လိုရီနည်းအောင် လျှော့စားရင်းက သစ်သီးတွေကိုတောင် ကယ်လိုရီနည်းနိုင်သမျှနည်းတာ ရွေးစားမိတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အသီးတွေကိုလည်း ရှောင်မိတယ်။ အမျှင်ဓာတ်ပါတာလေးတွေ စားပေးရင် အဆာခံပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကို ထည့်သွင်းစားသုံးပေးပါ။

၃။ အတိုင်းအတာမရှိဘူး

ကယ်လိုရီတွက်ပြီး စားမယ်ဆိုရင် အတိုင်းအတာ တိကျဖို့လိုတယ်။ ချင်တွယ်ဖို့ ခွက်လေးတွေ ရှိတာထားတော့ လက်မှန်းနဲ့ ပိုစားမိ၊ လျှော့စားမိတာမျိုး မဖြစ်တော့ဘူးလေ။

၄။ အဆီရှောင်တယ်

ဟုတ်ပါတယ်။ ဆီပါတဲ့ အစားအစာတွေ၊ ဆီတွေက လူကို ဝစေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ဆီတွေကို မစားဘဲနေတာကတော့ မကောင်းဘူးနော်။

၅။ သွားရေစာမုန့်

အစားရှောင်တယ်၊ ဝိတ်ချတယ်ဆိုပြီး ကလေးဆီက သွားရေစာမုန့်လေးတွေလည်း ယူဝါးနေမိတယ်။ တစ်ခုတစ်လေစားရုံနဲ့ ဘာမှမဖြစ်ဘူးလို့မထင်နဲ့။ ကလေးတွေစားတဲ့ မုန့်တွေမှာ ကယ်လိုရီများများ ပါတတ်လို့ မစားမိတာ အကောင်းဆုံးပါပဲ။

Credit: MM
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top